"ဆံပင်တွေ ဘာ့ကြောင့် ကျွတ်နေရသလဲ ဆိုတာ"
ပုံမှန်ဆိုရင်တော့ အမျိုးသားတွေက အမျိုးသမီးတွေထက် ဆံပင်အကျွတ် များတတ်ကြပါတယ်။ ဒါပေမယ့်လည်း အမျိုးသားတွေက ဒါကို သိပ်ပြီး ဂရုစိုက်လေ့ မရှိပါဘူး။ အရေးကြီးတာက အမျိုးသမီးတွေပါ။ သူမတို့အနေနဲ့ ဆံပင်မကျွတ်စေဖို့ အမျိုးမျိုးသော Treatment တွေ၊ ခေါင်းလျှော်ရည်တွေ ပြောင်းသုံးတတ်ကြပေမယ့် ဘာကြောင့် ကျွတ်ရတယ် ဆိုတာတော့ အဖြေရှာဖို့ မေ့နေတတ်ကြပါတယ်။
ဆံပင်ကျွတ်ရတဲ့ အကြောင်းအရင်း အမျိုးမျိုးရှိတဲ့အနက် အမျိုးသမီး အများစုနဲ့ သက်ဆိုင်ပြီး ဖြစ်လေ့ရှိတာမျိုး၊ သတိမမူမိတာမျိုးကို ရွေးချယ် တင်ပြလိုက်ရပါတယ်။
(၁) ခွဲစိတ်မှုကြောင့်ဖြစ်ဖြစ်၊ အက်ဆီးဒင့် တစ်ခုခုကြောင့် ဖြစ်ဖြစ်၊ အမျိုးမျိုးသော ကျန်းမာရေး ပြဿနာတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ များလာခြင်း
(၂) ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးခြင်းကြောင့်
(၃) ဗီတာမင် A လွန်ကဲခြင်းကြောင့်
(၄) ပရိုတိန်းဓါတ် မပြည့်ဝခြင်းကြောင့်
(၅) မျိုးရိုးလိုက်ခြင်း
(၆) ဟော်မုန်းဆေးများကြောင့် ကျွတ်ခြင်း
(၇) စိတ်ပိုင်းဆိုင်ရာ ဖိအားများခြင်း
(၈) သွေးအားနည်းခြင်းကြောင့်ကျွတ်ခြင်း
(၉) ဗီတာမင် B လျော့နည်း ချို့ငဲ့ခြင်း
(၁၀) ဆံပင်ငြိထွေးခြင်း
(၁၁) ရုတ်တရက် ၀ိတ်ကျခြင်းကြောင့် ကျွတ်ခြင်း
(၁၂) ပိုးသတ်ဆေးများ မှီဝဲရခြင်း
(၁၃) ဆံပင်ကို အလွန်အကျွံ ပြုပြင်ခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဆံပင်အကျွတ်များပြီဆို ပေါင်းဆေးတွေ ၊ Treatment တွေနဲ့ပဲ ကုစားနေမယ့်အစား ဒီအချက်တွေထဲက တစ်ခုခုကြောင့်များလား ဆိုတာကို တစ်ချက်လောက် ပြန်စဉ်းစားကြည့်ရင် ပိုကောင်းတဲ့ ဖြေရှင်းနည်း ရမယ်လို့ မျှော်လင့်ပါတယ်။
Credit: Trend Myanmar
lutawlupyaw
No comments:
Post a Comment