Sunday, June 14, 2015

"အချစ်စစ် = စောင့်စည်းထိန်းသိမ်းခြင်း'"


"အချစ်စစ် = စောင့်စည်းထိန်းသိမ်းခြင်း'"

လူသားတွေတော်တော်များများ တစ်ယောက်ကိုတစ်ယောက် ချစ်တယ်ဆိုပြီး ပြောနေကြတယ်။ ဒါပေမယ့် အချစ်ကို အဓိပ္ပါယ်ဖွင့်ဆိုတာကြတော့ မတူညီကြဘူး။ ခံယူချက်တွေက ဆင်သလိုလို ရှိပါတယ်။ ဒါပေမယ့် အားလုံးသော အသေးစိတ် တွေးတောနေတာတွေကို ချုံကြည့်မယ်ဆိုရင် အဖြေက တစ်ခုထဲဖြစ်နေတယ်။
အဲတာက
အချစ်စစ် = စောင့်စည်းထိန်းသိမ်းခြင်း .... ပါပဲ

ဘာလို့ စောင့်စည်းထိန်းသိမ်းခြင်းလို့ မှတ်ချက်ပြုရလည်းဆိုတော့ မိမိချစ်သူအပေါ်မှာ ထားတဲ့ စိတ်ခံစားမှုတိုင်းမှာ စောင့်စည်းထိန်းသိမ်းခြင်း ဆိုတာလေး ပါနေတတ်လို့ပါ။

ဥပမာတစ်ခု................
ကောင်လေးနဲ့ကောင်မလေးတို့ အချစ်စစ်နဲ့ချစ်မိပြီဆိုပါဆို့
ကောင်လေးက အရက်သောက်မယ်ဆိုရင် သူ့ကောင်မလေးတော့ဖြင့် ဘယ်လိုခံစားရမယ်
ဆိုတာကို အရင်တွေးတတ်ကြပါတယ် ဒါကြောင့် ကောင်လေးဟာ အဲဒီအရာပေါ် မသောက်ဖြစ်အောင် စောင့်စည်းထိန်းသိမ်းသွားမှာပါပဲ။
အဲလိုပဲ ကောင်မလေးက ခရီးတစ်ခုကို သွားမယ်ဆိုပါတော့
ကောင်မလေးသွားမယ်ဆိုတဲ့ ခရီးက ကောင်လေးအတွက် စိတ်မချစရာဖြစ်နေလို့ ကောင်လေးကတားမှာပဲ အဲလိုအခြေနေမျိုးမှာ ကောင်မလေးက မိမိချစ်သူ ကောင်လေး စိတ်ပူစေမဲ့လမ်းကို သွားဖို့ကို မသွားဘူးဆိုတဲ့စိတ်ကလေးနဲ့ စောင့်စည်းထိန်းသိမ်းသွားမှာပါပဲ။

အပေါ်က အကြောင်းအရာလေးတစ်ခုတည်းမှ မဟုတ်ဘူးနော် အခြားသော အခြေနေလေးတွေကိုလည်း သူငယ်ချင်းတို့ သေသေချာချာ တွေးကြည့် တကယ့်အချစ်စစ်နဲ့ ချစ်ရင် မိမိချစ်သူအပေါ်မှာ တစ်ခုခုဆိုတဲ့ ဆိုးကျိုးကိုကြည့်ပြီး စောင့်စည်းထိန်းသိမ်းသွားတတ်ကြတာ အချစ်စစ်နဲ့ ချစ်တတ်ကြတဲ ချစ်သူများမှာ ဖြစ်ပေါ်တတ်တဲ့စိတ်လေးပါ
ဒါကြောင့်
အချစ်စစ် = စောင့်စည်းထိန်းသိမ်းခြင်းလို့ ခံယူလိုက်တယ်


Credit: maephyu

No comments:

Post a Comment