Monday, June 15, 2015

"ဆယ်ကျော်သက်ကလေးများ နဲ့ ဆွေးနွေးသင့်တဲ့ အချက် ( ၇ ) ချက်"


"ဆယ်ကျော်သက်ကလေးများ နဲ့ ဆွေးနွေးသင့်တဲ့ အချက် ( ၇ ) ချက်"

ကလေးများ ဆယ်ကျော်သက်အရွယ် ရောက်ရှိလို့လာပါပြီ။ လူပျိုပေါက် အပျိုပေါက်လေးတွေ ဖြစ်လာပြီ ဆိုပါတော့၊
ဟိုးအရင်နဲ့ မတူတော့ပဲ မိဘစကားကို သိပ်နားမထောင်တော့သလိုလို မိဘတိုင်း ခံစားလိုက်ရတယ်။ သူတို့လေးတွေနဲ့ ဘယ်လိုဆက်ဆံရမလဲ၊ ဘာတွေပြောရင်ကောင်းမလဲ
သူ့တို့လေးတွေ ဘ၀ရဲ့ ပြောင်းလဲမှတ်ကို ရောက်ရှိလို့နေပါတယ်။ အချို့စကားတွေကို မိဘက သူတို့နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ကိုယ်မပြောရင် ပြောပြမယ့်လူ ရှိမှာ မဟုတ်ပါဘူး။
သူတို့လေးတွေနဲ့ ဆွေးနွေးသင့်တဲ့ အချက်( ၇ ) ချက်ကတော့…

၁။ ဦးတည်ချက်

လူဆိုတာ သိပ္ပံပညာရှင်ကြီးတို့လို၊ ကမ္ဘာသူဋ္ဌေးကြီးတို့လို ဖြစ်ချင်တဲ့ ရည်ရွယ်ချက်ကြီးကြီးတွေ လိုအပ်ချင်မှ လိုအပ်မှာပါ။
ဒါပေမဲ့ ဘ၀ဦးတည်ချက်တော့ ပျောက်ဆုံးလို့ မရပါဘူး။ လူငယ်တွေတော်တော်များများ ဟာ ကိုယ်ကြီးလာရင် ဘာဖြစ်ချင်တယ်ဆိုတာ ပြောမပြတတ်ပါဘူး။ မိဘဖြစ်သူများက လမ်းကြောင်းပေးပြီး ဆွေးနွေးလို့ရပါတယ်။
ကိန်းဂဏန်းကိုနှစ်သက်တာလား၊ ဆက်ဆံရေးမှာ အားသန်တာလား၊ အနုပညာဘက်မှာ ပါရမီပါတာလား ဆိုတာ အရင်ကြည့်ပြီးတော့ အားသန်တဲ့ဘက်ကို ၀ါသနာပျိုးထောင် လမ်းကြောင်းပေးလို့ ရပါတယ်။ ၀ါသနာကိုသိရရင် ဦးတည်ချက်ကို တဖြည်းဖြည်း ပျိုးထောင်ပေးသွားလို့ ရပါတယ်။

၂။ ပညာသင်ကြားခြင်း

ကျောင်းမှာ ပညာသင်ကြားဖို့အဓိကပါ။
ပညာသင်ကြားခြင်းသက်သက်တော့ မဖြစ်သင့်ပါဘူး၊
ကျန်းမာရေးအတွက် အားကစား လေ့ကျင့်ရပါမယ်။
အတန်းဖော်တွေနဲ့ လုပ်ရှားမှုပေါင်းစုံမှာ တက်ကြွစွာ ပါဝင်ရပါမယ်။ လူဆိုတာ အသက်၂၀ မှာ ပညာအရည်အချင်း၊ ၃၀ မှာ လုပ်ရည်ကိုင်ရည်၊ ၄၀ မှာ အတွေ့အကြုံ၊ ၅၀ မှာ ဥစ္စာဓန၊ ၆၀ မှာ လူမှုရေးဝင်ဆန့်မှုနဲ့ ၇၀ နဲ့ ၈၀ မှာ ကျန်းမာရေးဟာ အဓိကကျပါတယ်။ ဒါတွေအားလုံးဟာ ငယ်ရွယ်စဉ်ကစပြီး ကြိုးစားသွားသင့်ပါတယ်။

၃။ အနာဂါတ်

လူတစ်ဦးရဲ့အနာဂါတ်ဟာ ပညာဗဟုသုတ၊ အရည်အချင်းနဲ့ စိတ်နေစိတ်ထားတို့ကို အဓိက မူတည်ပါတယ်။ ပညာအရည်အချင်းကို အခုချိန်ကနေ စပြီး ကောင်းကောင်းကြိုးစားရပါမယ်။ လုပ်ရည်ကိုင်ရည်နဲ့ဆိုင်တဲ့ အရည်အချင်းကိုတော့ အတွေ့အကြုံနဲ့ အလုပ်ကြိုးစားလေ့လာမှုတို့က သင်ပေးသွားပါလိမ့်မယ်။ မှန်ကန်တဲ့ စိတ်နေစိတ်ထားကို အခုချိန်မှစပြီး ပျိုးထောင်ပေးသွားရပါတယ်။ အပြုသဘောဆောင်တဲ့စိတ်၊ အကောင်းမြင်တတ်တဲ့စိတ်ဟာ ဘ၀တစ်ခုလုံးမှာ အခရာအကျဆုံး ဖြစ်ပါတယ်။
အဆိုးမြင်တတ်တဲ့အကျင့် စွဲသွားရင် ဘ၀ခရီးမှာ ဘယ်လောက်ကောင်းတဲ့ အခွင့်ရေးပဲ လက်ကိုင်ထားပါစေ၊ သူက အဆိုးကြီးကြီးကို ရှာဖွေအပြစ်တင်ပြီး အခွင့်ကောင်းတွေကို လက်လွတ် ဆုံးရူံးသွားပါလိမ့်မယ်။ အကောင်းမြင်တတ်သူကျတော့ ဘယ်လိုအခြေအနေမျိုးပဲ ရောက်ရောက် အခွင့်အရေးရဲ့ အစအနကို ဖမ်းမိမှာပါပဲ။

၎။ မိမိကိုယ်မိမိ

ကျောင်းမှာ ဆရာတွေက ကိုယ့်အပေါ် အထူးကောင်းဖို့ တာဝန်မရှိသလို၊ အတန်းဖေါ်သူငယ်ချင်းတွေက ကိုယ့်အပ်ါကောင်းဖို့ ၀တ္တရား မရှိပါဘူး။ ဆရာကို ကိုယ်က အရင် ရိုသေလေးစားရမှာဖြစ်သလို၊ သူငယ်ချင်းတွေကို ကိုယ်က စိတ်ဝင်တစား အရင် ကောင်းဖို့လိုပါတယ်။ လောကမှာ မိဘကလွှဲလို့ ဘယ်သူမှ ကိုယ့်အပေါ် ကောင်းဖို့တာဝန်မရှိပါဘူး။ လူဆိုတာ ကိုယ့်ကိုကိုယ် ဗဟိုပြုတဲ့စိတ်ဓါတ် မမွေးမြူသင့်ပါဘူး၊ ကိုယ်မရှိရင်လည်း ကမ္ဘာကြီးက လည်ပတ်နေမှာပါပဲ။ ပြီးရင် ကိုယ့်ကိုကိုယ်တော့ တန်ဖိုးထားသင့်ပါတယ်။ ကိုယ့်ကိုကိုယ် တန်ဖိုးထားတယ်ဆိုတာ ဗဟိုပြုတာနဲ့မတူပါဘူး။ ဗဟိုပြုတယ်ဆိုတာ ကိုယ့်ကို အရေးပေးမှကြိုက်တာမျိုး၊ ကိုယ့်ကိုအလိုလိုက်မှ ကျေနပ်တာမျိုးကို ဆိုလိုတာပါ။

၅။ သူငယ်ချင်း

သူငယ်ချင်းအပေါင်းအသင်းဆိုတာ ပေါင်းသင်းတတ်ဖို့ အလွန်လိုအပ်ပါတယ်။
ပေါင်းသင်းတတ်ရင် တစ်သက်လုံး အကျိုးရှိသွားတတ်သလို မပေါင်းသင်းတတ်ရင် ပျက်စီးသွားတဲ့အထိ ဖြစ်တတ်ပါတယ်။ ဖြစ်နိုင်ရင် ကိုယ့်ထက်တော်တယ်လို့ ထင်ရတဲ့လူကို ရွေးပေါင်းသင့်ပါတယ်။ မှတ်ထားရမှာက သူငယ်ချင်းဒုက္ခရောက်ရင် လုံးဝ ၀င်ရောက်ကူညီရပါမယ်။ လူ့ရဲ့သဘောသဘာဝအရ အတူရယ်မောခဲ့တဲ့ သူငယ်ချင်းတွေကို မေ့ပျောက်လွယ်သလောက်၊ အတူငိုယိုခဲ့တဲ့ သူငယ်ချင်းတွေကိုတော့ တစ်သက်လုံး မှတ်မိနေတတ်ပါတယ်။

ရ။ ကံကြမ္မာ

အစွမ်းကုန်ကြိုးစားရမှာက ကိုယ့်တာဝန်၊ အောင်မြင်တာ ဆုံးရှုံးတာဆိုတာက ကံကြမ္မာလို့ သဘောထားလို့ရပါတယ်။ လူတစ်ယောက်ဟာ အမြဲတမ်းမအောင်မြင်တတ်သလို၊ အမြဲတမ်းလည်းဆုံးရှုံးမနေတတ်ပါဘူး။
အရေးကြီးတာက အောင်မြင်တဲ့အခါမှာ အသိစိတ်နဲ့ ၀င်ကြွားလိုစိတ်ကို ထိန်းကွပ်ရမှာဖြစ်ပြီး ကိုယ်ထက်သာတဲ့လူ၊ တော်တဲ့လူ လောကကြီးမှာ အများကြီးရှိနေသေးတယ် ဆိုတာ သတိရနေဖို့ လိုအပ်ပါတယ်။ ဆုံးရှုံးတဲ့အခါမှာလည်း သန်ခေါင်ထက်ညဥ့်မနက်ပါဘူး၊ အရင်တုံးက ကျော်ဖြတ်ခဲ့သလိုပဲ အခုဆက်ပြီးကျော်ဖြတ်နေရုံပါပဲ။ သန်ခေါင်ပြီးရင် မိုးလင်းလာစမြဲပါပဲလို့ အောက်မေ့နေဖို့ လိုပါတယ်။

ကောက်နှုတ်ဘာသာပြန်ထားတဲ့ စာစုဖြစ်ပါတယ်။ ဖတ်ရှု့မိသူများအားလုံး လက်တွေ့အသုံးဝင်နိုင်ပါစေ။

Credit: Sayar Aung Ko Latt

myanmarlatestnews.com

No comments:

Post a Comment