Thursday, June 11, 2015
"အသက် (၈၅) နှစ်အရွယ် အဘိုးအို ရင်သွေးရရှိ"
"အသက် (၈၅) နှစ်အရွယ် အဘိုးအို ရင်သွေးရရှိ"
အသက်ကြီးပေမယ့် မပျက်စီးသေးကြောင်း ပြသသွားခဲ့သူက အသက် (၈၅) နှစ် အရွယ်ရှိပြီဖြစ်တဲ့ အဘိုးအို ဆီဗီနစ်ပဲ ဖြစ်ပါတယ်။ တူရကီနိုင်ငံမှာ နေထိုင်တဲ့ ဆီဗီနစ်ပာာ အသက် (၄၆) နှစ် အရွယ် ဒုတိယ အိမ်ထောင်နဲ့ ပေါင်းသင်းရာမှာ အမြွှာနှစ်ဦး ထပ်မံ မွေးဖွားခဲ့တာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ပါတယ်။ ဆီဗီနစ်ပာာ ပြီးခဲ့တဲ့ ရက်ပိုင်း အမြွှာသား နှစ်ဦးကို ပိုင်ဆိုင်ခွင့်ရတာဖြစ်ပြီး သူ့ဆီမှာ စုစုပေါင်း ကလေး (၁၅) ဦးအထိ ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပထမ အိမ်ထောင်ဟာ ပြီးခဲ့တဲ့ (၁၅) နှစ်မှာ သေဆုံးခဲ့ပါတယ်။ ပထမ အိမ်ထောင်နဲ့ ကလေး (၁၀) ဦး ရရှိခဲ့ပါတယ်။ ဒုတိယ အိမ်ထောင်နဲ့ လက်ထပ်တာ ကိုးနှစ်လောက်ရှိနေပြီး ကလေး သုံးဦးရှိပြီးသား ဖြစ်ပါတယ်၊။
ဒါပေမဲ့ ဆီဗီနစ်ဟာ အသက် (၈၅) နှစ် အရွယ်မှာ နောက်ထပ် ရင်သွေး ရယူနိုင်ခဲ့တာကြောင့် ပတ်ဝန်းကျင်က အံ့အားသင့်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆီဗီနစ်က မိမိအနေဖြင့် အသက်ကြီးမှ နောက်ထပ် ကလေး ရရှိခဲ့တာကြောင့် အနည်းငယ် ရှက်မိကြောင်း၊ သို့သော် မိမိ အနေဖြင့် မတတ်နိုင်ကြောင်း၊ ယခု ကလေး (၁၅) ဦး ပိုင်ဆိုင်ထားပြီး ဖြစ်သောကြာင့် နောက်ထပ် ယူတော့မည် မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထင်ရှား ကျော်ကြားသူတွေပာာလည်း အသက်ကြီးမှ ကလေးတွေ ရယူခဲ့ကြတယ်လို့ သိရပါတယ်။ ရော့စတီးဝပ်ပာာ အသက် (၆၆) နှစ်၊ ရူးပတ်မားဒေါ့က အသက် (၇၂) နှစ်၊ ပေလ်မက္ကာတနီက အသက် (၆၁)နှစ်မှာ ကလေးတွေ အသီးသီး ရရှိခဲ့တာကြောင့် အသက်ကြီးတဲ့ အမျိုးသားတွေအတွက် ရင်သွေးရဖို့ မျှော်လင့်ချက်တွေပာာ အမြဲတမ်း ရှိနေတယ်လို့ ဆိုရတော့မှာ ဖြစ်ပါတယ်။
Credit: messenger
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment