"ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်"
ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ/ဂျင်း) များက လူငယ်များအကြား ရေပန်းစားလာပြီ ဖြစ်တာနဲ့အညီ သူရဲ့  ဆိုးကျိုးများလည်း သိထားရန် လိုအပ်ပါတယ်။
သေချာတာကတော့ ခပ်ကြပ်ကြပ် ဘောင်းဘီဖြစ်တဲ့အတွက် ခါးအောက်ပိုင်း အာရုံကြောစနစ်၊ သွေးလည်ပတ်အမှုကို ကြိမ်းသေ သက်ရောက်မှု ရှိပါတယ်။ လေဝင်လေထွက်လည်း မရှိတဲ့အတွက် အသားတွင်းမှာတင်မကပဲ ပြင်ပ အသားအရည်မှာလည်း ဆိုးကျိုး ရှိလာနိုင်ပါတယ်။
စကင်နီ ဘောင်းဘီ ဝတ်သော အမျိုးသမီးများဟာ အခြား ဘောင်းဘီ ဝတ်ဆင်လေ့ ရှိတဲ့ အမျိုးသမီးများနဲ့ စာရင် ကိုယ်ဝန်ဆောင်နိုင်ချေ နည်းပါတယ်။ ကိုယ်ဝန်ရှိစဉ် ကာလမှာ စကင်နီ ဘောင်းဘီ ဝတ်ခြင်းကလည်း ပျက်ကျဖို့ အနီးစပ်ဆုံးပဲ ဖြစ်ပါတယ်။ ခါးပေါ်ပဲ တင်ဝတ်ဝတ်၊ ခါးအောက်ပဲ လျှောဝတ်ဝတ် သွေးနဲ့၊ အာရုံကြောများကို ကြပ်ကြပ် စည်းထားတဲ့အတွက် ခါးအောက်ပိုင်း တစ်ခုလုံး ဒဏ်ဖြစ်လာ တတ်ပါတယ်။ အာရုံကြောစနစ်ဆိုတာ ခြေဖျားကနေ ဦးနှောက်အထိ အားလုံး ဆက်စပ်နေပြီး ခါးအောက်ပိုင်း အာရုံကြောစနစ် အားနည်းမှုက အခြား ကိုယ်အစိတ်အပိုင်းများသို့လည်း သက်ရောက်မှု ရှိပါတယ်။
ကိုယ်ကြပ်ဘောင်းဘီရဲ့  ဒဏ်ကို အမျိုးသားများ ပိုခံရပါတယ်။ အထူးသဖြင့် ဆီးလမ်းကြောင်းနဲ့ဆိုင်တဲ့ ရောဂါများ ဖြစ်နိုင်ချေ ပိုများပြီး ဆီးသွားရမလွယ်ကူခြင်း၊ ဆီးလမ်းကြောင်းလွဲခြင်း၊ ဆီးလမ်းကြောင်းမှတစ်ဆင့် ပိုးဝင်ခြင်း၊ ကျောက်ကပ်နှင့် ဆက်စပ်ရောဂါများဖြစ်ပွားခြင်း တို့အထိ ဆိုးကျိုးရှိပါတယ်။ ကိုယ်ကြပ်ဘောင်းဘီ (စကင်နီ ဂျင်း) ဝတ်လေ့ရှိသော အမျိုးသမီးတစ်ဦးဟာ သားအိမ်လမ်းကြောင်းလွဲပြီး ကလေးမမွေးနိုင်တဲ့ အခြေအနေအထိ ဖြစ်ခဲ့တာလည်း ရှိခဲ့ဖူးပါတယ်။
အားလုံးချည်းပြောလို့ ကိုယ်ကြပ်ဘောင်းဘီ မဝတ်သင့်ပါဘူးလို့ ဆိုလိုခြင်း မဟုတ်ကြပါဘူး။ ဒီလိုသာ ဖြစ်ကြေးဆိုရင် အားလုံး ဆီးလမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါများ ဖြစ်နေကြပြီ ဖြစ်ပါတယ်။ ဖြစ်ကြပေမယ့် ဒါဟာ ချက်ခြင်း မဟုတ်ပဲ တဖြည်းဖြည်းနဲ့ အားယူလာတဲ့ ရောဂါမျိုး ဖြစ်ပါတယ်။ ဗြိတိန်မှာ စကင်နီဘောင်းဘီ ဝတ်တဲ့ အမျိုးသား အယောက် ၂၀၀၀ ကို စစ်တမ်းကောက်ထားပြီး ဖြစ်ရာ အမြဲ စွဲဝတ်သူများအတွက် ကျန်းမာရေးဆိုးကျိုး ပိုများတယ်ဆိုတာကို လေ့လာ တွေ့ရှိထားပါတယ်။
ဒါကြောင့် ကိုယ်ကြပ်ဘောင်းဘီကို ဝတ်ဆင်တဲ့ ဖက်ရှင်ကို နှစ်သက်ပေမယ့် အမြဲ စွဲဝတ်တဲ့ အလေ့အထတော့ မပြုလုပ်ရန် လိုအပ်တယ်လို့ ဆေးပညာရှင်များက တိုက်တွန်းထားကြောင်း သိရပါတယ်။
Ref- medic-facts
ဖတ်မိသမျှကျန်းမာရေးဆောင်းပါးများ- ရွှေအိမ်စည်

Tuesday, May 5, 2015
"ကိုယ်ကြပ်ဘောင်းဘီ (စကီနီ ဘောင်းဘီ) ဝတ်သူများ သတိပြုရန်"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment