Tuesday, June 16, 2015

"ဘယ်လောက် ခန္ဓာကိုယ်လှတယ်ဆိုပြီး တိုင်းတာနေတာထက် ကျန်းမာဖို့သာ အဓိကကျတာ"


"ဘယ်လောက် ခန္ဓာကိုယ်လှတယ်ဆိုပြီး တိုင်းတာနေတာထက် ကျန်းမာဖို့သာ အဓိကကျတာ"

အမျိုးသမီးတွေနဲ့ ကောင်မလေးတွေဟာ သူတို့ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ကျေနပ်ပျော်ရွှင်တာမျိုး သိပ်မရှိတတ်ကြဘူးလို့ သိရပါတယ်။ တစ်ခါတစ်လေ လူမှုကွန်ယက်နဲ့ အခြားသော မီဒီယာတွေကတစ်ဆင့် ဘယ်လိုခန္ဓာကိုယ် အချိုးအစားက ပြီးပြည့်စုံတယ်ဆိုတာမျိုးတွေ တွေ့မြင်ရလေလေ သူတို့အချိုးအစားနဲ့ ပတ်သက်ပြီး လုံခြုံတယ်လို့ မခံစားရတော့လေလေပါပဲ။

ဒီကြားထဲ ထွက်လာတဲ့ ကိုယ့်ခန္ဓာကိုယ် အချိုးအစား လှမလှ သိချင်ရင် တိုင်းတာလို့၊ စမ်းကြည့်လို့ ရတယ်ဆိုတဲ့ တိုင်းတာမှုတစ်ခု ထွက်ရှိလာပါတယ်။  ဒါကို တရုတ်မှာတော့ Weibo လို့ ခေါ်ကြပါတယ်။ ဘယ်လိုစမ်းသပ်နိုင်သလဲဆိုတော့ သင့်ရဲ့ညာဘက်လက်ကို ခါးနောက်ပိုင်းကို ပို့လိုက်ပြီး ခါးနောက်ကနေ ပတ်ကာ အရှေ့က ချက်ကို ထိနိုင်သလားဆိုတာ စမ်းသပ်ရတာပါ။ ကိုယ်က ညာမသန်ဘူးဆိုလည်း ဘယ်လက်နဲ့ ခုန ပြောသလို စမ်းသပ်လို့ ရပါတယ်။ တကယ်လို့ သင့်လက်ဟာ ချက်ကို ထိလို့မရဘူးဆိုရင်တော့ သင်ဟာ ၀ိတ်ချဖို့ သင့်ပြီလို့ ဆိုလိုလိုက်တာပါ။

ဒါပေမယ့် ဒီနေရာမှာ သင့်ကို တစ်ခုပြန်တွေးစေချင်တာက ခန္ဓာကိုယ်အချိုးအစားနဲ့ ၀ိတ်တက်မတက်ဆိုတာကိုလည်း အာရုံမစိုက်ဖို့ပါ။ ဒါကို ဒေါက်တာ Charlie Seltzer က "တကယ်တော့ ဒီစမ်းသပ်မှုမှာ သင်ဟာ သင့်လက်နဲ့ ချက်ကို အနောက်ကနေ ပြန်ဝိုက်ပြီး ထိနိုင်နေတယ်ဆိုတာနဲ့ သင်ကျန်းမာနေပြီလို့ ပြောတာ မဟုတ်ပါဘူး၊ ဒါဟာ ခါးသေးတယ်ဆိုတဲ့သဘော၊ ကျန်မားတဲ့ပုံ ပေါက်တဲ့ဆိုတဲ့ သဘောပဲရှိပါတယ်။ တကယ်တော့ ပိန်တယ်၊ ၀တယ်ဆိုတာထက် ကျန်းမာနေဖို့က ပိုအရေးကြီးပါတယ်။ ပိန်တော့ပိန်နေပါရဲ့၊ သင့်ရဲ့ သွေးထဲမှာ တစ်ခုခုရှိနေပြီဆိုရင် သင်ဟာ ပေါင် ၄၀၀ လောက် ရှိတဲ့သူလိုပဲ ကျန်းမာတဲ့သူ မဟုတ်ပြန်ပါဘူး။ ၀ိတ်များတဲ့သူ၊ ၀နေတဲ့သူတွကိုလည်း မကျန်းမာတဲ့သူလို့ မဆိုနိုင်ပြန်ပါဘူး။ သူတို့ဟာ ခန္ဓာကိုယ်အချိုးအစား မလှပေမယ့် ကျန်းမာနေရင် မကျန်းမာပဲ ပိန်ပြီး ခန္ဓာကိုယ်အချိုးအစား လှနေသူတွေထက် သာနေပြန်တာပေါ့။ ဒါကို အမျိုးသမီးတွေကို နားလည်စေချင်ပါတယ်" လို့ ဆိုပါတယ်။

အမျိုးသမီးတွေဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်တဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတာ နှစ်ပေါင်းများစွာကြာပါပြီ၊ ဒါကိုထပ်ပြီး စမ်းသပ်စစ်ဆေးတာတွေ လုပ်နေဖို့ မလိုတော့ပါဘူး။

မေသော်


Credit: Trend Myanmar

No comments:

Post a Comment