Thursday, April 9, 2015

"ခြေထောက်တွေကို ရှည်လျား သွယ်လျတယ် ထင်ရစေဖို့ နည်းလမ်း (၁၀) ခု"

"ခြေထောက်တွေကို ရှည်လျား သွယ်လျတယ် ထင်ရစေဖို့ နည်းလမ်း (၁၀) ခု"

လူတိုင်း ရှည်လျားတဲ့ ခြေထောက် ပိုင်ရှင်တွေ အဖြစ်နဲ့ မွေးဖွားလာကြတာ မဟုတ်ပါဘူး။ သင့်ခြေထောက်တွေ ဘယ်လောက် တိုနေပါစေ၊ ရှည်လျားတယ် ထင်ရစေမယ့် နည်းလမ်းတွေ အများကြီး ရှိပါတယ်။

၁။ သင့်အ၀တ်အစားတွေထဲမှာ ကန့်လန့်စင်း ၀တ်စုံတွေ မပါပါစေနဲ့။

သင့်အ၀တ်ဗီရိုကို ဖွင့်ကြည့်လိုက်ပါ။ ကန့်လန့် အစင်းကြောင်းတွေပါတဲ့ ဘောင်းဘီတွေ စကတ်တွေ ရှိနေပါသလား။ ခြေထောက်နဲ့နီးတဲ့ နေရာတိုင်းက ကန့်လန့်စင်း အ၀တ်တွေဟာ သင့်ခြေထောက်တွေကို ပိုတိုသယောင်နဲ့ ခြေထောက် ပိုတုတ်သယောင် ထင်ရစေပါတယ်။ ဒါကြောင့် ကန့်လန့်စင်း အစား ဒေါင်လိုက်စင်း အ၀တ်တွေကို ရွေးချယ် ၀တ်ဆင်ပါ။

၂။ ဒေါက်မြင့်ဖိနပ်စီးပါ။

လွယ်ကူတဲ့ နောက် နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒေါက်မြင့်ဖိနပ်တွေက အရပ်ပိုမြင့်သွားစေတာကြောင့် ခြေထောက်တွေကိုပါ ပိုရှည်သွားစေပါတယ်။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးတာက ခြေဖနောင့်ကို ပျက်စီးစေတာကြောင့် နေ့တိုင်း မစီးသင့်ပါဘူး။

၃။ အရောင် တောက်တောက် ဒေါက်မြင့်တွေကို ရွေးပါ။

သင့်ခြေထောက် အရောင်နဲ့ မတိမ်းမယိမ်းအရောင် ဒေါက်မြင့်တွေကို မရွေးပါနဲ့။ အရောင် တောက်တောက် ဖိနပ်တွေကသာ ခြေထောက် ပိုရှည်တယ် ထင်ရစေတာပါ။

၎။ ခြေထောက်တွေကို ကြေးနီရောင် မိတ်ကပ် လိမ်းပေးပါ။

ခြေသလုံးရိုး တစ်လျှောက်ကို ကြေးနီရောင် မိတ်ကပ်လိမ်းပါ။ ဒါက ခြေတံရှည်တယ် ထင်ရစေတဲ့ နည်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ သိသာအောင် အများကြီး မလိမ်းမိအောင် ဂရုစိုက်ပါ။

၅။ ခါးတင်စကတ်နဲ့ ခါးတင်ဝတ်စုံတွေ ၀တ်ပါ။

ဒီနည်းက သင့်ဒူးအထက် နေရာကို သာမန်ထက် ပိုရှည်တယ် ထင်ရစေပါတယ်။

၆။ ဒေါင်လိုက်စင်း ၀တ်စုံတွေ ၀တ်ဆင်ပါ။

ကန့်လန့်စင်းတွေက ခြေထောက် ပိုတိုတယ် ထင်ရစေတာမို့ ဆန့်ကျင်ဘက် အနေနဲ့ ဒေါင်လိုက်စင်းတွေက ခြေထောက် ပိုရှည်တယ် ထင်ရစေပါတယ်။ ဒူးခေါင်းအတိ ဒေါင်လိုက်စင်း စကတ်တွေက စံနမူနာပါပဲ။

၇။ အနက်ရောင် အသားကတ် ဘောင်းဘီရှည်များ။

ဆွဲဆောင်မှုရှိယုံသာမက ခြေထောက်တွေကို ရှည်သွယ် လှပ သွားစေပါတယ်။

၈။ စကတ်အတိုတွေ ၀တ်ပါ။

စကတ်တို ၀တ်စုံအတိုတွေက ခြေသလုံးကို ပိုဖော်ပြလို့ ပိုရှည်လျားတယ် ထင်ရစေပါတယ်။ အထက်က ဖော်ပြခဲ့သလိုပဲ ခါးတင် စကတ်တိုတွေကို ၀တ်ဆင်ပါ။

၉။ အပေါ်အောက် အရောင်ဆင်တူ ၀တ်ဆင်ပါ။

အပေါ်ရော အောက်ပါ ဗြောင်အရောင် တစ်ရောင်ထဲ ဆင်တူဝတ်ပါ။ ဒီနည်းက သင့်ကို အရပ်ပိုရှည် သယောင် ထင်ရစေတဲ့အပြင် ခြေထောက်တွေပါ ပိုရှည်တယ် ထင်ရစေပါတယ်။

၁၀။ လမ်းလျှောက်ပါ။

ဒီနည်းကတော့ အမြင်တင် မဟုတ်ပဲ တကယ်ခြေထောက် သွယ်လျစေတဲ့နည်း ဖြစ်ပါတယ်။ ခြေထောက် သွယ်ရင်လည်း ခြေတံရှည်တယ် ထင်ရစေပါတယ်။ မနက်တိုင်း ခြေလှမ်း (၁၀၀၀၀) လောက် လမ်းလျှောက်ပေးပါ။ တစ်လအတွင်းမှာ သိသာလာပါလိမ့်မယ်။


Credit : messenger



lutawlupyaw

No comments:

Post a Comment