"ခါးနာရောဂါသည် အဆိုးရွားဆုံးသော နာတာရှည်ရောဂါ တစ်မျိုး ဖြစ်လာနိုင်"
ခါးနာရောဂါကို ကာလရှည်ကြာ ခံစားနေရပါက ဒုက္ခိတဘဝ ရောက်သွားနိုင်ကြောင်း နိုင်ငံတကာ လေ့လာမှု သုတေသန စစ်တမ်းကြီးက တွေ့ရှိခဲ့သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၈ နိုင်ငံတို့တွင်လည်း ခါးနာရောဂါမှာ နာတာရှည် ရောဂါတစ်မျိုး ဖြစ်နေပြီး နှလုံးရောဂါနှင့် ငှက်ဖျားရောဂါတို့ကဲ့သို့ သက်တမ်း ရှည်ကြာစွာ လူကို ဒုက္ခပေးတတ်ကြောင်း သိရှိလာရသည်။
ထို့နည်းတူ လည်ပင်းကြီးနေပြီး စောင်းနေတတ်သော လည်ပင်းနာရောဂါကိုလည်း ခါးနာရောဂါ ပြီးလျှင် ဒုတိယ အဆိုးရွားဆုံး ရောဂါကြီးအဖြစ် အင်္ဂလန်နှင့် စကော့တလန်တို့တွင် သတ်မှတ်ထားသည်။ အိုင်ယာလန်နှင့် ဝေလနယ် တို့တွင်မူ တတိယ အဆိုးရွားဆုံး ရောဂါဟု သတ်မှတ်ထားကြသည်။
''လူရဲ့ ခန္ဓာကိုယ်ဆိုတာ လှုပ်လှုပ်ရှားရှား လုပ်လို့ရတဲ့ ဖွဲ့စည်းပုံနဲ့ တည်ဆောက် ထားတာပါ။ အခုလို မလှည့်နိုင်၊ မရွှေ့နိုင်ဘဲ ငုတ်တုတ်ကြီး နေရအောင် ဖွဲ့စည်းထားတာ မဟုတ်ပါဘူး'' ဟု အရိုးအထူးကု ဆရာဝန်ကြီး စတီတိုလန်က ရှင်းပြသည်။
သို့ဖြစ်၍ အသက် ၁၂ နှစ်အရွယ် ကလေးငယ်များကို လက်ကိုင်ဖုန်းများ၊ Tablet များနှင့် အချိန်အကြာကြီး ဂိမ်းကစားနေခြင်းကို မပြုလုပ်ရန် သတိပေးထားရှိသည်။ အသက် ၃ဝ နှစ် ဝန်းကျင်ရှိ လူရွယ်များကိုလည်း ထိုင်ခုံပေါ်ထိုင်၍ အချိန်ကြာမြင့်စွာ ကွန်ပျူတာများနှင့် အလုပ်လုပ်နေခြင်းကိုပါ ရှောင်ရန် သတိပေးထားရှိသည်။
ဗြိတန်နိုင်ငံတွင် အဆိုးရွားဆုံး ရောဂါကြီး ၁ဝ မျိုးတွင် သွေးပေါင်ကျခြင်း၊ ဆီးချို၊ နားလေးခြင်း၊ ခေါင်းတစ်ခြမ်း ကိုက်ခြင်းနှင့် လည်ချောင်းနာ ရောဂါ၊ စိတ်ကျရောဂါ နှင့် ခါးနာရောဂါတို့ ပါဝင်ကြောင်း သိရသည်။
ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံ (သို့မဟုတ်) ၁ ဒသမ ၆ ဘီလီယံ တို့တွင် ခေါင်းကိုက်ရောဂါ ခံစားနေကြရပြီး သန်းပေါင်း ၈၅ဝ တို့တွင်မူ ခေါင်းတစ်ခြမ်းကိုက် ရောဂါများ ခံစားနေရကြောင်း Lancet ဆေးပညာ ဂျာနယ်တွင် ရေးသား ဖော်ပြထားရှိသည်။
သို့ဖြစ်၍ ကမ္ဘာပေါ်ရှိ လူဦးရေ ၂ဝ တွင် တစ်ဦးသာ ကျန်းကျန်းမာမာ နေထိုင်နိုင်သူများ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၈၈ နိုင်ငံတွင် လူဦးရေ ၄ ဒသမ ၃ ရာခိုင်နှုန်းသာ ကျန်းမာသန်စွမ်းသူများ ဖြစ်နေကြောင်း သိရသည်။
PyiChitThar
Thursday, June 11, 2015
"ခါးနာရောဂါသည် အဆိုးရွားဆုံးသော နာတာရှည်ရောဂါ တစ်မျိုး ဖြစ်လာနိုင်"
Labels:
ကျန်းမာရေး,
ဗဟုသုတ
Location:
Lewe, Republic of the Union of Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment