Thursday, June 11, 2015
"အိပ်ရေးပျက်တဲ့အထိ အလုပ်ကြိုးစားရင် အသက်ကြီးတဲ့အခါ စိတ်ကျရောဂါဖြစ်နိုင်"
"အိပ်ရေးပျက်တဲ့အထိ အလုပ်ကြိုးစားရင် အသက်ကြီးတဲ့အခါ စိတ်ကျရောဂါဖြစ်နိုင်"
လုပ်ငန်းခွင်မှာ အောင်မြင်ဖို့ ကြိုးစားကြတဲ့ သက်လတ်ပိုင်းလူသားတွေဟာ အသက်အရွယ်ရလာတဲ့အခါ စိတ်ကျဝေဒနာတွေ ခံစားရဖို့ အခွင့်အလမ်း များပြားပါတယ်။ အထူးသဖြင့် အလုပ်ကိုအဆမတန် ကြိုးစားသူတွေဟာ သက်လတ်ပိုင်းအရွယ်မှာ အိပ်ချိန်နည်းပါးလေ့ရှိပြီး အဲဒီအကျိုးဆက်ကို အသက်ကြီးလာတဲ့အခါ ခံစားရမှာ ဖြစ်ပါတယ်။
အိပ်စက်ခြင်းဆိုင်ရာ လေ့လာသူ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ အလုပ်ကိုအလွန်အမင်းကြိုးစားရင် အိပ်ချိန်နည်းပါးဖို့ သေချာသလောက်ရှိပါတယ်။ အဲဒီအကျိုးဆက်ကို ချက်ခြင်းမခံစားရဘူးဆိုပေမယ့် အသက်ကြီးလာတဲ့အခါ ခံစားရဖို့များပါတယ်။ ငယ်ရွယ်စဉ်က ပုံမှန်အိပ်ချိန် ဘယ်လောက်ရှိလဲဆိုတာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ရဲ့လားဆိုတာတွေက အသက်အရွယ်ရလာတဲ့အခါ အကျိုးသက်ရောက်မှု ရှိလာမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဝါရှင်တန်မှာလုပ်ခဲ့တဲ့ အိပ်စက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲမှာ အိပ်စက်မှု နည်းပါးခြင်းက စိုးရိမ်ပူပန်မှုတွေဆီ ဦးတည်နေကြောင်း လေ့လာချက်တွေကိုလည်း ပြသခဲ့ပါတယ်။ သေချာတာကတော့ အိပ်ချိန် အလွန်နည်းပါးတဲ့အထိ အလုပ်ကြိုးစားမယ်ဆိုရင် သင့်ရဲ့ကျန်းမာရေးအတွက် အထောက်အကူပြုစေမှာ မဟုတ်ပါဘူး။
Ref - telegraph
Credit: Planet Myanmar
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment