"ရည်းစားစကား"
အပွင့်မပါပဲ ပန်းမဖြစ်သလို
အချစ်မပါပဲ မအေးချမ်းဘူး
နင့်ဘဝ စမ်းလိုအေးမြဖို့
အာမခံကုမ္ပဏီလေး ဖွင့်ထားတယ်
ဒါပေမဲ့ တယောက်ပဲလက်ခံမယ်
အဲဒါနင်ပဲ ……။
လေးနက်တဲ့စကားတခွန်းမို့
ကဗျာမဆန်ရင်တော့
ခွင့်လွှတ်ဟာ
ဆန်းဆန်းပြားပြား
စကားဆန်းတွေလဲ မသုံးတတ်တော့
ရိုးရိုးသားသား စကားလေးနဲ့ပဲ
နင့်စိတ်ထဲ နူးညံ့စွာ
ခံစားမိစေချင်တယ် ……။
ဒါကြောင့်
စပါးပင်လေးတွေလို
နင့်ရှေ့မှာ ကိုင်းညွတ်ပြီးပြောပါရစေ
"နင့်ကိုငါ အရမ်းချစ်တယ်" ……။
Credit: Lwan Lay
No comments:
Post a Comment