Wednesday, December 31, 2014

ဆေးမန်ကျည်း (သို့မဟုတ်) သွေးမန်ကျည်းအစွမ်း









ယနေ့ခေတ် အဖြစ်များနေသော ကင်ဆာ ဝေဒနာအတွက် အထူးသဖြင့် သွေးကင်ဆာအတွက်ပါ။
ဆေးမန်ကျည်းကို စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ၊
ကံသာရွာ ဘုန်းတော်ကြီးကျောင်းမှာ တွေ့ခဲ့တာပါ။
ယခုလက်ရှိဆရာတော်က ပျံလွန်တော်မူသွားသော
ယခင်ဆရာတော်ကြီး စိုက်ခဲ့သော အပင်ဟုပြောပြပါသည်၊

ဆရာတော်ကြီးဟာ တိုင်းရင်းဆေးကျွမ်းကျင်သော ဆရာတော်ကြီးဖြစ်ကြောင်း ပြောပြပါသည်။
ယခုဆရာတော်က သူ့မယ်တော်ကြီး သွေးကင်ဆာဖြစ်လို့ မန္တလေး အထူးကုသမားတော်များနှင့် ပြသပေးသော်လည်း
ဆရာဝန်ကြီးများက မရနိုင်တော့ဟု ပြောသဖြင့် ရွာသို့ ပြန်ခေါ်လာခဲ့ပြီး ဆေးမန်ကျည်းကို တိုက်ကျွေးရာ သွေး မကြာခဏ သွင်းနေရသော မယ်တော်ကြီး သွေးသွင်းရသောအကြိမ် တဖြေးဖြေး လျှော့လာကာ ယခု လုံးဝ မသွင်းရတော့ဘဲ ကျန်းမာစွာ ရှိနေကြောင်း ပြောပြပါသည်။ ကျန်းမာစွာရှိနေသော မယ်တော်ကြီးကိုလည်း တွေ့ခဲ့ရပါသည်။
သို့ပါ၍ သွေးကင်ဆာဝေဒနာရှင်များ ငွေလဲမကုန် လူလဲ
မပင်ပန်း ဘေးထွက်ဆိုးကျိုးလဲ မရှိသော ဆေးမန်ကျည်းကို
(ခေတ်မီဆေးဝါးများဖြင့် မရနိုင်အတူတူ) အသုံးပြု၍ အသက် ကယ်တင်နိုင်ရန် တင်ပြပေးပါသည်။

သုံးစွဲရန်အညွှန်း=
(၁) ဆေးမန်ကျည်းသီးအစိမ်းရင့်ရင့်ကို အခွံခွါပါ
(၂) အသားများကို ကျေအောင်ထုထောင်းချေပါ
(၃) ရေနွေးပူပူ လောင်းထည့်ပါ
ခဏကြာလျှင် သွေးရောင်ကဲ့သို့ နီရဲလာပါမည်၊
အေးသွားလျှင် သောက်နိုင်ပါပြီ။
တစ်နေ့လျှင် နံနက် နေ့လည် ည လဘက်ရည်ပုဂံ (၃) လုံး သောက်ပါ။ ဆေးမန်ကျည်းပင်ဟာ ရှားပါးသည်ဆိုသော်လည်း ရှာ၍မရသော အပင်မဟုတ်ပါ၊ စာရေးသူတို့ တောင်ငူမြို့
မှာတော့ တစ်ပင်တွေ့ဘူးပါသည်၊ ယခုလဲ ရှိနေပါသေးသည်။ ဆေးမန်ကျည်းပင်ကို ရှာဖွေနိုင်ရန် အပင်၊ အသီး၊ အခွံခွါပီး သွေးရောင်ဖြာနေသော အတွင်းသား ပုံများကိုပါ တင်ပြပေးပါသည်။

သွေးကင်ဆာဝေဒနာရှင်များ သက်သာပျောက်ကင်း
နိုင်ပါစေ *******

lu bo



Posted via Blogaway


No comments:

Post a Comment