"နှာခေါင်းကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်သော ခြင်ဆေးခွေ"
ခြင်ဆေးခွေ အသုံးပြုခြင်းသည် နှာခေါင်းကင်ဆာ၊ အဆုတ်ကင်ဆာနှင့် အသက်ရှူလမ်းကြောင်း ကင်ဆာများကို ဖြစ်ပွားစေနိုင်ကြောင်း သုတေသနပြု ဆန်းစစ်မှုတစ်ရပ် ထွက်ပေါ်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ခြင်ဆေးခွေ အတွင်းတွင် ဓာတုဗေဒ ပိုးသတ်ဆေးများ ထဲတွင် အပြင်းထန်ဆုံးဟု သတ်မှတ်ထား သော ၂ ပိုးသတ်ဆေး၊ လွှစာမှုန့်၊ ဆိုးဆေး၊ ဓာတုအမွှေးအကြိုင်နှင့် ဗိုင်ဒါကော်များ ပါဝင်နေ၍ပင် ဖြစ်သည်။
၎င်းတို့အပြင် အပြင်းထန်ဆုံး အဆိပ်တစ်မျိုးဖြစ်သော ဘန်ဇိုင်း ကာစီနိုဂျင် (Benzene) ပါ ထပ်မံပါဝင်နေပြီး ၄င်းဓာတုပစ္စည်းသည် အာရုံကြောမှအစပြု၍ ရိုးတွင်းခြင်ဆီအထိ အဆိပ်ဖြစ်စေနိုင်စွမ်း ရှိနေသည်။
ခြင်ဆေးခွေတစ်ခွေ၏ ဓာတုအဆိပ် ထုတ်လုပ်နိုင်မှု စွမ်းအားသည် စီးကရက် အလိပ် စုစုပေါင်း ၁၃၇ လိပ်မှ ထွက်ရှိလာသော ဓာတုအဆိပ်မှုန့် အရေအတွက်နှင့် ညီမျှနေကြောင်း သိရသည်။
အလားတူ အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေနည်းတူ အန္တရာယ်ရှိနေခြင်းကြောင့် သုံးစွဲခြင်း မပြုအပ်ကြောင်း ကျန်းမာရေးပညာရှင်များက အသိပေး ပြောကြားသွားခဲ့သည်။
Ref: CNN
Lutaw Lupyaw
No comments:
Post a Comment