Tuesday, June 16, 2015

"ဂျပန်နိုင်ငံမှ လူသားပုံတူ ဂျပန်မ စက်ရုပ်"


"ဂျပန်နိုင်ငံမှ လူသားပုံတူ ဂျပန်မ စက်ရုပ်"

ChihiraAico လို့ အမည်ရတဲ့ ဒီ ဂျပန်မစက်ရုပ်လေးဟာ အသက် ၃၂ နှစ် အရွယ် အမျိုးသမီး ပုံစံ၊ ကီမိုနိုဝတ်ဆင်ထားပြီး သီချင်းဆိုနိုင်၊ ကိုယ်အမူအရာဖြင့် စကားပြောနိုင်ပြီး ငိုနိုင်ပါတယ်။ ဒီစက်ရုပ်ကို တိုရှီဘာက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

လတ်တလောမှာ ဂျပန်စကားပြောနိုင်ပြီး နောင်မှာ တရုတ်စကားနဲ့ တခြားဘာသာစကားတွေ ပြောနိုင်အောင်လို့ အဆင့်မြှင့်ကာ တီထွင်ဖန်တီးသွားမှာ ဖြစ်ပါတယ်။

ထိုဂျပန်မ စက်ရုပ်ကို Tokyo မြို့ရဲ့ Mitsukoshi department store ၀င်ပေါက်မှာ ထားထားပြီး ထိုစက်ရုပ်လေးက ဧည့်သည်တွေကို ပြုံးပြ နှုတ်ဆက်တတ်ပါတယ်။

ဂျပန်မ စက်ရုပ်ဟာ ဧည့်သည်တွေရဲ့ မေးခွန်းတွေနဲ့ တိုင်တန်းချက်တွေကိုတော့ ပြန်လည်တုန့်ပြန် ပြောနိုင်ခြင်း မရှိသေးပါဘူး။ စက်ရုပ်ကို လတ်တလောမှာ မော်တာ ၄၃ ခုနဲ့ အဆင့်မြှင့်တင်ထားပြီး ဖြစ်ပါတယ်။

ကြည်ပြာ

Credit: Trend Myanmar

No comments:

Post a Comment