Monday, June 15, 2015
"ဘုရားဆွမ်းတော်ကပ်ရာတွင် နေ့လည် (၁၂) နာရီ ကျော်တဲ့အထိ၊ မစွန့်ပဲထားပါက အပြစ်ရှိမရှိ"
"ဘုရားဆွမ်းတော်ကပ်ရာတွင် နေ့လည် (၁၂) နာရီ ကျော်တဲ့အထိ၊ မစွန့်ပဲထားပါက အပြစ်ရှိမရှိ"
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ၀ိကာလအခါမှာ အစာစားခြင်းမှ ရှောင်ကြဉ်တာကို လိုလားတော်မူပါတယ်။ ဒါကြောင့် ၁၂-နာရီကျော် တဲ့အခါ အစာမစားခြင်းဟာ ဘုရားရှင်ရဲ့ အလိုတော်ကျဖြစ်ပါတယ်။
ဆွမ်းတော်ပွဲကို ဘုရားအဆောင်မှာ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ၁၂-နာရီ ကျော်တဲ့အထိ ထားမယ်ဆိုရင် ဘုရားရှင်အလိုတော်ကျ မဟုတ်တော့ပါဘူး။
ဘုရားရှင်ရဲ့အလိုတော်ကျဖြစ်အောင် နေ့ ၁၂-နာရီ မကျော်ခင် ဆွမ်းတော်စွန့်တာက ပိုမို ကောင်းမွန်ပါလိမ့်မယ်။
ဒါ့ပြင် ဆွမ်းတော်ကို နေ့၁၂-နာရီ ကျော်လွန်လို့ ညနေအချိန်အထိ ထားမယ်ဆိုရင် ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေနဲ့ ဘုရားအဆောင်ဟာ ရှုပ်ပွနေတော့မှာပါ။
ဒါဆိုရင်တော့ ဘုရားရှင်ကို အဂါရ၀ မရိုသေရာလဲ ရောက်နေပါတယ်။ အကောင်းဆုံးကတော့ ၁၂ -နာရီ မထိုးမီအချိန်လေးအထိသာ ထားပြီး ဆွမ်းတော်စွန့်က အကောင်းဆုံးဖြစ်ပါတယ်။
ဒါပေမဲ့ အခက်အခဲအရ မနက်အစောကြီး အလုပ်သွားရမယ်ဆိုရင်တော့ နေ့ ၁၂-နာရီအထိ ဆွမ်းကပ်ဖို့က မဖြစ်နိုင်တဲ့အတွက် အကောင်းဆုံးအနေနဲ့ အကြံပေးရမယ်ဆိုရင် နံနက်စောစော အိပ်ရာကထတဲ့အကျင့်လုပ်ပြီး၊ စောစောဆွမ်းထချက်လို့ရပါတယ်။
ပြီးရင် နံနက်အရုဏ်ဆွမ်းအဖြစ် နံနက် ၆-နာရီ လောက်မှာ ဆွမ်းတော်ကပ်ပြီး၊ နံနက် ၆း၃၀-နာရီ သို့မဟုတ် ၇-နာရီလောက် ဆွမ်းတော်စွန့်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်ဆိုတာ ဖြေကြားပေးလိုက်ပါတယ်။
ဦးကောဝိဒ(မြိတ်)
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)

No comments:
Post a Comment