Wednesday, April 8, 2015

"ဂိမ်းကစားသူသည် မကစားသူထက် သင်ယူနိုင်စွမ်း ပိုကောင်း"

"ဂိမ်းကစားသူသည် မကစားသူထက် သင်ယူနိုင်စွမ်း ပိုကောင်း"

ဗီဒီယိုဂိမ်း ကစားသူများသည် မကစားသူများထက် သင်ယူနိုင်စွမ်း ပိုရှိကြောင်း လေ့လာမှုများအရ သိရသည်။ ဂိမ်းကစားခြင်းကြောင့် လုပ်ငန်းတာဝန် အများအပြားကို အတိအကျ သင်ယူနိုင်စွမ်းရှိပြီး ပြဿနာ ဖြေရှင်းနိုင်စွမ်းတွင်လည်း ကျွမ်းကျင်အဆင့်သို့ ရောက်ရှိစေနိုင်ကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသည်။

ဂိမ်းက လူများကို သင်ယူနိုင်စွမ်း ပိုတိုးတက်စေ နိုင်ခြင်းလား၊ သင်ယူနိုင်စွမ်း ရှိသူများက ဂိမ်းကစားသူများ ဖြစ်လာခြင်းလား ဆိုသည်ကို လေ့လာသူများက အတိအကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

အဆိုပါ တွေ့ရှိချက်မှာ သုတေသီများက ဂိမ်းကစားသူ ကိုးဦးနှင့် ဂိမ်းကစားလေ့ သိပ်မရှိသူ ကိုးဦးကို နှိုင်းယှဉ် လေ့လာခဲ့ကြခြင်း ဖြစ်သည်။ လေ့လာတွေ့ရှိချက်များအရ သင်ယူနိုင်စွမ်းသည် အလေ့အကျင့်ပေါ် မူတည်ပြီး ပိုမိုထိရောက် မြန်ဆန်မှု ရှိကြောင်း သိရသည်။

ဂိမ်းကစားသည့် အမျိုးသားများနှင့် ဂိမ်းကစားလေ့ မရှိသည့် အမျိုးသမီး များကြားတွင်လည်း ကွာခြားမှု ရှိကြောင်း လေ့လာသိရှိရသည်။ သို့သော် ထိုးထွင်း သင်ယူနိုင်စွမ်းတွင် ကျားမ ကွဲပြားမှုရှိကြောင်း သက်သေ ပြနိုင်ခြင်း မရှိသေးပေ။

ဂိမ်းကစားခြင်းတွင် အကျိုးဖြစ်ထွန်းမှုများ ရှိကြောင်း သုတေသီများက တွေ့ရှိခဲ့ကြသော်လည်း လူအများစုက ဂိမ်းကစားခြင်းကို အချိန်ဖြုန်းသည့် အလုပ် တစ်ခုအဖြစ် ရှုမြင်နေကြဆဲ ဖြစ်သည်။ ဂိမ်းကစားခြင်းက ထိုးထွင်း သိမြင်နိုင်စွမ်းကို အမှန်တကယ် တိုးတက်စေနိုင်ကြောင်း သက်သေပြနိုင်ပါက လူ့အဖွဲ့အစည်း အနေဖြင့် အကျိုးပြု အပလီကေးရှင်းများ ပါဝင်သည့် နည်းပညာသစ်များနှင့် မီဒီယာများကို လက်ခံလာနိုင်ဖွယ် ရှိသည်။

သုတေသနကို ဘရောင်း တက္ကသိုလ်မှ ဘာသာဗဒနှင့် စိတ်ပညာ သိပ္ပံဆိုင်ရာ ပါမောက္ခယူကာဆာဆာကီ ဦးဆောင်သော အဖွဲ့က ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


Credit : messenger



lutawlupyaw

No comments:

Post a Comment