Thursday, June 11, 2015
"အမျိုးသမီးတွေ အကြား ရေပန်းစားလာတဲ့ ချိုင်းမွေးထားခြင်း ဖက်ရှင်"
"အမျိုးသမီးတွေ အကြား ရေပန်းစားလာတဲ့ ချိုင်းမွေးထားခြင်း ဖက်ရှင်"
အမျိုးသမီးတွေ အများစုဟာ ချိုင်းမွေးတွေကို ရှက်စရာအဖြစ် သဘောထားပြီး ရိတ်ပစ်လေ့ ရှိပါတယ်။
အချို့ အမျိုးသမီးတွေကတော့ ချိုင်းမွေးတွေကို မနုတ်ဘဲ ဖက်ရှင်အဖြစ် ထားလေ့ရှိပါတယ်။ အမွေးတွေ များပြားခြင်းဟာ အမျိုးသမီး အများစုအတွက်ကတော့ စိတ်အနှောင့်အယှက် ဖြစ်စရာ အဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ မိုင်လေးဆိုင်းရပ်စ်လို ထင်ရှားကျော်ကြားသူတွေဟာ ချိုင်းမွေးကို ဖက်ရှင်အဖြစ် သဘောထားပြီးနောက် အမျိုးသမီးထုအတွင်းမှာ ချိုင်းမွှေးထားခြင်း ဖက်ရှင်ဟာ ပိုမို ရေပန်းစားလာပါတယ်။
တရုတ်နိုင်ငံက အမျိုးသမီးထု အတွင်းမှာလည်း ချိုင်းမွေးထားခြင်း ဖက်ရှင် ရေပန်စားနေပြီး လူမှုကွန်ရက်တွေမှာ အပြိုင်အဆိုင် ဖော်ပြနေကြတယ်လို့ သိရပါတယ်။ တရုတ် လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ Weibo မှာ အမျိုးသမီးတွေဟာ ချိုင်းမွေးတွေနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အပြိုင်အဆိုင် ဖော်ပြနေခြင်း ဖြစ်ပါတယ်။ ချိုင်းမွေးတွေ မနုတ်လည်း ချောမောလှပနေဆဲဆိုတာ သိနိုင်ဖို့ အခုလိုမျိုး ပြုလုပ်တာ ဖြစ်ပါတယ်။ တရုတ်အမျိုးသမီးတစ်ဦးဟာ ချိုင်းမွေးထားသူတွေ လှပမူရှိကြောင်း သိရှိလိုတာကြောင့် ချိုင်းမွေး အလှပြိုင်ပွဲကို ကျင်းပပြုလုပ်ရာ အမျိုးသမီး ရာပေါင်းများစွာဟာ ချိုင်းမွေးတွေကို ပြသပြီး ၀င်ရောက် ယှဉ်ပြိုင်မှု ပြုလုပ် ခဲ့ပါတယ်။
အသက် (၂၆) နှစ် အရွယ်ရှိ အမျိုးသမီး တစ်ဦးက ချိုင်းမွေးထားတဲ့ အမျိုးသမီးတွေကို လူတွေက တစ်မျိုး ထင်တတ်ကြောင်း၊ မိမိ အမြင်ကမူ ချိုင်းမွေး ထားတဲ့ အမျိုးသမီးဟာ ဆွဲဆောင်မှုရှိအောင် ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ချိုင်းမွေး အလှပြိုင်ပွဲ စီစဉ်ကျင်းပသူက မိမိတို့အနေဖြင့် အမျိုးသမီးငယ်များကို ချိုင်းမွေးမရိတ်ဖို့ အတင်းအကျပ် တိုက်တွန်းခြင်းမျိုး မရှိကြောင်း၊ သို့သော် ယခုလို ပြိုင်ပွဲ ကျင်းပခြင်းအတွက် ဝေဖန်ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။ ချိုင်းမွေးအလှပြိုင်ပွဲကို မေ (၂၆) ကနေ ဇွန် (၂၆) ရက် အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်မှာလည်း အမေရိကန် ပြည်ထောင်စုမှာ ဒီလိုပြိုင်ပွဲမျိုးကို လူမူကွန်ရက်မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
Credit: messenger
Labels:
ဖက်ရှင်
Subscribe to:
Post Comments (Atom)

No comments:
Post a Comment