Saturday, June 13, 2015
"အ၀လွန်သော သက်ကြီးပိုင်း အမျိုးသမီးများ ရင်သားကင်ဆာ အန္တရာယ် မြင့်မား"
"အ၀လွန်သော သက်ကြီးပိုင်း အမျိုးသမီးများ ရင်သားကင်ဆာ အန္တရာယ် မြင့်မား"
အ၀လွန်သော အမျိုးသမီးများသည် ကိုယ်အလေးချိန်သာမန်ရှိသည့် အမျိုးသမီးများထက် သွေးဆုံးပြီးချိန်တွင် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများကြောင်း လေ့လာမှုများအရ သိရှိရသည်။
ကိုယ်အလေးချိန်များလေ ကင်ဆာ ဖြစ်ပွားနိုင်သည့် အန္တရာယ် ပိုများလေ ဖြစ်ကြောင်း အ၀လွန်သည့် အမျိုးသမီးများသည် သွေးဆုံးပြီးနောက် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ (၈၆) ရာခိုင်နှုန်း ပိုများကြောင်း သိရသည်။
လေ့လာသူများက အမေရိကန်နိုင်ငံ တစ်ဝန်းရှိ အသက် (၅၀) မှ (၇၉) နှစ်ကြား သွေးဆုံးပြီး အမျိုးသမီး (၆၇၁၄၂) ယောက်ကို စစ်တမ်း ကောက်ယူခဲ့ပြီး ယင်းတို့ကို ပျမ်းမျှ (၁၃) နှစ်ကြာမျှ လေ့လာခဲ့ရာ ၂၀၁၀ ပြည့်နှစ် အရောက်တွင် အမျိုးသမီး (၃၃၈၈) ဦးတွင် ရင်သားကင်ဆာ ရောဂါ ဖြစ်ပွားနေကြောင်း တွေ့ရှိခဲ့ရသည်။ လေ့လာသူများက အမျိုးသမီးများကို ကိုယ်အလေးချိန်နှင့် အရပ်အမြင့်ကို လိုက်ပြီး ခန္ဓာကိုယ် ညွှန်းကိန်း BMI များအလိုက် အုပ်စုခွဲ လေ့လာခဲ့ခြင်း ဖြစ်သည်။ အုပ်စု တစ်စုလျှင် အမျိုးသမီး (၅) ရာခိုင်နှုန်းခန့်မှာ ရင်သားကင်ဆာ ဖြစ်ပွားမှု တွေ့ရှိခဲ့ရပြီး BMI 35 နှင့် အထက် အမျိုးသမီးများသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ (၅၆) ရာခိုင်နှုန်း ပိုများကြောင်း တွေ့ရသည်။
လေ့လာ သုတေသနကို အမေရိကန်နိုင်ငံ ဆီယက်တဲမြို့ရှိ ကင်ဆာကာကွယ်ရေး စင်တာမှ မာရီယန် နျူဟောဆာနှင့် အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး JAMA Oncology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြ ထားသည်။
ကိုယ်အလေးချိန် ပုံမှန်ရှိသည့် အမျိုးသမီးများသည် ကိုယ်အလေးချိန် တက်လာပါက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ (၃၅) ရာခိုင်နှုန်း တိုးလာကြောင်းလည်း သိရသည်။
Source: Reuters
Credit: messenger
Labels:
ကျန်းမာရေး,
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment