Friday, July 31, 2015

"ယောက်ျားလေးချစ်သူဆိုတာ"


"ယောက်ျားလေးချစ်သူဆိုတာ"

(၁) မိုးသက်လေပြင်းကျချိန် ချစိသူစိုမှာစိုးလို့  အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ

(၂) သူ့လက်ကိုတွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့မှုတွေ အဝေးကို ပြေးစေသူ

(၃) ချမ်းအေးတဲ့ ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ

(၄) ကိုယ်စိတ်ပျက်အားငယ်လို့ မျက်ရည်ကျချိန် မှီစရာ ပုခုံးတစ်စုံ ငှားပေးသူ

(၅) ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အကောင်းဆုံး အလှဆုံးဟာ ကိုယ်ပါလို့ပြောသူ

(၆) ဂျက်ကီချန်းကားတွေကြိုက်ပေမယ့် လွမ်းဆွေးစရာ ကိုးရီးယားကားတွေကို မပျင်းမရိဘဲ
ကိုယ်နဲ့အတူ လိုက်ကြည့်တက်သူ

(၇) ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့အတူ စိတ်ရှည်လက်ရှည် လိုက်ရေတက်သူ

(၈) ကိုယ့်မွေးနေ့ကို မှတ်မိပြီး လက်ဆောင်ပစ္စည်းဝယ်ဖို့ မမေ့တက်သူ

(၉)သူ့ရင်ဘတ်ကို ထုပြီး ကိုယ်ဒေါသထွက်ချိန် အနမ်းတစ်ပွင့်နဲ့ နှစ်သိမ့်တတ်သူ

(၁၀) မျိုကကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ


Credit: ဖြိုးဇာနည်

Thursday, July 30, 2015

"နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး"


"နွားနို့ကို နနွင်းနဲ့ သောက်ခြင်းရဲ့ကောင်းကျိုး"

နွားနို့သောက်တဲ့အခါ ကျန်းမာရေးနဲ့မညီညွတ်တဲ့ ချောကလက်မှုန့်၊ သကြား၊ ခရင်မ်တွေထည့်ပြီး သောက်တာထက် နနွင်းထည့်သောက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ နွားနို့ပူပူထဲကို နနွင်းလက်ဖက်ရည်ဇွန်းဝက် ဒါမှမဟုတ် လတ်လတ်ဆတ်ဆတ် နနွင်းတက်တစ်လက်မ အရွယ်လောက်ထည့်ပြီး ၁၅ မိနစ် လောက်နေရင် သောက်လို့ရပါပြီ။

နနွင်းက သဘာဝဆေးဖက်ဝင်ပစ္စည်းဖြစ်တာမို့ နွားနို့နဲ့ရောသောက်ပေးတဲ့အခါ အအေးမိ၊ ချောင်းဆိုး ဝေဒနာအမျိုးမျိုးအတွက် အမြန်ဆုံးပျောက်ကင်းစေဖို့ ထောက်ကူပါတယ်။

နောက်ပြီး သွေးများကို သန့်စင်စေကာ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အသည်းကျန်းမာရေးအတွက်ပါ အကျိုးပြုပါတယ်။ နနွင်းမှာ ရောင်ရမ်းတာတွေ သက်သာစေနိုင်စွမ်း ရှိတာကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေဖြစ်ရင် အကောင်းဆုံး သဘာဝဆေးဖြစ်လို့ အရိုးအဆစ်တွေ သန်မာဖို့အတွက်ဆိုရင် ပုံမှန် သောက်ပေးသင့်ပါတယ်။

နနွင်းမှာ ဓာတ်တိုးဆန့်ကျင် ဂုဏ်သတ္တိနဲ့ အာဟာရဓာတ်တွေရှိတာကြောင့် ခေါင်းကိုက်တာတွေ သက်သာပျောက်ကင်းစေပါတယ်။ အထူးသဖြင့် ဝမ်းချုပ်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တာမျိုးတွေကို အထူး သက်သာစေတယ်လို့ဆိုပါတယ်။

ဒါတင်မက ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးနိုင်စွမ်းရှိပြီး ရောဂါပိုးမွှားတွေမဝင်အောင်လည်း ကာကွယ်ပေးနိုင်ကာ အသည်းရောင်အသားဝါ၊ ကင်ဆာနဲ့ မှတ်ဉာဏ်ချို့ယွင်းတဲ့ အယ်လ်ဇိုင်းမား ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်နိုင်ပါတယ်။

အိပ်မပျော်သူတွေဆိုရင်လည်း အိပ်ခါနီးမှာ နနွင်းရောထားတဲ့ နွားနို့ပူပူလေး သောက်ပေးရင် စိတ်ဖိစီးမှုတွေကင်းဝေးပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အမျိုးသမီးတွေဓမ္မတာကြောင့် နာကျင်ကိုက်ခဲရင် နနွင်းနွားနို့ပူပူလေး သောက်ပေးသင့် တယ်လို့ဆိုပါတယ်။

နောက်ပြီး နနွင်းနို့က အသားအရေကို အရွယ်တင်နုပျို ကျန်းမာစေတာကြောင့် လှချင်ပချင်သူတွေတော့ အကြိုက်တွေ့ကြမှာပါ။ နနွင်းက ခန္ဓာကိုယ်ထဲကအဆီတွေကို ဖယ်ရှားပေးတာမို့ ကိုယ်အလေးချိန် လျှော့ချချင်သူတွေ နွားနို့ထဲ သကြားတွေထည့်သောက်မယ့်အစား နနွင်းထည့်ပြီး သောက်ကြည့်လိုက်ပါ။

—Ref: healthmeup

Credit: 7day daily

"ညစ်ညမ်း စာလုံးတွေ ပါဝင်တဲ့ အ၀တ်အစားကို ဘာကြောင့် ၀ယ်ယူကြသလဲ"


"ညစ်ညမ်း စာလုံးတွေ ပါဝင်တဲ့ အ၀တ်အစားကို ဘာကြောင့် ၀ယ်ယူကြသလဲ"

အာရှနိုင်ငံအချို့မှာ ညစ်ညမ်းစကားလုံးတွေ ပါဝင်တဲ့ အ၀တ်အစားတွေကို မိဘတွေက ကလေးတွေကို ၀တ်ဆင်စေမှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိလာပါတယ်။

အချို့ကလေးငယ်တွေ ၀တ်ဆင်တဲ့ အ၀တ်အစားတွေမှာ ရေးထိုးထားတဲ့ စာလုံးတွေဟာ မြင်လို့မကောင်းအောင် ရိုင်းလွန်းနေတာကြောင့် ဒီလိုမျိုး ပေးမ၀တ်သင့်ဘူးလို့ ပြောဆိုခဲ့ကြပါတယ်။ ဒါပေမဲ့ အာရှဒေသက မိဘအများစုဟာ သားသမီးတွေကို အ၀တ်အစား ၀ယ်ပေးရာမှာ အရောင်နဲ့ ဒီဇိုင်းတွေကိုသာ ကြည့်လေ့ရှိပါတယ်။ အ၀တ်အစားမှာ ရေးထိုးထားတဲ့ စာလုံးတွေကို ကြည့်လေ့ မရှိပါဘူး။ အဓိက ပြဿနာက အာရှဒေသမှာ နေထိုင်သူ အများစုဟာ အင်္ဂလိပ် စကားလုံးရဲ့ အနက်အဓိပ္ပာယ်ကို မသိရှိကြပါဘူး။ ဒါကြောင့် အ၀တ်အစား ၀ယ်ယူရာမှာ အင်္ဂလိပ် စကားလုံးတွေကို အလေးထားလေ့ မရှိပါဘူး။

အကျိုးဆက်ကတော့ လူမြင်ကွင်းထဲမှာ ညစ်ညမ်း စကားလုံးတွေ ပါဝင်တဲ့ အ၀တ်အစားတွေကို ၀တ်ဆင်ခြင်း ဖြစ်ပါတယ်။ ဒီလိုဝတ်ရာမှာ ကလေးငယ်တွေသာမက အမျိုးသမီးတွေပါ ပါဝင်နေတာ တွေ့ရပါတယ်။ အချို့စကားလုံးတွေဟာ ရိုင်းစိုင်းလွန်းတာကြောင့် အ၀တ်အစား ထုတ်လုပ်သူတွေကို ဝေဖန်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက တရုတ်နိုင်ငံမှာ ဖခင်တစ်ဦးဟာ  F*** you pay me ဆိုတဲ့ စကားလုံးပါ ဦးထုပ်ကို သားဖြစ်သူကို ၀ယ်ပေးခဲ့ပါတယ်။ ဖခင်ဖြစ်သူက အင်္ဂလိပ်စာ မတတ်တာကြောင့် စာလုံးအဓိပ္ပာယ်ကို မသိခဲ့ပါဘူး။ ဒါပေမဲ့ ဒီစာလုံးတွေဟာ ဘာကို ဆိုလိုသလဲဆိုတာ သားဖြစ်သူက သိနေတာကြောင့် ဖခင်ဖြစ်သူရဲ့ ၀ယ်ပေးမှုကို ငြင်းဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ကို လူမှုကွန်ရက်မှာ ဖော်ပြတဲ့အခါ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝေဖန်ဆွေးနွေးမှုတွေ ရှိလာခဲ့ပါတယ်။ နောက်ဆုံး အဖြေရှာကြည့်တဲ့အခါ အင်္ဂလိပ်စကားလုံး အနက်အဓိပ္ပာယ်ကို မသိရှိတာက အဓိက ပြဿနာ ဖြစ်ခဲ့ပါတယ်။ အ၀တ်အစား ၀ယ်ယူတဲ့အခါ ညစ်ညမ်းစလုံးတွေ ပါဝင်ပါက လုံးဝ မ၀ယ်သင့်ကြောင်း အကြံပြုမှုတွေလည်း ရှိခဲ့ပါတယ်

Credit: messenger

"မျက်နှာပေါင်းတင်ကပ်ခွာတွေအကြောင်း သင်မသိသေးတဲ့ အရာများ"


"မျက်နှာပေါင်းတင်ကပ်ခွာတွေအကြောင်း သင်မသိသေးတဲ့ အရာများ"
 
ခုနောက်ပိုင်း မင်းသား၊ မင်းသမီးတွေကအစ သူတို့ကိုယ်ပိုင် အချိန်လေးတွေမှာ မျက်နှာအသားရေပိုင်းကို ဂရုစိုက်ကြတဲ့အနေနဲ့ အိမ်မှာ အလွယ်တကူ ကပ်ထားလို့ရတဲ့ မျက်နှာကပ်ခွာ (mask) တွေ သုံးလာကြပါပြီ။ တစ်ခါတစ်လေ အဲ့ဒီကပ်ခွာတွေ ကပ်ပြီး selfie ရိုက်ထားတဲ့ပုံလေးတွေတောင် သင် တွေ့ဖူးတယ်မလား။ အဲ့ဒီ ကပ်ခွာတွေက သုံးပြီးသွားတဲ့အခါ ကိုယ်နဲ့တည့်တယ်၊ အဆင်ပြေတယ်ဆိုရင် အသားအရေ ၀င်းပြီး ကျန်ခဲ့မယ်၊ ကြည်လင်တာမျိုးလေးတွေ အကျိုးကျေးဇူးရှိတာမို့ မျက်နှာပေါင်းတင် ကပ်ခွာလေးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

၁။ပေါင်းတင်ကပ်ခွာဆိုပေမယ့် ကပ်ခွာမပါပဲ ရိုးရိုးပေါင်းတင်တာမျိုးနဲ့တော့ အကျိုးကျေးဇူး မတူညီနိုင်ပါဘူး။

အရင်တုန်းက ဆိုင်သွားပြီး ပေါင်းတင်တယ်ဆိုရင် မျက်နှာပါ ပေါင်းတင်ဆေးရည်၊ ဆေးအနှစ်တွေနဲ့ လိမ်းကျံပြီး ပေါင်းတင်တာမျိုးတွေရှိပါတယ်။ ဒီပေါင်းတင်ကပ်ခွာကတော့ ခုနပြောသလို ပေါင်းတင်တာမျိုးနဲ့ မတူပါဘူး။ ဒီမျက်နှာ ကပ်ခွာဟာ serum အခြေခံပြီး ထုတ်လုပ်ထားတဲ့ ချည်သားလို အသားမျိုးမိုလို့ သင့်မျက်နှာအသားရေကို ဟိုးအတွင်းထဲထိ သန့်ရှင်းအောင်တော့ မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့် ဒီပေါင်းတင်ကပ်ခွာတွေဟာ မျက်နှာအသားရေအတွက် လိုအပ်နေတဲ့ အက်ဆစ်ဓာတ်၊ သတ္တုဓာတ်နဲ့ အခြားသော ဗိုက်တာမင်တွေကိုတော့ ဖြည့်ပေးနိုင်ပါတယ်။ ပြီးတော့ ရွှံ့စေးမျက်နှာပေါင်းတင်ဆေးတွေလိုလည်း အသားကို ခြောက်မသွားစေပါဘူး။

၂။ Serum သုံးမယ့်အစား ဒါကို နေ့စဉ်သုံးလို့ မရပါဘူး။

မျက်နှာပေါင်းတင်ကပ်ခွာတွေဟာ serum ကို အခြေခံထည့်သွင်းထားတယ်ဆိုပေမယ့် ဒါကို serum အစား သုံးလို့တော့ အဆင်မပြေနိုင်ပါဘူး။ သူဟာ ရေဓာတ်ခန်းခြောက်တဲ့အခါ အလွယ်တကူ ၀ယ်ယူကပ်ထားလို့ရမယ်။ ခရီးသွားတဲ့အခါ ကိုယ့်အသားလေး ၀င်းနေအောင် အလွယ်တကူ ၀ယ်ယူသုံးလို့ရတဲ့အပြင် တစ်ပတ်ကို လေး၊ ငါးကြိမ်အထိကို အသုံးပြုနိုင်ပါတယ်။ သူ့ဆီမှာ ပြင်းလွန်းတဲ့ ပါဝင်ပစ္စည်းတွေ ထည့်သွင်းထားခြင်း မရှိတာမို့ မျက်နှာအသားရေ စားသွားမှာ၊ နီရဲလောင်သွားမှာမျိုးတွေ စိုးရိမ်စရာ မလိုတော့ဘူးပေါ့။

၃။မျက်နှာပေါင်းတင်ကပ်ခွာတွေဟာ ရေဓာတ်ကို အဓိက ဖြည့်တင်းပေးပါတယ်။

အသားရေမှာ လိုအပ်တဲ့ ရေဓာတ်ကို အဓိကဖြည့်တင်းပေးတဲ့ မျက်နှာပေါင်းတင်ကပ်ခွာတွေကို ပုံစံအမျိုးမျိုးနဲ့ ဈေးကွက်ထဲမှာ တွေ့ရမှာပါ။ စစ်တမ်းကောက်ထားတဲ့ မှတ်တမ်းတွေအရတော့ အားလုံးဟာ ရေဓာတ်ကို ပိုမိုဖြည့်တင်းပေးနိုင်ဖို့ အဓိကထား ဖန်တီးထားကြတယ်လို့ သိရပြီး ၀က်ခြံပျောက်တာ၊ အရေပြားတွန့်တာမျိုး ပျောက်ကင်းသွားစေတာမျိုးထက် ရေဓာတ်ဖြည့်တင်းခြင်းကိုသာ အဓိကထားတာပါတဲ့။ ဒါ့အပြင် သူက မျက်နှာအသားရေ အပူချိန်ကိုလည်း အနည်းငယ် ပြောင်းလဲသွားစေတတ်ပြီး အပူချိန် ပိုတိုးသွားစေတယ်လို့ သိရပါတယ်။

၎။ဒီကပ်ခွာတွေကို ၀က်ခြံအထွက်များတဲ့သူတွေ မသုံးသင့်ပါဘူး။

သင်က မျက်နှာမှာ ၀က်ခြံတွေ အများကြီးထွက်နေလို့ ကပ်ခွာဝယ်ကပ်ပြီး ၀က်ခြံတွေ လျော့ပါးသွားအောင် လုပ်မယ်လို့ တွေးလိုက်ရင် ဒါဟာ မှားယွင်းတဲ့ အတွေးအခေါ်လို့ ဆိုပါရစေ။ ကပ်ခွာဟာ မျက်နှာအသားရေရဲ့အပူချိန်ကို တိုးမြှင့်ပေးနိုင်တာကြောင့် သင့်မျက်နှာပေါ်က ဘက်တီးရီးယားတွေကို ပိုမိုပြန့်နှံ့သွားစေကာ ၀က်ခြံပိုထွက်စေတတ်လို့ပါ။ ဒါ့ကြောင့် အဆီပြန်တဲ့ အသားရေရှိတဲ့သူ၊ ၀က်ခြံထွက်တဲ့သူတွေဟာ သုံးချင်တယ်ဆိုရင်တောင် အရင်ဆုံး မျက်နှာအစိတ်အပိုင်းတစ်ခုကို တည့်မတည့် ကပ်ပြီး စမ်းသပ်ကြည့်သင့်ပါတယ်။

၅။ကပ်ခွာကို နှာဖူးက စကပ်ပေးဖို့ လိုပါတယ်။

ပေါင်းတင်ကပ်ခွာတွေဟာ ဆိုဒ်တစ်ဆိုဒ်ထဲ ပုံမှန်ထုတ်တတ်တာကြောင့် သင့်မျက်နှာနဲ့ အဆင်ပြေချင်မှ ပြေပါလိမ့်မယ်။ ဒါ့ကြောင့် အဆင်ပြေပြေကပ်နိုင်ဖို့ဆိုရင် နှာဖူးကစပြီး ကပ်ပေးပါ။ ဒီလိုမှသာ မျက်လုံးနဲ့နှာခေါင်းကို အတိအကျ အဆင်ပြေပြေ ကပ်နိုင်မှာပါ။ အောက်က စကပ်မယ်ဆိုရင် အဆင်ပြေဖို့ မလွယ်ကူနိုင်ပါဘူး။


မေသော်

Credit: Trend Myanmar

"အတွဲတွေ facebook နဲ့ပတ်သက်ပြီး ဘယ်လိုပြသနာတွေ တက်လေ့ရှိသလဲ"


"အတွဲတွေ facebook နဲ့ပတ်သက်ပြီး ဘယ်လိုပြသနာတွေ တက်လေ့ရှိသလဲ"

ချစ်သူစုံတွဲတွေ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ facebook မှာ စုံတွဲဓာတ်ပုံတွေ တင်ကြတယ်၊ relationship status 30 တင်ပြီး တစ်ဦးနဲ့တစ်ဦး ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းကိုလည်း စတေးတပ်စ်တွေ တင်ကြတယ်။ ဒါပေမယ့် သူတို့ကြားမှာ facebook ကြောင့် တက်တဲ့ ပြသနာတွေ အနည်းအများတော့ ရှိတတ်ကြပါတယ်။ တစ်ချို့သ၀န်တိုတတ်တဲ့ ချစ်သူတွေဆိုရင် ပိုလို့တောင် ဆိုးပါသေးတယ်။ facebook ကြောင့် ကွဲသွားတဲ့ ချစ်သူစုံတွေတွေလည်း ခုဆို တော်တော်များလာပြီလို့ စစ်တမ်းတွေအရ သိရပါတယ်။ ဒီတော့ ချစ်သူစုံတွဲတွေကြား facebook ကြောင့် ဘယ်လိုပြသနာလေးတွေ ဖြစ်တတ်သလဲဆိုတာ ကြည့်ရအောင်။

၁။ ကိုယ့်ချစ်သူကို လာ add တဲ့သူ ဘယ်သူတွေလဲဆိုပြီး သိချင်ကြတယ်။ ပြသနာရှာကြတယ်။

နှစ်ယောက်စလုံး facebook သုံးနေတဲ့အချိန် ကိုယ့်ချစ်သူကို ဘယ်သူတွေ လာပြီး fri request ပို့ထားသလဲ။ ကိုယ့်အသိတွေလား။ အီစီကလီလုပ်မယ့်သူတွေလား စသဖြင့် သိချင်ကြပါတယ်။ တစ်ချို့ဆိုရင် မိန်းကလေးဆိုလက်မခံနဲ့၊ ယောင်္ကျားလေးဆို လက်မခံရဘူး ဆိုပြီး ကိုယ့်ချစ်သူကို တားမြစ်ထားတာတွေတောင်ရှိလာပါတယ်။

၂။ကိုယ့်ချစ်သူရဲ့ account ထဲမှာ သူ့ရဲ့အရင်ရည်းစားဟောင်းတွေ ရှိနေသေးလား၊ သူတို့အဆက်အသွယ်ရှိနေသေးသလား ဆိုပြီး ပြသနာရှာကြတယ်။

ရည်းစားဟောင်းနဲ့ ဘာမှမဟုတ်တော့ဘူး။ သူငယ်ချင်းလိုပဲ ပြန်ခင်မင်နေတယ်ဆိုတာမျိုး လက်ခံပေးနိုင်တဲ့ ရည်းစားရှားပါတယ်။ အရင်ရည်းစား ကိုယ့် account ထဲမှာရှိနေရင် သူဘာတွေလုပ်နေလဲ ဆိုတာလောက်တော့ နည်းနည်းပါးပါး သိချင်ကြတာရှိတတ်ပါတယ်။ ဒါ့အပြင် ကိုယ့်ချစ်သူရဲ့ရည်းစားဟောင်းက ကိုယ့်ချစ်သူကို ပြန်လာပတ်သက်မှာ စိုးရိမ်တာမျိုးတွေလည်း ရှိပါတယ်။ တကယ်လို့ ကိုယ့်ချစ်သူရဲ့ ဓာတ်ပုံမှာသာ သူ့ရည်းစားဟောင်းရဲ့ Like လေးတစ်ချက် တွေ့လိုက်ရင် ခေါင်းမီးတောက်ပြီး နှစ်ဦးသား ပြသနာတက်ပြီသာ မှတ်ပါတော့။

၃။chat ထဲမှာ ဘယ်သူတွေနဲ့ ဘာတွေပြောနေသလဲ သိချင်ကြတယ်။

တစ်ခါတစ်လေ ကိုယ့်အလုပ်၊ ကိုယ့်ကျောင်း၊ ကိုယ်ဝါသနာပါရာ ကိစ္စရပ်တစ်ချို့ကြောင့် ကိုယ့်ကို မိတ်ဆွေလာဖွဲ့တာ၊ မေးမြန်းတာမျိုးတွေရှိနိုင်ပေမယ့် တစ်ချို့လူတွေကျတော့လည်း ဒီအတိုင်း ရောချင်တာမျိုးတွေ ရှိပါတယ်။ ဒါကို ပြန်ပြောသင့်၊ မပြောသင့်ဆိုတာ ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာပါ။ ကိုယ့်ချစ်သူကတော့ မမြင်ကွယ်ရာမှာ သူစိမ်းတစ်ယောက်နဲ့ chat နေတာမျိုးသိရင် စိတ်ပူကောင်း စိတ်ပူပါလိမ့်မယ်။ ဒါဆိုရင် ဘာ့ကြောင့် chat ရတယ်ဆိုတာ၊ အကြောင်းကိစ္စရှိလို့ chat ရတယ်ဆိုတာ သူနားလည်အောင် ရှင်းပြပါ။ လာ hi တဲ့သူတိုင်းနဲ့တော့ စကားပြန်မပြောမိပါစေနဲ့။ သူ့ယုံကြည်မှုတွေလည်း မဆုံးရှုံးပါစေနဲ့။

၎။ကိုယ့်စတေးတပ်စ်၊ ဓာတ်ပုံတွေမှာ ကိုယ့်ချစ်သူရဲ့ Like မရှိတာနဲ့ ပတ်သက်ပြီး ပြသနာတက်ကြတယ်။

မိန်းကလေးအများစုဟာ ကိုယ်တင်လိုက်တဲ့ပုံလေးတွေ၊ စတေးတပ်ပ်လေးတွေမှာ ကိုယ့်ချစ်သူက ၀င်လက်မထောင်တာမျိုး လိုချင်ကြပါတယ်။ သူတို့ထောက်ခံအားပေးတာကိုလည်း လိုချင်ပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ သူ့ဘာသာသူသာ သပ်သပ်ကြီးနေပြီး လုပ်ချင်တဲ့ စတေးတပ်စ်တစ်ခုလောက်ကျမှ Like ကလစ်လေး လာနှိပ်တာမျိုးဆိုရင်တော့ သူတို့ စိတ်ကောက်ကြပါလိမ့်မယ်။ အထူးသဖြင့် ကိုယ့်ချစ်သူကို ဘယ်လောက်ချစ်ကြောင်း ရေသားထားတဲ့ စတေးတပ်စ်မျိုးမှာပေါ့။

၅။နှစ်ဦးသားရဲ့ ထူးခြားတဲ့နေ့တွေမှာ တစ်ဦးရဲ့wall မှာ တစ်ဦးက အမှတ်တရပို့စ်တစ်ခုခု မလုပ်တာနဲ့ပတ်သက်ပြီး ပြသနာတက်ကြတယ်။

facebook ပေါ်မှာ တစ်ခြားသော အတွဲပေါင်းများစွာက သူတို့ရဲ့အမှတ်တရဖြစ်တဲ့ နေ့လေးတွေမှာ တစ်ယောက်ရဲ့ wall တစ်ယောက်ဝင်ကြည့်၊ ပို့စ်လေးတွေ လုပ်တတ်ကြပါတယ်။ ဒီရေစီးကြောင်းထဲ ရောက်ပြီးလို့ကတော့ ပြန်ထွက်ဖို့ ခက်ခဲသွားပါပြီ။ ချစ်စခင်စ ကြင်နာစအချိန်တွေတုန်းက ခုလိုတွေလုပ်ခဲ့ပေမယ့် နောက်ပိုင်းခုလို လုပ်ဖို့ ပျက်ကွက်လာမယ်ဆိုရင်တော့ နှစ်ဦးသား အချစ်တွေလျော့သွားပြီလားဆိုပြီး ပြသနာရှာတတ်ကြပါတယ်။

၆။ကိုယ့်ချစ်သူကို တစ်ခြားသူတွေရဲ့ အလှဓာတ်ပုံမှာ tag လုပ်ထားတာမျိုး မကျေမနပ်ဖြစ်တတ်ကြတယ်။

တစ်ခါတစ်လေ ကောင်မလေးတွေက သူတို့ရဲ့အလှဓာတ်ပုံတိုင်းမှာ ကိုယ့်ချစ်သူကောင်လေးကို tag ပေးထားပြီး Like လုပ်ဖို့ပြောထားတာမျိုး တစ်ခါ၊ နှစ်ခါ မဟုတ် အကြိမ်ပေါင်းများစွာ မြင်တွေ့လာရပြီဆိုရင် ကိုယ့်ချစ်သူကောင်လေးကိုရော၊ အဲ့ဒီကောင်မလေးတွေကိုပါ ဒေါသထွက်လာရပါပြီ။ ကိုယ့်ကောင်လေးအနေနဲ့လည်း သူတို့ရဲ့ဓာတ်ပုံမှာ tag မလုပ်ဖို့ သူတို့ကို  ပြတ်ပြတ်သားသား ပြောဖို့လိုလာပြီ ကိုယ့်ဘက်က ဖွင့်ဟလာရပါပြီ။

၇။ကိုယ်အမြင်မကြည်တဲ့သူရဲ့ပို့စ်၊ ဓာတ်ပုံအောက်မှာ ကိုယ့်ချစ်သူရဲ့ Like တွေကို တွေ့လို့ ဒေါသဖြစ်ကြတယ်။

လူမှုကွန်ယက်မှာ ကိုယ်နဲ့ချစ်သူ၊ ခင်သူတွေရှိသလို ကိုယ်ကြည့်မရတဲ့၊ ကိုယ်နဲ့လုံးဝအဆင်မပြေတဲ့သူတွေ ရှိတတ်ကြပါတယ်။ ဒါကို block လို့လည်းမရ၊ unfriend လုပ်လို့မကောင်းတာမို့ ဆက်ထားနေရပေမယ့် သူတို့တင်တဲ့ပို့စ်တွေ၊ ဓာတ်ပုံတွေကိုတော့ ကိုယ့်အနေနဲ့ Like မလုပ်ဖြစ်တော့တဲ့အခါ ကိုယ့်ချစ်သူကိုပါ ကိုယ့်လို ဖြစ်စေချင်ကြပါတယ်။ အဲ့ဒီလိုမဟုတ်ပဲ ကိုယ့်ချစ်သူကတော့ Like တွေ၊ comment တွေ ၀င်ရေးနေမယ်ဆို နှစ်ဦးသား ပြသနာတက်ပြီလို့သာ မှတ်လိုက်ပါတော့။


ဟန်နီ

Credit: Trend Myanmar

Wednesday, July 29, 2015

"လက်မပါတဲ့ ပထမဆုံးလေယာဉ်မှူးနဲ့ တွေ့ဆုံခဲ့တဲ့ ဘ၀တူကောင်မလေး"


"လက်မပါတဲ့ ပထမဆုံးလေယာဉ်မှူးနဲ့ တွေ့ဆုံခဲ့တဲ့ ဘ၀တူကောင်မလေး"

အသက် ၃ နှစ်သာ ရှိသေးတဲ့ အမေရိကန်နိုင်ငံက ရုဗ်အီဗလင်းပရန်ကီဆိုတဲ့ ကောင်မလေးဟာ မွေးဖွားလာကတည်းက လက်နှစ်ဖက်စလုံး မပါဘဲ မွေးဖွားလာသူလေး ဖြစ်ပါတယ်။ ဒါပေမယ့် ရုဗ်ဟာ သူမလိုပဲ ဘ၀ကို ကြံ့ကြံ့ခံဖြတ်သန်းပြီး အောင်မြင်နေတဲ့ ကမ္ဘာပေါ်က လက်မပါတဲ့ ပထဆုံးအမျိုးသမီးလေယာဉ်မှူး ဂျက်စီကာကော့စ်နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ရုဗ်ကို သူမရဲ့မိခင်က သူတို့နေထိုင်တဲ့ စိန့်ပေါ်လီကနေ လေယာဉ်စီးပြီး ဂျက်စီကာနေထိုင်တဲ့ မင်နီဆိုတာပြည်နယ်ဆီ ခေါ်သွားခဲ့တာ ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ် ဂျက်စီကာဟာ လက်နှစ်ဖက်စလုံး မပါဘဲ ခြေထောက်တွေနဲ့ မောင်းနှင်နိုင်တဲ့ လေယာဉ်မှူးအဖြစ် ဂရင်းနစ်စံချိန် တင်ထားသူဖြစ်သလို တတိယအဆင့် တိုက်ကွမ်ဒိုခါးပတ်အနက် (ဆန်းဒန်) ရရှိသလို မသန်စွမ်းတွေအရေး လှုပ်ရှားသူနဲ့ စိတ်ဓါတ်ခွန်အား တက်ကြွရေးဆိုင်ရာ ဟောပြောသူတစ်ယောက်လည်း ဖြစ်ပါတယ်။

“ကျွန်မတို့အနေနဲ့ လက်မပါတာ ဒါမှမဟုတ် တစ်ခုခု ချွတ်ယွင်းနေရင်လည်း ဘ၀မှာ ပြဿနာမရှိဘူးဆိုတာ လူတွေကို ပြသခွင့်ရခဲ့တဲ့အတွက် ဂုဏ်ယူမိပါတယ်” လို့ ရုဗ်ရဲ့မိခင်ဖြစ်သူ ကာလင်းက ဆိုပါတယ်။ ကာလင်းဟာ ရုဗ်ကို ကိုယ်ဝန်ဆောင်ပြီး သီတင်းပတ် ၂၀ အကြာမှာပဲ သမီးလေးဟာ လက်နှစ်ဖက်စလုံးမပါဘဲ မွေးဖွားလာမယ်ဆိုတာ သိခဲ့ရပြီး လက်နှစ်ဖက်မပါပေမယ့် ပုံမှန်လူတွေထက်တောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဂျက်စီကာအကြောင်းကို ဖတ်ရပြီး စိတ်ဓါတ်ခွန်အားတွေ တိုးခဲ့ရတယ်လို့ ဆိုပါတယ်။

ဂျက်စီကာကလည်း သူမနဲ့ ရုဗ်တို့ အပြန်အလှန်ပွေ့ဖက်ခဲ့ကြတာကို ကြည့်ရင် လက်မပါတာဟာ တခြားသူတွေနဲ့ ခြားနားနေတာမျိုးမဟုတ်ဘဲ အတူတူပဲဆိုတာ သိနိုင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ရုဗ်ရဲ့မိခင်ဖြစ်သူ ကာလင်းကတော့ လက်နှစ်ဖက်မရှိပေမယ့် လေယာဉ်မောင်းနှင်၊ တိုက်ကွမ်ဒိုကစားနိုင်၊ ရေကူးနိုင်၊ ကားမောင်းနိုင်တဲ့ ဂျက်စီကာလိုပဲ သမီးဖြစ်သူကို ပြုစုပျိုးထောင်သွားဖို့ ရည်မှန်းနေပါတယ်။


Ref – Mirror

Credit: Planet

"ချောလှသူထက် စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးဆိုတာ"


"ချောလှသူထက် စိတ်ဝင်စားဖို့ကောင်းတဲ့ မိန်းကလေးဆိုတာ"

ယောင်္ကျားလေးတွေဟာ ကိုယ့်နေရာကို လုယူသွားမဲ့ ထက်တဲ့မိန်းကလေးမျိုးကို ဝေးဝေးက ရှောင်တတ်ကြ၏။ ထက်တဲ့မိန်းကလေးမှာ အပြစ်မရှိပါ။ အပြစ်ရှိသူကတော့ ကိုယ့်ကိုကိုယ် ယုံကြည်ချက်မရှိပဲ မနာလို ဖြစ်တတ်တဲ့ ယောင်္ကျားလေးတွေကြောင့်ပါ။ ချောလှတဲ့ မိန်းကလေးက ခေတ်ရေစီးကြောင်းနဲ့အညီ လှပအောင် ပြင်ဆင်ဝတ်စားထားပင်မဲ့လည်း မနက်ဖြန်ရောက်ရင်တော့ ဒီအဝတ်အစားတွေက မလန်းတော့ရင် ဘယ်လိုလုပ်မလဲ။
ဒီနေရာမှာ ဥာဏ်ထက်ပြီး ပတ်ဝန်းကျင်ကသူတွေကို စကားပြောကောင်းကောင်းနဲ့ အသိဥာဏ်တိုးစေအောင် ပြောနိုင်တဲ့ မိန်းကလေးတွေကို ပိုပြီး တန်ဖိုးထားသင့်ပါတယ်။ သူတို့က ဘယ်လို လောကကြီးကို အကျိုးပြုနေသလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။

၁။ ဘာကိစ္စပဲဖြစ်ဖြစ်၊ တနေရာတည်းက မဟုတ်ပဲ အဖက်ဖက်ကနေ စဉ်းစားဆုံးဖြတ်တတ်သူပါ။ သူနဲ့စကားပြောနေချိန်မှာ သူ့ရဲ့ပြုံးနေတဲ့ မျက်နှာလေးတခုပဲ မဟုတ်ပဲ ထက်တယ်ဆိုတာကို သိနိုင်မှာပါ။ သူနဲ့စကားပြောနေချိန်မှာ ရယ်စရာကောင်းတာတွေကို အဆက်မပြတ် ပြောနိုင်တယ်ဆိုတာကိုက တိုက်ဆိုင်လို့မဟုတ်ပါ။ သူ့ရဲ့အားသာချက်ပါ။ ဒီလိုဖြစ်ရင် ဒီလိုပြောမယ်ဆိုတာကို သူ့ရဲ့ခေါင်းထဲမှာ တွက်ပြီးသားပါ။

၂။ စတိုင်တွေက နေ့စဉ်နဲ့အမျှ ပြောင်းလဲနေပင်မဲ့လည်း ဖြတ်ထိုးဥာဏ်ကတော့ မရိုးသွားပါ
မိန်းကလေးတွေက တနေ့တနေ့ ကိုယ့်ရဲ့အလှအတွက် ပျော်ရစိတ်ညစ်ရနဲ့ အမြဲ အခက်ကြုံနေရတာပါ။ ဒါပင်မဲ့ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ မိန်းကလေးက သာမန်ရိုးရိုးလေးဖြစ်နေပါစေ။ သူနဲ့စကားပြောလိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ကို ချမ်းသာစေနိုင်တဲ့ အစွမ်းရှိသူဖြစ်ပါလိမ့်မယ်။

၃။ Facebook က Like ထက် ကိုယ့်ရဲ့ကမ္ဘာလေးထဲမှာ အသက်ရှင်နေသူပါ
မိန်းကလေးအများစုက ဘယ်သွားသွား၊ ဘာစားစား ဓါတ်ပုံတွေတင်ရ၊ ဘယ်သူ့ဆီက ဘယ်လောက် Like ရတာဆိုတာနဲ့ ပတ်ဝန်းကျင်ရဲ့မျက်စိတွေကို ရှေ့တန်းထားပြီး သွားလာလှုပ်ရှားနေပါတယ်။ ကိုယ်ကိုယ်တိုင်လည်း ဒီလိုဖြစ်နေပြီဆိုရင်တော့ ဖုန်းကို ခဏချထားပြီး နည်းနည်း ပြန်စဉ်းစားကြည့်ပါ။ ဖြတ်ထိုးဥာဏ်ကောင်းတဲ့ မိန်းကလေးကတော့ သူ့ရဲ့ကမ္ဘာလေးထဲမှာ နေပျော်ပါတယ်။ Facebook ပေါ်က သူငယ်ချင်းတွေထက် သူ့မှာကတော့ တကယ့်လက်တွေ့ သူငယ်ချင်းတွေ အများကြီးရှိတတ်ပြီး ပျော်စရာကောင်းမှာပါ။

၎။ ကိုယ့်ရဲ့ ဟာသဥာဏ်ကို ယုံကြည်သူပါ
သူဟာ လူတယောက်ကို ရယ်မောစေအောင် ကောင်းကောင်းပြောတတ်သူဖြစ်တယ်လို့ ယုံကြည်မှုရှိသူပါ။ လူတစ်ယောက်ဟာ ဟာသကို ပြောတော့မယ်ဆိုရင် ဒီစကားဟာ နားထောင်တဲ့သူတွေ လက်ခံပါမလားဆိုပြီးတွေးပြီး ပူနေတတ်ပါတယ်။ ဒီမိန်းကလေးမှာတော့ ဒီလိုအတွေးတွေရှိမှာမဟုတ်သလို သူများတွေ စိတ်ချမ်းသာဖို့အတွက်သာလျှင် အလေးထားသူပါ။

၅။ သူ့တာဝန်သာထားလိုက်ပါ
အမြဲတမ်း ယောင်္ကျားလေးတွေပဲ စကားပြောချင်တယ်လို့ မတွေးပါနဲ့။ သူတို့လဲ မပြောချင်တဲ့အခါမျိုးမှာ သူကတာဝန်ယူလိုက်မှာပါ။ သူရဲ့စကားလုံးတွေထဲမှာ လွင့်မျောသွားပါလိမ့်မယ်။ မနက်ရောက်ရင် Morning လို့ Msg ပို့လာတဲ့ မိန်းကလေးထက် တမနက်လုံး ပါးစပ်ကို မစေ့ရအောင် ထားနိုင်တဲ့ မိန်းကလေးနဲ့ဆိုရင် ဘယ်သူ့ကို ရွေးမလဲ။

၆။ ကြိုးစားချင်စိတ်ကို ထိမ်းကျောင်းပေးသူပါ
သူကိုယ်တိုင်လည်း စကား အပြောအဆိုကောင်းအောင် လေ့လာသင်ယူနေသလို ကိုယ့်ကိုလည်း စကားပြောကောင်းအောင် ထိမ်းကျောင်းပေးမှာပါ။ စကားပြောကောင်းအောင် တခုတည်းမဟုတ်ပဲ အရာရာမှာ မမှားအောင် ပံ့ပိုးပေးမဲ့သူ ဖြစ်ပါလိမ့်မယ်။

၇။ အရှိကို အရှိအတိုင်း လက်ခံမဲ့သူပါ
သူက အရှိကို အရှိအတိုင်းလက်ခံပြီး ဘာကိုမှလည်း ထပ်ပြီးတောင်းဆိုလိမ့်မဲ့သူ မဟုတ်ပါ။ ဒါကြောင့်လည်း ယုံယုံကြည်ကြည်နဲ့ ဘဝလက်တွဲဖော်အဖြစ် လက်တွဲခေါ်သွားမှာပါ။


Credit: ChelmoTeam

"ခန္ဓာကိုယ်အလေးချိန် ကျဖို့ရာ ညဘက်တွေမှာ ဒီလို အကျင့်လေးတွေ လုပ်ပေးသင့်တာ"


"ခန္ဓာကိုယ်အလေးချိန် ကျဖို့ရာ ညဘက်တွေမှာ ဒီလို အကျင့်လေးတွေ လုပ်ပေးသင့်တာ"

သင် အလေးချိန်လျော့ဖို့ ကြိုးစားတဲ့အခါ အတောမသတ်နိုင်တဲ့ အတားအဆီးတစ်ခု ရှိနေသလို ဖြစ်နိုင်ပါတယ်။ ဆိုဖာထိုင်ခုံပေါ် အနားယူတဲ့ ညနေခင်းတွေက တနေ့တာ ကျန်းမာရေးနဲ့ ကိုက်ညီအောင် ရွေးချယ်စားသုံးခဲ့သမျှ အားလုံး အလကား ဖြစ်စေနိုင်တယ်။ ညနေခင်းမှာ လုပ်ဆောင်သင့်တဲ့ အောက်ပါစည်းကမ်းချက်တွေကို သတိထားဖို့ လိုအပ်ပါတယ်။

ညနေစာစားပြီးလို့ အနားယူနေစဉ် အချိုပွဲတွေ ထပ်မစားပါနဲ့။ အဲဒီအစား ရည်နွေးကြမ်းလေးသာ သောက်ပေးပါ။ အဲဒီလို အလေ့အကျင့် ပြုလုပ်ပေးခြင်းဖြင့် အလွန်အကျွံ စားချင်စိတ် ဖြေလျော့ပေးနိုင်ပါတယ်။

ညအိပ်ယာမဝင်ခင် အစောကြီးကတည်းက ညနေစာ စားထားသင့်ပါတယ်။ ဒါဆိုရင်တော့ ကျန်းမာရေးနဲ့ ကိုက်ညီသည့် အစာပြေ သို့မဟုတ် အချိုပွဲ ထပ်စားခြင်းက အမှားအယွင်း မဟုတ်တော့ပါဘူး။ အိပ်စက်ဖို့ အနှောက်အယှက်ဖြစ်စေတဲ့ အစားအစာတစ်ခုခု သို့မဟုတ် တစ်နေ့တာ ဆောင်ရွက်ခဲ့သမျှ အချည်းအနှီးဖြစ်စေတဲ့ အစားအစာတစ်ခုခု မစားမိစေဖို့ သတိရှိသင့်ပါတယ်။
အိပ်ရေးဝနေခြင်းက နောက်တစ်နေ့ လုပ်ငန်းဆောင်ရွက်မှုများအတွက် အားအင် အလုံအလောက် ရရှိစေရုံသာမက အိပ်ရေးပျက်သူတွေက အိပ်ရေးဝသူတွေထက် အစားပိုစားကြတယ်လို့လည်း လေ့လာချက်တွေက ဖော်ပြထားပါတယ်။ စာဖတ်ခြင်း သို့မဟုတ် ရေနွေးကြမ်းတစ်ခွက်သောက်ခြင်း စတဲ့ ညအိပ်ယာဝင်ချိန် ပုံမှန်လုပ်ပေးတဲ့ အလေ့အကျင့်တစ်ခုက အလေးချိန်လျော့ချရာမှာ အကူအညီဖြစ်စေနိုင်ပါတယ်။

ပေါ်ထွန်း

Credit: Trend Myanmar

"ချစ်သက်တမ်းကြာပြီဖြစ်တဲ့ စုံတွဲတွေတိုင်း ပြုလုပ်ဖူးတဲ့ ရူးကြောင်ကြောင် အပြူအမူ (၁၂) ခု"


"ချစ်သက်တမ်းကြာပြီဖြစ်တဲ့ စုံတွဲတွေတိုင်း ပြုလုပ်ဖူးတဲ့ ရူးကြောင်ကြောင် အပြူအမူ (၁၂) ခု"

သင်တို့နှစ်ယောက်ရဲ့ ရွယ်တူသူငယ်ချင်းတွေသာ သင်တို့နှစ်ကိုယ်တည်း ပြုမူတတ်တဲ့ အမူအကျင့်တွေကို သိသွားလို့ကတော့ သင်တို့ကို ရူးကြောင်ကြောင်အတွဲလို့ ထင်ကြမှာပါ။

ဒါပေမယ့် သင်တို့တင်မဟုတ်ပါဘူး။ ချစ်သက်တမ်းကြာတဲ့ အတွဲတွေနီးပါး ဒီလို ရူးကြောင်ကြောင်အပြုအမူမျိုးကို တူနှစ်ကိုယ်ကြား ပြုမူဖူးကြပါတယ်။

 ၁။ တစ်ယောက်ရေချိုးနေတုန်း တစ်ယောက်က ရေအိမ်သုံးတာ

သင့်ချစ်သူမဟုတ်တဲ့ တစ်ခြားတစ်ယောက်ကသာ အဲဒီလိုမျိုး လာလုပ်ကတော့ သင် ရဲကို ဖုန်းလှမ်းဆက်မှာ အသေအချာပဲ။

၂။ တစ်ယောက် ၀က်ခြံတစ်ယောက် ညှစ်ပေးတာ

 သူ့ဘာသာသူ ညှစ်လို့ ရတဲ့နေရာမျိုးကိုတောင် ၀က်ခြံညှစ်ပေးတတ်တာမျိုး။ အချစ်ဆိုတာ ကိုယ့်ဝက်ခြံကို အညှစ်ခံခြင်းပါပဲ။

၃။ နေရာတိုင်းမှာ အမွှေးတွေ

သူက ခြေသလုံးမွှေး၊ ချိုင်းမွှေးတွေ နှုတ်နေရင်ပဲဖြစ်ဖြစ်၊ သင့်ကို ပြနေရင်ပဲဖြစ်ဖြစ် သင် မရွံတတ်တော့ပါဘူး။

၎။ တစ်ယောက်ရဲ့ ညစ်ပတ်နေတဲ့အ၀တ်တွေကို တစ်ယောက်က နမ်းကြည့်တာ

တစ်ယောက်အ၀တ် တစ်ယောက် နမ်းကြည့်တာထက် ရင်းနှီးတဲ့အပြုအမူကတော့ သူ့ရဲ့ ညစ်ပတ်နေတဲ့ အ၀တ်တွေကို လျှော်ပေးလိုက်တာပါ။

၅။ မမျှော်လင့်ဘဲ အ၀တ်အစားဆင်တူဝတ်မိတာ

ဘယ်သူ့ပုံစံကို ဘယ်သူက ခိုးချနေလဲဆိုတာတောင် မပြောနိုင်တော့ပါဘူး။ တွဲခုတ်တဲ့ နေ့ရက်ပေါင်းများစွာအပြီးမှာ ဒီလိုအဖြစ်အပျက်မျိုးက ဖြစ်တတ်ပါတယ်။

၆။ သူ ၀ါသနာပါတဲ့အရာတွေကို လိုက်လုပ်မိတာ

အင်္ကျီဆင်တူ၊ ၀ါသနာဆင်တူ ဆိုရင်တော့ အလိုက်ဖက်ဆုံးအတွဲဆိုပြီး သင်တို့ အချစ်ဇာတ်လမ်းကို အမည်တပ်လို့ ရပါတယ်။

၇။ သူမေးတာကို လေလည်ပြီး ဖြေပြတာ

တစ်ကြိမ်ပေါက်ရင် ဟုတ်တယ်။ နှစ်ကြိမ်ဆို မဟုတ်ဘူး။

၈။ လေတက်ပြီး လျှို့ဝှက်ချက်တွေ ပြောပြတာ

တကယ့်လျှို့ဝှက်ချက်အစစ်က နမ်းခါနီးမှာ သင် အစားတွေ အများကြီး စားထားလို့ပါ။

၉။ တစ်ယောက်အိပ်တာကို တစ်ယောက်စောင့်ကြည့်နေတတ်တာ

ချစ်သူမဟုတ်တဲ့တခြားတစ်ယောက်ကို ဒီလိုသွားလုပ်မိရင် ကိုယ့်ကိုကိုယ် လူသတ်သမားလို့ ထင်မိလာလိမ့်မယ်။

၁၀။ သူ့ရဲ့ အဖေ/အမေ လို ပြုမူမိတာ

တစ်စုံတစ်ယောက်ကို အချိန်အကြာကြီးချစ်မိသွားရင် ကိုယ်က သူ့အဖေလို အမေလို ဖြစ်လာသလိုပါပဲ။

၁၁။ တကယ့်ဆရာဝန်ကြီးဖြစ်လာတာ

ဆေးကျောင်းလည်းမတက်ခဲ့၊ ဒီအလုပ်အတွက်လည်း မလျှောက်ခဲ့ပဲနဲ့ သင့်အဖော်က နားဖာချေးလေး ကလော်ပေးပါဦးဆိုတာကအစ လုပ်ရမှာပါ။

၁၂။ သင်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ဘာသာစကားနဲ့ စကားပြောတာ

နှစ်ယောက်တည်းသိတဲ့ ဟာသတွေပြောတာမျိုးနဲ့ ကလေးသံလေးနဲ့ ပြောတာမျိုးကို သင်တို့ နှစ်ယောက်ကလွဲပြီး ဘယ်သူမှ မသိနိုင်ပါဘူး။ တစ်စုံတစ်ယောက်နဲ့ချစ်နေရတာထဲမှာ ပျော်စရာအကောင်းဆုံးတစ်ချက်က ဒီလောကကြီးမှာ ကိုယ်နဲ့အတူတူပေါဖို့ အဖော်တစ်ယောက် ရရှိထားတာပါ။ ဒါကြောင့် ဒီလိုရူးကြောင်ကြောင် အပြုအမူမျိုးတွေ လုပ်တတ်လည်း ပျော်ပျော်ကြီးဆက်လုပ်ပါ။ ဒီလိုရူးတာမကြိုက်တဲ့လူတွေလည်း တစ်ချိန် ရူးလာတတ်မှာပါ။

ye wint

Credit: Trend Myanmar

Tuesday, July 28, 2015

"ဘာ့ကြောင့်စိတ်ဆင်းရဲတာလည်း"


"ဘာ့ကြောင့်စိတ်ဆင်းရဲတာလည်း"

လူတဦးနဲ့တဦးရဲ့ စိတ်နေစိတ်ထား
မိမိရဲ့ပတ်ဝန်းကျင်အခြေအနေ တရားနှလုံးသွင်းမှု့
အနည်းအများ မိမိဘဝရဲ့ကံအကျိုးပေး စတဲ့
အခြေအနေတွေဟာ မတူပါဘူး

လူတဦးဟာ ချမ်းသာဖို့ကြိုးစားရမှာဖြစ်ပေမဲ့
မချမ်းသာခင်မှာ မိမိရဲ့ လက်ရှိအခြေအနေကို နားလည်ရပါမယ် ကံ၊ ဥာဏ်၊ ဝိရိယ စတဲ့ အခြေအနေနဲ့ အချိန်အခါကို နားမလည်ရင်တော့ အလုပ်မဖြစ်သေးပါဘူး

ဥပမာ- သူဌေးကြီး ဆြာဦးသွင်ဟာ စက်ရုံစတည်တော့ အလုပ်နဲ့အိမ်ကို လမ်းလျှောက်တယ်၊ နည်းနည်းအဆင်ပြေတော့
စက်ဘီးတစီးဝယ်စီးတယ်၊ များများအဆင်ပြေတော့ ကားတစီးဝယ်စီးတယ်၊ စက်ရုံစတည်ကာစမှာ ကားဝယ်စီးနိုင်ပေမဲ့ မစီးပဲနဲ့  ဝင်ငွေရလာမှ တန်ရာတန်ရာကို ဝယ်စီးတယ်။

ကိုယ့်မှာ အခြေအနေနဲ့ အချိန်အခါအရ အရင်းအနှီးမရှိဘူးဆိုရင် ဖြစ်နိုင်တဲ့ အခြေအနေကနေ စလုပ်ရပါမယ်။ ပြီးမှ တဆင့်ချင်းစီတက်ပြီး
လက်တွေ့ကြိုးစား အကောင်အထည်ဖေါ်ရပါမယ်

တကယ်တော့ မိမိကိုယ်တိုင် အဆင်မပြေဘူး ဆိုတာဟာ အခြေအနေနဲ့ အချိန်အခါကို
နားမလည်လို့ပါ။

စီးပွားရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ ဘာအရေး
ပဲဖြစ်ဖြစ် ဖြစ်ချင်တာကို ဖြစ်နေတဲ့အခြေအနေနဲ့ညှိ။ ဖြစ်နိုင်လား မဖြစ်နိုင်လား အရင်တွေး။ မဖြစ်နိုင်ဘူးဆိုရင် မဖြစ်ချင်နဲ့။ ဖြစ်သင့်တာက စလုပ်။ တနေ့ကျရင် ဖြစ်ချင်တာ ဖြစ်လာလိမ့်မယ်။

ဖြစ်ချင်တာ
ဖြစ်နိုင်တာ
ုဖြစ်နေတာ
ဖြစ်သင့်တာ

အဲဒီဖြစ်လေးဖြစ်ကို နားလည်အောင်ကြိုးစား။

ကြက်က ဘဲတောင်ရေကူးတတ်သေးတာပဲ။ ငါလည်း သူ့လို အတောင်ပံပါတာပဲ ဘာလို့ မဖြစ်နိုင်ရမှာလည်းဆိုပြီး မခံချင်စိတ်နဲ့ ရေဆင်းကူးလို့ကတော့ ယက်ကန်ယက်ကန်နဲ့ပဲ ပြီးမယ်။

ဘဝပေးအခြေအနေတွေ မတူကြဘူး။
ကံတွေမတူကြဘူး။

သူ့ကျတော့ဖြစ်ပြီး။ ငါ့ကျတော့ဖြစ်ချင်မှဖြစ်တာ။

မိန်းမတယောက်က ဘဝအကျိုးပေးကောင်းလို့ မိသားစုကိစ္စ ပျော်ရွှင်ရပေမဲ့ အခြားမိန်းမတယောက်က ဘယ်လောက်ပဲ
ကောင်းအောင်နေနေ အတိတ်ကံမကောင်းခဲ့ရင်
ဒီဘဝမှာ မိသားစုနဲ့ အဆင်မပြေနိုင်ဘူး။

ပြောချင်တာက

တဦးနဲ့တဦး ဘဝပေးကုသိုလ် မတူညီကြဘူး။

လူတွေဘာ့ကြောင့် စိတ်ဆင်းရဲသလိုဆိုတော့
ဖြစ်လေးဖြစ်ကို နားမလည်လို့ စိတ်ဆင်းရဲနေကြတာပဲ။

ဒါ့ကြောင့်

စိတ်ချမ်းသာချင်ရင်တော့ မိမိရဲ့ဖြစ်နေတဲ့ အခြအနေနဲ့ အချိန်အခါကို နားလည်အောင် ကြိုးစားဖို့လိုတယ်

အဲဒါကို
ယောနိသောမနသီကာရ လို့ ခေါ်တယ်


Credit: Wai Lin Aung

"ပျော်စရာည"


"ပျော်စရာည"

အမျိုးသမီးနှစ်ယောက် ရုံးခန်းထဲမှာ စကားပြောနေကြတယ်...

ပထမအမျိုးသမီး။ မနေ့ညကလေ စိတ်ချမ်းသာဖို့ကောင်းလိုက်တာ... နင်ကော ဘယ်လိုလဲ...

ဒုတိယအမျိုးသမီး။ စိတ်ပျက်စရာကြီးပါဟယ်... ငါ့ယောက်ျား အိမ်ပြန်လာတယ်... ညစာကို ၃ မိနစ်နဲ့ အပြီးစားပြီး ၂ မိနစ်အတွင်း အိပ်သွားတာပဲ... ဒါနဲ့ နင်ကဘယ်လို စိတ်ချမ်းသာဖို့ကောင်းတာလဲ...

ပထမအမျိုးသမီး။ တကယ်ပျော်စရာကြီးဟယ်... ငါ့ယောက်ျား အိမ်ပြန်ရောက်တာနဲ့ ငါ့ကို အပြင်ခေါ်ထွက်ပြီး ညစာကျွေးတယ်... အရမ်းကြည်နူးဖို့ကောင်းတယ်... ညစာစားပြီးတော့ တစ်နာရီလောက် လမ်းတူတူ လျှောက်ကြသေးတယ်... အိမ်ပြန်ရောက်တော့ သူက တစ်အိမ်လုံး ဖယောင်းတိုင်တွေ လိုက်ထွန်းတယ်... တကယ့်ကို စိတ်ကူးယဉ် ပုံပြင်တွေထဲကအတိုင်းပဲ...
-
-
-
-
-
အဲ့ဒီအချိန်မှာပဲ သူတို့ရဲ့ အမျိုးသားနှစ်ယောက်ဟာ အလုပ်မှာ စကားပြောနေကြတယ်...

ပထမအမျိုးသား။ မနေ့ညက ဘယ်လိုလဲ....

ဒုတိယအမျိုးသား။ အေးဆေးပါပဲ... အိမ်ပြန်ရောက်တော့ မိန်းမက ထမင်းပွဲပြင်ပြီးသားပဲ... ငါလည်းစားပြီးတာနဲ့ အိပ်ပစ်လိုက်တာပဲ... မင်းကော ဘယ်လိုလဲ...

ပထမအမျိုးသား။ တကယ်စိတ်ဓာတ်ကျပါတယ်ကွာ.. ငါအိမ်ပြန်ရောက်တော့ ညစာလည်းမချက်ရသေးဘူး.. မီတာခဆောင်ဖို့ မေ့နေတာနဲ့ မီးကလည်း အဖြတ်ခံထားရတယ်... ဒါနဲ့ ငါ့မိန်းမကိုခေါ်ပြီး အပြင်မှာ ညစာလိုက်ကျွေးတယ်... ဈေးကလည်း ကြီးလိုက်တာကွာ... ကားငှားဖို့တောင် ပိုက်ဆံမလောက်တော့ဘူး... ငါတို့နှစ်ယောက် အိမ်ကို လမ်းလျှောက်ပြန်လာတာ တစ်နာရီလောက်ကြာတယ်... အိမ်ပြန်ရောက်မှ မီးပြတ်နေတာသတိရတယ်... ဒါနဲ့ ငါလည်း တစ်အိမ်လုံး ဖယောင်းတိုင် လိုက်ထွန်းရတော့တာပေါ့...


Faisal Patel

နှိုင်းရင့်နွေ

"ကလေးများကို ထမင်းဝါးကျွေးခြင်းက ကူးစက်ရောဂါဖြစ်ပွားနိုင်"


"ကလေးများကို ထမင်းဝါးကျွေးခြင်းက ကူးစက်ရောဂါဖြစ်ပွားနိုင်"

ကလေးငယ်များကို ထမင်းဝါးကျွေးခြင်းကြောင့် အသည်းရောင်အသားဝါ ဘီပိုးနှင့် အခြား ကူးစက်ရောဂါပိုးများ ကူးစက်စေနိုင်ကြောင်း သိရသည်။

လူကြီးတစ်ယောက်၏ တံတွေးတွင် ဘက်တီးရီးယားများ ရှိနေခြင်းကြောင့် ကလေးများအား အစားအစာများကို ဝါးကျွေးခြင်းမှ ရှောင်ကြဉ်သင့်ကြောင်း၊ ကူးစက်ရောဂါပိုးများဖြစ်သော ဘီပိုး၊ စီပိုး၊ အသည်းရောင်အသားဝါပိုးများသည် လူကြီးတစ်ဦးတံထွေးမှ ကလေးများထံ ကူးစက်စေနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန်များက ပြောသည်။

“ကလေးတွေကို အစားအစာတစ်ခု ကျွေးတော့မယ်ဆိုရင် မိဘတွေက ဝါးပြီး ကျွေးကြတာများတယ်။ အဲဒီ လိုကျွေးတဲ့အခါမှာ လူကြီးမှာရှိတဲ့ တံတွေးကနေတစ်ဆင့် အခြားမလိုလားအပ်တဲ့ ကူးစက်ရောဂါတွေ ဖြစ်စေပါတယ်။ အများဆုံးကတော့ တံတွေးကတစ်ဆင့် ဘီပိုး၊ စီပိုး၊ အသည်းရောင်အသားဝါပိုးအပြင် အခြားသော ကူးစက်ရောဂါပိုးတွေကိုလည်း ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ကလေးကို အစာကို ဝါးပြီးကျွေးတာ မပြုလုပ်သင့်ပါဘူး” ဟု အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာအေးအေးလွင်က ပြောသည်။

တံတွေးဆိုသည်မှာ သန့်ရှင်းခြင်းမရှိဘဲ ဘက်တီးရီးယားများ ရှိနေနိုင်သည့်အတွက် အစားအစာများအား ဝါးကျွေးခြင်းအစား ကြိတ်၍ကျွေးခြင်း၊ ခြေကျွေးခြင်းများကို ပြုလုပ်သင့်ကြောင်း တံတွေးမှတစ်ဆင့် ရောဂါပိုးများကို ကူးစက်နိုင်သည့်အတွက် ထိခိုက်ရှနာများဖြစ်လျှင် မိမိ၏တံတွေး (သို့) အခြားသူ၏ တံတွေးများဆွတ်ခြင်းကို မပြုလုပ်သင့်ကြောင်းလည်း ဒေါက်တာအေးအေးလွင်က ဆက်လက်ပြောသည်။

“ကျွန်မတို့ လူမျိုးတွေမှာ တစ်ခုခုထိခိုက်မိတာပဲဖြစ်ဖြစ် ပွန်းပဲ့လို့ သွေးထွက်တာပဲဖြစ်ဖြစ် ဖြစ်တဲ့အနာပေါ်ကို တံတွေး ဆွတ်တတ်ကြတယ်။ ပါးစပ်ထဲမှာ ငုံထားတတ်ကြတယ်။ အဲ့ဒါက လွဲမှားတဲ့အယူအဆတစ်ခုလို့ ထင်ပါတယ်။ တံတွေးက အများမြင်သလို သန့်ရှင်းနေတာတော့ မဟုတ်ပါဘူး။ ပါးစပ်ထဲမှာက လက်ပေါ်မှာမရှိတဲ့ဘက် တီးရီးယားတွေ ပြည့်နေတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် ဘယ်သူ့တံတွေးပဲဖြစ်ဖြစ် မဆွတ်သင့်ပါဘူး။ တံတွေးကနေတစ်ဆင့် ရောဂါပိုးတွေ ကူးစက်ဝင်ရောက်နိုင်ပါတယ်” ဟု ပြောသည်။

တစ်နေ့တွင် လူတစ်ယောက်ကို တံတွေး ၁ လီတာကနေ ၂ လီတာ (ရေသန့်ဘူးတစ်လုံးစာကနေ ၂ လုံးစာ) အထိ ထွက်လေ့ရှိပြီး အတိအကျသိရန် ခက်ခဲကြောင်း တံတွေးတွင် သတ္တုဓာတ်၊ ပရိုတင်းဓာတ်နဲ့ အခြားဓာတ်ပစ္စည်းများလည်း ပါဝင်နေကြောင်း၊ တံတွေးတွင် ရေဓာတ် ၉၉ ရာခိုင်နှုန်းကျော်လည်း ပါဝင်နေကြောင်း သိရသည်။

“ပါးစပ်ထဲမှာရှိတဲ့ တံတွေးကနေတစ်ဆင့် ကိုယ်စားသုံးလိုက်တဲ့ အရသာ ချို၊ ချဉ်၊ ငန်၊ ခါး စတဲ့ အရသာတွေကို သိရှိနိုင်ပါတယ်။ ပြီးတော့ တံတွေးမှာ ဓာတ်ပစ္စည်းတွေ အများကြီး ပါဝင်တဲ့အတွက် အစားကြေညက်ဖို့နဲ့ အလွယ်တကူမျိုချဖို့ကို ကူညီပါတယ်။ စိုစွတ်မှုမရှိတဲ့ လျှာ၊ ခြောက်သွေ့နေတဲ့လျှာက အရသာကို မခံစားနိုင်ပါဘူး။ ကိုယ်စားလိုက်တဲ့ အရသာသိဖို့အတွက် တံတွေးရှိရတာပါ” ဟု ဆက်လက်ပြောသည်။

အဆိုပါတံတွေးနည်းပါးပြီး ခြောက်သွေ့သော ခံတွင်းသည် အနံ့ဆိုးများ ထွက်ရှိလာသလို နာကျင်မှုကိုလည်း ခံစားရလေ့ရှိကြောင်း သိရသည်။


Credit: The Ladies News Journal

Monday, July 27, 2015

"ယောင်္ကျားလေးများ ခိုးခိုးကြည့်ကြသော ..."


"ယောင်္ကျားလေးများ ခိုးခိုးကြည့်ကြသော ..."

မိန်းကလေးတွေ အမြဲ လှပစေရန် အစဉ်အမြဲဆိုသလို လေ့ကျင့်ခန်း၊ တကိုယ်ရည်သန့်ရှင်းရေးကို စနစ်တကျ ကြိုးစားပြီး လုပ်နေလို့သာပေါ့။
ဒါတောင် မလုံလောက်သေးဘူးလို့ ထင်ပါတယ်။ ဒါကို ယောင်္ကျားလေးတွေက လက်မခံသလို နားလည်ဖို့လည်း မကြိုးစားနိုင်သူတွေ ရှိပါလိမ့်မယ်။
ဒါပင်မဲ့ မိန်းကလေးတစ်ယောက် ကိုယ့်ရဲ့နားကနေ ဖြတ်လျှောက်သွားချိန်မှာတော့ ကြည့်မိကြည့်မှာပေါ့နော်။ အထူးသဖြင့် ဖလန်းဖလန်းထနေသူလေးများကို ကြည့်ဖြစ်မှာပါ။ သူလေးတွေရဲ့ ဘယ်နေရာကို အကြည့်များသလဲ ဆိုတာကို ပြောလိုက်ရတော့မလား။

၁။ လက်ကို မြှောက်လိုက်တဲ့အချိန်
မိန်းကလေးတစ်ယောက်က လက်ကို မြှောက်လိုက်ချိန်မှာ ယောင်္ကျားလေးတစ်ယောက်က သူ့ရဲ့ဂျိုင်းသားရှိတဲ့နေရာလေးကို ကြည့်မိကြတယ်သတဲ့။ ဂျိုင်းသားဖွေးဖွေးလေးကို မြင်ရင် စိတ်ချမ်းသာတယ်ထင်တယ်။

၂။ လက်မောင်းလေးက သေးလားကြီးလား
မိန်းကလေးရဲ့ လက်မောင်းက သေးလား ကြီးလားဆိုပြီး ကြည့်မိကြပြန်ပါတယ်တဲ့။

၃။ ရင်သားကို ကြည့်မိတယ်
ရင်သားကို ကြည့်မိတယ်ဆိုလို့ နာဘူးလို့ မထင်လိုက်ပါနဲ့။ မိန်းကလေးတစ်ယောက်ရဲ့ ရင်သားဆီကို ယောင်္ကျားလေးတွေရဲ့ မျက်စိ ရောက်သွားတယ်ဆိုတာ ကြီးငယ်မရွေး ဖြစ်တတ်တယ်လို့ ဆိုပါတယ်။


Credit: Chelmo Team

"စုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်စွာ ချစ်တယ်ဆိုတာကို တစ်ယောက်ဆံပင် တစ်ယောက်ညှပ်ပြီး ပြသလာကြ"


"စုံတွဲတွေ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်စွာ ချစ်တယ်ဆိုတာကို တစ်ယောက်ဆံပင် တစ်ယောက်ညှပ်ပြီး ပြသလာကြ"

အချစ်စစ်ဆိုတာ ယုံကြည်မှုကို ပြသခြင်းတစ်မျိုးပါပဲ။ လူတစ်ယောက်ကို ချစ်မိရင် သူ့ကို အလိုလို ယုံကြည်သွားမိသလိုမျိုးပေါ့။ ဒါပေမယ့် ကိုယ့်ဆံပင်ကို ပုံအပ်ပြီး ချစ်ပြတာမျိုးတော့ ကြားဖူးကြလိမ့်မယ် မထင်ပါဘူးနော်။

ဆံပင်က မျက်နှာသွင်ပြင်ကို ပြောင်းလဲစေတာမို့ တကယ့်ကို အရေးကြီးတဲ့အရာပါ။ ဆံပင်ပုံစံနဲ့ မျက်နှာ မလိုက်ဖက်ဘူးဆိုရင် ဘယ်လိုမှ ကြည့်ကောင်းမှာ မဟုတ်ဘူးလေ။ ဒါပေမယ့် သင့်ဆံပင်ကို ကိုယ့်ချစ်သူကို ညှပ်ခိုင်းပြီး သူ့ကို ဘယ်လောက်ယုံတယ်ဆိုတာမျိုးကတော့ နည်းနည်းများသွားပြီပေါ့။

BuzzFeed က ဗီဒီယိုတစ်ခုမှာ ကောင်မလေးတွေက သူ့ချစ်သူကောင်လေးတွေကို သူတို့ ဘယ်လောက်ချစ်ကြောင်း ပြဖို့ သူမဆံပင်တွေကို ကောင်လေးတွေစိတ်ကြိုက် ညှပ်စေသလို ကောင်လေးတွေကလည်း ကောင်မလေးစိတ်ကြိုက် ဆံပင်အညှပ်ခံခဲ့ကြပါတယ်။ ကဲ ဘယ်လိုသဘောရပါသလဲ။ ညှပ်ပြီးသွားတဲ့ အများစုကတော့ သူတို့အသစ်ညှပ်ထားတဲ့ ဆံပင်ပုံတွေနဲ့ တော်တ်ာလေး အဆင်ပြေနေကြတာ တွေ့ရပါတယ်။

ကဲ ရေစီးကြောင်းနောက်တစ်ခုက လူငယ်စုံတွဲတွေကြား ဘယ်လောက်ထိ ထပ်မံ ပျံ့နှံ့ဦးမလဲ စောင့်ကြည့်ရဦးမှာပေါ့။


မေသော်

Credit: Trend Myanmar

"နေ့စဉ် လူအများစု သွားတိုက်ရာမှာ ပြုလုပ်မိနေတဲ့ အမှား (၈) မျိုး"


"နေ့စဉ် လူအများစု သွားတိုက်ရာမှာ ပြုလုပ်မိနေတဲ့ အမှား (၈) မျိုး"
 
သွားတိုက်တယ်ဆိုတဲ့ အပြုအမူဟာ လူတွေ သိထားတာထက် ပိုမိုရှုပ်ထွေးပါတယ်။ လုပ်မိနေကျ မှားယွင်းတဲ့အကျင့်လေးတွေက သင့်ရဲ့ သွားတွေကို သိသိသာသာ ထိခိုက်စေနိုင်ပါတယ်။ နာမည်ကြီးသွားဆရာဝန် Dr.Michael Tam ကို Dailymail အဖွဲ့က တွေ့ဆုံပြီး လူတွေ သတိမထားမိတဲ့ အကြီးမားဆုံးအမှားတွေကို မေးမြန်းခဲ့တာဖြစ်ပါတယ်။

၁။ ပလုတ်ကျင်းခြင်းသွားတိုက်ပြီး ပလုတ်ကျင်းရမယ်လို့ လူတော်တော်များများ ထင်နေကြပါတယ်။ ဒီထဲမှာတော့ သွားကျွမ်းကျင်သူပညာရှင်တွေ မပါဝင်ပါဘူး။ “သွားတိုက်ဆေးနဲ့ တိုက်ပြီးပြီးချင်းမှာ ပလုတ်မကျင်းသင့်ဘူးဆိုတာ လူတွေ မသိကြဘူး ထင်ပါတယ်။ ဘာလို့လည်းဆိုတော့ ပါးစပ်တစ်ဝိုက်ကို သွားတိုက်ဆေးနဲ့ ထိတွေ့မှုပေးပြီး ပါးစပ်ပတ်ဝန်းကျင်ကို ပြန်လည်ကောင်းမွန်စေဖို့ပါ”“ ပါးစပ်တွင်းကလေနဲ့တင် ပလုတ်ကျင်းသလို လုပ်ပြီး ထွေးထုတ်လိုက်ပါ။ ရေနဲ့တော့ ပြောင်အောင် ပလုတ်မကျင်းလိုက်ပါနဲ့။ သွားတိုက်တိုက်ပြီးချင်း အနည်းဆုံး မိနစ်သုံးဆယ်လောက် ဖလိုရိုက်ကို သွားပေါ်မှာ ရှိနေစေဖို့ လိုပါတယ်။

၂။ အစာစားပြီးပြီးချင်း သွားမတိုက်ပါနဲ့
လူတွေဟာ မနက်အိပ်ရာထထချင်း သွားတိုက်တတ်ကြပေမယ့်၊ အစာစားပြီးနောက် သွားမတိုက်ခင် မိနစ်သုံးဆယ်လောက် စောင့်ဖို့ လိုပါတယ်။ “အစားအစာနဲ့ အက်ဆစ်ပါဝင်တဲ့ ဖျော်ရည်တွေက သွားအပေါ်ယံ ကြွေသွားကို ပျော့ပြောင်းသွားစေပါတယ်။ ဒါကြောင့်မို့ ပါးစပ်တွင်းက အက်ဆစ်ဓာတ် အချိုးအစားကို ပြန်လည်ချိန်ညှိပေးနိုင်ဖို့အတွက် မိနစ်သုံးဆယ်လောက် စောင့်ပေးဖို့က အရေးကြီးပါတယ်။” “ကျွန်တော်တို့က အမြဲတမ်း အလျင်လိုနေတတ်တာကြောင့် မစောင့်နိုင်ဘူးဆိုရင်လည်း အယ်ကာလိုင်း ပါဝင်တဲ့ နို့လိုဖျော်ရည်မျိုးတွေ သောက်ပေးသင့်ပါတယ်”

၃။ သွားကို အားနဲ့ဖိတိုက်ခြင်း
“လူတွေဟာ သွားတိုက်ရာမှာ ဖိပြီး အားကြမ်းကြမ်းနဲ့ တိုက်နေကြပါတယ်။ အားပြင်းပြင်းတိုက်လို့ ပျက်စီးရတဲ့ သွားတွေကို ကျွန်တော်တို့ မကြာခဏ တွေ့နေရပါတယ်” “အမွေးနုနုပါတဲ့ သွားတိုက်တံကိုပဲ သုံးသင့်ပါတယ်။ အမွေးနုကြောင့် ပွန်းပဲ့ဒဏ်ကို လျှော့ကျစေပြီး ဖြည်းဖြည်းညှင်းညှင်းပဲ တိုက်သင့်ပါတယ်”

၎။ အနည်းဆုံး ၂ မိနစ်မပြည့်အောင် တိုက်ခြင်း ပျှမ်းမျှသွားတိုက်ကြာချိန်က ၂ မိနစ် ပြည့်ပြီး ဘယ်လိုအကြောင်းနဲ့မှ ဒီထက် မနည်းသင့်ဘူးလို့ Dr.Tam က ပြောပြပါတယ်။ “၂ မိနစ် မပြည့်အောင် မတိုက်ဘူးဆိုရင်တော့ သွားပေါ်မှာ သွားချေးကျောက် အကြွင်းအကျန်တွေနဲ့ အစားအကြွင်းအကျန်တွေ ကျန်နေနိုင်စေပါတယ်။”

၅။ အဆာပြေခဏခဏစားခြင်း
တစ်နေ့လုံး အဆာပြေ ခဏခဏစားနေတာက သွားကျန်းမာရေးကို ဆိုးရွားစေပြီး သွားတိုက်စဉ်မှာလည်း သွားပျက်စီးမှုကို ပိုမိုဖြစ်စေနိုင်ပါတယ်။ “သာမန်အခြေအနေမှာ ပါးစပ်တွင်း pH အခြေအနေ မျှတနေပြီး ကျွန်တော်တို့ အဆာပြေ ဖြစ်ဖြစ် အစားအစာတစ်ခုခု စားလိုက်ရင် pH အဆင့်က ကျသွားပါတယ်။ ပါးစပ်တွင်း အက်ဆစ်ဓာတ်ပိုများလာပြီး ကြွေသားနဲ့ ပတ်သက်တဲ့ ပြဿနာတွေအထိ ကြုံတွေ့နိုင်ပါတယ်”

၆။ သန့်စင်ထုပ်ပိုးထားတဲ့ ရေသန့်ဘူးတွေ သောက်သုံးခြင်း
ဖလိုရိုက်ဒ်က ဘုံပိုင်ကကျတဲ့ရေမှာတင် ပါပါတယ်။ ဒါကြောင့်မို့လို့ ရေသန့်ဘူးတွေ သောက်နေတဲ့လူတွေက သဘာဝတရားက ပေးထားတဲ့ သွားကာကွယ်မှုဓာတ်ကို စွန့်ပစ်ထားသလိုပါပဲ။

၇။ သွားရဲ့ရှေ့ဘက်ကိုသာ တိုက်ခြင်း
လူတွေက သွားတောက်ပလှပဖို့၊ အပြုံးလေးတွေလှဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ သွားတိုက်ကြတာများပါတယ်။ ဒါကြောင့် သွားရဲ့နောက်ဘက်ခြမ်းက မကြာခဏ လျစ်လျူရှု ခံထားရသလို ဖြစ်နေပါတယ်။ သွားချေးတွေက သွားရဲ့နောက်ဘက်မှာလည်း ကပ်နေတာပါ လို့ Dr.Tam က ပြောကြားခဲ့ပါတယ်။

၈။ ရေချိုးနေရင်း သွားတိုက်ခြင်း
ရေပန်းအောက်မှာ သွားတိုက်တာက အလုပ်နှစ်ခု တစ်ပြိုင်တည်း ပြီးသလိုရှိတယ်လို့ ထင်ရပေမယ့် သွားတိုက်ရာမှာ အာရုံစိုက်မှု လျော့စေနိုင်ပါတယ်။ “ကြည့်မှန်တစ်ချပ်ရှေ့မှာ သွားတိုက်တာက အကောင်းဆုံးပါပဲ။ ကိုယ် ဘာလုပ်နေလဲ ကိုယ် အာရုံစိုက်မိအောင်လို့ပါ” လို့ Dr.Tam က ပြောကြားခဲ့ပါတယ်။ သွားတိုက်တဲ့နှစ်မိနစ်မှာ နေရာတိုင်းကို သွားတိုက်တံနဲ့ တိုက်နိုင်ဖို့ကလည်း အရေးကြီးကြောင်း သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။


ye wint

Credit: Trend Myanmar

"သင့်ချစ်သူနဲ့ လမ်းခွဲသင့် မခွဲသင့် ဒီမေးခွန်း (၃) မျိုးက ဆုံးဖြတ်ပေးသွားနိုင်"


"သင့်ချစ်သူနဲ့ လမ်းခွဲသင့် မခွဲသင့် ဒီမေးခွန်း (၃) မျိုးက ဆုံးဖြတ်ပေးသွားနိုင်"

ချစ်သူနဲ့ လမ်းခွဲလိုက်ရတော့မှာလား၊ ဒါမှမဟုတ် ဆက်ချစ်သွားရမှာလား။ ကိုယ့်ကိုယ်ကို ဒီလိုမေးခွန်း မေးနေရပြီဆိုကတည်းက သင်တို့ချစ်သူနှစ်ဦးကြားမှာ အဖုအထစ်လေးတွေ ရှိနေလို့ပါ။ ဒါပေမယ့် လမ်းခွဲရလောက်အောင်ထိ ကြီးကျယ်တာ မဟုတ်ပဲ သင်ကိုယ်တိုင်က မခံစားနိုင် ဖြစ်နေတာမျိုးလား၊ ဒါမှမဟုတ် လမ်းခွဲသင့်နေပါရဲ့နဲ့ သံယောဇဉ်လက်ကျန်ကြောင့် သင်ဟာ ပူလောင်တဲ့ခံစားချက်တွေ ရင်ထဲထည့်ပြီး ရှေ့ဆက်နေရတာမျိုးလား။ ဒီတော့ ပြတ်ပြတ်သားသား တစ်ခုခု မဆုံးဖြတ်ခင် ကိုယ့်ကိုယ်ကို ဒီမေးခွန်း (၃) မျိုး အရင်မေးကြည့်လိုက်ပါ။

၁။သင့်ရဲ့ မသိစိတ်က ဘယ်လိုမျိုးဖြစ်နေသလဲ။

တစ်ခါတစ်လေ ကိုယ့်စိတ်က အလိုလို သိနေတယ်ဆိုတာမျိုး ခဏခဏ ပြောဖူးပါလိမ့်မယ်။ မသိစိတ်ကို သင် ယုံကြည်နိုင်ပါတယ်။ တစ်ခါတစ်လေ စိတ်ထဲထင့်နေတာ တကယ်ကြုံလိုက်ရတာမျိုးပေါ့။ ဒီတော့ ပထမဆုံး သင့်ကိုယ့်သင် မေးကြည့်ရမှာက ငါတို့ ရှေ့ဆက်သင့်သလားဆိုတာ ပြန်မေးကြည့်ပါ။ သင့်စိတ်ထဲ ထင့်နေပါသလား၊ ယုံကြည်ချက် ရှိနေသလားဆိုတာကိုပေါ့။

၂။နှစ်ယောက်သား အဆင်ပြေနေတာထက် မကြာခဏကို ရန်ဖြစ်နေရပါသလား။

ချစ်သူတွေ တစ်ဦးနဲ့တစ်ဥိး ကတောက်ကဆဖြစ်တာမျိုး၊ ငြင်းခုံရတာမျိုးတွေကတော့ ကြုံရမှာမို့ မထူးဆန်းပါဘူး။ ဒါပေမယ့် သင်တို့နှစ်ဦးကြား ပြသနာတွေက သေးရာကနေ အမြဲအကြီးကြီး ဖြစ်သွားတတ်ပြီး တစ်ပတ်မှာ ငါးရက်လောက် ပြသနာတက်နေတယ်၊ ညှိုနှိုင်းပေမယ့်လည်း အဆင်မပြေပဲ နားလည်မှု ပိုလွဲသွားတတ်တယ် ဆိုရင်တော့ သင့်အချစ်ရေးကို အဆုံးသတ်ဖို့ အချိန်ပါပဲ။

၃။သူ့ကို အမှတ်တွေပေးကြည့်ပါ။

ဒီအချက်ကတော့ သေချာလေး စဉ်းစားကြည့်ရမယ့် အပိုင်းပေါ့။ သူ့ကို တစ်ချက်ချင်းစီ အမှတ်ပေးကြည့်ပါ။ ဘယ်လိုအချက်တွေလဲဆိုတော့ သင်တို့နှစ်ဦးရဲ့အလုပ်အကိုင်ကို စဉ်းစားပါ။ ရေရှည်မှာ သူက ဘယ်လိုဆိုတာမျိုး စဉ်းစားပါ။ ပိုက်ဆံကိစ္စကိုလည်း မေ့ထားလို့မရပါဘူး။ စုဆောင်းဖြစ်တာ၊ သုံးစွဲဖြစ်တာ၊ အကြွေးတွေများနေတာ စသဖြင့်ပေါ့လေ။ ဘာသာရေးမှာရော ဘယ်လိုရှိလဲ။ အိမ်ထောင်ပြုမယ်ဆိုရင် ကလေးယူဖို့ မယူဖို့ အယူအဆကွဲပြားနေတာမျိုး ရှိသလား။ ဘယ်လိုပတ်ဝန်းကျင်မှာ နေထိုင်ချင်တာလဲ။ နှစ်ယောက်အတူ မက်နေတဲ့ အိပ်မက်မျိုးရှိသလား။ သူကရော စတင်အကောင်အထည်ဖော်နေပြီလား။ သူက ကိုယ့်ကို ကိုယ်ထိလက်ရောက် စော်ကားဖူးတာမျိုး ရှိသလား စတာတွေကို တစ်ချက်ချင်း အမှတ်ပေးသွားလိုက်ပါ။ အမှတ်က သင် ထက်တာထက် ပိုများနေရင်တော့ လမ်းခွဲတာထက် ညှိုနှိုင်းတာမျိုး ထပ်လုပ်ကြည့်သင့်ပါတယ်။


မေသော်

Credit: Trend Myanmar

Sunday, July 26, 2015

"အွန်လိုင်း ချစ်သူကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ မိန်းကလေး"


"အွန်လိုင်း ချစ်သူကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တဲ့ မိန်းကလေး"

တရုတ်နိုင်ငံမှာရှိတဲ့ အသက် (၂၃) နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ အွန်လိုင်းပေါ်မှာ တွေ့ခဲ့တဲ့ ချစ်သူကို အယုံလွယ်ခဲ့တာမို့ စိတ်ပျက်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။ ဒီမိန်းကလေးရဲ့ အွန်လိုင်းပေါ်က ချစ်သူဟာ သူ့ထက် အသက် (၁၀) နှစ် ကြီးတယ်လို့ ဆိုထားပါတယ်။ မိန်းကလေးရဲ့ မိဘတွေက အွန်လိုင်းပေါ်က ချစ်သူကို သဘောတွေ့ခဲ့ခြင်း မရှိပါဘူး။ ဒါပေမဲ့ မိန်းကလေးဟာ အွန်လိုင်းပေါ်က ချစ်သူကိုပဲ စွဲလန်း နှစ်သက်ခဲ့ပါတယ်။

တစ်နေ့မှာ မိန်းကလေးဟာ အွန်လိုင်းပေါ်က ချစ်သူကို အပြင်မှာတွေ့ဖို့ စီစဉ်ခဲ့ပါတယ်။ ဒီအချိန်မှာ ပြဿနာ စတင်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အွန်လိုင်းပေါ်က ချစ်သူဟာ အပြင်မှာတွေ့ရတဲ့ ချစ်သူနဲ့ တူညီခြင်းမရှိဘဲ အွန်လိုင်းပေါ်မှာ ဓာတ်ပုံ အတုကို တင်ပြီး  မိန်းကလေးကို လှည့်ဖြားမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ သတင်းမှာ ဖော်ပြချက်အရ မိန်းကလေးဖြစ်သူရဲ့ အွန်လိုင်းပေါ်က ချစ်သူဟာ ထင်မှတ်ထားသလို မဟုတ်ဘဲ ရုပ်အလွန်ဆိုးတယ်လို့ သိရှိရပါတယ်။ ဒါကြောင့် မိန်းကလေးဖြစ်သူဟာ စိတ်ပျက်ပြီး ခုနစ်ထပ်ပေါ်မှာရှိတဲ့ ၀ရံတာမှာ ဖန်ကွဲစတွေနဲ့ သူ့ရဲ့လက်ကို ဖြတ်ပြီး သတ်သေဖို့ ကြိုးစားခဲ့တာပါ။ ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိသွားချိန်မှာ ချစ်သူ ဖြစ်သူဟာ လိမ်ညာမှုတွေ ပြုလုပ်ခဲ့တယ်လို့ အော်ဟစ် ပြောဆိုခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ် လူမှုကွန်ရက်တွေမှာ ရေပန်းစားခဲ့ပြီး အယုံမလွယ်ကြဖို့ သတိပေးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ မိန်းကလေး ဖြစ်သူကို ဆေးရုံကို အချိန်မီ ပို့နိုင်ခဲ့တာကြောင့် အသက်အန္တရာယ် စိုးရိမ်စရာ မလိုတော့ဘူးလို့ သိရပါတယ်။


အေသင်အောင်

Credit: messenger

"ဟုတ်တယ်…ဒါဆိုချစ်သွားပြီထင်တယ်"


"ဟုတ်တယ်…ဒါဆိုချစ်သွားပြီထင်တယ်"

(၁)ဘယ်လောက်ပဲ အလုပ်ရှပ်နေပါစေ ကိုယ့်ဖုန်းကို ဖွင့်ထားပြီး သူ့ဆီက မတ်ဆေ့ ဒါမှမဟုတ် ဖုန်းကိုစောင့်နေမိတယ်ဆိုရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

(၂)သူနဲ့အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင် သူ့ကို
ကိုယ် ချစ်မိသွားလို့ပဲ။

(၃)အတူရှိနေတဲ့အချိန် သူ့ကို ဂရုမစိုက်ချင်ဟန် ဆောင်နေပေမယ့် ကိုယ့်မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

(၄)သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လိုတာထက် ပိုစိုးရိမ်မိရင် သူ့ကို ကိုယ်
ချစ်မိသွားလို့ပဲ။

(၅)တစ်ခြားလူအပေါ် သူစေတနာပိုမိလို့ ကိုယ့်စိတ်ထဲကနေ မနာလို အူတိုမိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

(၆)သူ့ရဲ့ချိုမြမြ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်တတ်ရင်
သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

(၇)ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိရနေမိရင် သူ့ကို ကိုယ် ချစ်မိသွားလို့ပဲ။

ဟဲဟဲ့သယ်ရင်းသူ့ကို ချစ်နေတယ်မလာ့း
အဟတ်ဟတ်
ဟုတ်တယ်ဟုတ်


Credit: ဖြိုးဇာနည်

Saturday, July 25, 2015

"ဖတ်မိသမျှ ဖောက်သည်ချတာ နော်.........."

"ဖတ်မိသမျှ ဖောက်သည်ချတာ နော်.........."

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်.. သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့ ၀မ်းသားအားရ ဖြစ်ပြီး စာ ဖောက်ဖတ်တာပေါ့။ စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ၊ စကားဝဲတဲ့ လေသံအတိုင်း ရေးထားတဲ့စာကို ဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့။ နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ် အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ်။

ကိုယ်လုံး ...
(စတာနဲ့ မှားပြီ.. ယ ပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်ကခေါင်းပြတ်နေလို့လား)။

ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး
(ဖာကို ခေါင်းကြားညှပ်တာ..)

မျိုသွားပြီ ဆိုတာ သိတော့
(မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ)

မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ
(ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ)။

မီးအရင်လိုခြစ်နေတုန်းပါပဲ
(ဂတ်စ်လည်း အတော်ကုန်လောက်ပြီ)။

ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့ နိုင်ငံခြားတောင်သွားမလားလို့)။

မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင်
(အမ်!)။

မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။
ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။ အားပါး..အရမ်း ဆီကားပဲ
(ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ)။

ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်..
(နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး)။

မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။ မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး..
(ဒါတော့သိတယ်..ဟွန်း)။

ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့..
(မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်)။

ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့.. အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက
ပြဲသကိုး တော်ရေ့
( အသံ..အသံ!! အထင်လွဲစရာတွေဖြစ်တော့မယ်)။

တို့ရွာက သုတ်ကြီးဆိုရင်
(တုတ်ကြီးလုပ်ပါဟာ.)

မျိုကြီးဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ
(အော်..အသံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်!)။

နောက်ပြီး မီးကို နမချင်းမစာနာ
(နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)

အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။ မီး ဘကြီးအောင်းနေတဲ့
(ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလား မှတ်တယ်)

ယက်ကွက်က တာဇန်လေ။
(သာစံပါဟာ.. သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေ ပါလာပြန်ပြီ)

ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ .. နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ
(ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်း ချက်တယ်လို့ပဲ)။

စနေမောင်မောင်တို့၊ နိုင်နိုင်းစနေတို့၊ ဖိုးသောကြာတို့ကို အားကျလို့တဲ့အေ... သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါလို့ပေးမတဲ့။
(ဖိုးအင်္ဂါလုပ်ပါဟ။ ခုမှ ၀တ်စ နှစ်လုံးပေါက်က ကျန်ခဲ့ရသလား။ တကတဲ. ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး..နာမည်ကို
အပေါက်ရှာရှာ..အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်)။

မီးတို့လည်း အဲလို ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။ ကိုယ်ရယ်..မီး အရန်လွမ်းတာပဲ
(လွမ်းတာပဲ အရန်တွေ line-up တွေ
လွမ်းချင်သေးတယ်)။

မီးလည်း မျိုလိုက်ချင်ပေမယ့်
(မျိုသာချလိုက်တော့)

ဆီးပွားရေက အဆင်မပြေဘူးလေး..။ မီးလည်း ချီးစားနေရတော့
(အေးပါ စားစား)

အကြွေးတွေလည်း အလီလီ
(တန်းပြင်ပေးလိုက်တယ်) ပဲ ။

မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့
(တောင်ပေါ်က ချင်းမကိုမမေ့ဘူးဟေ့..တသက်လုံး)။

ကိုယ်လုံး ပျံလာပါနော်
(တောင်ပံပေါက်တဲ့နေ့ထိ စောင့်ပေတော့)။

မီးဆောင့်နေမယ်.. မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ
(အေး..တိုင်နဲခေါင်းနဲ့သာ သေအောင် ဆောင့်ပေတော့)။

မီးစာ ရှည်သွားပီမို့ တော်သေပီ
(မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး
(မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင်လွှတ်ပါ*
(စာလုံးပေါင်းသာမတတ်တယ် ဘိုလိုမှုတ်ချင်သေးတယ်။ နောက်ဆို စပလင်တင်မကဘူး.. ငရုပ်ကောင်းတွေပါ ပါလာနိုင်တယ်) :'

Credit: ကောင်လေးငယ်

"သဝန်တိုစိတ် ဘယ်ကလာ"




"သဝန်တိုစိတ် ဘယ်ကလာ"

သံသယဟာ နှစ်ဦးနှစ်ဖက်စလုံးကို ပူလောင်စေပါတယ်။ သမီးရည်းစား ချစ်သူဘဝမှာ အများအားဖြင့် ကြုံကြရတာကတော့ သဝန်တိုတတ်တဲ့ ချစ်သူတွေကိုပါ။ သဝန်တိုတတ်တဲ့ အသိုင်းအဝန်း ကျယ်ပြန့်လာတဲ့အခါမှာ သဝန်မတိုတတ်ရင်ပဲ မချစ်တော့သလို တဘက်လူက ထင်တတ်ကြသေးတယ်။ ဒီလိုထင်သူ များလာတာနဲ့အမျှ သဘောထားပြည့်ဝကြောင်း ပြနိုင်တဲ့သူက ရှားလာပါတော့တယ်။ တကယ် သဝန်မတိုတဲ့တိုင်အောင် အနည်းဆုံးကတော့ ချစ်သူအလိုကျ သဝန်တိုပြကြရတာကိုး။

တကယ့်ကို သဝန်တိုတတ်တဲ့သူတွေကို ချစ်သူတော်မိ၊ လက်ထပ် ပေါင်းသင်းမိတဲ့သူတွေဟာ ကံဆိုးသူတွေပါ။ ဘာဖြစ်လို့လဲဆိုရင် သူတို့သဝန်တို စိတ်ကြီးရင် ကြီးသလောက် မိမိရဲ့ချစ်သူ၊ လက်တွဲဖော်ကို ချုပ်ခြယ်လာ၊ ချုပ်ကိုင်လာ၊ ထိန်းချုပ်ထားတာတွေ၊ သံသယတွေ များလာလို့ပါပဲ။ ဒီတော့ တဖက်သူမှာ လူတစ်ယောက်ရဲ့ လွတ်လပ်ခွင့် ပြည့်ပြည့်ဝဝ မရရှိတော့ဘူးပေါ့။ အများသွားတဲ့နေရာကို ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဘက် သဘောမတူဘဲ သွားခွင့်မရှိ၊ အများလုပ်တဲ့အလုပ်ကို သူ သဘောမတူဘဲ လုပ်ခွင့်မရှိတော့ဘူး မဟုတ်လား။

လုပ်မိရင် နှစ်ယောက်ကွိုင်ပူမယ်၊ စကားများမယ်၊ ရန်ဖြစ်မယ်၊ ပြတ်စဲကောင်း ပြတ်စဲနိုင်တယ်လေ။ ချစ်သူတွေ အဖြစ်နဲ့ကတော့ သည်းခံနိုင်တာပေါ့။ အိမ်ထောင်သက်ကြာလာတော့ တဖက်က ရေရှည် သည်းခံနိုင်ပါတော့မလား။

သဝန်တိုစိတ် ဘယ်ကလာလဲလို့ ဆန်းစစ်ကြည့်လိုက်ရင် မယုံကြည်စိတ်က မြစ်ဖျားခံလာနိုင်သလို၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲစိတ်ကနေလည်း မြစ်ဖျားခံလာနိုင်ပါတယ်။

မယုံကြည်စိတ်ဆိုတာ သူကိုယ့်ကို တကယ်ချစ်တာပါလို့ မယုံကြည်နိုင်တဲ့စိတ်၊ တနည်းအားဖြင့် တဖက်သားရဲ့ အချစ်ကို မယုံကြည်နိုင်တဲ့စိတ်ပေါ့။ ဒီစိတ်က ဖောက်ပြန်ခဲ့ဖူးတဲ့ ရာဇဝင်ရှိတဲ့ သမီးရည်းစား (သို့မဟုတ်) အိမ်ထောင်ဖက်ကို ရထားသူတွေမှာ ဖြစ်နိုင်သလို ကိုယ့်အရည်အချင်းကို မယုံကြည်နိုင်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ ဖောက်ပြန်တတ်သူ ရထားတော့ ထပ်ဖောက်ပြန်မလား သံသယကြောင့် သဝန်တို စိတ်ဖြစ်လာသလို ကိုယ့်အရည်မချင်းအပေါ် ယုံကြည်မှု မရှိသူတွေကျတော့ ဘာကြောင့် သဝန်တိုသလဲဆိုတာကိုတောင် ခွဲခြမ်းစိတ်ဖြာမှု မပြုနိုင်တော့ဘဲ ချစ်လို့ပါလို့ အာလွှဲ၊ လျှာလွှဲ ပြောတတ်ကြတယ်။

ကိုယ့်အရည်အချင်းကို မယုံကြည်နိုင်တဲ့သူတွေဟာ သူ့ရဲ့ ချစ်သူ (သို့ဟုတ်) အိမ်ထောင်ဖက်ထက် ရုပ်ပြမလှသူ၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသူ၊ ကိုယ်အင်္ဂါ ချို့ယွင်းချက်ရှိသူ၊ ရောဂါရှိသူတွေအပြင် အရည်အချင်းပိုင်း ဆိုင်ရာမှာလည်း တဖက်လူလောက် မထက်မြက်သူ၊ မပြည့်စုံသူ၊ စိတ်အားငယ်မှု အခံရှိနေသူတွေလည်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ သူတို့ကိုယ်သူတို့ ဘာဖြစ်လို့ ချစ်သူအပေါ် သဝန်တိုသလဲဆိုတာကို မသိချင်တော့ဘဲ ချစ်လို့ဆိုပြီး အလွယ်ပြောလို့ သူတို့အားနည်းချက်ကို ဖုံးကွယ်လိုသူတွေလည်း ဖြစ်ပါတယ်။

ယုံကြည်စိတ်လွန်ကဲလို့ သဝန်တိုသူတွေကျတော့ အတ္တ လွန်ကဲသူတွေလည်း ဖြစ်နိုင်ပါတယ်။ သူတို့ဟာ ငါထင်တာအမှန်၊ ငါလုပ်တာအမှန်လို့ တယူသန်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုယုံကြည်စိတ် လွန်ကဲသူတွေကို လက်တွဲဖော်အဖြစ် စဉ်းစားမိရင်တော့ ခြေလှမ်းမကျွံခင် နောက်ဆုတ်လိုက်ပါ။ ဒီလိုမှမဟုတ်ရင် သူ့အတ္တနဲ့ သူ့တယူသန်စိတ်ထားကြောင့် ကိုယ်သာလျှင် တသက်တာလုံး ဝမ်းနည်းကြေကွဲရမှာ ဖြစ်ပါတယ်။ သူတို့တွေဟာ တဖက်သားရဲ့ ခံစားချက်ကို မျက်ကွယ်ပြုနိုင်သူတွေ၊ ထည့်မစဉ်းစားလိုသူတွေလည်း ဖြစ်တယ်လေ။

မယုံကြည်စိတ်နဲ့ သဝန်တိုတတ်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို အကောင်းဆုံး ကုစားနိုင်ဖို့က သူတို့ကိုယ်သူတို့ ယုံကြည်မှုရှိလာအောင် လုပ်ရမှာဖြစ်ပါတယ်။ သူဟာ ကိုယ့်ကို တကယ်ချစ်တာပါလို့ ယုံကြည်လာနိုင်အောင်၊ ကိုယ်တိုင်က အရည်အချင်း ပြည့်ဝသူမို့ သူကိုယ့်ကို ပစ်ပယ်မသွားဘူး၊ ကိုယ့်ထက်သာသူကို ရှာမတွဲဘူးဆိုတာကို ကိုယ့်ဘာသာ ယုံကြည်မှု တည်ဆောက်ရင်း ကိုယ့်အရည်အချင်းကိုလည်း ကိုယ် မြှင့်တင်ရမှာ ဖြစ်ပါတယ်။ သဝန်တိုနေရုံနဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဆိုတာကို မတည်ဆောက်နိုင်ဘူး မဟုတ်လား။ သူ့ကို အထိုက်အလျောက် ယုံကြည်မှု ထားလိုက်ပါ။ ဖောက်ပြန်ချင်တဲ့သူဟာ ဖောက်ပြန်မှာပဲမို့ သူ ဖောက်ပြန်သွားလည်း ကိုယ့်အရည်အချင်းနဲ့ကိုယ် သူ့ထက်သာတဲ့သူနဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး တည်ဆောက်ပြနိုင်တယ် မဟုတ်လား။

ယုံကြည်စိတ် လွန်ကဲသူတွေကတော့ သူ့အတ္တကို သူမလျှော့ချသရွေ့၊ သူ့ရဲ့ တယူသန်မှုကို ကိုယ်တိုင် မပြောင်းလဲသရွေ့ သူ့စိတ်ပြောင်းလဲဖို့ နည်းလမ်းမရှိပါဘူး။

ချစ်တဲ့သူတိုင်း သဝန်မတိုတတ်သလို သဝန်တိုမှ တကယ်ချစ်တတ်တာလည်း မဟုတ်ပါဘူး။ စိတ်ထားပြည့်ဝတဲ့သူတွေက တဖက်သားကို နားလည်မှုပေးတယ်။ လွတ်လပ်ခွင့်ပေးတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်။ တဖက်သားကို မလွတ်မလပ်ဖြစ်အောင် အချစ်လို့ အချိုသပ်ပြီး ချုပ်နှောင်ထားလေ့ မရှိပါဘူး။ ချစ်ခြင်းနဲ့ သဝန်တိုခြင်း ခွဲခြားနိုင်ပါစေလေ။

Credit: ရတု (Burmesehearts.com)

Friday, July 24, 2015

"ခန္ဓာကိုယ်အဆီကျစေမယ့် အကောင်းဆုံး သောက်စရာဖျော်ရည် (၇) မျိုး"


"ခန္ဓာကိုယ်အဆီကျစေမယ့် အကောင်းဆုံး သောက်စရာဖျော်ရည် (၇) မျိုး"

ကိုယ်အလေးချိန် လျော့ချဖို့အတွက် အကောင်းဆုံးနည်းလမ်းဟာ ကျန်းမာရေးညီညွတ်တဲ့ အစားအစာကိုသာ စားပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်ဖို့ပါ။ ဒါပေမယ့် ဒီနည်းလမ်းတစ်ခုကပဲ သင့်ရဲ့ပိုလျှံနေတဲ့ ကိုယ်အလေးချိန်ကို လျော့ကျစေတာမဟုတ်ပါဘူး။ သင့်ခန္ဓာကိုယ်က အဆီလောင်ကျွမ်းမှု ပမာဏကို မြှင့်တင်ပေးနိုင်တဲ့ သောက်စရာဖျော်ရည်တွေလည်း ရှိပါသေးတယ်။ အောက်မှာ ကိုယ်အလေးချိန် လျော့ကျဖို့အတွက် အကောင်းဆုံးဖြစ်မယ့် ဖျော်ရည် ၇ မျိုးကို ဖော်ပြလိုက်ပါတယ်။

၁။ ရေခဲရေ

ဟုတ်ပါတယ်။ ရေခဲရေပါ။ ရေခဲရေသောက်သုံးခြင်းက ဇီဝဖြစ်ပျက်မှုဖြစ်စဉ်ကို မြန်ဆန်စေတာကြောင့် ကယ်လိုရီပမာဏ အများအပြားကို လောင်ကျွမ်းစေနိုင်ပါတယ်။ နေ့တိုင်း တစ်နေ့ကို ရေခဲရေ ၁၆ အောင်စ အနည်းဆုံးသောက်ပေးပြီး ရလဒ်ကို သင်ကိုယ်တိုင်စောင့်ကြည့်နိုင်ပါတယ်။

၂။ အုန်းရေ

အုန်းရေမှာ တခြားအရည်တွေထက် အီလက်ထရိုလိုက် (လျှပ်ကူးပျော်ရည်) ပိုမိုပါဝင်ပြီး ခန္ဓာကိုယ်က လိုအပ်တဲ့ ရေဓာတ်ပမာဏကို ပိုမိုဖြည့်တင်းပေးနိုင်ပါတယ်။ အုန်းရေရဲ့ အရသာကိုက ကောင်းမွန်တာကြောင့် သကြား ဒါမှမဟုတ် တခြားအနံ့အရသာတွေ ဖြည့်စွက်ဖို့ မလိုပါဘူး။ ဒါ့အပြင် အုန်းရေဟာ ခန္ဓာကိုယ်အတွက် စွမ်းအင်အများ အပြားပေးနိုင်ပြီး ဇီဝကမ္မ ဖြစ်စဉ်ကိုလည်း မြန်ဆန်စေပါတယ်။

၃။ မလိုင်ထုတ်ပြီးနွားနို့ 

မလိုင်ထုတ်ပြီးနွားနို့ကို သောက်သုံးပေးခြင်းက သင့်ကိုယ်အတွင်းမှာရှိတဲ့ အဆီတွေကို အလွယ်တကူ ခြေဖျက်နိုင်ပြီး အဆီတွေစုပုံလာမှာ စိုးရိမ်စရာ မလိုတော့ပါဘူး။ အာဟာရဗေဒပညာရှင်အများအပြားရဲ့ အဆိုအရ မလိုင်ထုတ်ပြီးနွားနို့ သောက်တဲ့လူတွေဟာ နို့ထွက်ပစ္စည်းတွေကို ရှောင်ပြီး အဆီချတဲ့လူတွေထက် အဆီပမာဏ ၇၀ ရာခိုင်နှုန်းကျော် ခြေဖျက်နိုင်တယ်လို့ ဆိုပါတယ်။ တစ်နေ့ကို တစ်ခွက်သောက်ပေးရုံနဲ့တင် လုံလောက်ပါတယ်။

၎။ အသီးအရွက်ဖျော်ရည်

အသီးအရွက်ဖျော်ရည်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေရုံသာမက အသီးအရွက် ဖျော်ရည်ခွက်သေးတစ်ခွက်လောက် သောက်သုံးပေးရုံနဲ့တင် စိတ်ပင်ပန်းမှုတွေကို ပြေပြောက်စေနိုင်ပါတယ်။ အကြမ်းဖြင်းအားဖြင့် အသီးအရွက်ဖျော်ရည် များများသောက်လေ သင့်ခန္ဓာကိုယ်က ကယ်လိုရီတွေ ပိုလောင်ကျွမ်းလေပါ။

၅။ အာဟာရဖြည့်ဖျော်ရည်များဟာ ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ဖျော်ရည်တွေဖြစ်တာကြောင့် လူတွေကို ကောင်းကျိုးအများအပြား ပေးစွမ်းနိုင်ပါတယ်။ အထူးသဖြင့် ကျန်းမာရေး ပိုမိုကောင်းမွန်စေပါတယ်။ ဒါတင်မကသေးဘဲ ဒီ အာဟာရဖြည့်ဖျော်ရည်တွေက သင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကိုပါ ကျစေပါတယ်။ ဒီဖျော်ရည်တွေဟာ တစ်ခွက်လောက် သောက်ရုံနဲ့တင် ဗိုက်ပြည့်တယ်ထင်ရပေမယ့် ၀ိတ်ကျချင်တယ်ဆိုရင်တော့ ပိုသောက်ပေးဖို့ လိုပါတယ်။ မသောက်ခင်မှာတော့ သင်ရွေးချယ်ထားတဲ့ အာဟာရဖြည့်ဖျော်ရည်က သင့်အတွက် ကောင်းမွန်ရဲ့လားဆိုတာ ဆရာဝန်နဲ့ တိုင်ပင်ကြည့်ဖို့တော့ လိုပါတယ်။

၆။ Green Tea နဲ့ Black Tea

ဝိတ်ကျချင်တဲ့လူတွေအတွက် green tea က ဘယ်လောက်ကောင်းမွန်လဲဆိုတာ သင် သိပြီးဖြစ်မှာပါ။ ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေတာကြောင့် ကယ်လိုရီပမာဏ အများအပြားကို လောင်ကျွမ်းစေနိုင်ပါတယ်။ သင် ပုံမှန်သောက်သုံးနေတဲ့ ဖျော်ရည်တွေထက် green tea က အဆီပမာဏ ၄၃ ရာခိုင်နှုန်း ပိုလောင်ကျွမ်းပေးပါတယ်။ black tea ကလည်း green tea အတိုင်း လုပ်ဆောင်ပေးနိုင်ပြီး ခန္ဓာကိုယ်သွယ်လျချင်သူတွေ အားထားသောက်သုံးကြပါတယ်။

၇။ ဖရဲသီးဖျော်ရည်

အချိုအရသာထပ်မံဖြည့်သွင်းခြင်း မလုပ်ဘူးဆိုရင်တော့ သဘာဝဖရဲသီးဖျော်ရည်က သင့် ၀မ်းဗိုက်အဆီကျမယ့် မိတ်ဆွေကောင်း တစ်ဦးပါပဲ။ ဖရဲသီးဖျော်ရည်မှာ ကယ်လိုရီပါဝင်မှု နည်းပါပြီး ရေဓာတ်အများအပြား ပါဝင်ပါတယ်။ ဒါ့အပြင် အာဂီနိုင်းခေါ် အမိုင်နိုအက်ဆစ်ပါဝင်ပြီး ကြွက်သားကျစ်လျစ်တောင့်တင်းစေကာ ခန္ဓာကိုယ်အဆီကို လျော့ချပေးပါတယ်။


ye wint aung

Credit: Trend Myanmar

"အမျိုးသားတွေအတွက် ဘယ်လောက်ချောချော ဆွဲဆောင်မှု မရှိဘူးလို့ ခံစားရတဲ့ အမျိုးသမီး အမျိုးအစား (၁၀) မျိုး"


"အမျိုးသားတွေအတွက် ဘယ်လောက်ချောချော ဆွဲဆောင်မှု မရှိဘူးလို့ ခံစားရတဲ့ အမျိုးသမီး အမျိုးအစား (၁၀) မျိုး"

လူတိုင်းဟာ ကိုယ့်အထာနဲ့ကိုယ် နေတတ်ဖို့ အရေးကြီးပါတယ်။ ဟန်ဆောင်တတ်တာမျိုးထက် ပွင့်လင်းမှုရှိတဲ့ပုံစံကိုသာ အားလုံးက လက်ခံချင်ကြပါလိမ့်မယ်။ အမျိုးသားတွေလည်း ဒီလိုပါပဲ။ သူတို့စိတ်ဝင်စားတဲ့ အမျိုးသမီးက ပြောတော့တစ်မျိုး လုပ်တော့တစ်မျိုး ဟန်ဆောင်ဖုံးကွယ်နေတတ်တဲ့သူဆို သူတို့အတွက် ဆွဲဆောင်မှုမရှိဘူးလို့ ထင်ကြပါတယ်။ ဒီလိုအချက်တွေအပြင် သူတို့ကို စိတ်ပျက်စေတတ်တဲ့၊ ဆွဲဆောင်မှုနည်းနည်းမှ မရှိပါလားလို့ ထင်တဲ့ အမျိုးသမီးပုံစံတွေကတော့

၁။အရင်က ထားခဲ့ဖူးတဲ့ ရည်းစားကို စိတ်ထဲက မဖျောက်နိုင်ပဲ သတိတရရဖြစ်နေတတ်တဲ့ ချစ်သူကောင်မလေးမျိုး။ ကိုယ်ရှိနေရဲ့သားနဲ့ အရင်တစ်ယောက်ကို လွမ်းတယ်ဆိုတော့ အမျိုးသားအနေနဲ့ သိက္ခာကျတယ်လို့ ထင်နေပါလိမ့်မယ်။

၂။အစားအသောက်အကြောင်း ပြောသာပြောတာ၊ အလှပျက်မှာစိုးလို့ မစားပဲနေတတ်တဲ့ ကောင်မလေးမျိုး။

၃။စကားပြောတော့မယ်ဆိုရင် ပြောမလို့လုပ်ပြီးမှ ထားလိုက်ပါတော့၊ မပြောတော့ဘူးဆိုပြီး ခဏခဏလုပ်တတ်တဲ့ ကောင်မလေးမျိုး။

၎။ကိုယ့်ပုံစံအကျင့်တွေကို ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ကောင်မလေးမျိုး။

၅။အရည်မရ အဖတ်မရစကားတွေကို တစ်ချိန်လုံးပြောနေတတ်တဲ့ ကောင်မလေးမျိုး။

၆။လုပ်သမျှအရာရာတိုင်းကို လိုက်ဝေဖန်နေတတ်တဲ့ ကောင်မလေးမျိုး။

၇။ကိုယ့်ကိုယ်ကို ယုံကြည်မှုလုံးဝမရှိတဲ့ ကောင်မလေးမျိုး။

၈။ ကိုယ့်အမှားမဟုတ်တာကို တစ်ချိန်လုံး လိုက်တောင်းပန်နေတတ်တဲ့ ကောင်မလေးမျိုး။

၉။ရည်းစားထားတာကို တာဝန်အရ လုပ်နေတဲ့ အလုပ်လို သဘောထားတတ်တဲ့ ကောင်မလေးမျိုး။

၁၀။တစ်ခုခုပြောရင် ငြင်းဖို့လောက်သာသိပြီး စကားကို အမြဲဖြတ်ဖြတ်ပြောတတ်တဲ့ ကောင်မလေးမျိုး။


ဟန်နီ

Credit: Trend Myanmar