Wednesday, June 10, 2015

"အတိတ်က ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အမျိုးသားတွေ ဘယ်တော့မှ ဖွင့်ဟလေ့မရှိတဲ့ အရာများ"


"အတိတ်က ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး အမျိုးသားတွေ ဘယ်တော့မှ ဖွင့်ဟလေ့မရှိတဲ့ အရာများ"

ကိုယ့်ချစ်သူကောင်လေးက သူ့စိတ်ထဲရှိတာတွေကို မကွယ်မ၀ှက် ဘယ်လောက်ဖွင့်ဟတတ်ပါစေ။ တစ်ချို့ကိစ္စရပ်တွေကိုတော့ သူတို့ ရေငုံနှုတ်ပိတ် နေနေတတ်ပါတယ်။ ကိုယ်မေးရင်တောင် သူတို့ စကားလွှဲလိုက်တာမျိုး၊ ဒါမှမဟုတ် ညာပြောတာမျိုးတွေ လုပ်ပစ်တတ်ကြပါတယ်။ ဒီတော့ အမျိုးသားတွေအများစု သူတို့အတိတ်က ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဘယ်တော့မှ ဖွင့်ဟမှာ မဟုတ်တဲ့ အရာတွေက

၁။သူ ကောင်မလေး ဘယ်နှစ်ယောက်နဲ့ အိပ်ခဲ့ဖူးတယ်ဆိုတာ

ချစ်သူကောင်လေးကို ဒီလိုမေးခွန်းမျိုး သွားမေးလိုက်ရင် မျက်နှာပျက်ပြီး ဘာဖြေရမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ တစ်ယောက် သို့မဟုတ် နှစ်ယောက်နဲ့ အိပ်ဖူးတဲ့သူဆိုရင် ဘယ်သူနဲ့မှ မအိပ်ခဲ့ဖူးဘူးလို့ ဖြေမှာ ဖြစ်သလို လေး ငါးယောက်နဲ့ အိပ်ဖူးတယ်ဆိုရင်တော့ တစ်ယောက်လောက်သာ ဖြေပါလိမ့်မယ်။ လုံးဝမဖြေပဲ ဘာလို့အဲ့ဒါတွေ မေးနေမှာလဲလို့ ကိုယ့်ပြန်ပြောမယ့်သူတွေလည်း ရှိမှာပါ။

၂။တစ်ညလောက်တွဲပြီး နောက်နေ့ ကောင်မလေးတစ်ယောက်ကို ဘယ်လိုချန်ထားခဲ့တာ

ဒီလိုအဖြစ်မျိုးက ထုတ်ပြောရမှာ ရှက်စရာပါ။ ဒါဟာ အပျော်ရှာချင်ရုံသက်သက် ဖြစ်နေတယ် မဟုတ်လား။ ကလပ်မှာပဲဖြစ်ဖြစ် ဘားတို့ဘာတို့မှာ တွေ့ဆုံခဲ့တဲ့ ကောင်မလေးကို တစ်ညလောက်တွဲပြီး နောက်နေ့ကျတော့ ဟိုဘက်က ဖုန်းဆက်တာတောင် မကိုင်တော့တဲ့ ကိစ္စရပ်မျိုး သင့်ကို သူဘယ်တော့မှ ဖွင့်ပြောမှာ မဟုတ်ပါဘူး။

၃။ကောင်မလေးတစ်ယောက်ကြောင့် အသည်းတွေ ပက်ပက်စက်စက်ကွဲခဲ့ဖူးသလား ဆိုတာ

အတိတ်တုန်းက သူသိပ်ချစ်ရတဲ့ ကောင်မလေးနဲ့ လမ်းခွဲတာလောက်တော့ သင်သိထားဖူးမှာပါ။ ဒါပေမယ့် ဘယ်လိုလမ်းခွဲခဲ့တာလဲ။ ကောင်မလေးက ထားခဲ့တာမျိုးလား။ ထားခဲ့လို့ အသဲတွေကွဲပြီး နေ့ရောညနေရာ ဘာမှမလုပ်နိုင် မကိုင်နိုင် မစားမသောက်နိုင်တွေဖြစ်ပြီး ငိုချည်းနေရသလား ဆိုတာမျိုး သူဘယ်ပြောမှာလဲ။

၎။ကလေးဘ၀တုန်းက အထူးအဆန်းကိစ္စတွေ လျှောက်လုပ်တတ်တာ

ငယ်ငယ်တုန်းက ကိုယ်က ဘယ်လိုဆိုတာမျိုး သူပြောဖူးပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒါဟာ ချစ်စရာကောင်းတာ၊ သူ ဥာဏ်ရည် ဘယ်လောက်ပြေးတာမျိုးတွေ ဖြစ်ဖို့များပါတယ်။ ငယ်ဘ၀တုန်းက လူမသိသူမသိ တစ်ချို့အထူးအဆန်း လုပ်ရပ်တွေကိုတော့ သင့်ကို ဘယ်တော့မှ ဖွင့်ပြောမှာ မဟုတ်ပါဘူး။

၅။ကိုယ့်အပြင် သူ့စိတ်ထဲစွဲနေတဲ့သူ ရှိနေသေးသလားဆိုတာ

ဒီလိုကိစ္စမျိုးကတော့ စိတ်ပူစရာသိပ်မရှိပါဘူး။ လူတိုင်းမှာ စွဲလန်းရတဲ့အရာတွေ၊ လူတွေရှိနေပါတယ်။ သူကလည်း အဲ့ဒီတစ်ယောက်နဲ့ ပတ်သက်ပြီး သင့်ကိုမပြောတာဟာ သင့်ကို စိတ်မပူစေချင်လို့ပါ။ သူ့စိတ်ထဲအမြဲမဟုတ်တောင် တစ်ခါတစ်လေ သတိရသွားတာမျိုး၊ အိပ်မက်မက်မိတာမျိုးတွေ ရှိနေပါလိမ့်မယ်။

၆။ သူ တစ်ပတ်ကို ဘယ်နှစ်ကြိမ် စိတ်အာသာဖြေတတ်သလဲဆိုတာ

ကိုယ့်ချစ်သူကို ငါ တစ်ပတ်အတွင်း ဘယ်နှစ်ကြိမ် စိတ်အာသာဖြေတယ်ဟေ့ ဆိုပြီး ဘယ်အမျိုးသားကမှ ဖွင့်မပြောတတ်ပါဘူး။ ကြုံကြိုက်လို့ ကိုယ်မေးလိုက်ရင်တော့ ပြုံးစိစိလုပ်ပြပြီးတော့သာ ပြီးသွားမှာပါ။ ဒါကိုတော့ သူတို့ ပြောဖို့ တွန့်ဆုတ်တတ်ကြပါတယ်။

၇။ထားခဲ့ဖူးတဲ့ ရည်းစားတွေကို လိမ်ညာခဲ့သလားဆိုတာ

ဘယ်အမျိုးသားကမှ ကိုယ့်ဒုက္ခ ကိုယ် မရှာတတ်ကြပါဘူး။ ကိုယ့်ထောင်ချောက်ထဲ ကိုယ်ပြန်ဝင်မှာလည်း မဟုတ်ပါဘူး။ ဒီတော့ အရင်တစ်ယောက်တုန်းက ဘယ်လိုလိမ်ညာခဲ့တယ်လို့ ပြောဖူးရင် လက်ရှိရည်းစားက တောက်လျှောက်သံသယ ၀င်တာမျိုး ဘယ်သူက ခံချင်မှာလဲ။

ဟန်နီ

Credit: Trend Myanmar

No comments:

Post a Comment