"ကွန်ပျူတာ သမားများအတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း"
ကွန်ပျူတာ သုံးတာ ကြာပြီဆိုတော့ ခါးနာရောဂါလည်း ဖြစ်လာတာပေါ့။
ဒီနှစ်ပိုင်းမှာ ခါးက ပိုနာလာတယ်။ ဆေးနည်းက နက္ခတ္တရောင်ခြည်ကနေ ရထားတာ ကြာလှပြီ။ အမှုမဲ့အမှတ်မဲ့ မစမ်းကြည့်ဖြစ်ဖူး။ အခုတော့ စမ်းမှ ဖြစ်မယ်ဆိုပြီး - အာလူးကြီး တစ်လုံးကို ခပ်ပါးပါး အလွှာတွေရအောင် လွှာပြီး ညအိပ်ယာဝင်တော့ နာနေတဲ့ ခါးပေါ်မှာ စီပြီး ကပ်လိုက်တယ်။ အားကစားသမားတွေ သုံးတဲ့ အလပ်စတစ် ပတ်တီး ပတ်ပြီး အိပ်လိုက်တယ်။ မနက်ကျတော့ ခါးနာနေတာ ယူပစ်သလို ပျောက်သွားတယ်။
အံ့ရောပဲ ...အာလူးထဲမှာ ပါတဲ့ ဓါတ်သဘာဝတွေက အရေပြားကနေ ခါးနာတဲ့ နေရာကို ၀င်သွားလို့ ဒါမှမဟုတ် ခါးနာဆီကနေ အာလူးက စုပ်ယူ လိုက်လို့  ပျောက်သွားတယ် ထင်တယ်။
နွယ်မြက် သစ်ပင် ရိုးရာ ဆေးမြီးတိုလေးတွေလည်း အထင်မသေးကြနဲ့ ဗျို့။
Credit: Myawady News
Wednesday, June 10, 2015
"ကွန်ပျူတာ သမားများအတွက် ကိုယ်တွေ့ ခါးနာ ပျောက်ဆေးနည်း"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment