Saturday, May 2, 2015

"လင်းယုန်ငှက်ပုံပြင် (Rebirth of Eagle)"

"လင်းယုန်ငှက်ပုံပြင် (Rebirth of Eagle)"

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး
ငှက်တစ်မျိုးဖြစ်ပြီး အသက် (70) နှစ်အထိ အသက်ရှင်နေထိုင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက်ရှည်ရှည်နေနိုင်ဖို့အတွက် သူတို့ရဲ့ အသက် (40) နှစ်မှာ ခက်ခဲတဲ့ဖြစ်စဉ်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချကြရပါတယ်။ သူ့အသက် (40) နှစ်ရောက်တဲ့အခါမှာ သားကောင်ကို ဖမ်းဖို့အတွက် သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီးလာပါတယ်။ နုတ်သီးတွေကလဲ ရင်ဘတ်ထိအောင်ရှည်ပြီး ကောက်လာကာ အတောင်တွေကလဲ အရမ်းလေးလာပါတယ်။ အမွှေးတွေကလဲ အရမ်းထူလာတဲ့အတွက်
ပျံရတာလဲ အရမ်းပင်ပန်းလှပါတယ်။ သူ့မှာ ရွေးချယ်စရာ နှစ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီး ဘာမှမလုပ်တော့ပဲ အသေခံမလား? နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ဖြတ်သန်းပြီး အသက်ဆက်ရှင်မလား? မစွန့်စားပဲ သေရတာထက်စာရင် စွန့်စားပြီး သေရတာက ပိုမြတ်ပါလိမ့်မယ်။ဒါကြောင့် အလွန်မြင့်တဲ့တောင်တစ်ခုဆီ ပျံသန်းသွားပြီး အသိုက်တစ်ခုတည်ဆောက် လိုက်ပါတယ်။ ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲနားနားနေပါတယ်။ နာကျင်ခက်ခဲတဲ့ဖြစ်စဉ်ကို ကျော်ဖြတ်ဖို့ အစကနေအဆုံးထိ ရက်ပေါင်း (150) နှစ်ဝက်နီး
ပါးကြာပါတယ်။

ဒီတော့ သူဟာ ပထမဦးဆုံး သူ့ရဲ့နှုတ်သီးကို ကျောက်ဆောင်နဲ့ရိုက်ပြီး ဖြုတ်ပြစ်ရပါတယ်။ ပြီးတော့ နှုတ်သီးအသစ်ထွက်လာတဲ့အထိ တိတ်ဆိပ်စွာနဲ့ စောင့်ဆိုင်းနေခဲ့ရပါတယ်။ နှုတ်သီးအသစ်ထွက်လာတော့ အဲ့ဒီနှုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတစ်ခု ဆွဲနုတ်ရပါတယ်။ ခြေသည်းအသစ်တွေထွက်လာမှ သူ့ရဲ့ အတောင်တွေကို တစ်ခုပြီးတစ်ခု နုတ်ပြစ်ရပြန်ပါတယ်။ အတောင်ပံအသစ်တွေထွက်လာတော့ သူ့ရဲ့ ခက်ခဲစွာဖြတ်သန်းရတဲ့ ရက်ပေါင်းက (150) ပါပဲ။ အဲဒီနောက်မှာတော့ လင်းယုန်ငှက်ဟာ သူ့ရဲ့ ကျော်ကြားလှတဲ့ ပျံသန်းမှုတွေကို နောက်ထပ် နှစ်ပေါင်း ၃၀ မျှ ပြန်လည်ပြုလုပ်နိုင်ခဲ့ပြီး အသက် ၇၀ ထိ အသက်ရှင်နေထိုင်နိုင်ခဲ့ပါတယ်။

ဒီအဖြစ်အပျက်ကတော့ (change) ဆိုတဲ့ ပြောင်းလဲမှုကိုပြောခြင်တာပါ။ တခါတရံမှာ ကျွန်တော်တို့ဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချကြရပါတယ်။ ဘဝကို အောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့ရဲ့ အကျင့်ဆိုးတွေ၊ ထုံးစံတွေကို လွှင့်ပြစ်ရပါလိမ်မယ်။ ကျွန်တော်တို့ဟာ အတွေးအခေါ်အသစ်တွေကို
လက်ခံချင်စိတ်ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေကို စွန့်ပြစ်ရလိမ့်မယ်။ ကိုယ့်ရဲ့အစွမ်းအစတွေ ဖော်ထုပ်နိုင်ပြီး လှပတဲ့အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။ တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန်ငှက်တောင် သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဥာဏ်ရှိတဲ့ လူသားတွေကရော ကိုယ့်ကိုယ်ကို (change)
မလုပ်နိုင်ကြဘူးလား? လင်းယုန်ငှက်ဟာ နာကျင်ခက်ခဲစွာ ပြောင်းရတာပါ။
လူသားတွေဖြစ်တဲ့ ကျွန်တော်တို့က နာကျင်စရာမရှိပဲ "အတွေးအခေါ်အဟောင်း၊ အမူအကျင့်အဟောင်း၊ မကောင်းတဲ့စရိုက်တွေကို မစွန့်လွှတ်နိုင်ကြဘူးလား? မပြောင်းလဲ နိုင်ကြဘူးလား? ဒီအတိုင်း ဆက်သွားမလားဆိုတာ စဉ်းစားစေခြင်ပါတယ်။

လိုရာပန်းတိုင်ကို ထက်သန်သောယုံကြည်ချက်၊ ပြင်းထန်သော လုံ့လဝီရိယနဲ့ သည်းခံတတ်သော စိတ်တို့ဖြင့် ရောက်အောင် လျှောက်လှမ်းနိုင်ကြပါစေ။

ခင်မင်စွာဖြင့်
သူရ



Lutaw Lupyaw

No comments:

Post a Comment