Thursday, June 11, 2015
"မဆိုးပါဘူး ..."
"မဆိုးပါဘူး ..."
ရှေးရှေးတုန်းက ရက်တစ်ရက်မှာ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ဟာ
လက်ထပ် လိုက်ကြပါတယ်။
မင်္ဂလာဦးညမှာ အမျိုးသားက ခုတင်အောက်မှာ သေတ္တာတစ်လုံးရှိတယ်လို့ သူ့ဇနီးသည်ကို
ပြောပြပြီး ဘယ်တော့မှ ဖွင့်မကြည့်ဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဒီလိုနဲ့ အတူနေလာကြတာ နှစ်ပေါင်း ၄၀ လောက် ကြာခဲ့ပြီး ဇနီးသည်ကလည်း သေတ္တာကို
ဖွင့်မကြည့်ဖြစ်ပါဘူး။
ဒါပေမဲ့ သူတို့ရဲ့ နှစ် ၄၀ မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာတော့ အမျိုးသမီးဟာ သေတ္တာကို ဖွင့်ကြည့်လိုက်ပါတယ်။
သေတ္တာထဲမှာ အကြွေလေးတွေ ဒေါ်လာသုံးရာလောက်နဲ့ ဘီယာပုလင်း အလွတ်သုံးပုလင်းကို တွေ့လိုက်ရပါတယ်။
အဲဒီနေ့ ညစာထမင်းဝိုင်းမှာ အမျိုးသမီးဟာ ခင်ပွန်းသည်ကို မေးခွန်းထုတ်ပါတော့တယ်။
"ခုတင်အောက်က သေတ္တာထဲက ဘီယာပုလင်းတွေက ဘာလုပ်တာလဲ"
အမျိုးသား - "အိုး... မင်းဖွင့်ကြည့်လိုက်တာလား။ အိုကေ... ဒါဆို မင်းကို ငါပြောပြပါမယ်။
ငါလေ... မင်းအပေါ် သစ္စာမဲ့တဲ့ အကြိမ်တိုင်း ဘီယာတစ်ပုလင်းကို တစ်ကျိုက်တည်း
မော့သောက်ပြီး ပုလင်းလွတ်ကို အဲဒီထဲမှာ ထည့်သိမ်းထားတာ"
အမျိုးသမီး - "အင်း... နှစ် ၄၀ မှာဆိုတော့ သိပ်မဆိုးပါဘူး"
အဲဒီညမှာပဲ အမျိုးသမီးဟာ အိပ်မက်ဆိုးတွေမက်ပြီး လန့်နိုးလာရာက သေတ္တာထဲက ပိုက်ဆံတွေကို သတိရသွားတာကြောင့် ယောက်ျားဖြစ်သူကို နှိုးပြီးမေးလိုက်ပါတယ်။
အမျိုးသား (အိပ်ချင်မူးတူးနဲ့) - "အဲဒါက ပုလင်းတွေ သေတ္တာထဲမှာ ပြည့်လာတိုင်း ရောင်းတာက
ရတာတွေလေကွာ"
Credit: myanmar.mmtimes.com
Labels:
ဟာသ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment