Friday, June 12, 2015
"တစ်နေ့ အချိုရည်တစ်လုံးသောက်ရုံနဲ့ ဒီလိုရောဂါတွေ သင်ခံစားရမှာ"
"တစ်နေ့ အချိုရည်တစ်လုံးသောက်ရုံနဲ့ ဒီလိုရောဂါတွေ သင်ခံစားရမှာ"
သိပ်မကြာသေးတဲ့ နှစ်များအတွင်း ဆိုဒါရည်နဲ့ တခြား သကြားဓာတ်ပါဝင်တဲ့ ဖျော်ရည်၊ ချိုရည်တွေ သောက်ခြင်းကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေအကြောင်း သတိပေးထားတဲ့ လေ့လာမှုတွေ ဆက်တိုက်ဆိုသလို ထွက်လာခဲ့ပါတယ်။ ဒါ့ကြောင့် နှလုံးရောဂါ၊ သွေးပေါင်တိုးခြင်းနဲ့ ကျောက်ကပ်ပြသနာတွေ ဖြစ်စေတာလို့ ကျွန်ုပ်တို့ မှတ်သားရပါတယ်။
Tufts တက္ကသိုလ်မှ ပြုလုပ်တဲ့ နောက်ဆုံးလေ့လာမှုက သကြားဓာတ်များတဲ့ အချိုရည်သောက်ခြင်းနဲ့ အသည်း ကျန်းမာရေးနှစ်ခုကြား ဆက်နွယ်မှုကို သိရဖို့ လူ ၂,၆၃၄ ရဲ့နေ့စဉ်ပုံမှန် အစားအသောက်ကို လေ့လာစစ်ဆေးခဲ့ပါတယ်။ ရလဒ်ကတော့ ထိတ်လန့်စရာ အတော်ကောင်းခဲ့ပါတယ်။
သကြားဓာတ်များတဲ့ အချိုရည် တစ်နေ့တစ်လုံးနဲ့ တစ်လုံးထက် ပိုသောက်သောသူတွေမှာ မသောက်သောသူတွေထက် အသည်းရောဂါ အန္တရာယ်ပိုများကြောင်း သုတေသီတွေက တွေ့ရှိခဲ့တယ်။
ဆိုဒါမှာ တွေ့ရတဲ့ fructose corn syrup ခေါ် သစ်သီးသကြားရည် မြင့်မားစွာ ပါဝင်ခြင်းကြောင့် အသည်းအဆီဖုံးဖို့ ဖြစ်နိုင်ခြေ များတယ်လို့ ဆိုပါတယ်။
Ref: yourtango
Credit: Trend Myanmar
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment