"လိုတာထက်ပို အထီးကျန်မှာ ကြောက်တတ်သူတွေဟာ အချစ်ရေးမှာ အဆင်မပြေတတ်"
လေ့လာတွေ့ရှိချက် အသစ်တစ်ခုအရ တစ်ဦးတည်းဖြစ်မှာ ကြောက်သူတွေဟာ အချစ်ကို အတည်တကျ ရှာတာမျိုး နည်းပါးတယ်လို့ ဆိုပါတယ်။ သူတို့တွေဟာ ပျော်ရွှင်စရာ မကောင်းတဲ့ ဆက်ဆံရေးမှာ တွယ်ကပ်နေတတ်ပြီး များသောအားဖြင့် အပျော်ရှာသူတွေနဲ့ ဒိတ်လုပ်တတ်ပါတယ်တဲ့။
ဒီတွေ့ရှိချက်ကိုတော့ ကျား/မနဲ့ အသက်အရွယ် အပိုင်းအခြားလိုက် သုတေသနပြုထားတာ ဖြစ်ပြီး သုတေသနပြုသူ Stephanie Spielmann (Toronto တက္ကသိုလ်) က “ကလေးဘ၀တုန်းကတော့ ကိုလူချောမင်းသားလေးကို ရှာဖွေဖို့လိုပြီး တွေ့ပြီဆိုရင်တော့ တစ်သက်လုံး ပျော်ရွှင်စွာ နေသွားကြလေသတည်း ဆိုတာမျိုး သင် ကြားမိတတ်ကြပါတယ်။ ဒီလိုလူမျိုးတွေဟာ အရွယ်ရောက်လာ ချိန်မှာတော့ ချစ်သူရည်းစား မရတတ်ဘဲ အဆိုးမြင်ခံရတာမျိုး ကြုံရတတ်ပါတယ်။ “crazy cat lady” (အပျိုကြီး) စတဲ့ အပြောမျိုးတွေပေါ့” လို့ ဆိုပါတယ်။
သူများတွေထက်ပိုပြီး အထီးကျန်မှာ ကြောက်သူတွေဟာ သူတို့ရဲ့ ဆက်ဆံရေးကို အကြောက်တရားက လွှမ်းမိုးနေတဲ့အတွက် သူတို့ရဲ့အဖော်အပေါ်မှာ ပိုပြီး အဆိုးမြင်တတ် ကြပါတယ်။ ချိန်းတွေ့တဲ့အခါမှာလည်း ဆုံးဖြတ်ချက် အမှားတွေ လုပ်တတ်ကြပါတယ်။ ဒါဟာ အသက်အရွယ် ကွာခြားမှုနဲ့မဆိုင်ပါဘူး။ ဒါပေမယ့် ယောင်္ကျားနဲ့ မိန်းမ ဖြစ်တတ်ပုံချင်းလည်း အတူတူပဲလို့ ဆိုပါတယ်။
Credit : Trend Myanmar
lutawlupyaw
No comments:
Post a Comment