Friday, June 12, 2015
"အလုပ်အင်တာဗျူးမှာ အလုပ်ရစေဖို့ သေချာတဲ့ အချက်ဟာ ဘာဖြစ်တယ်ဆိုတာ လေ့လာချက်တစ်ခုက ထုတ်ဖော်"
"အလုပ်အင်တာဗျူးမှာ အလုပ်ရစေဖို့ သေချာတဲ့ အချက်ဟာ ဘာဖြစ်တယ်ဆိုတာ လေ့လာချက်တစ်ခုက ထုတ်ဖော်"
အလုပ်ရှင်တွေ၊ အင်တာဗျူးတဲ့သူတွေဟာ သင့်ကို အင်တာဗျုးတဲ့အခါ သင့်ပုံပန်းသဏ္ဍာန်သွင်ပြင်ထက် ပိုဂရုစိုက်တဲ့အချက်တစ်ချက် ရှိနေပါတယ်။ အဲ့ဒါကတော့ သင့်ရဲ့အသံပါပဲ။
လေ့လာတွေ့ရှိချက်အသစ်အရ အလုပ်ရှင်တွေ၊ အင်တာဗျူးတဲ့သူတွေဟာ အင်တာဗျူးလာဖြေတဲ့သူရဲ့ အသံကို နားထောင်ပြီး ဒီလူဟာ စမတ်ပိုကျတဲ့သူလား၊ လုပ်နိုင်စွမ်းရှိတဲ့သူဖြစ်နိုင်သလား၊ တွေးခေါ်တတ်တဲ့သူလားဆိုတာ ခွဲခြားလေ့ရှိပါတယ်တဲ့။ ဒါ့အပြင် သူတို့ကို အင်တာဗျူးပြီးလို့ ပြန်ဆုံးဖြတ်တဲ့အခါ အဲ့ဒီအချက်ကို ထည့်သွင်းစဉ်းစားကြပြီး တစ်ချို့ဆို အသံနေအသံထားကို အသံဖမ်းထားပြီးတော့တောင် ဆုံးဖြတ်ကြပါသတဲ့။
တစ်ခါတစ်လေ အကြောင်းမသင့်လို့ လူတွေ့မစစ်ဆေးလိုက်ရရင် လူတစ်ယောက်ရဲ့ အသံကို နားထောင်ကြည့်ဖို့ အခွင့်အရေး နည်းနိုင်ပါတယ်။ ဒီလိုဆိုရင် အလုပ်အတွက် တကယ်ကို သင့်တော်တဲ့လူကောင်းတွေ လွတ်သွားနိုင်ပါတယ်လို့လည်း လေ့လာချက်က ဖော်ပြထားပါသေးတယ်။
သုတေသီတွေ ယုံကြည်တာက သင့်အသံကို ကြားရရင် သင်ဟာ ဒီအလုပ်ကို စိတ်အားထက်သန်မှု ရှိမရှိကိုပါ ပိုသိနိုင်တာကိုပါ။ ဒါ့ကြောင့် အင်တာဗျူး ဖြေရတော့မယ်ဆိုရင် တွန့်ဆုတ်နေတာမျိုးထက် ကိုယ်တကယ်လိုချင်တဲ့ အကြောင်း ကိုယ့်စိတ်ထဲမှာ ဖြစ်နေသလို ပြောဆိုတတ်ဖို့ လိုပါတယ်။
မေသော်
Credit: Trend Myanmar
Labels:
အလုပ်အကိုင်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment