Wednesday, April 8, 2015

"တရုတ်တွေ ဒီလိုတောင် စိုက်ပျိုးနေကြရပြီ"

"တရုတ်တွေ ဒီလိုတောင် စိုက်ပျိုးနေကြရပြီ"

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ လူဦးရေ အထူထပ်ဆုံး နိုင်ငံဆိုတာ လူတိုင်းအသိ ဖြစ်ပါတယ်။ ဒါပေမယ့် ၁.၃ ဘီလီယံသော လူဦးရေကို လုံလောက် ဝလင်အောင် ဘယ်လိုများ ကျွေးမွေးနေလဲဆိုတာ လုံးဝထူးဆန်းတဲ့ အရာပဲဖြစ်ပါတယ်။

တရုတ်ပြည်ဟာ ကမ္ဘာမှာ တတိယမြောက် အကြီးဆုံးနိုင်ငံဆိုပေမယ့် သူ့ရဲ့ကျယ်ပြောလှတဲ့ မြေပိုင်နက်ရဲ့ ၁၃% သာ စိုက်ပျိုးမွေးမြူရေးမြေအဖြစ် အသုံးပြု၍ ရနိုင်ပြီး အဲဒီအချိုးအစားက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး ကျဉ်းမြောင်းလာပါတယ်။ တစ်ဦးချင်းစီအတွက် စိုက်ပျိုးမြေက ကမ္ဘာတဝှမ်း ပျှမ်းမျှနဲ့တွက်ရင် သုံးပုံတစ်ပုံသာရှိပါတယ်။

တရုတ်နိုင်ငံရဲ့ အချို့ဒေသက ဒေသခံတွေဆို စိုက်ပျိုးရေးကို ရတဲ့နေရာမှာ ရသလို လုပ်နေရပါတယ်။ ကျောက်တုံးကျောက်ဆောင်တွေ တစ်စတစ်စနဲ့ သဲကန္တရဖြစ်လာခြင်းဟာ တရုတ်လူမျိုးတွေ ရင်ဆိုင်နေရတဲ့ ပြသနာတွေထဲက တစ်ခုဖြစ်ပါတယ်။

Credit: Trend Myanmar



lutawlupyaw

No comments:

Post a Comment