"ရေချိုတွေဖြုန်းတီးတော့မယ့် သင်္ကြန်။ လမ်းပေါ်မှာ တရားဝင်မူးယစ်သောက်စား အော်ဟစ်ခွင့်ရမယ့် သင်္ကြန်"
သင်္ကြန်သည် မြန်မာ့ယဉ်ကျေးမှု စစ်စစ်မဟုတ်။ ဟိန္ဒူယဉ်ကျေးမှုကို မွေးစားထားခြင်း ဖြစ်သည်။ သင်္ကြန်သည် မင်္ဂလာ ၁၂ ပါးထဲမှ တစ်ပါး ဖြစ်ပါ၏။ ဤ မင်္ဂလာ ၁၂ ပါးသည်ပင် ဟိန္ဒူယဉ်ကျေးမှု ဖြစ်ပါ၏။ ကုလားတို့သည် ကလေးတစ်ဦးမွေးပါက နေပြ မင်္ဂလာ၊ လပြ မင်္ဂလာ၊ ကွမ်းခွံ့ မင်္ဂလာ၊ ထမင်းခွံ့ မင်္ဂလာ၊ ပုခက်တင် မင်္ဂလာ၊ နားထွင်း မင်္ဂလာ၊ နာမည်ပေး မင်္ဂလာ စသဖြင့် ပြုပါ၏။
င်္ကြန်ရေပက်ဖျန်းခြင်းသည် လေးနက်မွန်မြတ်သော အဓိပ္ပါယ်ရှိသည်။ ရေသည် မေတ္တာဓာတ်ကို တင်စားသည်။ ရေကစားကြသည်မှာ ရေလိုအေး၍ ပန်းလိုလန်းပါစေ ဟူသောမေတ္တာဓာတ်ဖြင့် ကစားခြင်းဖြစ်သည်။ သင်္ကြန်ပွဲသည် မြန်မာ့တို့၏ ရိုးရာပြက္ခဒိန် အစဆုံးလဖြစ်သော တန်ခူးလတွင် ကျင်းပသည်။ တန်ခူးလသည် အင်္ဂလိပ်ပြက္ခဒိန်မှ ဧပြီ (April) လနှင့်တိုက်ဆိုင်သည်။ သင်္ကြန်ပွဲကို မြန်မာ့နှင့် ယဉ်ကျေးမှု့ချင်းဆက်စပ်နေသော လော (Laos) နိုင်ငံ ၊ ကမ္ဗောဒီးယား (Cambodia) နိုင်ငံနှင့် ထိုင်း (Thailand) နိုင်ငံတို့တွင် အလားတူပင် ဧပြီလ၌ သင်္ကြန်ပွဲတော်ကို ဆင်နွှဲကြသည်။
သို့ရာတွင် မြန်မာနိုင်ငံ၏ သင်္ကြန်ပွဲတော်သည် ယင်းပွဲတော်တို့ထက် ကြီးကျယ်၍ ရှေး အင်းဝခေတ် ကပင်လျှင် အင်္ဂလိပ် စသောတိုင်းတစ်ပါးသားတို့က နှစ်သက်ဖွယ်ရာမှတ်တမ်းတင်ခဲ့ကြသည်။
“အိမ်ရာမမှား၊ သားငါးသုတ်သင်၊ သစ်ပင်ခုတ်မြစ်၊ ပုတ်ခတ်ငိုကြွေး၊ ကိုယ်သွေးထုတ်ခြင်း၊ ဆီနနွင်းက၊ သောက်ခြင်းသေစာ၊ ဥစ္စာထုတ်သွင်း၊ အောင်တမန်စေလွှတ်ခြင်း၊ ဤ (၁၀) ပါးသော အမှုတို့ဖြစ်ပေသတည်း” သင်္ကြန် တွက်ရိုးများ၌ ဤ (၁၀) ပါးသော အမှုတို့ကို လူမဆိုထားဘိ သိကြားမင်းသော်လည်း ရှောင်ကြဉ်ရာ၏ ဟု ပညတ်ချက်ထုတ်ထားရာ၊ တကယ်လည်း ရှောင်ကြဉ်သင့်သော အချက်များဖြစ်ကြသဖြင့် ရှောင်သင့်သည်ကို ရှောင်၍ ဆောင်သင့်သည်ကို ဆောင်ကြပြီးလျှင် နှစ်သစ်ဘက်သို့ မင်္ဂလာယူပြီး ကူးပြောင်းနိုင်ကြပါစေသတည်း…
Shweaeimsi Samsung Aeimsi
lutawlupyaw
No comments:
Post a Comment