Tuesday, May 17, 2016

"Single အဖြစ် ကြာကြာနေလေ၊ အချစ်ရေးအတွက် ပိုမိုကောင်းမွန်လေ"


"Single အဖြစ် ကြာကြာနေလေ၊ အချစ်ရေးအတွက် ပိုမိုကောင်းမွန်လေ"


Single ဖြစ်တာ အထူးသဖြင့် အကြာကြီး နေရတဲ့အချိန်မှာ စိတ်ဓာတ်ကျစရာ ကောင်းနိုင်ပါတယ်။ ဒါပေမယ့် အဲဒီလို ဖြစ်နေဖို့ ခံစားနေဖို့တော့ မလိုပါဘူး။ တစ်ကိုယ်တည်းဘ၀နဲ့ အချိန်ကြာကြာနေခြင်းဟာ တကယ်ကောင်းတဲ့ အချက်တစ်ခု ဖြစ်နိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်အချစ်ရေးကိစ္စ ပိုမိုကောင်းမွန်စေဖို့ ကြိုတင်ပြင်ဆင်ချိန် ရသွားတယ်လေ။ ဒါဟာ လတ်တလောအချိန်မှာ လွယ်ကူတဲ့လမ်းတော့ မဖြစ်နိုင်ပေမယ့် ရေရှည်မှာ ဖြစ်ပျက်တဲ့ အကြောင်းစုံကို မြင်တွေ့ပါလိမ့်မယ်။

၁။ အဆင်သင့်မဖြစ်သေးတာ

အချစ်ရေးတစ်ခုအတွက် အသင့်မဖြစ်သေးတာဟာ  ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ မှားလည်း မမှားပါဘူး။ အမှန်တော့ ဒါဟာ နောင်အနာဂတ် နှလုံးသားရေးရာကို ရေရှည်မှာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။ အသည်းကွဲဖူးထားတယ် ဆိုရင်လည်း သင်ဟာ မိမိကိုယ်မိမိ အဆင်သင့် မဖြစ်သေးတဲ့ ခံစားချက်အတွက် ဒုက္ခထပ်များအောင် မလုပ်ပဲ နေတာပါပဲ။ တစ်ယောက်နဲ့ပြတ်တာနဲ့ နောက်တစ်ယောက် ချက်ချင်း ထပ်တွဲမယ်ဆိုရင် သင့်အချစ်ရေးအတွက် ထပ်ပြီး အခက်အခဲတွေ ကြုံရပါလိမ့်မယ်။ ဒီတော့ အသည်းကွဲပြီး တစ်ယောက်တည်း ခပ်ကြာကြာလေး နေခြင်းက နောင်အချစ်ရေး ချစ်ရာအတွက် ပိုမို ကောင်းမွန်စေပါလိမ့်မယ်။

၂။ လူမှန်ရှာမတွေ့သေးခြင်း

သင့်တော်မှန်ကန်တဲ့လူကို ရှာမတွေ့သေးတာကြောင့် single ဖြစ်နေသေးတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲဒါကို လူတွေ လှောင်ပြောင် သရော်ကြပေမယ့် ရည်းစားသစ် ထပ်ထားမယ့်အစားတော့ မိမိဘဝထဲ ရှိတဲ့သူတွေကိုသာ ပိုဂရုစိုက်ပေးလိုက်တာ ကောင်းပါတယ်။ ကိုယ့်ဘ၀ထဲကို လူတစ်ယောက်ကို အလျင်စလို ပေးဝင်ဖို့ဆိုတာ တကယ်တော့ မသင့်တော်ပါဘူး။

၃။ အမှီအခိုပိုကင်းမယ်

အချိန်အတော်ကြာ single ဖြစ်ခဲ့ပါက အမှီအခိုမရှိဘဲ ကောင်းစွာ ကျင်လည် နေထိုင်တတ်လာပါလိမ့်တယ်။ အလုပ်တွေ ကိုယ့်ဘာသာ လုပ်ဆောင်တတ်လာပြီး အဲဒီအရာက ရှေ့နှလုံးသားရေးရာ ကိစ္စမှာ အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ ကိုယ်လုပ်ရမယ့် အသေးအဖွဲတိုင်းအတွက် တစ်ဦးကိုတစ်ဦး မှီခိုမှုကင်းတဲ့အတွက်ကြောင့် အချစ်ရေး ပိုမို ကောင်းမွန်အဆင်ပြင်ပါလိမ့်မယ်။

၎။ မိမိကိုယ်ကိုသိလာမယ်

အဲဒါက နောက်ရင်ဆိုင်တွေ့ကြုံမယ့် အချစ်ရေး အောင်မြင်မှု ဖြစ်ပါတယ်။ တစုံတယောက်ရဲ့ သဘောကျ စိတ်ဝင်စားမှုကြောင့် သြဇာလွှမ်းမိုးမှု ခံရမှာ ကိုယ်သာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မိမိအချစ်ရေးမှာ အံဝင်ခွင်ကျဖြစ်မဖြစ် သိလာမယ်။

၅။ စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားတာ အောင်မြင်မှု ပိုရစေ

အချစ်ရေးနဲ့ ပတ်သက်ဖို့ စိတ်ပိုင်းဆိုင်ရာ အသင့်ဖြစ်နေပါက အောင်မြင်မှုအခွင့်အလမ်း ပိုများပါတယ်။ စိတ်ခံစားချက်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်မှု ရှိထားခြင်းက နှလုံးသားရေးရာ ကိစ္စမှာ ပါဝင်ပတ်သက်ခြင်းနဲ့အတူ ရောက်လာတဲ့ အတက်အကျတွေ ကိုင်တွယ်ဖြေရှင်းဖို့ အရန်သင့် ပိုဖြစ်စေပါတယ်။

Ref: Allwomenstalk

Credit: Trend Myanmar

Saturday, May 14, 2016

"မိမိချစ်သူ ဖောက်ပြန်နေလား စစ်ဆေးနိုင်သောနည်းလမ်း (၁၀) မျိုး"


"မိမိချစ်သူ ဖောက်ပြန်နေလား စစ်ဆေးနိုင်သောနည်းလမ်း (၁၀) မျိုး"

သင့်စိတ်ထဲမှာ သင့်ရဲ့  အချစ်ရေးတွင် ပြသနာတစ်ခုခု ရှိနေတယ်ဟု ခံစားရခြင်းသည် သင့်ရဲ့ရည်းစား ဖောက်ပြန်နေသောကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သို့သော် မည်သည့်ချစ်သူရည်းစားမှ မိမိရဲ့ချစ်သူသည် ဖောက်ပြန်နေတာဟုတ်မဟုတ် ထိုင်မစဉ်းစားနေချင်ပါဘူး ဘယ်လို အခြေအနေမျိုးမှာဘဲဖြစ်ဖြစ် မိမိချစ်သူ ဖောက်ပြန်နေတာကို လက်မခံချင်တတ်ကြပါဘူး။

ထို့ကြောင့် မိမိရဲ့ချစ်သူကို မသိမသာဖြင့် အကဲခတ်ကြည့်ရှုရုံဖြင့် သူဖောက်ပြန်နေတာ ဟုတ်မဟုတ် စစ်ဆေးကြည့်လို့ရနိုင်သော နည်းလမ်းကောင်းတွေကို ဖော်ပြလိုက်ရပါတယ်။

၁။ မိမိကို ရှောင်နေခြင်း

သူ ပုံမှန်ဖုန်းဆက်ချိန်မှာ ဖုန်းဆက်မလာဘဲ မိမိဘက်ကစဆက်ရင် မကိုင်တာမျိုးနှင့် မိမိကို အလုပ်မှာ စိတ်ရှုပ်စရာရှိနေလို့ လတ်တလော ခဏ သက်သက်စီနေကြရအောင်ဟု ပြောဆိုလာပါလျှင် မိမိကို သူရှောင်နေတာဘဲ ဖြစ်ပါတယ်။ သူ့မှာ မိမိနှင့်
ပတ်သက်ပြီး စဉ်းစားစရာများ ရှိသောကြောင့်လည်း ဖြစ်နိုင်သလို သူရဲ့စိတ်ထဲမှာ ရှုပ်ထွေးနေသော ပြသနာများကို အချိန်ယူ ဖြေရှင်းချင်သောကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သို့သော် များသောအားဖြင့် မိမိရဲ့နောက်ကွယ်မှာ အခြား မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားမိသောကြောင့် မိမိနှင့် ထိုကောင်မလေး ၂ ဦးထဲမှ ၁ ဦးကို ရွေးချယ်ရန် စဉ်းစားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ချစ်သူသည် မိမိကိုရှောင်နေပါက ပထမဦးဆုံး အချိန်ပေးလိုက်ပါ။ ပြီးမှ သေသေချာချာ စုံစမ်း ဆွေနွေးသင့်ပါတယ်။

၂။ သူ့ထံလာသောဖုန်းများ၊ စာများကို မိမိရှေ့တွင် လစ်လျူရှုထားခြင်း

ပုံမှန် မိမိရဲ့ချစ်သူအရှေ့မှာ ဖုန်းပြောလေ့ ရှိသော်လည်း ဖောက်ပြန်လာသောအခါမှာ ထိုကဲ့သို့ ပေါ်တင်ပြောရန် ခတ်ခဲကြပါတယ်။ ထို့ကြောင့် ချစ်သူကောင်လေးက မိမိရဲ့ရှေ့မှာ ဖုန်းကို မကိုင်တာမျိုး၊ ကိုင်လိုက်သော်လည်း ဖုန်းမှားနေပါတယ်ဟု ပြောဆိုတာမျိုး မကြာခဏ ပြုလုပ်တတ်ပါလျှင် သူ့ကို သေသေချာချာ သတိထားစောင့်ကြည့်ရန် လိုအပ်နေပါပြီ။

၃။ ချိန်းထားတဲ့အချိန်ထက် အမြဲတမ်းလိုလို နောက်ကျလာခြင်း

များသောအားဖြင့် ချိန်းထားတဲ့နေရာကို ကောင်လေးတွေသာ စောစောစီးစီး ရောက်နေတတ်လေ့ ရှိကြပါတယ်။ မိန်းကလေးတွေက အလှပြင်တာနှင့် အချိန်နောက်ကျမှ ရောက်တတ်ကြပါတယ်။ သို့သော် ချစ်သူက မိမိထက် နောက်ကျမှ ရောက်လာရင်တော့ သူ့မှာ ပြဿနာ တစုံတခုခု ရှိနေပြီဆိုတာ သေချာပါတယ်။ ထို့ကဲ့သို့ နေ့တိုင်း နောက်ကျနေရင်တော့ သူဖောက်ပြန်နေတာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း သေချာသလောက် ရှိနေပါပြီ။

၎။ ဆင်ခြေများစွာ ပေးတတ်ခြင်း

မိမိဘက်က မေးလိုက်တဲ့ ဘယ်မေးခွန်းတိုင်းမှာမဆို ဆင်ခြေတွေပေးတတ်နေပြီ ဆိုရင်တော့ ချစ်သူ ဖောက်ပြန်နေတာ သေချာသလောက် ရှိနေပါပြီ။ ထိုဆင်ခြေထဲမှာမှ အဓိပါယ်မရှိဘဲ ဖောနေတာမျိုးတွေ အများကြီး ပါနေရင်တော့ ဖောက်ပြန်နေတာ ပိုသေချာနေပါပြီ။

၅။ အမှားအယွင်းတွေဖြစ်တတ်ခြင်း

အမှားအယွင်းများ ပြုလုပ်တဲ့ထဲမှာ နာမည်မှားခေါ်ခြင်း၊ မိမိမေးလိုက်တဲ့မေးခွန်းတွေကို မှားယွင်းစွာ ဖြေဆိုခြင်း၊ လိမ်ပြီးဖြေဆိုခြင်း၊ မိမိတို့ အလေးအနက်ထားလေ့ရှိသော နေ့ရက်၊ အပြုအမှု စတာတွေကို မမှတ်မိခြင်း စတာတွေ ဖစ်ပေါ်နေရင်တော့ ချစ်သူကို နောက်ယောင်ခံလိုက်ဖို့သာ ပြင်ထားပေတော့ မိန်းကလေးတို့ရေ။

၆။ ဆင်ခြေအမျိုးမျိုးပေးပြီး မိမိကို အချိန်မပေးခြင်း

အများဆုံးပေးတတ်သော ဖောက်ပြန်သူတို့ ဆင်ခြေတွေကတော့ အလုပ်များနေလို့ပါကွာ၊ အမေနေမကောင်းလို့ လူနာစောင့်နေရတာပါကွာ၊ သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိလို့ မအားဘူး။ ထိုကဲ့သို့ ဆင်ခြေတွေအမျိုးမျိုးပေးပြီး ဖမ်းလို့
မရရင်တော့ ရုံးဆင်းချိန် ရုံးအောက်မှာသာ သွားစောင့်နေပေတော့ မိန်းကလေးတို့ရေ။ သေချာတာကတော့ ရုံးဆင်းချိန် သူ့မှာ အထူးတလှယ်ချိန်းထားတာ ရှိနေပါပြီ။

၇။ သူငယ်ချင်းတွေနှင့် ချိန်းထားတယ်ဟု အပြောများလာခြင်း

မိမိမကြားဖူး၊ မတွေ့ဖူးသော ငယ်သူငယ်ချင်းနဲ့ တွေ့တာများနေရင်တော့ ချစ်သူဖောက်ပြန်နေတာ ၈၀ ရာခိုင်နှုန်း သေချာနေပါပြီ။ မိမိကိုပေးစရာမရှိတဲ့ ဆင်ခြေတွေ ရှာကြံပေးထားတာဘဲ ဖြစ်ပါတယ်။ ထိုသူငယ်ချင်း တကယ်ရှိရဲ့လားတောင် စုံစမ်းကြည့်ရတော့မှာပါ။

၈။ ဖုန်းPassword, Lock screen ပြောင်းသွားခြင်း

အရင်တုန်းက မိမိကို သူ့ရဲ့ Password, Lock Sreen ပုံစံတွေအားလုံးကို မမေးပါဘဲနဲ့ ပြောပြတတ်သူက အခုအချိန်မှာ မေးရင်တောင် မပြောပြတော့ဘူး ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်း ဖောက်ပြန်နေပါပြီ။

၉။ ဝတ်ပုံစားပုံ ပြောင်းလဲလာခြင်း

လူအများစုက မိမိတို့စိတ်ဝင်စားတဲ့ သူတစ်ယောက်ကို ရှာတွေ့ပြီဆိုရင် သူတို့ရဲ့ ပုံစံတွေကို အလန်းဆုံးအဖြစ် ပြောင်းလဲတတ်ကြပါတယ်။ ဆံပင်ပုံစံ၊ အင်္ကျီအိပ်၊ ကား၊ အစားအသောက်၊ နေရာ စတာတွေထဲက တစ်ခုခုကို ရုတ်တရက်ကြီး ပြောင်းလဲလိုက်ခြင်းဟာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။

၁၀။ စိတ်တို၊ စိတ်ဆိုးလွယ်လာခြင်း

မိမိအပေါ် ဘာမဟုတ်တာလေးနဲ့ စိတ်တို၊ စိတ်ဆိုးလာပြီး အော်တတ်လာတယ်၊ ငေါ့တတ်လာတယ် စတာတွေဟာ မိမိက သူ့ရဲ့စိတ်ထဲမှာ ဘာမှမဟုတ်တော့တာတွေကို ပြသနေတာပါ။ သို့သော် တချို့ကျတော့လည်း ပြောင်းပြန် သူတို့စိတ်မဝင်စားတော့တဲ့ သူတွေအပေါ်မှာ လျစ်လျူရှုလာတတ်ကြပါတယ်။ မိမိကို နေရာတကာ ပြောဆိုဆုံးမနေရာကနေ ရုတ်တရက် ဘာမှ မပြောဆိုတော့တာမျိုးတွေလည်း စိတ်မရှိတော့တာကို ပြသနေတာဘဲ ဖြစ်ပါတယ်။

ဖောက်ပြန်ခြင်းကို ဘယ်သူမှ တရားဝင် မထုတ်ဖော်လိုပါဘူး။ ဝန်ခံဖို့ အခတ်အခဲဆုံးနဲ့ ဝန်ခံရမှာ အကြောက်ဆုံးက မိမိက
ဖောက်ပြန်သူ ဖြစ်နေတာပါဘဲ။ ထို့ကြောင့် မိမိရဲ့ချစ်သူ ဖောက်ပြန်နေတာ ဟုတ်မဟုတ် တိတ်တိတ်ဆိတ်ဆိတ် စုံစမ်း လေ့လာခြင်းသည် အကောင်းဆုံးနည်းလမ်းဘဲ ဖြစ်ပါတယ်။

မဒီလေး (Shwemom)

Credit: Shwemom

"ကောင်မလေးတွေ သ၀န်တိုရင် လုပ်လေ့ရှိတဲ့အရာများ"


"ကောင်မလေးတွေ သ၀န်တိုရင် လုပ်လေ့ရှိတဲ့အရာများ"

ကောင်မလေးတွေဟာ ပင်ကိုယ်စိတ်ကိုက သူတို့ ချစ်ခင်နှစ်သက်ပြီဆိုရင် တစ်ယောက်ယောက်နဲ့ မျှဝေပတ်သက်ရပြီဆိုတဲ့ အခြေအနေကို လုံးဝ လက်ခံနိုင်ခြင်း မရှိပါဘူး။ ဒီတော့ ဒီလိုအခြေအနေကို ကာကွယ်ဖို့ သူတို့တစ်တွေဟာ သူတို့ချစ်သူ ကောင်လေးတွေကို ဒီအတိုင်း ယုံယုံကြည်ကြည် လွှတ်ထားလေ့မရှိဘဲ အောက်ပါပုံစံတွေနဲ့ check in လုပ်တတ်ပါ
တယ်။ ဟုတ်မဟုတ် ထင်မြင်ချက်ကလေးတွေ ပြောသွားကြပါဦး။

(၁) လူမှုကွန်ယက် မီဒီယာတွေကနေ စစ်ဆေးတယ်

ချစ်သူကောင်လေးကို မယုံဘူးဆိုရင် Other Acc တစ်ခု ဖွင့်ပြီး အီစီကလီ လုပ်ကြည့်တဲ့နည်းပါ။ ဒီနည်းကတော့ ထိရောက်မှုရှိပြီး ခြေရှုပ်ချင်တဲ့ ကောင်လေးတွေ ဂွိသွားနိုင်တဲ့ နည်းပါ။ ဒါကို သူတို့ သုံးလေ့ရှိပါတယ်။

(၂) သူ့ဖုန်းကို ခိုးဖွင့်တယ်

ချစ်သူရဲ့ဖုန်းကို ရရင် ရသလို ခိုးဖွင့်ကြည့်တယ်။ Message နဲ့ Gallery ကို အမြန်စနစ်နဲ့ ဦးစားပေးလေ့ ရှိတယ်။ Message ဘယ်သူတွေဆီ ပို့ထားသလဲ…?  Gallery ထဲမှာ အခြား သူစိမ်းကောင်မလေးပုံ ဘယ်နှစ်ပုံ Save ထားသလဲ…? ဒါတွေ စစ်တတ်ပါတယ်။

(၃) ဖုန်းနဲ့မကြာခဏ check in လုပ်တယ်

ဒီနည်းကတော့ ကောင်လေးဆီကို ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲ၊ ဘယ်သူတွေနဲ့လဲ ဆိုပြီး စစ်တာပါ။ တစ်ခါတလေ နောက်ယောက်ခံလိုက်ပြီး ခပ်တည်တည် ဘယ်ရောက်နေပြီလဲ ဘာညာ လုပ်လေ့ရှိတယ်။ ဒါက တစ်ခြားမသင်္ကာစရာ ကောင်မလေးနဲ့ အတူရှိမနေဘူး ဆိုရင်တောင် စကားအမှန်ပြောမပြောကို သိနိုင်တဲ့ နည်းပေါ့။

(၄) အမျိုးသမီးမိတ်ဆွေတွေကို ထိန်းချုပ်ဖို့ ကြိုးစားတယ်

လူမှုကွန်ယက်မှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်က အမျိုးသမီး မိတ်ဆွေတွေကိုပဲဖြစ်ဖြစ် သူဟာ ဒီကောင်လေးအချစ်ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း၊ သူနဲ့ ပတ်သက်ခြင်းမပြုဖို့အကြောင်းကို အလိမ္မာနည်းရော ခပ်တင်းတင်းနည်းနဲ့ပါ ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ တစ်ခါတလေ ကောင်မလေးတစ်ယောက်နဲ့ မသင်္ကာဖြစ်ရင် Tag ပြီး အရှက်ခွဲဖို့ ၀န်လေးတဲ့သူတွေ မဟုတ်ပါဘူး။

(၅) ငွေအ၀င်အထွက်ကို စိတ်ဝင်စားတယ်

များသောအားဖြင့်တော့ ငွေအထွက်ကို စိတ်ဝင်စားတာပါ။ ဥပမာ တစ်လ တစ်သောင်းလောက် ပိုသုံးမိရင်ကို ဘယ်ကောင်မနဲ့ ဘယ်နေရာတွေသွားတာလဲ ဆိုပြီး စိတ်ထဲက အတွေပေါင်းများစွာ တွေးပြီးနေပြီ။

(၆) အိမ်ပြန်နောက်ကျရင် ဒေါသအလိုလိုထွက်တယ်

ကောင်လေးရဲ့ အိမ်ပြန်ချိန်ကိုလည်း စိတ်ဝင်စားလေ့ရှိပါတယ်။ ပြန်ရောက်သင့်ချိန် မရောက်ဘူးဆိုရင်လည်း ဒေါသတွေနဲ့
ဘယ်အလေလိုက်နေတာလဲ၊ ဘယ်သူနဲ့ ချိန်းတွေ့နေလို့ ဒီလောက်ကြာရတာလဲ ဘာညာ လာပြီ။

(၇) အသွင်ယူစစ်ဆေးမှု

အသွင်ယူ စစ်ဆေးမှုဆိုတာ ကိုယ်တိုင်လုပ်လေ့ မရှိပါဘူး။ ဖုန်းနံပတ်အစိမ်းတစ်ခုခုနဲ့ သူငယ်ချင်း ကောင်မလေး တစ်ယောက်ကို စကားစမ်းပြောခိုင်းတာတို့၊ Acc အသစ်နဲ့ စမ်းခိုင်းတာတို့ပေါ့။

နတ်စည်တော် (Shwemom)

Credit: Shwemom

Friday, May 13, 2016

"ဘယ်အချိန်မှာ ဘာစားသင့်လဲ"


"ဘယ်အချိန်မှာ ဘာစားသင့်လဲ"

အစားအသောက်တွေကို ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေဖို့ ဘယ်အချိန်မှာ ဘာတွေ စားသောက်သင့်တယ်ဆိုတာ ဖော်ပြထားပါတယ်။

အသား- နေ့လယ်ပိုင်းမှာ စားသင့်

အသားက အစာကြေညက်ရန် ခက်ခဲတဲ့ အစားအစာ ဖြစ်ပါတယ်။ ပရိုတိန်းဓာတ် မြင့်မားစွာပါဝင်တဲ့ အသားကို နေ့လယ်ပိုင်းအချိန်မှာ စားခြင်းက ခန္ဓာကိုယ် သန်စွမ်းကျန်းမာစေပြီး အာရုံစူးစိုက်မှု ကောင်းမွန်စေပါတယ်။ အသားကို ညပိုင်းမှာ စားပါက အစာခြေစနစ်ကို ဆိုးကျိုးဖြစ်စေပြီး သက်သောင့်သက်သာမရှိ ဖြစ်တတ်ပါတယ်။

ပန်းသီး- မနက်ပိုင်းမှာ စားသင့်

အမျှင်ဓာတ်ပါတဲ့ ပန်းသီးက ဝမ်းချုပ်ခြင်း မဖြစ်အောင် ကူညီပေးပါတယ်။ ကင်ဆာဖြစ်စေတဲ့ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။ ပန်းသီးကို နေ့လယ်ပိုင်းမှာ စားခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ ညပိုင်း စားပါက ပန်းသီးမှာပါဝင်တဲ အက်စစ်ဓာတ်က အစာအိမ်တွင်း အက်စစ်ဓာတ်ပမာဏကို မြင့်တက်စေပါတယ်။ ပန်းသီးမှာပါတဲ့ဓာတ်က အစာခြေစနစ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။

ငှက်ပျောသီး- နေ့လယ်ပိုင်းမှာ စားသင့်

အမျှင်ဓာတ်ကြွယ်ဝတဲ့ ငှက်ပျောသီးကို နေ့လယ်ပိုင်းမှာ စားခြင်းက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ငှက်ပျောသီးကို ညပိုင်းမှာ စားခြင်းက ချွဲသလိပ် ဖြစ်စေပါတယ်။ မဂ္ဂနီစီယမ် များပြားစွာ ပါဝင်တာကြောင့် အစာမရှိတဲ့အချိန်မှာ ငှက်ပျောသီးစားပါက ဗိုက်နာ ဗိုက်အောင့် ဖြစ်တတ်ပါတယ်။

ထမင်း- နေ့လယ်ပိုင်းမှာ စားသင့်

ကစီဓာတ်ပါဝင်တဲ့ ထမင်းကို နေ့လယ်ပိုင်းမှာ စားသင့်ပါတယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ် မြင့်တက်နေတဲ့ နေ့လယ်ပိုင်းမှာ ကစီဓာတ်ပါဝင်တဲ့ ထမင်းစားခြင်းက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ထမင်းကို ညပိုင်းစားပါက ခန္ဓာကိုယ်မှာ အဆီဓာတ် မြင့်တက်စေပါတယ်။

ဒိန်ချဉ်- နေ့အချိန်တွေမှာ သောက်သင့်

အစာခြေစနစ်ကို အထောက်အကူပြုတဲ့ ဒိန်ချဉ်ကို နေ့အချိန်တွေမှာ သောက်သင့်ပါတယ်။ ဒိန်ချဉ်ကို ညအချိန်သောက်ပါက ချွဲသလိပ် ဖြစ်စေပါတယ်။

နို့- ညပိုင်းမှာ သောက်သင့်

နို့ပူပူကို ညပိုင်းမှာ သောက်ခြင်းက ခန္ဓာကိုယ် ကျန်းမာရေးအတွက် ကောင်းမွန်စေပြီး နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု အများအပြား ပြုလုပ်ထားခြင်း မရှိသေးတဲ့ မနက်ပိုင်းမှာ နို့သောက်ခြင်းက အစာကြေညက်ဖို့ ခက်ခဲစေပြီး စားသောက်ချိန်တွေကို ကမောက်ကမ ဖြစ်စေပါတယ်။

သစ်ကြားသီး- ညနေပိုင်းမှာ စားသင့်

သစ်ကြားသီးမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာ ပါဝင်ပါတယ်။ သစ်ကြားသီးက ဦးနှောက်ကျန်းမာရေး ကောင်းမွန်စေပါတယ်။ အထူးသဖြင့် သစ်ကြားသီးကို ညနေပိုင်းတွေမှာ စာခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။ သစ်ကြားသီးကို မနက်ပိုင်း၊ နေ့လယ်ပိုင်းနဲ့ ညပိုင်းတွေမှာ စားပါက အာနိသင် အကျိုးသက်ရောက်မှု လျော့နည်းတယ်လို့ ဆိုပါတယ်။

ပဲအမျိုးမျိုး- နေ့လယ်ပိုင်းမှာ စားသင့်

အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ ပဲနီလေးနဲ့ ပဲအမျိုးမျိုးက အစာခြေစနစ်ကို အထောက်အကူပြုပြီး ကိုလက်စထရော လျော့ကျစေပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်စေရန် အထောက်အကူ ပြုပါတယ်။ အမျှင်ဓာတ် ပါဝင်တဲ့ ပဲနီလေးနဲ့ ပဲအမျိုးမျိုးကို မနက်ပိုင်းမှာ စားခြင်းက အစာစားချင်စိတ်ကို ပိုဖြစ်စေပြီး အလွန်အကျွံ စားမိတာမျိုး ဖြစ်တတ်ပါတယ်။

ဒိန်ခဲ- မနက်စောစော စားသင့်

အသီးအရွက်သာ စားသူတွေအတွက် ဒိန်ခဲက အသားအစားထိုး စားစရာဖြစ်ပါတယ်။ ဒိန်ခဲကို မနက်စောစောမှာ သင့်တင်တဲ့ ပမာဏစားခြင်းက ဝိတ်မတက်စေသလို လေထိုးလေအောင့် ဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါတယ်။ ဒိန်ခဲကို ညပိုင်းမှာ စားပါက အစာမကြေခြင်းနဲ့ အဝလွန်မှု ဖြစ်စေပါတယ်။

အချိုဓာတ်ပါတဲ့ စားသောက်ဖွယ်ရာ- မနက်ပိုင်းမှာ စားသောက်သင့်

ခန္ဓာကိုယ်မှ အင်ဆူလင်က သကြားဓာတ်ကို မနက်ပိုင်းမှာ ပိုမို ထိရောက်စွာ တိုက်ဖျက်ပေးပါတယ်။ ဒါကြောင့် အချိုဓာတ် ပါဝင်တဲ့ အစားအသောက်တွေကို မနက်ပိုင်းမှာ စားသောက်သင့်ပါတယ်။ ညပိုင်းမှာ အချိုဓာတ်ပါတဲ့ အစားအသောက်တွေ စားသောက်ခြင်းက ဝိတ်တက်စေတဲ့အပြင် အိပ်မပျော်နိုင်လည်း ဖြစ်တတ်ပါတယ်။

Source & Photo: Daily Health

Credit: duwun

"အီဂျစ် လူမျိုးတွေက ပိရမစ်တွေ တည်ဆောက်နေတုန်းမှာ ကြက်သွန်ဖြူကို ဝါးစားခဲ့ကြတာ ဘာ့ကြောင့်များလဲ"


"အီဂျစ် လူမျိုးတွေက ပိရမစ်တွေ တည်ဆောက်နေတုန်းမှာ ကြက်သွန်ဖြူကို ဝါးစားခဲ့ကြတာ ဘာ့ကြောင့်များလဲ"

ကြက်သွန်ဖြူက ကျန်းမာရေးကို အထောက်အကူအပြုဆုံး အစားအစာတွေထဲက တစ်ခုဖြစ်တဲ့အတွက် နေ့စဉ်စားသုံးပေးသင့်ပါတယ်။ အသည်းရောဂါကို သက်သာစေပြီး သွေးလွှတ်ကြောတွေကို သန့်စင်ပေးနိုင်ပါတယ်။ အအးမိခြင်းနဲ့ တုပ်ကွေးရောဂါတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ အသက်ရှူလမ်းကြောင်း ရောဂါတွေကို အမြန်ဆုံး သက်သာစေတဲ့ အစားအစာ တစ်ခုလည်း ဖြစ်ပါတယ်။

အီဂျစ်လူမျိုးတွေက ကြက်သွန်ဖြူရဲ့ အစွမ်းထက်လှတဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်နဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကြောင့် ပိရမစ်တွေတည်ဆောက်တဲ့အချိန်မှာ အစိမ်းအတိုင်း ဝါးစားခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာတွေအတွက် အကောင်းဆုံး ပိုးသတ်ဆေး တစ်မျိုးဖြစ်သလို ကိုယ်ခံအားကောင်းစေပြီး သွေးသန့်စေတဲ့အတွက် အကာအကွယ်အနေနဲ့ ယုံယုံကြည်ကြည်နဲ့ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူမှာ တွေ့ရတဲ့ အကောင်းဆုံးဓာတ်က အစိမ်းအတိုင်း စားတဲ့အချိန်မှာပဲ ရရှိနိုင်ပြီး ချက်လိုက်တဲ့အခါမှာ ပျက်စီးသွားပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို ချက်စားတာထက် အစိမ်းစားတာက ဆေးဖက်ပိုဝင်ပါတယ်။

ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားအိပ်ရင် ပိုပြီး အိပ်ပျော်နိုင်ပါတယ်။ တချို့လူတွေက ကြက်သွန်ဖြူကို အိတ်ထဲမှာ ဆောင်ထားရင် ကံကောင်းတယ်လို့ ယုံကြည်ကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူအများစုက ကြက်သွန်ဖြူနဲ့ ဒယ်အိုးတွေ၊ ထမင်းအိုးတွေကို ပွတ်တိုက်ပေးရင် အိုးထဲက မကောင်းတဲ့ဓာတ်တွေ ထွက်သွားပြီး ဟင်းသိုး၊ ထမင်းသိုးတာတွေ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

Wednesday, May 11, 2016

"အိပ်နေကျ မဟုတ်သည့် နေရာမှာဆို ဘာကြောင့် ကောင်းကောင်း အိပ်မပျော်ရသနည်း"


"အိပ်နေကျ မဟုတ်သည့် နေရာမှာဆို ဘာကြောင့် ကောင်းကောင်း အိပ်မပျော်ရသနည်း"

မရောက်ဖူးသည့် နေရာမျိုးမှာ အိပ်လျှင် မျက်စိတစ်လုံး ဖွင့်အိပ်ပါဟု ရှေးစကားပုံက ဆိုထားသည်။ ထိုစကားပုံသည် လက်တွေ့အဖြစ်အပျက်နှင့်လည်း ကိုက်ညီနေ၏။ လေ့လာတွေ့ရှိချက်အရလည်း နေရာသစ်မှာ အိပ်စက်ရသည့်အခါ လူ့ဦးနှောက်၏ တစ်ဝက်သည် အမြဲနိုးနေကာ အဆင်သင့် ဖြစ်နေတတ်သည်ဟု ဆိုထားသည်။

ကျန်းမာသန်စွမ်းသော လူငယ် (၃၅) ယောက်ကို နေရာသစ်တွင် နှစ်ည အိပ်ခိုင်းကာ ဦးနှောက် အလုပ်လုပ်ပုံကို စောင့်ကြည့် လေ့လာသည်။ ထိုအခါ ပထမညတွင် အိပ်စက်ချိန်၌ ဦးနှောက် ဗယ်ဘက်ခြမ်းသည် ညာဘက်ခြမ်းထက် ပိုတက်ကြွ လှုပ်ရှားကာ အသင့်အနေအထား ဖြစ်နေသည်ကို တွေ့ရသည်။ အထူးသဖြင့် နှစ်ခြိုက်စွာ အိပ်ပျော်နေချိန်တွင် ထိုအခြမ်းသည် ကြုံလာနိုင်သည့် အန္တရာယ်အတွက် အသင့် ပြင်ဆင်ထားကြောင်း တွေ့ရသည်။

ကိုယ်မရောက်ဖူး၊ မအိပ်ဖူးတဲ့ နေရာသစ်မှာ အိပ်ရရင် လူ့ဦးနှောက်တစ်ခြမ်းက တစ်ညလုံး နိုးကြားနေတတ်တယ်။ အရေးရယ် အကြောင်းရယ် အန္တရာယ်တစ်ခုခု ကြုံလာတာနဲ့ လူက ချက်ချင်းနိုးအောင်လို့ အသင့်ပြင်ထားတဲ့ သဘောပဲလို့ လေ့လာမှု စစ်တမ်းအဖွဲ့ ခေါင်းဆောင် ဘရောင်း တက္ကသိုလ်မှ ယူကာဆာ ဆာကီက ပြောသည်။

သို့သော် တစ်နေရာတွင် နှစ်ရက် သုံးရက်ခန့် အိပ်ပြီးလျှင်တော့ လူသည် ပုံမှန် ဖြစ်သွားကာ ဦးနှောက် နှစ်ခြမ်းလုံးသည်လည်း အိပ်ချိန်မှာ ပုံမှန်အတိုင်း ဖြစ်သွားကြောင်း သုတေသီတို့က ဆိုသည်။ လေ့လာတွေ့ရှိချက်များကို Current Biology ဂျာနယ်တွင် ထည့်သွင်း ဖော်ပြထားသည်။

ဒုတိယညတွင်မူ နေရာသစ်တွင်  ယဉ်ပါးသွားပြီ ဖြစ်သောကြောင့် ဦးနှောက် ဘယ်နှင့်ညာ နှစ်ခြမ်းလုံးသည် ထူးခြားစွာ တက်ကြွနေခြင်းမျိုး မရှိတော့ကြောင်းလည်း တွေ့ရသည်။ ယခု လေ့လာမှုသည် ကျန်းမာသော လူငယ်များဖြင့်သာ လေ့လာထားခြင်း ဖြစ်သောကြောင့် အိပ်မရဝေဒနာ ခံစားနေရသူများ၊ သက်ကြီးရွယ်အိုများနှင့် အိပ်စက်ခြင်းဆိုင်ရာ မူမမှန် ဝေဒနာ ခံစားရသူများ အကြုံးမ၀င်ကြောင်းလည်း သိရသည်။    

Source: Reuters

Credit: messenger

"သွေးကင်ဆာ ဖြစ်စေနိုင်တဲ့ ဆံပင်ဆိုးဆေးများ


"သွေးကင်ဆာ ဖြစ်စေနိုင်တဲ့ ဆံပင်ဆိုးဆေးများ

ယနေ့အချိန်ခါမှာ အမျိုးသမီးသုံးဦးမှာ တစ်ဦးက ဆံပင်ဆိုးဆေးကို အသုံးပြုနေကြတာဖြစ်ပြီး ၁ နှစ်မှာ ၉ ကြိမ်ထက် ပိုပြီး ဆံပင်ဆိုးဆေး အသုံးပြုတဲ့ အမျိုးသမီးတွေဟာ သွေးကင်ဆာ ဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်း မြင့်မားတယ်လို့ သုတေသန မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ဆံပင်ဆိုးဆေး အသုံးပြုမှုများကြောင့် သားမြတ်၊ ဆီးအိမ်၊ မ မျိုးဥအိမ်၊ ဦးနှောက်နဲ့ သွေးကင်ဆာတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ သိရှိလာကြပေမယ့် အမျိုးသမီးထုအတွင်း ဆံပင်ဆိုးဆေး အသုံးပြုမှုကတော့ ပိုမိုများပြားလာ နေပါတယ်။

ဆံပင်ဆိုးဆေးမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ ဆေးလိပ်ငွေ့နဲ့ တခြား လေထုအတွင်း ညစ်ညမ်းတဲ့ ဓာတ်ပစ္စည်းတွေနဲ့ ထိတွေ့တဲ့အခါမှာ ကင်ဆာဖြစ်နိုင်တဲ့ အစွမ်းထက်ဆုံး ဒြပ်ပေါင်း တမျိုးအဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီဒြပ်ပေါင်းဟာ ဆင့်ပွား (Secondary Amines) အနေနဲ့ ဆံပင်ဆိုးပြီးတဲ့နောက် ဦးခေါင်းအရေပြားအတွင်း ဝင်ရောက်နိုင်တဲ့ အပြင် ဆံပင်ပေါ်မှာလည်း သီတင်းပတ်ပေါင်း၊ လပေါင်းများစွာ ရှိနေနိုင်ပါတယ်။

ဆံပင်ဆိုးဆေးတဖန် အဲဒီ ဓာတုပစ္စည်းဟာ ဆေးလိပ်ငွေ့နဲ့ မော်တော်ကား အိပ်ဇောငွေ့တွေနဲ့ ဓာတ်တုံ့ပြန်မှု ဖြစ်ပြီး အလွန် အဆိပ်ပြင်းတဲ့ ဓာတုပစ္စည်း N-nitrosamines တွေ ဖြစ်ပေါ်ကာ ကင်ဆာ ရောဂါကို ဖြစ်စေနိုင်တယ်လို့ သုတေသီတွေက မှတ်ချက်ပေးထားတာကြောင့် ဆံပင်ဆိုးဆေးကို အတတ်နိုင်ဆုံး လျှော့ချ သုံးစွဲကြဖို့ အကြံပြုလိုက်ပါတယ်။

အေဘယ်လ်

Credit: ဧရာဝတီ

"အမျိုးသားတွေ ကညွတ်စားသင့်တဲ့ အကြောင်းရင်း (၃) ခု"


"အမျိုးသားတွေ ကညွတ်စားသင့်တဲ့ အကြောင်းရင်း (၃) ခု"

ကညွတ်စားသင့်တဲ့ အကြောင်းရင်းပေါင်း များစွာရှိပါတယ်။ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးဖို့ လိုအပ်သလို ကျန်းမာရေးအတွက်လည်း အထူးကောင်းတဲ့ အစားအစာပါ။ အမျိုးသားတွေအနေနဲ့လည်း ကညွတ်ကို ပိုစားပေးရင် အခြားဆေးဝါးတွေ မှီဝဲဖို့တောင် မလိုတော့ပါဘူး။

၁။ ပရိုတိန်း

ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်တွေ ရရှိဖို့ ကညွတ်ကို ပိုစားသင့်ပါတယ်။ မနက်စာမှာ ကြက်ဥစားသလိုပဲ ကညွတ်ကို ထည့်စားပေးရင် အားပိုရှိကာ ခန္ဓကိုယ်လည်း ပိုဖွံ့ထားစေပါတယ်။

၂။ ကျန်းမာစေ

ကညွတ်မှာ ဗီတာမင် A ၊ ဖောလစ်အက်ဆစ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်လို့ ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်တဲ့ ကညွတ်ကို မမေ့လျော့သင့်ပါဘူး။

၃။ ချစ်ရေးချစ်ရာ

အမျိုးသားတွေအနေနဲ့ ချစ်ရေးချစ်ရာ ကိစ္စတွေမှာ အကောင်းမွန်ဆုံး ဖြစ်အောင်လည်း ကညွတ်က စွမ်းဆောင်နိုင်ပါသေးတယ်။ ကညွတ်များများစားတဲ့ အမျိုးသားတွေဟာ ချစ်တင်းနှောတဲ့နေရာမှာ ယင်းတို့ရဲ့ချစ်သူကို စိတ်ကျေနပ်အောင်လည်း စွမ်းနိုင်ကြတာကြောင့် အခြားဆေးဝါးတွေ မှီဝဲမယ့်အစား ကညွတ်ကို များများစားပေးသင့်ပါတယ်။

Source : Men Health

Credit: duwun

"ချစ်ရမှာ ကြောက်နေတဲ့သူမှန်း သိသာစေတဲ့ လက္ခဏာများ"


"ချစ်ရမှာ ကြောက်နေတဲ့သူမှန်း သိသာစေတဲ့ လက္ခဏာများ"

လူတိုင်း အချစ်ကို ခံစားတဲ့အခါမှာ တစ်ယောက်ဆိုတစ်ယောက် သစ္စာရှိလိုကြပါတယ်။ ဒါပေမယ့် အခြေအနေမကောင်းလို့ တစ်ယောက်လက်ကို ပြောင်းကိုင်ဖို့ ဖြစ်လာတဲ့အခါ တွန့်ဆုက်တွန့်ဆုတ် ဖြစ်နေတတ်တာ သဘာဝပါဘဲ။ ဒါကြောင့် အဲဒီလိုပုဂ္ဂိုလ်မျိုး ပါနေခဲ့လို့ ကိုယ့်ကိုယ်ကို သံသယရှိတဲ့အခါ အောက်ပါအချက်တွေနဲ့
တိုက်ဆိုင် စစ်ဆေးကြည့်ပါလို့။

(၁) အတိတ်က အနာမကျက်သေးဘူး

ခဲမှန်ဖူးတဲ့ စာသူငယ်လိုပေါ့။ နားရမှာကို ကြောက်နေမိတယ်။ အတိတ်ရဲ့ခါးသီးမှုဟာ အနာဂတ်မှာ မပြယ်သေးဘူး။ ဒီတော့ အရမ်းချိုမြတဲ့အချစ်ဟာ သူ့အတွက်တော့ အဆိပ်တစ်ခွက် ဖြစ်ကောင်း ဖြစ်နေမယ်ဆိုပါတော့။

(၂) ယုံရမှာကို ကြောက်နေတယ်

လူတစ်ယောက်ကို မယုံတော့တာနဲ့ အခြားလူတစ်ယောက်ကိုပါ မယုံကြည်ဘူး ဆိုတာက နည်းနည်းတော့ သဘာဝမကျပါဘူး။ ဒါပေမယ့် အချစ်မှာတော့ ဒါဟာ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်ဆို ယုံကြည်ရတဲ့သူအချင်းချင်း သူငယ်ချင်းမိတ်ဆွေ ဖြစ်ကြသလို၊ အရမ်းယုံကြည်ရတဲ့ သူအချင်းချင်းမှသာ ချစ်သူဆိုတာ ဖြစ်နိုင်တာမျိုးကိုး။ ဒီတော့ အရမ်းယုံရတဲ့ ချစ်သူက မယုံရတော့တဲ့အခါမျိုးမှာ သာမာန်လူတစ်ယောက်ကို ယုံကြည်ဖို့ဆိုတာ ခဲယဉ်းကောင်း ခဲယဉ်းနိုင်ပါတယ်။

(၃) ထောင်ချောက်တစ်ခုလို့ မြင်မိတယ်

ဒီလိုလူတွေ အများစုဟာ အချစ်ကို ကြောက်သွားတတ်ကြတယ်။ အချစ်ဟာ ဘ၀တစ်ခုလုံး ပိတ်လှောင်စေတဲ့ ထောင်ခြောက်လို့ မြင်မိစေတဲ့အထိ အကြောက်တရားက ကြီးစိုးသွားတယ်။

(၄) အလှအပကို မခံစားချင်တော့ဘူး

သူတို့တစ်တွေရဲ့ စိတ်ထဲမှာ အလှအပဟာ အန္တရာယ်အရှိဆုံးအရာလို့ မြင်သွားစေတဲ့အထိ ဖြစ်နေတတ်တယ်။ ဘယ်အရာကိုမှ အလှအပရယ်လို့ မမြင်တော့ဘူး။ တစ်ခါတလေ အပြစ်တောင် မြင်ချင်သေးတယ်။

(၅) အချစ်အကြောင်းစဉ်းစားတိုင်း စိတ်သက်သာမှုမရှိဘူး

ချစ်ရမှာကြောက်တဲ့သူတွေမှာ အချစ်ကို မစဉ်းစားမိအောင် ကိုယ့်စိတ်ကို အမြဲ ချိုးနှိမ်ထားလေ့ရှိတယ်။ စဉ်းစားမိလိုက်တဲ့
အခါတိုင်းမှာလည်း ချဉ်းကပ်ပုံမတူညီတာကြောင့် မယုံကြည်မှုနဲ့ ကြီးစိုးနေတဲ့ အချစ်မို့ စိတ်ဆင်းရဲတာပဲ အဖက်တင်တတ်တယ်။

(၆) လွှမ်းမိုးခံရမှာ မလိုလားဘူး

နောက်တစ်ခုက အချစ်ကို လက်ခံလိုက်တယ်၊ ရယူလိုက်တယ်ဆိုရင် ဘ၀ကို အတိုင်းအတာ ကြီးကြီးမားမားနဲ့ လွှမ်းမိုးခြင်း ခံရမယ်လို့ ထင်နေတာကလည်း အချစ်ကို လက်ရှောင်စေတဲ့ အရာပဲဖြစ်တယ်။

(၇) တည်ငြိမ်လွန်းနေတယ်

နောက်ဆုံးအချက်အနေနဲ့ကတော့ စောစောကပြောသလို အလှအပတွေကို ခံစားလိုတဲ့ ပင်ကိုယ်စိတ် မရှိတော့တာမို့ တော်ရုံအလှနဲ့ စွဲဆောင်မှုလောက်ကတော့ ရှိတယ်လို့ကို ထင်တဲ့သူတွေ မဟုတ်ပါဘူး။ အချစ်စိတ်ဆိုတာ ဝေလာဝေး ခေါင်းထဲမှာတောင် ထည့်စဉ်းစားတာမျိုး မရှိပါဘူး။

နတ်စည်တော် (Shwemom)

Credit: Shwemom

"သူငယ်ချင်းထက်ပိုသော သံယောဇဉ်ရှိနေတဲ့ ကောင်မလေးရဲ့ အမူအရာများ"


"သူငယ်ချင်းထက်ပိုသော သံယောဇဉ်ရှိနေတဲ့ ကောင်မလေးရဲ့ အမူအရာများ"

တစ်ခါတစ်လေ သူငယ်ချင်း ကောင်မလေးတွေထဲမှာလည်း သင့်ကို တိတ်တိတ်လေး သဘောကျနေတဲ့ ကောင်မလေးတွေ ရှိတတ်ပါတယ်။ ယောက်ျားလေးတွေက တစ်ခါတစ်လေ သေးသေးမွှားမွှားကအစ မြင်တတ်ပေမယ့် ကောင်မလေးတွေရဲ့ အထာကိုတော့ သိပ်နားမလည်တတ်ကြပါဘူး။ ဒီတော့ သင့်သူငယ်ချင်း ကောင်မလေးတွေထဲမှာ သင့်ကိုခိုက်နေတဲ့ ကောင်မလေး ရှိမရှိ အောက်ပါအချက်လေးတွေနဲ့ တိုက်ကာ စစ်ဆေးကြည့်ပါ။

(၁) အပြုံး

ရိုးရိုးပြုံးတာနဲ့ အထာပေးပြီးပြုံးတာ ကွာပါတယ်။ သေချာကြည့်တတ်ဖို့တော့ လိုပါလိမ့်မယ်။ အဓိပ္ပါယ် ကောက်လွဲရင်လည်း တိုင်ပတ်တတ်ပါတယ်။ သင့်ကိုခိုက်နေတဲ့ ကောင်မလေးတွေ ပြုံးရင် ဖြည်းဖြည်းချင်းပြုံးပြီး မျက်လုံးထဲမှာ မေတ္တာရည်တွေ ရွှန်းလဲ့နေပါလိမ့်မယ်။ တစ်ခါတစ်လေ ရှက်လည်း ရှက်နေပါလိမ့်မယ်။

(၂) ဆံပင်ခါခြင်း

ဆံပင်ကို ကလိခြင်းက ဟိုးအရင်ကတည်းက မိန်းကလေးတွေရဲ့ ပုံသေအထာပေးနည်းပါ။ တစ်ခါတစ်လေ ဆံပင်ခါမယ်၊ တစ်ခါတစ်လေ ဆံပင်ကိုလိမ်မယ်၊ တစ်ခါတစ်လေ ဆံပင်ကို ပွတ်သပ်နေမယ်၊ အဲ့ဒါတွေအားလုံးက သင့်ကို သတိထားမိစေချင်လို့ပါ။

(၃) နှုတ်ခမ်းကိုက်ခြင်း

ကောင်မလေးက သင့်ကိုကြည့်ပြီး နှုတ်ခမ်းကိုက်တယ် ဆိုရင်တော့ သင့်ကို စိတ်ဝင်စားနေတာ သေချာပါတယ်။ (စိတ်ဆိုးလို့ ကိုက်တဲ့ပုံစံတော့ မဟုတ်ဘူးနော်)

(၄) အခြားသူငယ်ချင်းများထက် ပိုဂရုစိုက်ခြင်း

သင့်ကိုသဘောကျနေတဲ့ ကောင်မလေးက အခြားသူငယ်ချင်းတွေနဲ့ တူမှာ မဟုတ်ပါဘူး။ သင့်အပေါ်မှာ အခြားသူတွေထက်ကို ပိုပြီး ဂရုစိုက်နေပါလိမ့်မယ်။ သင်က အခြားကိစ္စတွေကြောင့် သတိထားမိချင်မှ ထားမိလိမ့်မယ်။ တကယ် သတိထားကြည့်ရင်တော့ သိနိုင်ပါတယ်။

(၅) သင် ရည်းစားထားမှာကို သူကြောက်တယ်။

သင် ရည်းစားရသွားမှာကို သူ အရမ်းကြောက်ပါတယ်။ မိန်းကလေးမို့ သူက တိုက်ရိုက်တားဆီးလို့ မရပေမယ့် သင့်ကို
တစ်နည်းနည်းနဲ့ အခြားမိန်းကလေးတွေနဲ့ မနီးစပ်အောင် သူ ကြိုးစားပါလိမ့်မယ်။

(၆) သင့်ကို တစ်ခါတစ်လေ ခိုးခိုးပြီး ငေးကြည့်တတ်တယ်။

မိန်းကလေးတွေက ယောက်ျားလေးတွေလို ပေါ်တင်ကြည့်လို့မရတော့ ခိုးကြည့်ရပါတယ်။ တစ်ခါတစ်လေ သင် သတိထားမိရင် သင့်ကို ခိုးကြည့်နေတာ တွေ့ပါလိမ့်မယ်။ ဒါပေမယ့် သင်သိသွားတာနဲ့ အကြည့်ချင်းလွှဲဖို့ ကြိုးစားပါလိမ့်မယ်။

(၇) သင့်အတွက် အမြဲအသင့်ရှိနေတတ်တယ်။

သင်တစ်ခုခုလိုအပ်လာတိုင်း အခြားသူတွေနဲ့မတူပဲ သူက အမြဲ အသင့်ရှိနေပေးတတ်ပါတယ်။ သင့်ကို အကြံပေးဖို့၊ သင့်ကို အားပေးဖို့ သူ အမြဲ ရှိနေပါလိမ့်မယ်။

အထက်ပါအချက်တွေ တော်တော်များများ ပြည့်စုံမှ သင့်ကို သဘောကျနေတယ်လို့ ယူဆပါ။ တစ်ချက်၂ ချက်လောက် ဆိုရင်တော့ သင့်ကို အရမ်းခင်တာလည်း ဖြစ်နိုင်ပါတယ်။

Source: lovepanky

Credit: Shwemom

Thursday, May 5, 2016

"ရည်းစားဟောင်းနဲ့ ပြန်မတွဲသင့်တော့တဲ့ အကြောင်းအရင်း (၄) ခု"


"ရည်းစားဟောင်းနဲ့ ပြန်မတွဲသင့်တော့တဲ့ အကြောင်းအရင်း (၄) ခု"

၁- အကြောင်းအရင်း

ဘာကြောင့် ပြတ်ရတာလဲဆိုတဲ့ အကြောင်းအရင်းက အရေးကြီးပါတယ်။ သင့်ထက်အစစအရာ သာလွန်းနေလို့ ပြတ်သွားတာလား၊ စတွဲတုန်းကရခဲ့တဲ့ ခံစားချက်မျိုး မရတော့လို့လား၊ မပျော်တော့လို့လား။ ပြန်တွဲလည်း ပြတ်ခဲ့ရတဲ့ ပြဿနာတွေ ပြန်ပေါ်ဖို့ရှိတယ်ဆို မလှုပ်ရှားတာ ကောင်းပါတယ်။ တစ်ဖက်လူကို သူ့ဘဝနဲ့သူ ထားလိုက်ပါတော့။ ပြဿနာတွေ အမြဲ ပြန်ပေါ်ဖို့ရှိတယ်ဆိုရင် သင့်ဘဝနဲ့ ကိုက်ညီတဲ့လူ မဟုတ်ပါဘူး။

၂- နာကျင်မှု

သင့်ဘက်က အဆင်မပြေလို့ ဖြတ်ခဲ့တာကြောင့်  တစ်ဖက်က တောင်းပန်မယ်၊ မဖြတ်ဖို့ပြောမယ်၊ ဖုန်းတွေဆက်မယ်၊ မက်ဆေ့တွေပို့မယ်။ ဒီလိုတွေ မလုပ်ဖို့ ပြောပေမဲ့ တစ်ဖက်က အဆက်မပြတ် မက်ဆေ့တွေ ပို့နေမယ်။ ဒါပေမဲ့ အချိန်တစ်ခု ကြာတဲ့အခါ  ရုတ်တရပ် သူ့ဘက်က ဆက်သွယ်နေတာတွေကို ရပ်လိုက်ပါတယ်။  ဒီအခါ သင်က သိချင်ပါမယ်။ ဘာလို့ ရပ်လိုက်တာလဲ၊ အသစ်ရသွားပြီလားပေါ့။

သင့်ဘက်က ဖုန်းပြန်ဆက်တော့လည်း သူ့ဘက်က တက်တက်ကြွကြွ ရှိတဲ့ အသံမျိုး မကြားရတော့ပါဘူး။ ဒီအခါ နှစ်ဦးသား ဆက်ဆံရေး အဆုံးသတ်လိုက်တာ မှားပြီလို့ ခံစားရတတ်ပါတယ်။ အမှန်တော့ မှားတာ မဟုတ်ပါဘူး။ ဝမ်းနည်းမှုကို ခံစားရတာပါ။ ဒီဝမ်းနည်းမှုပိုင်းဟာ အချိန်တစ်ခုကြာရင် ပျောက်သွားမှာပါ။ ဒီခံစားချက်လောက်နဲ့ ပြန်မတွဲသင့်ပါဘူး။ ပြန်တွဲလို့ ဒုက္ခဖြစ်ရမှာတွေက ဒီ့ထက်ဆိုးပါတယ်။

၃- မပြောင်းဘူး

နှစ်ယောက်စလုံးဟာ ပြတ်ခဲ့တုန်းက အချိန်အတိုင်း ၁၀၀ ရာခိုင်နှုန်း ပြောင်းလဲမှု မရှိကြဘူးဆိုရင်လည်း ပြန်မတွဲသင့်ပါဘူး။

၎- အထီးကျန်မှု

သူငယ်ချင်းတွေနဲ့ သွားလာပျော်ရွှင်နေရပေမဲ့ အထီးကျန်တယ်လို့ ခံစားရတဲ့အချိန်တွေ ရှိပါတယ်။ တကယ်ရင်းနှီးပြီး ကိုယ့်နဲ့စိတ်တူကိုယ်တူ ရှိပေးနိုင်မယ့် ဘဝလက်တွဲဖော်ကို တောင့်တတာ ဖြစ်ပါတယ်။ ဒါနဲ့ပဲ ရည်းစားဟောင်းဆီ လှည့်မသွားသင့်ပါဘူး။ သင့်အထီးကျန်မှုကို ဒဏ်ရာတွေနဲ့ ဖြေဖျောက်ပေးမှာထက်စာရင် တစ်ယောက်တည်း နေလိုက်တာက ပိုကောင်းပါတယ်။

Photos Source: Daily Mail

Credit: duwun

"အသည်းကွဲတဲ့အခါ နှလုံးရောဂါ ခံစားရတာနဲ့ အတူတူဖြစ်"


"အသည်းကွဲတဲ့အခါ နှလုံးရောဂါ ခံစားရတာနဲ့ အတူတူဖြစ်"

အသည်းကွဲတာဟာ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက် ပျက်စီးစေပါတယ်။

အသည်းကွဲဝေဒနာဟာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာသာ ဖြစ်တယ်လို့ ယေဘုယျ သတ်မှတ်ထားကြတာပါ။ ဒါပေမယ့် သုတေသီတွေရဲ့ လေ့လာချက်အရ အသည်းကွဲခြင်းဟာ ရုပ်ပိုင်းဆိုင်ရာကို အကြီးအကျယ် ထိခိုက်စေတယ်လို့ ဆိုပါတယ်။

ချစ်ရတဲ့သူ တစ်စုံတစ်ယောက်နဲ့ မတွေ့ရတော့တဲ့အခါမျိုး အသည်းကွဲဝေဒနာ ခံစားရတတ်ကြပါတယ်။ ဒါမှမဟုတ် ချစ်ရ၊ ခင်ရတဲ့သူ သေဆုံးသွားရင်လည်း အသည်းကွဲတာကို ခံစားရတတ်ကြပါတယ်။ အသည်းကွဲဝေဒနာ ခံစားနေရချိန်မှာ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ နှလုံးကို သက်ရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ အဲဒီ သက်ရောက်မှုဟာ နှလုံးရောဂါ ဝေဒနာကို ခံစားရတဲ့ လူတစ်ယောက်မှာ ဖြစ်လာတဲ့ သက်ရောက်မှုနဲ့ အတူတူဖြစ်တယ်လို့ ဆိုပါတယ်။

ချစ်ခင်ရသူ တစ်ယောက် သေဆုံးသွားတဲ့အခါ ကိုယ်အတွင်းမှာရှိတဲ့ နှလုံးကို သက်ရောက်မှုက နောက်တစ်နှစ်လောက်အထိ ရှိနေတတ်တယ်လို့ အမေရိကန်မှာလုပ်တဲ့ သုတေသနတစ်ခုက ပြောထားပါတယ်။ ဒါဟာ လူ့ခန္ဓာကိုယ်အတွင်းက အစိတ်အပိုင်းတွေနဲ့ စိတ်ပိုင်းဆိုင်ရာ တိုက်ရိုက် ဆက်နွယ်သက်ရောက်မှု ရှိတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

အသည်းကွဲခြင်းကြောင့် စိတ်ဓာတ်ကျခြင်းကို ဖြစ်စေပါတယ်။ တရားထိုင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်းနဲ့ ဝါသနာတစ်ခုခု လေ့လာ လိုက်စားခြင်းတို့က အသည်းကွဲဝေဒနာကို အမြန်ဆုံး ပျောက်စေနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

Source : Life

Credit: duwun

"ကောင်မလေး သင့်ကို သဘောကျနေလား သိနိုင်တဲ့နည်း"


"ကောင်မလေး သင့်ကို သဘောကျနေလား သိနိုင်တဲ့နည်း"

ကောင်မလေးတစ်ယောက်က သင့်ကို သဘောကျနေလားဆိုတာ သင် ဘယ်လိုသိမလဲ။ တစ်ခါတစ်လေ မိန်းကလေးတွေက သဘောကျရင် လုပ်တတ်တဲ့အမူအရာတွေ ရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေးတွေက အထာ မဖတ်တတ်တဲ့အခါမှာတော့ ကိုယ့်ကိုကြိုက်နေမှန်းတောင် မသိကြပါဘူး။ အောက်ပါအချက်ကလေးတွေကို ကြည့်ပြီး ကောင်မလေးက သင့်ကို သဘောကျမကျ သိနိုင်ပါတယ်။

(၁) သူမ သင့်ကို ခဏခဏ ခိုးကြည့်နေတယ်။

သင် ကော်ဖီဆိုင်ထဲမှာ ထိုင်နေတယ်ဆိုပါစို့။ ကောင်မလေးတစ်ယောက်က သင့်ကို တစ်ခါလောက်ကြည့်တယ်ဆိုရင် ဒါပုံမှန်ပါပဲ။ ဒါပေမယ့် ခဏခဏကြည့်နေပြီး သင်က သူ့ကို ပြန်ကြည့်လိုက်တိုင်း မျက်နှာလွှဲသွားတယ် ဆိုရင်တော့ တစ်ခုခုတော့ တစ်ခုခုပါပဲ။ ဖြစ်နိုင်တာ ၂ ခု ရှိတယ်။ သူမ သင့်ကို သဘောကျနေလို့ သို့မဟုတ် သင့်မျက်နှာမှာ တစ်ခုခုကပ်နေလို့။ ဒါပေမယ့် သင် သူ့ကို ပြန်ကြည့်တိုင်း သူမ ရှက်သလို ဖြစ်နေရင်တော့ သေချာပါတယ် သူမ သင့်ကို သဘောကျနေပြီ။

(၂) ခဏခဏ သူမကိုသူမ ပြင်နေတယ်။

သင့်ရှေ့မှာ ခဏခဏ ဆံပင်သပ်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် သင့်ဘေးကနေဖြတ်ပြီး သန့်စင်ခန်းကိုသွားကာ အလှသွားပြင်တာ ဖြစ်ဖြစ် တွေ့ရင်တော့ Positive sign ပါပဲ။ အကယ်၍များ သင့်ဘေးက ဖြတ်လျှောက်သွားတုန်း သင့်ကို ပြုံးပြသွားရင်တော့ ပိုသေချာပါတယ်။

(၃) သူမ သင်နဲ့စကားပြောရင် စိတ်လှုပ်ရှားနေတတ်တယ်။

ဒါက သင်နဲ့ခင်မင်ပြီး နောက်ပိုင်းပေါ့။ စိတ်လှုပ်ရှားရင် သူမရဲ့ မျက်လုံးတွေမှာ အရောင်လက်နေပါလိမ့်မယ်။ သူမ ပြုံးရင်
တကယ်ပီပီပြင်ပြင်ကြီး ရင်ထဲက ပြုံးပါလိမ့်မယ်။ သူမ သင်နဲ့စကားပြောရရင် ပျော်နေလိမ့်မယ်။ ဒီအချက်တွေနဲ့ ညီရင်တော့ သူမ သင့်ကို သဘောကျနေပါပြီ။

အထက်ပါအချက်တွေက သူမ သင့်ကို သဘောကျတာပဲဖြစ်ပြီး ချစ်တာမဟုတ်သေးကြောင်း နားလည်ဖို့ လိုပါတယ်။ သူမ သင့်ကို ချစ်လာဖို့ကတော့ သင် ဆက်ကြိုးစားရမှာ ဖြစ်ပါတယ်။

Credit: Shwemom

"သင့်ရဲ့ချစ်သူ သူ့အဆက်ဟောင်းကို မမေ့သေးဘူးဆိုတာ သိနိုင်တဲ့အချက်"


"သင့်ရဲ့ချစ်သူ သူ့အဆက်ဟောင်းကို မမေ့သေးဘူးဆိုတာ သိနိုင်တဲ့အချက်"

ကိုယ်လက်ရှိတွဲနေတဲ့ ရည်းစားက အရင်ရည်းစားကို မမေ့နိုင်သေးတာ တော်တ်ာကို ဆိုးရွားတဲ့ခံစားချက်ပါ။ သူ့ရဲ့ အဆက်ဟောင်းကိုပဲ စွဲစွဲမြဲမြဲ သတိရနေရင် သူ့ကို သင် ဆက်ပြီး လက်မတွဲသင့်တော့ပါဘူး။ တစ်ခါတစ်ရံတော့ လူတိုင်း သတိရတတ်ကြပါတယ်။ ဒါပေမယ့် လက်ရှိတွဲနေတဲ့သူ စိတ်အနှောက်အယှက် ဖြစ်လောက်အောင် သတိရတာမျိုးကတော့ မကောင်းပါဘူး။

(၁)အဆက်ဟောင်းက သင့်ရည်းစားပေါ် အစစအရာရာ မှီခိုနေသေးတယ်။

အဆက်ဟောင်းဆိုတာ ပျက်ပြီးသွားရင် ဘာမှ ပြန်လှည့်ကြည့်စရာ မလိုတော့ပါဘူး။ ခင်မင်ရုံ အနေအထားတော့ ထားလို့ရပါတယ်။ ဒါပေမယ့် ပျက်သွားတဲ့ အဆက်ဟောင်းက အစစအရာရာ သင့်ရည်စားပေါ်ပဲ မှီခိုနေရင်တော့ ပြန်ဆက်ချင်တာ ဖြစ်ဖို့များပါတယ်။

(၂) သင့်ရည်းစားက သင့်ကိုလိမ်တယ်။

သင့်ရည်းစားက အရင်အဆက်ဟောင်းနဲ့ နီးနီးကပ်ကပ် နေထိုင်နေသေးပေမယ့် သင့်ကိုတော့ မနီးစပ်ကြောင်း၊ စကားတောင် မပြောဖြစ်ကြောင်း လိမ်နေရင်တော့ သင် သတိထားသင့်ပါပြီ။

(၃) နှိုင်းယှဉ်တယ်။

တစ်ခါတစ်လေ စကားများရန်ဖြစ်ကြလို့ သင့်ရည်းစားက သင့်ကို သူ့အဆက်ဟောင်းနဲ့ နှိုင်းယှဉ်ပြီဆိုရင်တော့ သူ့ရဲ့စိတ်တွေ အဆက်ဟောင်းကို တမ်းတနေတုန်းပါပဲ။ တကယ့်စိတ်ရင်းက ဒေါသထွက်တဲ့အချိန်မှာ ပေါက်ကွဲ လွင့်စင်လာတတ်ပါတယ်။

(၄) သူ့အဆက်ဟောင်းဆီက ဖုန်းလာရင် သင့်ရှေ့မှာ မကိုင်ဘူး။

တကယ်ရိုးသားရင် သင့်ရှေ့မှာလည်း ကိုင်သင့်ပါတယ်။ သင့်ရှေ့မှာ မကိုင်ရင် ဘာ့ကြောင့် မကိုင်လဲမေးပါ။ သင်စိတ်ထိခိုက်မှာစိုးလို့ ဆိုတာ အကြောင်းပြရင် နောက်တစ်ခါ ကိုင်ခိုင်းပါ။ သင့်ရှေ့မှာ ကိုင်ခွင့်ပြုပါ။

(၅) ခဏခဏပြန်တွေ့နေပြီ။

သင့်ရဲ့သူငယ်ချင်းတွေက သင့်ရည်းစားကို သူ့အဆက်ဟောင်းနဲ့ တွေ့မိတယ်လို့ ခဏခဏ ကြားရတာမျိုး၊ သင်ကိုယ်တိုင်
တွေ့တာမျိုးဆိုရင်တော့ သူ ဘယ်လောက်ပဲ ရိုးသားတယ်ပြောပြော စိုးရိမ်သင့်နေပါပြီ။

ဘာလုပ်သင့်လဲ

သင့်ရည်းစားကို ဘယ်သူကအရေးကြီးလဲ ပေါ်တင်မေးသင့်ပါတယ်။ အရင်အဆက်ဟောင်းကြောင့် ခဏခဏ ရန်ဖြစ်ရတယ်ဆိုတည်းက သင်တို့ ၂ ယောက်ရဲ့ Relationship က ပြိုကွဲစပြုနေပါပြီ။ ဒါ့ကြောင့် အမြန်ဆုံး ပြဿနာမကြီးမီ တေ့တေ့ဆိုင်ဆိုင် ဖြေရှင်းသင့်ပါတယ်။

Credit: Shwemom

"ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရဲ့လားဆိုတာ ခွဲခြားသိမြင်နိုင်စေမယ့် လက္ခဏာများ"


"ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရဲ့လားဆိုတာ ခွဲခြားသိမြင်နိုင်စေမယ့် လက္ခဏာများ"

မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားတစ်ယောက်က ကိုယ့်ကို တစ်ကယ် မြတ်မြတ်နိုးနိုး ရှိရဲ့လား၊ သဘောကျရဲ့လား ဆိုတာကို အလွယ်တကူ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယောက်ျားအများစုဟာ မိန်းကလေးတွေဆီက သူတို့လိုချင်တာကို ရနိုင်ဖို့အတွက် မိန်းကလေးတွေ လိုချင်တာကို လိုက်လျော ဖြည့်ဆည်းပေးနေလေ့ရှိလို့ပါ။

ဒီလို လေ့လာဖို့ဆိုတာဟာ ခက်ခဲပေမယ့်လည်း ယေဘူယျအားဖြင့် ယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေးတစ်ယောက်ကို တစ်ကယ်တမ်း တပ်မက်လိုချင်ရဲ့လားဆိုတာ၊ သူ့ဘက်က သင့်ကို တစ်ကယ်ချစ်လားဆိုတာ သိသာစေမယ့် လက္ခဏာ အချို့ရှိနေပါတယ်။ အဲဒါတွေကတော့

၁။ လိင်ကိစ္စအတွက်ပဲ သူ့ဘက်က ဦးတည်နေရင်

သင်တို့ ၂ ယောက်ဟာ ချိန်းတွေ့ကြတဲ့အခါမှာ ညစာ သွားစားကြပါမယ်။ ရုပ်ရှင်သွားကြည့်ရင်လည်း ကြည့်ပါမယ်။ ဒါပေမယ့် သူဟာ အခြားချစ်သူရည်းစားတွေလို ပျော်ရွှင်မှု၊ ကြည်နူးမှုမျိုးကို ဖန်တီးဖို့ စိတ်ဆန္ဒမရှိပဲ အတူအိပ်ဖို့လောက်ပဲ ခေါင်းထဲ တွေးနေရင်တော့ သူ သင့်ကို တကယ်မချစ်ပါဘူး။

၂။ သူ့ဘက်က အပေးအယူ မရှိရင်

ယောက်ျားတစ်ယောက်ဟာ မိန်းမတစ်ယောက်ကို တစ်ကယ်ချစ်ရင် မမေးမမြန်းပဲ ညှိနှိုင်းဆွေးနွေးမှုတွေကို စတင်လုပ်လေ့ရှိပါတယ်။ မိန်းကလေးဘက်က အရာရာကို သဘောတူတယ်ဆိုရင်တောင် တစ်ကယ်ချစ်တဲ့ ယောက်ျားလေးဟာ ဘယ်ကိစ္စမဆို ညှိနှိုင်းဆွေးနွေးဖို့ ကြိုးစားမှာပါ။ ဘာကြောင့်လဲဆိုရင်တော့ သူ့ရဲ့ ရည်ရွယ်ချက်ဟာ သူချစ်တဲ့ မိန်းကလေးကို စိတ်ချမ်းသာစေချင်လို့ပါပဲ။

၃။ သူ့ဘက်က ကိုယ့်ကို ဂရုစိုက်တဲ့ပုံ မပေါ်ရင်

ယောက်ျားလေးတစ်ယောက်ဟာ မိန်းကလေး တစ်ယောက်ကို အမြဲတမ်း ဂရုစိုက်မှာ သေချာပါတယ်။ မိန်းကလေးတွေဟာ ယောက်ျားလေးတွေထက်စာရင် အားနွဲ့သူတွေပါ။ ထီးဆောင်းပေးတာမျိုး၊ တစ်နေရာရာကို ရောက်တဲ့အခါ ဦးစားပေးတာမျိုး စတဲ့ ဂရုစိုက်မှုတွေကတော့ ယောက်ျားတိုင်းလိုလို ပြုလုပ်လေ့ရှိပါတယ်။ ဒါပေမယ့် သင့်ဘက်က အကြောင်းအရာ တစ်ခုခုနဲ့ပတ်သက်ပြီး စကားတွေပြောနေမယ်၊ သူလည်း ကြားနေမယ်။ ဒါပေမယ့် သူ့ဘက်က အာရုံစိုက်နားမထောင်ဘူး ဆိုရင် ဒါဟာ ဂရုမစိုက်တဲ့ သဘောပါ။

၎။ သူ့ကို လိုအပ်တဲ့အခါ ရောက်မလာခဲ့ရင်

သူ့ဘက်ကလည်း တစ်ခုခုဆို သင့်ကို အပူကပ်လေ့မရှိတာ မှန်ပါတယ်။ ဒါပေမယ့် သင်လိုအပ်တဲ့အခါမှာလည်း သူ့ဘက်က ဘာတစ်ခုမှ မကူညီလာဘူးဆိုရင်တော့ ဒီအချစ်ရေးဟာ မှားယွင်းနေပါပြီ။ ဘ၀ ၂ ခုကို ပေါင်းစပ်ဖို့ ကြိုးစားတဲ့အခါမှာ နှစ်ယာက်လုံး တစ်သားတည်းကျနေဖို့ လိုပါတယ်။ သူ့ပြဿနာ၊ ကိုယ့်ပြဿနာ ခွဲခြားနေလို့ မရပါဘူး။ နှစ်ယောက်အားနဲ့ ဖြေရှင်းချင်စိတ်ရှိမှသာ သူ့ဘက်က သင့်ကို တစ်ကယ်ချစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

၅။ သင့်ကို အားပေးရမယ့်အစား တိုက်ခိုက်နေမယ်ဆိုရင်

အချစ်နဲ့ ပတ်သက်တဲ့ အံ့သြစရာ အကောင်းဆုံး အရာက ချစ်သူရဲ့  အားပေးကူညီမှု (Support) ပဲ ဖြစ်ပါတယ်။ မိန်းကလေးတွေ သိထားသင့်တဲ့ ချစ်သူ ယောက်ျား နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးကတော့ သင့်ရဲ့ အမှားတွေနဲ့ အားနည်းချက်တွေကို ထောက်ပြတတ်သူ ဖြစ်ပါတယ်။ အပေါ်ယံအားဖြင့်တော့ သူ့ဘက်က သင့်ကို ပိုမို ကောင်းမွန်လာစေချင်တဲ့ စိတ်နဲ့ ပြောတာလို့ မြင်လို့ရပါတယ်။ နောက်ထပ် ယောက်ျားတစ်မျိုးကတော့ သင် လုပ်နိုင်တာထက် သင့်ကို ပိုမြင်ပေးပြီး သင့်ကို သင်ဖြစ်ချင်တဲ့ အရာတိုင်း အောင်မြင်နိုင်တယ်လို့ အမြဲတမ်း မြှောက်စား အားပေးနေတတ်သူတွေပါ။ ဒုတိယ ယောက်ျားအမျိုးအစားက သင့်ဘ၀တစ်ခုလုံးကို ပိုမို ကောင်းမွန်လာအောင် ဖန်တီးပေးနိုင်ပါလိမ့်မယ်။ ပထမ အမျိုးအစားကတော့ သင့်ကို အားငယ်စိတ်တွေသာ ပိုလာစေမှာပါ။

Ref:elitedaily

Credit: Trend Myanmar

Wednesday, May 4, 2016

"သင့်အချစ်ရေးမှာ သင်မပျော်တော့ဘူးဆိုတာ ပြနေတဲ့ လက္ခဏာ (၆) ရပ်"


"သင့်အချစ်ရေးမှာ သင်မပျော်တော့ဘူးဆိုတာ ပြနေတဲ့ လက္ခဏာ (၆) ရပ်"

အချစ်ရေးတွေက ရှုပ်ထွေးပါတယ်။

လူနှစ်ဦးရဲ့ ဘဝကို ပေါင်းစပ်ရာမှာ တစ်ဦးရဲ့စိတ်ကို တစ်ဦး နားလည်ဖို့ ခက်ခဲပါတယ်။ ဒါ့အပြင် ကိုယ်လိုချင်တဲ့ အချစ်ရေးနဲ့ သူလိုချင်တဲ့ အချစ်ရေး မတူညီတဲ့အခါ စိတ်ပျက်စရာတွေ ကြုံတွေ့ရတတ်ပါတယ်။ အချစ်က အဓိကလို့ ယူဆပြီး ပြဿနာတွေကို ပြီးရင် ပြီးသွာတာပဲလို့ တွေးသူတွေရှိသလို စိတ်ပျက်သွားသူတွေလည်း ရှိပါတယ်။ ဒီအချက်တွေနဲ့ ညီနေပြီဆိုရင်တော့ သင့်ရဲက အချစ်ရေးမှာ မပျော်တော့ဘူး၊ စိတ်ကုန်နေပြီဆိုတာ ပြနေပါတယ်။

၁။ ကိုယ့်ဘဝကိုယ် မပျော်တော့ဘူး။

သင်တို့နှစ်ယောက် စတင်ချစ်ကြိုက်ချိန်က သင်ခံစားခဲ့ရတဲ့ ခံစားချက်မျိုး သင့်ချစ်သူက သင့်ကို လုံးဝမပေးနိုင်တော့တာ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူ့ကြောင့် ဘယ်လိုမှ ကိုယ့်ဘဝကိုယ် မပျော်ပိုက်တော့ဘူး၊ သူ့ကြောင့် အမြဲစိတ်ညစ်နေရပြီဆိုရင် ဒါက ပြဿနာ ဖြစ်လာပါပြီ။

၂။ အမြဲတမ်း ချောင်းမြောင်းနေမိပြီ

ဘယ်လိုဆက်ဆံရေးမျိုးမဆို အပြန်အလှန် ယုံကြည်မှုလိုအပ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲ အမြဲတမ်း သူ့ကို သင်မသင်္ကာဖြစ်နေရပြီး နည်းအမျိုးမျိုးသုံးပြီး သူဘာလုပ်တယ်၊ ဘယ်မှာရှိတယ်ဆိုတာ ချောင်းမြောင်းနေရပြီ ဆိုရင်တော့ ဒါဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။

၃။ ကတိတွေ ထားရမှာ ကြောက်နေမိပြီ

သူနဲ့ ချစ်နေတာ နှစ်ပေါင်းများစွာကြာပြီး လက်ထပ်ဖို့အတွက် စဉ်းစားခဲ့ဖူးပေမဲ့ အခုအခါမှာတော့ ဘယ်တော့လက်ထပ်မယ်လို့ ကတိပြုဖို့ စိုးရွံ့နေမိပြီ။

၎။ သူမရှိတဲ့ဘဝက ပိုပျော်စရာကောင်းမယ်လို့ တွေးမိနေပြီ

စိတ်ကူးယဉ်တယ်ဆိုတာ ကြိုက်သလို ယဉ်ခွင့်ရှိပါတယ်။ ဒါပေမဲ့ သင့်ရဲ့ ပျော်ရွှင်စရာစိတ်ကူးယဉ် ကမ္ဘာလေးတိုင်းမှာ သူမပါလာဘူးဆိုရင်တော့ သင်တို့ရဲ့ အချစ်ရေးက မကောင်းတော့တဲ့အတွက်ကြောင့် ဖြစ်တယ်။ သင် ဝန်မခံချင်ပေမဲ့ အဲဒီအချစ်ရေးမှာ သင် မပျော်တော့ဘူး။

၅။ မကျေမချမ်းစိတ်တွေ များနေပြီ

အချစ်ရေးက စတင် အက်ကွဲလာတဲ့အခါ တစ်ချိန်က သင်အရမ်းချစ်ပါတယ်ဆိုတဲ့ သူနဲ့ ပတ်သက်သမျှ အရာအားလုံးက စိတ်ပျက်စရာ၊ မကျေနပ်စရာတွေ ဖြစ်လာပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင်တော့ သင်တို့အချစ်ရေးက ပျက်စီးဖို့ နီးကပ်နေပါပြီ။

၆။ အတိတ်ကိုပဲ တမ်းတနေတယ်

စချစ်စက ဘယ်လိုဆိုပြီး ပြန်ပြောင်းတွေးပြီး ကြည်နူးတာ ဘာမှမဖြစ်ပါဘူး။ ဒါပေမဲ့ အရင်တုန်းကလိုပဲ ပြန်ဖြစ်ချင်စိတ်တွေနဲ့ အခုဖြစ်နေတာတွေကို မကျေမနပ်ဖြစ်နေပြီဆိုရင် တစ်ခုခု မှားယွင်းနေပါပြီ။

Source & Photos : Life

Credit: duwun

"အမြဲတမ်း အကောင်းဘက်က မကြည့်တတ်တဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ"


"အမြဲတမ်း အကောင်းဘက်က မကြည့်တတ်တဲ့လူတွေနဲ့ ဘယ်လိုဆက်ဆံမလဲ"

၁- ထောက်ခံ

ဘာမဆို မကောင်းမြင်နေတတ်တဲ့လူနဲ့ ကြုံရတဲ့အခါ ပထမဆုံးလုပ်သင့်တာက သူ့ကို ထောက်ခံလိုက်ပါ။ သူပြောတာ နားထောင်ပေးပါ၊ အကူအညီလိုရင် ပေးလိုက်ပါ။

၂- ခွာနေ

စိတ်ရောကိုယ်ပါ ပေါင်းမိရင် သူတို့လို မကောင်းမြင်သမား ဖြစ်သွားပြီး အရာရာကို မကောင်း လိုက်မြင်နေတတ်ပါတယ်။ မသိကကျိုးကျွံပြုတာမျိုးတော့ မလုပ်ပါနဲ့။ စကားပြောပါ၊ ဒါပေမဲ့ စိတ်ထဲကတော့ မပါပါစေနဲ့။ ခွာပြီးပေါင်းပါ။ ကိုယ်နှစ်သက်တာ၊ ကိုယ်မျှော်လင့်တာတွေကို သူတို့နဲ့ မဆွေးနွေးပါနဲ့။

၃- စကားလမ်းကြောင်းပြောင်း

လူတစ်ဦးအကြောင်း မကောင်းပြောနေတယ် ဆိုပါစို့။ "အေး နင်ဘယ်လို ဖြေရှင်းမလဲ" ဆိုတဲ့ မေးခွန်းမျိုးကို မေးပြီး စကားလမ်းကြောင်း ပြောင်းပါ။ အနာဂတ်ကို အဓိကထားပြီး စကားလမ်းကြောင်းကို ပြောင်းသင့်ပါတယ်။

၎- အတိတ်

အကြောင်းအရာတစ်ခုကိုပဲ ထပ်ကာထပ်ကာ ပြောပြီး မကောင်းမြင်နေသူတွေလည်း ရှိပါတယ်။ ဒီလိုဆိုရင်လည်း စကားလမ်းကြောင်း ပြောင်းပေးသင့်ပါတယ်။ သူကြိုက်တဲ့၊ သူစိတ်ဝင်စားတဲ့ အကြောင်းအရာမျိုးကို မေးပြီး စကားလမ်းကြောင်း ပြောင်းသင့်ပါတယ်။

၅- ရှောင်ပါ

မကောင်းမြင်သမားကို သင့်ဘက်က သင်ပြတာမျိုး၊ မေတ္တာထားဖို့ အကြောင်းပြောတာမျိုးတွေ မလုပ်ပါနဲ့။ အသုံးမဝင်ဘဲ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။

၆- စည်းခြား

မကောင်းမြင်နေတဲ့လူကြောင့် သင့်စိတ်တွေ တကယ်မပျော်မရွှင် ဖြစ်ရတယ်ဆိုရင် စည်းခြားလိုက်ပါ။  သူပြောသမျှ နားထောင်နေဖို့ဆိုတာ တာဝန်မဟုတ်ပါဘူး။ ခပ်ဝေးဝေးသာ နေပါ။

Photos & Source: wikiHow

Credit: duwun

"အဆုတ်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ"


"အဆုတ်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ကြမလဲ"

လူတွေ ကျန်းမာစွာ ရှင်သန်နေထိုင်နိုင်မှုမှာ သန့်ရှင်းတဲ့လေထုကို ရှုရှိုက်ရမှုဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ လူတစ်ဦးချင်းစီမှာ ရှုသွင်းလိုက်တဲ့ အောက်ဆီဂျင်ဟာ ဆဲလ်တွေ ရှင်သန်မှုကို များစွာ အထောက်အကူပြုပါတယ်။  အခုခေတ် လူတွေမှာ အဆုတ်နဲ့ပတ်သက်ပြီး ရောဂါ ခံစားလာကြရရာ တရားခံတွေထဲမှာ  လေထုမသန့်ရှင်းတာလည်း ပါဝင်ပါတယ်။  ဒါကြောင့် လူတစ်ယောက်ရဲ့ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ဖို့အပိုင်းမှာ လေထု သန့်ရှင်းရေးဟာလည်း တိုက်ရိုက် ဆက်စပ်နေပါတယ်။  ပတ်ဝန်းကျင်လေထု ညစ်ညမ်းမှုကလည်း ပိုလို့များလာရာ လူတွေအတွက် နေထိုင်မှုစနစ်ဟာ ပိုလို့ ဂရုစိုက်ဖို့ လိုလာပါပြီ။

အဆုတ်ကို ထိခိုက်စေမယ့် အရာတွေကို ရှောင်ရှားပါ

ဒါကြောင့် ပထမအချက်အနေနဲ့ အဆုတ်ကို ထိခိုက်စေမယ့် အရာမှန်သမျကို ရှောင်ရှားတတ်ဖို့ လိုပါတယ်။ လူတွေအနေနဲ့ အဆုတ်ကျန်းမာရေးအတွက် ရှောင်ရှားသင့်တဲ့ အရာတွေထဲမှာ ဆေးလိပ်သောက်တာဟာ ထိပ်တန်းက ပါဝင်ပါတယ်။ ဆေးလိပ်သောက်တာဟာ အဆုတ်ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ လူတိုင်း သိရှိပါတယ်။ ဒါပေမယ့် ရှောင်ရှားနိုင်တာ နည်းတဲ့အခါ ဆေးလိပ်ကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားတာ များပါတယ်။

ဆေးလိပ်က သောက်သုံးသူကိုရော အနီးရှိ ရှုရှိုက်မိသူတွေကိုပါ ထိခိုက်စေရာ တစ်ချို့ ဆေးလိပ်မသောက်ပါဘဲ အဆုတ်ကင်ဆာ ဖြစ်ကြတယ်ဆိုတာ ဒီလို အခြေအနေမျိုးကြောင့် ဖြစ်နိုင်တာတွေ ရှိပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ရင် လူတွေနဲ့ဝေးရာမှာ သောက်ကြဖို့၊ ကလေးတွေနဲ့ ဝေးရာမှာ သောက်ကြဖို့ တိုက်တွန်း ဆော်သြမှုတွေ ပေါ်လာခဲ့တယ်။

နောက်တစ်ချက်က လေထု ညစ်ညမ်းမှုကြောင့် မသန့်ရှင်းတဲ့ လေထုကို ရှုရှိုက်မိရာက အဆုတ်ကျန်းမာရေးကို ထိခိုက်စေတယ်။ လူတွေအနေနဲ့ အစပိုင်းလောက်မှာ မသိသာလောက်ပေမယ့် တစ်ဖြည်းဖြည်း နှစ်ကာလ ကြာရှည်လာတဲ့အခါ အဆုတ်က ခံနိုင်ရည်မရှိတော့ဘဲ အဆုတ်ကို ပျက်စီးကာ အသက်ဆုံးရှုံးကြရပါတယ်။ မကောင်းတဲ့ အနံ့အသက်တွေ၊ အခန်းတွင်း လှောင်ပိတ်နေတဲ့ အနံ့အသက်တွေ၊ လေထဲမှ လွင့်ပါလာတဲ့ အမှုန်အမွှားတွေ၊ ပြင်းထန်တဲ့ အနံ့အသက်တွေကို ရှုရှိုက်မိဖန်များလာတဲ့အခါ ရေရှည်မှာ အဆုတ်ကို ဆိုးရွားစွာ ထိခိုက်စေတော့တာပါဘဲ။ ဒါကြောင့် အိမ်တွေမှာ အခန်းတွေကို လှောင်ပိတ်မထားဘဲ မကောင်းတဲ့ အနံ့အသက်တွေ ထွက်သွားအောင် ပြတင်းတံခါး ဖွင့်ပေးရတာတွေ၊ အပြင်မှ လတ်ဆတ်တဲ့ လေကောင်းလေသန့်တွေကို ဝင်ရောက်စေတာတွေက လူတွေ ရှုရှိုက်နေတဲ့ အောက်ဆီဂျင်ကို သန့်ရှင်းစေဖို့အတွက်ကြောင့် ဖြစ်ပါတယ်။

အဆုတ်ကျန်းမာစေဖို့ ဆောင်ရွက်သင့်တဲ့အရာ

လူတွေ ပုံမှန် အသက်ရှုနှုန်းတွေဟာ တစ်ကိုယ်လုံးကို အောက်ဆီဂျင်တွေ ရာနှုန်းပြည့်ရောက်ဖို့ အလွန် နည်းပါးပါတယ်။  ကိုယ်ခန္ဓာရဲ့ အစိတ်အပိုင်းတစ်ခုချင်းစီဟာ အောက်ဆီဂျင် ထောက်ပံ့မှုနဲ့ လည်ပတ်တာ ဖြစ်ပါတယ်။ တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့်အဝ မရောက်တာဟာ အဆုတ်သာမက အခြားအဂါင်္ အစိတ်အပိုင်းတွေကိုပါ ထိခိုက်စေပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် လေကို တစ်ဝကြီး ရှုသွင်းရှုထုတ် လုပ်ဖို့လိုတာ အမှန်ပါ။ ဒါမှ တစ်ကိုယ်လုံးကို အောက်ဆီဂျင် အပြည့် ရောက်ရှိနိုင်ကာ သွေးလည်ပတ်မှု ကောင်းစေမှာ ဖြစ်ပါတယ်။

တစ်ခါတစ်ရံ လွတ်လွတ်လပ်လပ် အားရပါးရ ရယ်မောတာဟာလည်း  အဆုတ်ထဲကို အောက်ဆီဂျင် အပြည့်အဝရောက်စေတဲ့ နည်းလမ်းတစ်မျိုး ဖြစ်ပါတာယ်။ အားရပါးရ ရယ်ဖြစ်တဲ့အခါ လေကို အားနဲ့ ရှုသွင်းဖြစ်ပြီး အောက်ဆီဂျင်အပြည့် ရရှိစေတယ်။   တစ်ကိုယ်လုံးအနှံ့ အောက်ဆီဂျင်ရောက်ရှိကာ ပေါ့ပါး လန်းဆန်းသွားစေတယ်။ ဒါကြောင့် အဆုတ်ကို ကျန်းမာစေဖို့ လုပ်ဆောင်ရာမှာ ရယ်မောတာကလည်း နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ အားကစားလုပ်တဲ့အခါလည်း လူတွေမှာ အသက်ကို ပြင်းပြင်းရှုကြရရာ အဆုတ်ကျန်းမာစေဖို့ နည်းလမ်းတစ်ခုမှာ အားကစားလုပ်တာလည်း ပါဝင်ပါတယ်။

အစားအသောက်ကလည်း အဆုတ်ကျန်းမာရေးကို များစွာ အထောက်ကူပြုစေတာ ရှိပါတယ်။ အစာကြေညက်လွယ်စေတဲ့ လတ်လတ်ဆတ်ဆတ် အသီးအနှံတွေနဲ့ ငါးတွေမှာ အဆုတ်ကျန်းမာရေးကို ကောင်းစေတဲ့ အကျိုးကျေးဇူးတွေ များစွာ ပါဝင်ပါတယ်။ ဥပမာ အစိမ်းရောင် ဂေါ်ဖီထုပ်တွေဆိုရင် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေ အန္တရာယ်ကို များစွာ လျော့ချနိုင်စွမ်း ရှိတယ်လို့ သိရှိရပါတယ်။

အသက်ရှုတဲ့အခါ နှာခေါင်းနဲ့ အသက်မရှုဘဲ ပါးစပ်နဲ့ အသက်ရှုတာဟာ အဆုတ်ကို ထိခိုက်စေတယ်လို့ ဆေးပညာရှင်တွေက ပြောဆိုထားကြပါတယ်။ လေထဲက ပါလာတဲ့ အမှုန်လးတွေဟာ နှာခေါင်းမွှေးမှာ တွယ်ကပ်ကျန်ခဲ့တဲ့အတွက်  အဆုတ်ထဲကို ရောက်ရှိတဲ့လေတွေဟာ အမှုံအမွှားပါဝင်မှု နည်းပါးပါတယ်။ ပါးစပ်နဲ့ ရှုကြရတဲ့အခါ အမှုန်အမွှားလေးတွေကို စစ်ယူထားနိုင်တဲ့ အမွှေးလေးတွေ မရှိတာကြောင့် အဆုတ်ထဲကို အမှုံအမွှားတွေ အများကြီး ရောက်ရှိစေကာ အဆုတ်ကို ထိခိုက်စေတာ ဖြစ်ပါတယ်။

အိမ်ထဲမှာ လေထုကို သန့်ရှင်းစေဖို့ အပင်တွေ စိုက်ပျိုးထားတာဟာလည်း လတ်ဆတ်တဲ့လေကို ရရှိစေကာ အဆုတ်ကျန်းမာစေဖို့ များစွာ အထောက်အကူပြုပါတယ်။ ဒါကြောင့် အဆုတ်ကို ကျန်းမာစေဖို့ ဂရုစိုက်ကြရာမှာ အစားအသောက် အနေအထိုင် ပတ်ဝန်းကျင်ဟာ များစွာ အရေးကြီးကြောင်း ဖော်ပြပေးလိုက်ပါတယ်။

Credit: Yangon Life

"Best Friend နဲ့ ချစ်သူဖြစ်ရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးများ"


"Best Friend နဲ့ ချစ်သူဖြစ်ရင် ရလာနိုင်တဲ့ အကျိုးကျေးဇူးများ"

ဘယ်သူ့ကို လက်ထပ်ရမလဲ ဆိုတဲ့ မေးခွန်းနဲ့ပတ်သက်ပြီး အဖြေတွေ အကြောင်းပြချက်တွေ အများကြီး ရှိပါတယ်။ လက်ထပ်မယ်ဆိုရင် အချစ်ဆုံးသူငယ်ချင်းကိုသာ လက်ထပ်ဖို့ အောက်ပါအကြောင်းပြချက်လေးတွေနဲ့ မျှဝေလိုက်ပါတယ်။

(၁) ချစ်မေတ္တာ

သာမာန်သူငယ်ချင်းအပေါ်မှာ ချစ်ခြင်းမေတ္တာမရှိဘဲ ယုံကြည်ရတဲ့ အကောင်းဆုံးသူငယ်ချင်းဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ အကောင်းဆုံး သူငယ်ချင်းဖြစ်ဖို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာ လိုပါတယ်။ ဒီ ရှိရင်းစွဲ ချစ်ခြင်းမေတ္တာကပင်လျှင် သင်တို့ကို အဆုံးအစွန်သော နားလည်မှု ပေးမှာပါ။

(၂) ယုံကြည်မှု

အကောင်းဆုံးသူငယ်ချင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ရတဲ့သူတွေ အချင်းချင်းမှ ဖြစ်နိုင်တာပါ။ ဒီယုံကြည်မှုဟာ ခိုင်မာတဲ့ အိမ်ထောင်ရေးရဲ့ သော့ချက်ဖြစ်ပါတယ်။

(၃) တူညီသော ရည်မှန်းချက်

အချစ်ဆုံးသူငယ်ချင်းတွေမှာ တူညီတဲ့ ရည်မှန်းချက်တွေ ရှိကြပါတယ်။ သို့တည်းမဟုတ် တစ်ယောက်ရဲ့ ရည်မှန်းချက်ကို တစ်ယောက်က အပြည့်အ၀ နားလည် လက်ခံကြပါတယ်။ ဒါကလည်း သာယာတဲ့အိမ်ထောင်ရေးကို ဦးတည်စေတဲ့ အချက်ပါဘဲ။

(၄) တူညီသော ကိုယ်ကျင့်တရား

အကျင့်စရိုက် တူတဲ့သူအချင်းချင်းမှာ ပေါင်းသင်းလို့ ရပါတယ်။ တစ်ယောက်ရဲ့ အကျင့်စရိုက်ကို တစ်ယောက်က သဘောမကျပါဘဲ လက်ခံ ပေါင်းသင်းလို့ မရပါဘူး။ ဒါဟာ အိမ်ထောင်ရေးတစ်ခုမှာ အရေးပါပါတယ်။

(၅) ဘာသာရေးအမြင် တူညီတယ်

ဘာသာရေးအမြင်နဲ့ပတ်သက်ပြီး ၀ိဝါဒကွဲစရာ မရှိပါဘူး။ ဘာသာမတူတဲ့သူအချင်းချင်း အကောင်းဆုံး သူငယ်ချင်းဖြစ်နေရင်တောင် တစ်ယောက်ရဲ့ ကိုးကွယ်မှုကို တစ်ယောက်က အပြည့်အ၀ လက်ခံထားပြီးသားပါ။

(၆) ပုဂ္ဂိုလ်ရေး ရင်းနီးပြီးသား

ပွင့်လင်းတဲ့ ဆက်ဆံရေးဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ရင်းနီးမှုက ပြောစရာမလိုပါဘူး။ ဒီရင်းနီးမှုကြောင့် တူညီတဲ့ လမ်းတစ်ခုကို လျှောက်တဲ့အခါ နားလည်မှု၊ ဖေးမကူညီမှု၊ အချင်းချင်း ဝေဖန်ထောက်ပြမှုတွေနဲ့ သာယာလှပပါလိမ့်မယ်။

(၇) သစ္စာရှိခြင်း

တစ်ယောက်ကို တစ်ယောက် သစ္စာစောင့်သိတဲ့နေရာမှာ အချစ်ဆုံးသူငယ်ချင်းတွေကို ဘယ်သူမှ လိုက်မမီပါဘူး။ တစ်ယောက်အပေါ် တစ်ယောက် ကွက်ကျော်ရိုက်ဖို့ မဆိုထားနဲ့ ဘေးပတ်ဝန်းကျင်က နစ်နာစေမှုတစ်ခုခု လုပ်တဲ့အခါ စိတ်လိုက်မာန်ပါ ကန့်ကွက်တတ်တာ အချစ်ဆုံးသူငယ်ချင်းတွေမှာပဲ ရှိတာပါ။

နတ်စည်တော် (Shwemom)

Credit: Shwemom

Tuesday, May 3, 2016

"ဘာလုပ်လို့ဘာကိုင်ရမှန်း မသိရင် လုပ်သင့်တဲ့အချက် (၆) ချက်"


"ဘာလုပ်လို့ဘာကိုင်ရမှန်း မသိရင် လုပ်သင့်တဲ့အချက် (၆) ချက်"

စိတ်တွေရှုပ်ထွေးတာ၊ ပျင်းရိငြီးငွေ့တာမျိုးတွေ ဖြစ်နေရင် လုပ်လိုက်သင့်တဲ့ အရာလေးတွေ ဖြစ်ပါတယ်။

၁- ရေချိုး

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိရင် လူတော်တော်များများ လုပ်တတ်ကြတာက ရေချိုးတာ ဖြစ်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း အချိန်ယူပြီး အေးအေးဆေးဆေး ချိုးသင့်ပါတယ်။ ရေချိုးခန်းထဲက ထွက်လာတဲ့အခါ လူသစ်စိတ်သစ် ဖြစ်သွားသလို ခံစားချက်မျိုး ရပါတယ်။

၂- ခေါင်းလျှော်

ဆိုင်မှာ သွားလျှော်တာကို ပြောတာပါ။ ဆိုင်မှာ ခေါင်းလျှော်ဖို့ ဆုံးဖြတ်လိုက်တာဟာ စိတ်တွေရှုပ်ထွေးနေတဲ့ လက်ရှိအခြေအနေကနေ ထွက်ပေါက် ရသွားပါတယ်။ နှိပ်နယ်ခေါင်းလျှော်တာကို ခံပြီးသွားရင်တော့ ဦးနှောက်တွေ ကြည်လင်သွားသလို ခံစားရပါတယ်။

၃- ရေသောက်

ရေသောက်တာက ဘာအန္တရယ်မှ မဖြစ်ပါဘူး။ အသားအရေ ကြည်ပါတယ်၊ ကျန်းမာရေး ကောင်းစေပါတယ်။ ဟိုနားဒီနား သွားတဲ့အခါတွေမှာလည်း ရေတစ်ဗူး ဆောင်ထားသင့်ပါတယ်။

၎- နှုတ်ဆက်

လူတွေကို ချိုချိုသာသာ နှုတ်ဆက်တာကလည်း ရေသောက်တာလိုပါပဲ။ စိတ်ရှုပ်ထွေးနေတဲ့ အချိန်မှာ လုပ်သင့်တဲ့ အန္တရာယ်ကင်းဆုံး အလုပ်ဖြစ်ပါတယ်။ နှုတ်ဆက်ရင်း၊ ပြောရင်းဆိုရင်းနဲ့ ဘာလုပ်ရမှန်းမသိဘဲ ငြီးငွေ့နေတဲ့စိတ်တွေ ပျောက်သွားပါမယ်။

၅- အိပ်ရာခင်း၊ ပန်းကန်ဆေး၊ မီးပူတိုက်

ဘာလုပ်လို့လုပ်ရမှန်း မသိတာဟာ လုပ်စရာမရှိလို့ ဖြစ်နေနိုင်ပါတယ်။ နာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ခုမှာ ဇာတ်ကောင်ဟာ စိတ်တွေရှုပ်လာရင် မီးပူထိုင်တိုက်ပါတယ်။ တစ်ခုခုကို စိတ်အာရုံနှစ်ပြီး လုပ်လိုက်တာမျိုး ဖြစ်ပါတယ်။

၆ - ဖုန်းခေါ်

တစ်ယောက်ယောက်ဆီ ဖုန်းဆက်ပါ။ ကိုယ်နိုင်တဲ့ သူငယ်ချင်းမျိုးဆို ကောင်းပါတယ်။ ကိုယ့်အကြောင်းသိတဲ့ သူငယ်ချင်းမျိုးပါ။ ပျင်းလို့ဆိုပြီး စကားတွေ ထိုင်ပြောနေလိုက်ပါ။

Photos & Source: Elite Daily

Credit: duwun

"ဒီအချက် (၄) ချက်နဲ့ ဖေ့စ်ဘွတ်မှာ unfriend လုပ်သင့်"


"ဒီအချက် (၄) ချက်နဲ့ ဖေ့စ်ဘွတ်မှာ unfriend လုပ်သင့်"

၁- ဦးနှောက်ကို ဒုက္ခပေးတယ်

လူတစ်ယောက်မှာ သူငယ်ချင်း အယောက် ၁၅၀ ထိပဲ ထားနိုင်ပါတယ်။ ဒါဟာ သုတေသန လေ့လာချက်တွေအရ တွေ့ရှိတာဖြစ်ပြီး ဒန်ဘာနံပါတ်လို့ ခေါ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က မနုဿဗဒပညာရှင် ဒန်ဘာက တွေ့ရှိခဲ့တာကြောင့် ဖြစ်ပြီး ဒီအရေအတွက်ထက် ကျော်မယ်ဆိုရင် ဦးနှောက်ရဲ့ အလုပ်လုပ်မှုကို အနှောင်အယှက်ဖြစ်တယ်လို့ ဆိုပါတယ်။

၂- အဓိကတွေ ဆုံးရှုံးနေတယ်

သင်က ဖေ့စ်ဘွတ်မှာ သူငယ်ချင်းထောင်ချီရှိတဲ့ လူမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုထောင်ချီနေတဲ့ လူတွေကို အလေးထားရင်းနဲ့ တကယ့် အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးတွေ ပျက်ပြားလာပါတယ်။ အခင်ဆုံးလူတွေ၊ အခင်ဆုံးသူငယ်ချင်းတွေ၊ အရေးပါတဲ့ ဆက်ဆံရေးတွေကို  ဂရုမစိုက်မိသလို ဖြစ်လာပါတယ်။ အဓိကအချက်ကတော့ ဖေ့စ်ဘွတ်ပေါ်က ဘဝနဲ့ အပြင်ဘဝကို ပေါ်ပေါ်လွင်လွင် ခွဲခြားထားဖို့ လိုပါတယ်။

၃- ပုဂ္ဂိုလ်ရေး

သင့်ရဲ့ဓာတ်ပုံတွေ၊ သင်ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတဲ့ အကြောင်းအရာတွေဟာ ဖေ့စ်ဘွတ်ပေါ်မှာ အမြောက်အများ ရှိနေပါတယ်။ ဒါတွေကို အသုံးချတာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေရှိရင် unfriend လုပ်သင့်ပါတယ်။

၎- စိတ်အနှောင့်အယှက်

စိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင် Unfriend လုပ်လိုက်ဖို့ လက်မနှေးသင့်ပါဘူး။ ၂၀၁၄ ခုနှစ်ကလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ လူတွေဟာ အောက်ပါအချက်တွေကြောင့် unfriend လုပ်နေကြပါတယ်။

အလွန်အကျွံ ကြွားသော ပို့စ်များတင်ခြင်း- ၆၈ %

ဝေဖန်ရေးပို့စ်များ အလွန်အကျွံတင်ခြင်း- ၅၆ ရာခိုင်နှုန်း

အာရုံစိုက်ခံချင်သော ပို့စ်များတင်ခြင်း- ၄၁ %

ဆယ်ဖီ အလွန်အကျွံ ရိုက်တင်ခြင်း- ၃၈ ရာခိုင်နှုန်း

Photos & Source: makeuseof

Credit: duwun

"လိုအပ်တာထက် ပိုကောင်းမိတဲ့အတွက် ရရှိမယ့် ဆိုးကျိုး (၅) ခု"


"လိုအပ်တာထက် ပိုကောင်းမိတဲ့အတွက် ရရှိမယ့် ဆိုးကျိုး (၅) ခု"

အလွန်အကျွံဆိုတာ ဘယ်အရာမှ မကောင်းပါဘူး။

အားနာစိတ်၊ သနားစိတ်တွေနဲ့ လူတကာအပေါ် အကောင်းလွန်မိရင် သင့်အတွက် ကောင်းကျိုးဆိုတာထက် ဆိုးကျိုးတွေရဖို့ ပိုများပါတယ်။

၁။ လူတွေက သင့်ကို ပျော့ညံ့သူလို့ မြင်တယ်

သင့်ကို ဘယ်သူကမှ သဘောကောင်းသူလို့ မချီးကျူးပါဘူး။ ပျော့ညံ့သူလို့ မြင်ပြီး သင့်ဆီက အခွင့်အရေးတွေသာ ယူသွားပါလိမ့်မယ်။

၂။ ကိုယ့်ကိုကိုယ်ကောင်းဖို့ မေ့နေတယ်

သူများအတွက် ကြည့်နေရတာနဲ့ ကိုယ့်ပျော်ရွှင်မှုနဲ့ ကိုယ့်လိုအင်တွေကို မေ့နေတတ်ပါတယ်။ သူများအပေါ် ကောင်းနိုင်ပါတယ်။ ကိုယ့်ကို ထိခိုက်လာတဲ့အထိ သူများအပေါ် ကောင်းမိနေပြီဆိုရင်တော့ သင့်အတွက် အန္တရာယ်ရှိပါတယ်။။

၃။ မကောင်းတဲ့သူတွေ သင့်အနားမှာ ဝိုင်းနေမယ်

ကြင်နာခြင်း၊ စိတ်ထားကောင်းခြင်းဆိုတာ ဆက်ဆံရေးတွေကို ခိုင်မြဲစေတာမှန်ပေမဲ့ ကန့်သတ်ချက်ဆိုတာ ရှိရပါမယ်။ ကိုယ့်အပေါ် လုံးဝမကောင်းတဲ့သူအပေါ် အမြဲ သည်းခံခွင့်လွှတ်တတ်တဲ့သူ ဖြစ်တဲ့အတွက် တခြားသူတွေနဲ့ မတည့်သူ၊ အမြဲ အနိုင်လိုချင်သူတွေကတော့ သင့်ကို ဘယ်တော့မှ ခွာသွားမှာမဟုတ်ပါဘူး။

၎။ စိတ်အနှောင့်အယှက်ပေးသူတွေ ပေါမယ်

စိတ်ရင်းကောင်းသူ ဖြစ်တဲ့အတွက် အကူအညီတောင်းတိုင်း၊ သူများ ခိုင်းတိုင်း အားနာပါးနာ လုပ်ပေးတတ်သူဖြစ်လေတော့ လိုအပ်တိုင်း သင့်ကို သတိရမယ့်သူတွေကလည်း မရှားဘူးပေါ့။ သင်အားတာ မအားတာ၊ စိတ်ကြည်တာ မကြည်တာ သူတို့ မသိဘူး၊ သိအောင်လည်း သင်က ပြောမှာမဟုတ်ဘူး (အားနာလို့လေ)။

၅။ သင့်ရဲ့မျှော်လင့်ချက်တွေ ဖြစ်လာမှာမဟုတ်ဘူး

သူများအပေါ် အရမ်းကောင်းတဲ့အတွက် လူတွေဆီကလည်း အဲဒီလိုပဲ ပြန်ကောင်းမွန်ဖို့ မျှော်လင့်ကြတယ်။ မျှော်လင့်သာ မျှော်လင့်တယ် ကိုယ်လိုချင်တာကို ရအောင်ယူဖို့ ဖိအားမပေးတတ်၊ မပေးချင်ပြန်ဘူး။ အဲဒီတော့ သင့်ရဲ့မျှော်လင့်ချက်တွေကို ရင်ထဲမှာပဲ မြိုသိပ်ရင်း အမြဲတမ်း အရှုံးကိုသာ လက်ခံရတယ်။

Source & Photo : Life

Credit: duwun

"အချစ်ရေးမှာ စောစောစီးစီး မေးထားသင့်တဲ့ မေးခွန်း (၆) ခု"


"အချစ်ရေးမှာ စောစောစီးစီး မေးထားသင့်တဲ့ မေးခွန်း (၆) ခု"

ချစ်ခင်စဆိုပြီး အပျော်လွန်နေလို့လည်း မဖြစ်ပြန်ပါဘူး။

ချစ်စခင်စ အချိန်ဆိုတာ ပျော်ရွှင်မှုတွေနဲ့သာ ပြည့်နှက်နေတတ်တဲ့ အချိန်ဖြစ်ပါတယ်။ သင့်အနေနဲ့ တစ်စုံတစ်ယောက်ကို ရွှေလက်တွဲဖို့ စဉ်းစားနေပြီဆိုရင် ဒီမေးခွန်းတွေကို စောစောစီးစီး မေးမြန်းထားသင့်ပါတယ်။

အထူးသဖြင့် အမျိုးသမီးတွေဘက်က စောစောစီးစီး မေးထားသင့်တဲ့ မေးခွန်းမျိုးတွေပါ။

၁။ မကြိုက်တာရှိလား

သင်တို့နှစ်ဦးကြားက ဆက်ဆံရေးထဲမှာ သူမကြိုက်တာ၊ အဆင်မပြေတာ၊ ပြောင်းလဲချင်တာ ရှိလား မေးသင့်ပါတယ်။ ဘာမှမရှိဘူးဆိုရင်တော့ သူဟာ ရှေ့ရေးကို ကြိုမတွေးပဲ ပေါ့ပေါ့တန်တန်ပဲ တွေးထားသူလို့ အကြမ်းဖျဉ်း ယူဆနိုင်ပါတယ်။

၂။ ဘယ်လောက် ချမ်းသာလဲ

သူဌေးကိုမှ ကြိုက်ရမယ် ဆိုလိုတာ မဟုတ်ပါဘူး။ သူ့ရဲ့ပိုင်ဆိုင်မှုကို ကြည့်ပြီး ဘာဆက်လုပ်ရမယ်ဆိုတာ စဉ်းစားလို့ရအောင် သူ့ကို ပွင့်ပွင့်လင်းလင်း မေးရမှာပါ။ မချမ်းသာတာ ပြဿနာမဟုတ်ပါဘူး။ ရှိတာထက် ပိုပြောထားတာကမှ ပြဿနာပါ။

၃။ အမြင်မတူတာတွေကို ဘယ်လိုညှိမလဲ

ဘယ်လောက်ပဲ ချစ်ကြတယ်ဆိုဆို အရာရာမှာ အမြင်မတူတာတော့ ရှိကြမှာပါပဲ။ နှစ်ဦးသား အမြင်မတူတာတွေ ဖြစ်လာတဲ့အခါ ဘယ်လိုညှိနှိုင်းတတ်သဲူဆိုတာ သင့်ဘက်က အကဲခပ်ထားဖို့ လိုပါတယ်။ သူ့ကိုလည်း ပွင့်ပွင့်လင်းလင်း မေးထားဖို့ လိုရပါတယ်။

၎။ ငွေသုံးကြမ်းသလား/ ဘယ်လိုလျှော့မလဲ

သူဟာ ပိုက်ဆံရှာကောင်းသူ ဖြစ်သလို ငွေသုံးကြမ်းသူလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုလျှော့မလဲဆိုတာ သူ့ကို မဖြစ်မနေ မေးရမယ့်မေးခွန်းပါ။ လုပ်ငန်းရှင်ကြီး ဖြစ်နေရင်တောင်မှ ငွေသုံးကြမ်းသူ မဖြစ်သင့်ပါဘူး။

၅။ ဘာသာရေးကိစ္စ

ဘာသာမတူမှ ဘာသာရေးကိစ္စတွေ ဆွေးနွေးရမှာ မဟုတ်ပါဘူး။ ဘာသာတူ ဖြစ်နေရင်တောင်မှ ဘုရားသွား၊ ကျောင်းတတ် ကိစ္စတွေ အတူတူ လုပ်နိုင်ကြမလားဆိုတာ ဆွေးနွေးထားသင့်ပါတယ်။ သင်က မွေးနေ့တိုင်း ဘုရားသွားတာ၊ တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းတတ်တာတွေကို သူ လိုက်ပေးနိုင်မလား မေးထားသင့်ပါတယ်။

၆။ ဘာမျှော်လင့်ထားသလဲ

ဒါအရေးကြီးတဲ့ အချက်ဖြစ်ပါတယ်။ သင်တို့နှစ်ဦး ထူထောင်တဲ့ ဘဝဆီက သူ ဘာကို မမျှော်လင့်တာလဲဆိုတာ မေးထားရမှာပါ။ သင်က အိမ်မှုကိစ္စအချို့ကို အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်တဲ့အခါ သူ ဘယ်လိုလုပ်မလဲ စသဖြင့် မေးထာသင့်ပါတယ်။ နှစ်ဦးသားမှာ ရှိကြတဲ့ လူမှုဆက်ဆံရေး အခြေအနေကို နားလည်နိုင်မလား ဆိုတာမျိုးလည်း မေးသင့်ပါတယ်။

Source : Bold

Credit: duwun

"သင့်ကလေး ကြို့ထိုးနေတယ်ဆိုရင် ဒါကို ဘယ်လိုရပ်သွားအောင် လုပ်ရမလဲ"


"သင့်ကလေး ကြို့ထိုးနေတယ်ဆိုရင် ဒါကို ဘယ်လိုရပ်သွားအောင် လုပ်ရမလဲ"

ကြို့ထိုးတာကို လူကြီးရော ကလေးပါ ခံစားရပါတယ်။ တစ်ချက် ဒါမှမဟုတ် နှစ်ချက် ကြို့ထိုးလို့ ရပ်တန့်သွားရင်တော့ ရယ်စရာတစ်ခုလို ဖြစ်ပေမဲ့ အကြာကြီးထိုးတဲ့အခါ ကလေးကို မောပန်းစေတဲ့အပြင် စိတ်ဆိုးစိတ်ကောက် ဖြစ်စေပါတယ်။

ကြို့ထိုးတာဟာ သာမန်အားဖြင့် ကြွက်သားအကြောဆွဲခြင်းကြောင့် ဖြစ်ပေါ်ပါတယ်။ ကြွက်သားများ အကြောဆွဲခြင်းဟာ လေပြွန်မှ လာတဲ့လေကို တားဆီးပေးတဲ့ ကြွက်သားအစိုင်မှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် အသက်ရှူလိုက်တိုင်း ကြွက်သား အကြောဆွဲမှုဖြစ်ပေါ်တဲ့ ရင်ဝမ်းခြားကြွက်သားကို ဖြတ်သွားတာကြောင့် ကြို့ထိုးမှု ဖြစ်စေပါတယ်။

လူကြီးများ ကြို့ထိုးနေပါက ခဏတာ အသက်အောင့်ထားခြင်းဖြင့် ဒါမှမဟုတ် ခြောက်လှန့်လိုက်ခြင်းဖြင့် ကြို့ထိုးခြင်း ပျောက်ကင်းသွားပါတယ်။ ကလေးတွေအတွက် ဆိုရင်တော့ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ အနာသိရင် ဆေးရှိတာပေါ့ဗျာ။ ကလေးတွေရဲ့ ကြို့ထိုးမှုကို ပျောက်ကင်းစေတဲ့ နည်းလမ်း အများအပြားရှိပါတယ်။ အောက်ပါတို့ကို သုံးကြည့်ပါ။

ရေ တိုက်ပါ

ကလေးအတွက်ကတော့ မိခင်နို့တိုက်ကျွေးပါ။ ကြို့ထိုးတာမပျောက်ပါက နို့တိုက်ကျွေးနေတဲ့ ကိုယ်အနေအထား ပြောင်းတိုက်ပါ။

လေတက်အောင် လုပ်ပါ

ကြို့ထိုးခြင်းဟာ လေတက်ရင်လည်း ပျောက်ကင်းစေပါတယ်။ လေတက်ရန် လုပ်ဆောင်ရမဲ့ နည်းလမ်းမှာ ပွေ့ဖက်ပြီး ကလေးကျောကို လက်နှင့် အသာပုတ်ပါ။ အဲလိုလုပ်ပေးလိုက်တာနဲ့ အစာအိမ် အချဉ်ဓါတ်ငွေ့ ပေါက်ကွဲပြီး ကြို့ထိုးတာ ပျောက်ကင်းစေပါတယ်။
ကျောကို အသာနှိပ်နယ်ပေးပါ

ကလေးကျောကို ဖြေးညှင်းစွာ နှိပ်နယ်ပေးပါက ကလေးကို စိတ်ငြိမ်စေပါတယ်။ ကြို့ထိုးတိုင်း ကြို့ထိုးတိုင်း ကလေးအသက်ရှူမကျပ်အောင် ကလေး၏ကျောကို ညင်သာစွာပွတ်ပေးပါ။

အစာကျွေးပါ

ကလေးကို အစာကျွေးတာလည်း ကြို့ထိုးတာ သက်သာ ပျောက်ကင်းစေပါတယ်။ တစ်ခါတစ်ရံ အစာအိမ်ပြဿနာကြောင်းလည်း ကြို့ထိုးမှု ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မိနစ်အနည်းငယ် အစာကျွေးလို့လည်း ကြို့ထိုးမှု မပျောက်ပါက ရပ်တန့်ပေးပါ။

Hsan Winn

Credit: Trend Myanmar

"သူငယ်ချင်းကောင်းဆိုတာ သင်သိထားတာထက်ကို သင့်အတွက် ပိုတန်းဖိုးရှိတာ"


"သူငယ်ချင်းကောင်းဆိုတာ သင်သိထားတာထက်ကို သင့်အတွက် ပိုတန်းဖိုးရှိတာ"

ဒီစာကို မဖတ်ခင် သင့်ရဲ့ သူငယ်ချင်းကောင်းတွေဟာ ဘယ်သူတွေဖြစ်သလဲ ဆိုတာ အရင်ဆုံး စဉ်းစားကြည့်လိုက်ပါဦး။ သူငယ်ချင်းကောင်းဆိုတာ သင့်စိတ်ထဲက မမြင်နိုင်တဲ့ အရာတစ်ချို့ကိုတောင် သူတို့က မြင်တတ်ကြပြီး သင်ဘာတွေလိုအပ်နေတယ် ဆိုတာ ထောက်ပြပြောဆို အကြံကောင်းတွေ ပေးတတ်ကြသူတွေပါ။  သင့်အတွက် အမြဲအဆင်သင့် ရှိနေတတ်သူတွေ ဖြစ်သလို သင် ပျော်ရွှင်နေချိန်မှာ သူတို့ပါ လိုက်ပျော်ရွှင်နေတတ်ပြီး သင် ခံစားနာကျင်ရချိန်တွေမှာလည်း အဲ့ဒီနာကျင်မှုတွေကို သင်နဲ့အတူ ဝေမျှ ခံစားပေးတတ်ကြသူတွေပေါ့။

ဒါ့အပြင် သူငယ်ချင်းကောင်းတွေဟာ သင့်ကို ပိုမိုထူးချွန်တဲ့သူ၊ ပိုတော်တဲ့သူ၊ ပိုအောင်မြင်တဲ့သူတစ်ယောက် ဖြစ်လာအောင်လည်း လုပ်ဆောင်ပေးနိုင်တယ်လို့ သုတေသီအများအပြားက ဆိုထားပြန်ပါတယ်။ ကဲ သူငယ်ချင်းကောင်း ရှိခြင်းကြောင့် သင် ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားလိမ့်မလဲ၊ ကြည့်ကြရအောင်။

၁။ သင်ဟာ သင့်သူငယ်ချင်းတွေကြောင့် ပိုမိုပျော်ရွှင်ရတယ်ဆိုတဲ့ ခံစားချက်မျိုး မကြာခဏ ခံစားရတယ်။

သုတေသီ တော်တော်များများရဲ့ ဖွင့်ဟ ပြောကြားချက်တွေအရတော့ အရွယ်ရောက်ပြီးသူ အယောက် ၉၀၀ ကျော်ဟာ သူတို့တစ်ယောက်တည်း ရှိနေချိန်တွေထက်စာရင် သူတို့သူငယ်ချင်းတွေနဲ့ အတူရှိချိန်တွေဟာ သူတို့အတွက် ပိုမိုပျော်ရွှင်ရသလို စိတ်ဖိစီးမှုတွေအားလုံး လျော့ပါးသွားကြောင်း ဖွင့်ဟထားကြပါတယ်တဲ့။ သူငယ်ချင်းတွေနဲ့ အတူရှိနေချိန် ခံစားရတဲ့ ပျော်ရွှင်မှုနဲ့ ချစ်သူ၊ အမျိုး၊ လုပ်ဖော်ကိုင်ဖက် စတဲ့သူတွေနဲ့ အတူရှိချိန် ခံစားရတာမျိုးနဲ့တောင် မတူပါဘူးလို့ ဆိုထားကြပါတယ်။

၂။ အတိတ်တုန်းက အတူရှိခဲ့တဲ့ သူငယ်ချင်း အရင်းကြီးတွေကြောင့် သင်ဟာ အောင်မြင်မှုတွေ ပိုရရှိလာတယ်။

သင် ကျောင်းတုန်းက၊ ဒါမှမဟုတ် အလုပ်ခွင် စ၀င်ချိန်တွေတုန်းက၊ အဲ့ဒီလို အတိတ်ကာလအချိန်၊ သင့်အတွက် ခက်ခဲနေချိန်တွေတုန်းက သင့်ဘေးနားမှာရှိခဲ့တဲ့ သူငယ်ချင်းတွေကြောင့် သင်ဟာ ခုချိန်မှာ အလုပ်မှာဖြစ်ဖြစ်၊ အခြား သင့်ဝါသနာပါတဲ့ အရာတွေကို လုပ်ဆောင်နေရချိန်မှာဖြစ်ဖြစ် အောင်မြင်မှုတွေ ရရှိနေတာမျိုး ကြုံရပါလိမ့်မယ်။  ပြောချင်တာက အသက် ၂၀ တုန်းက သင့်ဘေးနားအတူရှိခဲ့တဲ့ သူငယ်ချင်းတွေကြောင့် သင်ဟာ အသက် ၃၀ မှာ အောင်မြင်မှုဆိုတဲ့ အရာကို ခံစားရနိုင်တယ်ဆိုတာပါပဲ။

၃။သင့်မှာ သူငယ်ချင်းကောင်းတွေရှိရင် ဒေါသထွက်တဲ့အချိန်တွေ နည်းသွားမယ်။

ကိုယ့်မှာ ဒေါသထွက်စရာရှိလာရင်တောင် သင့်မှာ ဒီကိစ္စကို ပြောပြရမယ့် သူငယ်ချင်းကောင်း ရှိနေပြီလေ။ သူတို့နဲ့ ဒီကိစ္စကို ဖုန်းနဲ့ တိုင်ပင်ပြောဆိုလိုက်တာပဲဖြစ်ဖြစ်၊ အပြင်မှာတွေ့ပြီး ပြောဆိုလိုက်တာပဲဖြစ်ဖြစ် သင့်စိတ်ထဲရှိနေတဲ့ ဒေါသအပူမီးတွေက လျော့နည်းသွားမှာ အသေအချာပါပဲ။

၎။ သင်ဟာ သူတစ်ပါးကို ပိုကူညီတတ်လာမယ်။

သင်ဟာ သင့်သူငယ်ချင်းတွေ သင့်အပေါ် ကူညီဖူးတာ၊ သူတို့ဒုက္ခရောက်တဲ့အချိန် ပြန်ကူညီပေးခဲ့တာတွေကို အမှတ်ရတတ်သူတစ်ဦး ဖြစ်နေမယ်ဆိုရင်တော့ အကူအညီဆိုတာ ဘယ်သူ့ကိုမဆို ပေးကောင်းပါလားလို့ သိလာမှာပါပဲ။ အဲ့ဒီတော့ သင်နဲ့ ခင်ရုံခင်တဲ့သူ တစ်ယောက်က အကူအညီတောင်းလာရင်လည်း သင် ကူညီတတ်လာပါလိမ့်မယ်။

၅။ သူငယ်ချင်းနဲ့ အတွေးတူ၊ အမြင်တူ၊ စိတ်ကူးတူနေတာမျိုး သင်သိတဲ့အခါ ခံစားရတဲ့ ရင်းနှီးမှုတစ်ခုဟာ ဘာနဲ့မှ မတူပါဘူး။

သူငယ်ချင်းနဲ့ သွားအတူ၊ စားအတူ တွဲဖြစ်လာရင်တော့ သင်တို့နှစ်ယောက်ဟာ အတွေးအခေါ် အယူအဆ တူလာပါလိမ့်မယ်။ အကြိုက်တွေလည်း တူလာပါလိမ့်မယ်။ တစ်စုံတစ်ခုအပေါ် သင်တို့နှစ်ဦး မှတ်ချက်ချတာမျိုးတွေ တူလာတဲ့အခါ  သင်တို့နှစ်ဦးရဲ့ ရင်းနှီးမှုအတိုင်းအတာ မြင့်မားလာတာကို သိလာရတာကြောင့် အဲ့ဒီကရတဲ့ ခံစားချက်က ဘာနဲ့မှ တူမှာမဟုတ်ပါဘူး။ မိခင်တစ်ယောက်တည်းက မွေးတဲ့ညီအစ်မတွေတောင် သင်တို့လောက် ရင်းနှီးပါ့မလားလို့ တွေးလာတဲ့အထိပေါ့။

ကဲ စတိုရီလေးကို အဆုံးထိ ဖတ်ပြီးပြီဆိုရင် သင့်သူငယ်ချင်းရဲ့ ဖေ့စ်ဘွတ်ခ် timeline ပေါ် ဒါလေး သွား share ပေးရင်း သင် သူ့ကို ဘယ်လောက်ချစ်ကြောင်း သူသိအောင် လုပ်ဆောင်ပေးလိုက်ရအောင်။

ဟန်နီ

Credit: Trend Myanmar

"အထီးကျန်တဲ့အခါ လုပ်သင့်တာလေးတွေ"


"အထီးကျန်တဲ့အခါ လုပ်သင့်တာလေးတွေ"

အထီးကျန်တယ်လို့ ခံစားရတိုင်း ဘာတွေလုပ်သင့်သလဲဆိုတာကို lovepanky.com ကနေ ကောင်းတာလေးတွေ ထုတ်နုက်ပြီး တစ်ဆင့် မျှဝေလိုက်ပါတယ်။ အထီးကျန်နေတဲ့သူတွေ ရှိခဲ့ရင် နည်းလမ်းကောင်းလေးတွေ ဖြစ်မယ်ထင်ပါတယ်။

(၁) ပါတီပွဲတက်ပါ/ ရုပ်ရှင်ကြည့်ပါ

ပါတီပွဲနဲ့ နီးစပ်သူတွေ မဟုတ်ရင်တော့ ရုပ်ရှင်ကြည့်တာ အကောင်းဆုံးပါဘဲ။ ရယ်စရာရုပ်ရှင်လို ဟာမျိုးက ပိုပြီး အဆင်ပြေစေပါတယ်။

(၂) Gym ကစားပါ/ ယောဂသင်တန်းတက်ပါ

ဒါကတော့ အထီးကျန်ခြင်းရဲ့ အကျိုးကျေးဇူးပေါ့။ အရင်တုန်းက ခန္ဓာကိုယ် မထိန်းသိမ်းခဲ့တာတွေအတွက် အချိန်ရသွားတယ်လို့ မှတ်ပါ။ ကျန်းမာ ရွှင်လန်းမှုတွေအပြင် အထီးကျန်ခြင်းကိုပါ မေ့ပြီး ဘ၀မှာ နေပျော်လာပါလိမ့်မယ်။

(၃) လမ်းလျှောက်ပါ

လမ်းလျှောက်ခြင်းဟာ စိတ်ဖိအားကို လျှော့နည်းစေပါတယ်။ ကယ်လိုရီ လောင်ကျွမ်းမှုကိုလည်း ဖြစ်စေလို့ အကျိုးရှိပါတယ်။

(၄) အိမ်မွေးတိရစ္ဆာန်မွေးပါ

အိမ်မွေးတိရစ္ဆာန်ဆိုတာ အထီးကျန်သူများအဖို့ အဖော်မွန်ကောင်းပါ။ ကိုယ်ပြောတဲ့ စကားတွေအတွက် ဒိုင်ခံနားထောင်ဖော် တစ်ယောက်လို့တောင် မှတ်ယူလို့ရပါတယ်။

(၅) စေတနာ့ဝန်ထမ်းလုပ်ပါ

လူမှုရေးအသင်းအဖွဲ့ တစ်ခုခု၊ မီးသတ်၊ စေတနာဝန်ထမ်းကြက်ခြေနီအဖွဲ့ စသည်တို့မှာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ခြင်းဟာ ဘ၀ဒဏ်ရာတွေကို သက်သာစေသလို၊ ကုသိုလ်လည်းရ အတွေ့အကြုံလည်းရမို့ ဘ၀ရဲ့ အရေးကြီးတဲ့ အခိုက်အတန့်တွေ ဖြစ်ပါလိမ့်မယ်။

(၆) စာဖတ်ပါ

အကောင်းဆုံးကတော့ စာဖတ်ခြင်းပေါ့။ ဘယ်လိုစာအုပ်တွေ ဖတ်သင့်သလဲဆိုတာထက် စာဖတ်သက် ရင့်လာရင် အကျိုးရှိတဲ့ စာပေတွေကို ရွေးချယ်ဖတ်တတ်လာမှာပါ။ ဘ၀အတွက် အလွန်တန်ဖိုးရှိတဲ့ ရင်းနီးမြှုပ်နှံမှုပေါ့။

(၇) ၀ါသနာပါရာ တစ်ခုခုလုပ်ပါ

ကိုယ်ဘာဝါသနာပါသလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ကောင်းနိုးရာရာတွေ လျှောက်လုပ်နေတာထက် စာရင်တော့ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ရတာ ကိုယ့်အတွက် အပျော်ဆုံးအချိန် ဖြစ်မှာပါ။

နတ်စည်တော် (Shwemom)

Credit: Shwemom

"ချစ်သူ/ ခင်ပွန်းက သင့်ကို ချစ်နေသေးလားဆိုတာ သိစေဖို့"


"ချစ်သူ/ ခင်ပွန်းက သင့်ကို ချစ်နေသေးလားဆိုတာ သိစေဖို့"

သူ ကျွန်မကို ချစ်သေးလား…? မချစ်တော့ဘူးလား…?၊ အသစ်တွေ့လို့ အချစ်ကို မေ့နေပြီလား…? ရင်မအေးရတဲ့
ကောင်မလေးတွေ၊ လင်ယောက်ျားအပေါ်မှာ စိုးရိမ်နေရတဲ့ အိမ်ထောင်သည် အမျိုးသမီးတွေ ရှိမယ်ထင်ပါတယ်။ အောက်ပါမေးခွန်းလေးတွေနဲ့ တိုက်ဆိုင်စစ်ဆေးကြည့်ပါ။ အဖြေရှင်းသွားပါလိမ့်မယ်။

(၁) အလုပ်မှာ ဖိအားတွေနဲ့ ရင်ဆိုင်နေရလား…?

တစ်ခါတလေ တစ်စုံတစ်ယောက်ဟာ အလုပ် (သို့) သူနဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ ဖိအားတွေ များတဲ့အခါ မဆိုင်တဲ့သူကို အပြစ်ဖို့ ရန်ရှာတတ်ပါတယ်။ အဲဒီလို အခြေအနေမျိုး ခဏခဏ သင် ရင်ဆိုင်နေရတယ်ဆိုရင် သင်တို့နှစ်ယောက် ဆက်ဆံရေးက ပိုဝေးဖို့ ရှိနေပါတယ်။

(၂) အရင်ကလို အသေးအဖွဲလေးတွေ လုပ်ပေးသေးလား…?

ချစ်သူဟာ ချစ်သူဘ၀လို လင်ယောက်ျားအဖြစ် ပြောင်းလဲရောက်ရှိခဲ့တယ်ဆိုရင် အရင်ကလို သင့်အပေါ် ဂရုစိုက်မှုလေးတွေ လျှော့သွားပြီလား… ဆက်ပြီး လုပ်ပေးနေဆဲပဲလား ဆိုတာ… သင့်ကိုယ်တိုင် ခွဲခြား သိပါစေ။

(၃) ညဥ့်နက်မှ ပြန်လာသလား…?

ညဥ့်နက်မှ ပြန်လာတိုင်း ဇနီးမယား/ချစ်သူအပေါ်မှာ စိတ်ကုန်တယ်လို့ ယူဆလို့ မရပါဘူး။ ဒါပေမယ့်… အဲဒီလို ညဥ့်ဆက်များလာပြီဆိုရင်တော့ သင် သတိထားသင့်နေပါပြီ။ အပြင်မှာ အငယ်အနှောင်းများ တွေ့နေသလား… စုံစမ်းသင့်က စုံစမ်းရမယ့် အချိန်ပါ။

(၄) စိတ်ဝင်တစား မေးခွန်းတွေ မေးသလား…?

ဟိုးအရင်တုန်းကလို… ရုံးကနေ အားရင် အားသလို… မိန်းမ နေကောင်းလား… ကလေးတွေကို ဂရုစိုက်နော်… မီးရေးထင်းရေး သတိထား… အပြင်သွားရင် သော့ခတ်ဦး… ရေချိုးပြီး ပန်ကာရှေ့ထိုင်မနေနဲ့ဦး စသည်ဖြင့် အလ္လာပ သလလာပ မေးခွန်းတွေ သင့်ကို မေးနေဆဲ ပြုမူနေဆဲဆိုရင် သင့်အပေါ်မှာ သူ ချစ်နေပါသေးတယ်။

(၅) နှစ်ဦးဆိုင်နာမ်ကို သုံးနေဆဲပဲလား…?

သဒ္ဒါနည်းအရတော့ နှစ်ဦးဆိုင်နာမ်ဆိုတာ မရှိပါဘူး။ ဒါပေမယ့် လင်ရယ်မယားရယ်… ချစ်သူ ရည်းစားတို့ဘ၀မှာတော့ “ငါတို့” “တို့တစ်တွေရဲ့” စတဲ့ နာမ်စားတွေဟာ နှစ်ဦးဆိုင်နာမ်တွေ ဖြစ်ပါတယ်။ ဒါလေးတွေ သုံးနေသေးရင် သင့်ကို သူ ချစ်နေဆဲပါဘဲ။

(၆) သူ့မိဘတွေက ထူးဆန်းတဲ့အပြုအမူတွေ လုပ်သလား…?

သားဖြစ်သူဟာ သင့်အပေါ် စိတ်ကုန်ရင် သူ့မိဘတွေကိုတော့ ပြောပါလိမ့်မယ်။ အဲဒီလိုနဲ့ မိဘတွေဟာ ပြောဖန်များလာလေ သင့်ကို စိမ်းကားသလိုလို၊ စကားမပြောချင်သလိုလို၊ မမြင်ချင်ယောင် တမင်ဆောင်တာတွေမျိုးတွေ ရှိလာရင် သင့်မှာ သူအမုန်းရဲ့ သက်ရောက်မှု ခံနေရပြီလို့ မှတ်ယူပါ။

(၇) မရိုးသားဘူးလို့ ခံစားရသလား…?

သူ့ကို သင့်စိတ်ထဲမှာ အရင်ကလို မရိုးသားတော့ဘူးလို့ ခံစားနေရပြီလား… ဒါမှမဟုတ်… အဲဒီလို ခံစားရဖို့ သံသယဖြစ်ဖွယ် အချက်တွေ သင် သိတန်သလောက် သိထားပြီလား။ ဒီလိုအခြေကလည်း သင့်အတွက်တော့ မကောင်းနိုင်ပါဘူး။

နတ်စည်တော် (Shwemom)

Credit: Shwemom

"သင့်ကောင်လေး နောက်တစ်ယောက်နဲ့ ရှုပ်နေပြီဆိုတာ သိနိုင်တဲ့အချက်များ"


"သင့်ကောင်လေး နောက်တစ်ယောက်နဲ့ ရှုပ်နေပြီဆိုတာ သိနိုင်တဲ့အချက်များ"

ဘယ်သူမှတော့ ဖောက်ပြန်တတ်တဲ့ချစ်သူမျိုးကို လိုချင်မှာမဟုတ်ပါဘူး။ တကယ်တော့ ဖောက်ပြန်ခြင်းဆိုတာ ဖြစ်တတ်ပါတယ်။ အကုန်လုံးမှမဖြစ်တတ်ပေမယ့် အချို့ Relationship တွေမှာ ဖြစ်တတ်ပါတယ်။ ဒီလို သူများနဲ့ရှုပ်နေတာကို သင် ဘယ်လိုသိနိုင်မလဲ။ အောက်ပါအချက်လေးတွေကိုကြည့်ပြီး သိနိုင်ပါတယ်။

(၁) သူက သင့်ဘေးနားမှာထိုင်နေပေမယ့် အဝေးကြီးကိုရောက်နေသလို ဖြစ်နေတယ်။

သူ့ရဲ့ အပြုအမူတွေဟာ မူမှန်မှာမဟုတ်ပါဘူး။ လူက သင့်ဘေးမှာရောက်နေပေမယ့် စိတ်ကတော့ အဝေးကြီးမှာ ရောက်နေပါလိမ့်မယ်။ တစ်ခါတစ်လေ အလုပ်က ဖိအားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အလုပ်က ဖိအားတွေကြောင့်ဆိုရင် နေ့စဉ်ရက်ဆက် မဖြစ်ပါဘူး။ တစ်ရက် ၂ ရက်ထက် မပိုပါဘူး။

(၂) သင်နဲ့ရှိနေတဲ့အချိန် ဖုန်းမြည်ရင် ဘယ်သူလဲတောင်မကြည့်ပဲ ဖုန်းချပစ်လိုက်တယ်။

အရင်ကတည်းက သူ့မှာ အဲ့ဒိအကျင့်ရှိလား။ အဲ့ဒါဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှ ရှိလာတယ်ဆိုရင်တော့ သင် စိုးရိမ်သင့်ပါတယ်။ သူတစ်ခုခုကို ဖုံးကွယ်နေတာ သေချာပါတယ်။

(၃) သူအမြဲနောက်ကျလာတယ်။

အရင်တုန်းက ၂ ယောက်သားတွေ့ဖို့ဆိုရင် စောစောလာတတ်ပေမယ့် အခုနောက်ပိုင်း အမြဲလိုလို နောက်ကျတတ်လာတယ် ဆိုရင်တော့ အခြားပိုအရေးကြီးတဲ့ဟာမျိုး တစ်ခုခု ရှိနေပါပြီ။

(၄) သူ့ဆင်ခြေတွေက ယုတ္တိမရှိဘူး။

သူနောက်ကျတိုင်း ပေးတဲ့ဆင်ခြေတွေက ယုတ္တိမရှိတာ များနေပါလိမ့်မယ်။ ရှေ့နောက်မညီတာမျိုးတွေလည်း ဖြစ်နေပါလိမ့်မယ်။

(၅) သင့်ကို အချိန်သိပ်မပေးတော့ဘူး။

သင်နဲ့ အရင်က တွေ့နေကျလောက် မတွေ့တော့ဘူး။ တွေ့ဖို့ချိန်းတိုင်း သူ အခြားအကြောင်းပြချက်တွေ ပေးနေလိမ့်မယ်။

(၆) ဖုန်းကို အရင်က လော့မချထားပေမယ့် အခု လော့ချထားလိမ့်မယ်။

အရင်ကတည်းက သူက ဖုန်းလော့ချတတ်သူ ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါမှမဟုတ် ရုတ်တရက်ကြီး အခုမှ လော့ချတာမျိုးဆိုရင်တော့ စဉ်းစားစရာပါ။

(၇) သင်နဲ့ပက်သက်တဲ့ အသေးစိတ်တွေ မေ့လာတာမျိုး

သင်နဲ့ပက်သက်ပြီး အရင်တုန်းက အသေးစိတ် ဂရုစိုက်တတ်တဲ့သူက ပထမဦးဆုံး စတွေ့တုန်းက ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်နာမည် မမှတ်မိတော့တာမျိုး၊ သင့်မွေးနေ့ကို မေ့နေတာမျိုးတွေ ဖြစ်လာလိမ့်မယ်။

(၈) သင့်ဆီက ဖုန်းကို အရင်လိုဆက်တိုင်း မကိုင်တော့ဘူး။

အရင်တုန်းက ဖုန်းဆက်ရင် ချက်ချင်းကိုင်တတ်တဲ့သူက အခုတော့ ချက်ချင်းမကိုင်တော့တာမျိုး ဖြစ်လာတတ်ပါတယ်။

ဒီအချက်တွေနဲ့ တော်တော်များများ တိုက်ဆိုင်နေရင်တော့ သင့်ရည်းစားအကြောင်းကို သေသေချာချာ စုံစမ်းသင့်ပါပြီ။

Source: lovepanky

Credit: Shwemom

"လူတွေကို ဆွဲဆောင်ချင်ရင် ဆဲလ်ဖီပုံတွေ မသုံးပါနဲ့"


"လူတွေကို ဆွဲဆောင်ချင်ရင် ဆဲလ်ဖီပုံတွေ မသုံးပါနဲ့"

ကိုယ့်ကိုယ်ကိုယ် စိတ်တိုင်းကျ ဓာတ်ပုံရိုက်ထားတဲ့ ဆဲလ်ဖီပုံတွေက အကောင်းဆုံး အလှဆုံး ဖြစ်မယ်လို့ လူတွေက ထင်တတ်ကြပါတယ်။ ဒါပေမဲ့ တိုရွန်တိုတက္ကသိုလ်မှ ပညာရှင်တွေရဲ့ သုတေသနရလဒ်အရ လူတွေကို စွဲဆောင်နိုင်တဲ့ ဓာတ်ပုံကောင်း လိုချင်ရင် ကိုယ့်ဘာသာ ဆဲလ်ဖီရိုက်တာထက် အခြားသူတစ်ယောက် ဓာတ်ပုံရိုက်ပေးတာက ပိုပြီးကောင်းမွန်ကြောင်း သိရပါတယ်။

ပညာရှင်တွေက သုတေသနမှာ ပါဝင်တဲ့ ဆဲလ်ဖီဝါသနာအိုးတွေရဲ့ အကောင်းဆုံးလို့ ယူဆထားသော ဆဲလ်ဖီဓာတ်ပုံတွေနဲ့ ၎င်းတို့ကို အခြားသူက ရိုက်ကူးပေးထားတဲ့ ဓာတ်ပုံတွေကို အွန်လိုင်းမှာ လွှင့်တင်စေခဲ့ပါတယ်။ ထို့နောက် အဆိုပါ ဓာတ်ပုံတွေကို လူ ၁၇၈ ဦးပါ အုပ်စုတစ်စုကို အွန်လိုင်းမှာ မြင်တွေ့နိုင်အောင် စီစဉ်ပေးထားပါတယ်။

သုတေသီတွေက ဆဲလ်ဖီဓာတ်ပုံနဲ့ အခြားသူက ရိုက်ပေးထားတဲ့ ဓာတ်ပုံတွေကို နှိုင်းယှဉ်စေပြီး စွဲဆောင်မှု မည်မျှရှိကြောင်း အမှတ်ပေးစနစ်နဲ့ စမ်းသပ်ခဲ့ပါတယ်။ ဒီလို စမ်းသပ်မှုအရ ဆဲလ်ဖီဓာတ်ပုံတွေထက် အခြားသူတစ်ဦးက ရိုက်ပေးထားတဲ့ ဓာတ်ပုံတွေက မြင်တွေ့ရသူကို ပိုမို စွဲဆောင်နိုင်ကြောင်း ကောက်ချက်ချနိုင်ခဲ့ကြောင်း သိရပါတယ်။

ဖေ့စ်ဘွတ်ကဲ့သို့ ဆိုရှယ်မီဒီယာတွေ ခေတ်စားလာမှုနဲ့ စမတ်ဖုန်းအသုံးပြုမှု များပြားလာမှုကြောင့် ဆဲလ်ဖီရိုက်ကာ အွန်လိုင်းမှာ လွှင့်တင်မှု များပြားလာပေမဲ့ လူတွေကို စွဲဆောင်နိုင်တဲ့ ဓာတ်ပုံမှာ ဆဲလ်ဖီဓာတ်ပုံထက် အခြားသူက ရိုက်ကူးပေးထားတဲ့ ဓာတ်ပုံဖြစ်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။

Source & Photo: Daily Mail

Credit: duwun

Monday, May 2, 2016

"သင့်ကျန်းမာရေးအတွက် မစားသုံးသင့်သော အစားအစာ ၇ မျိုး"


"သင့်ကျန်းမာရေးအတွက် မစားသုံးသင့်သော အစားအစာ ၇ မျိုး"

တိုးတက်မှုနှုန်း မြန်ဆန်လွန်းလှတဲ့ ခေတ်ကာလကြီးမှာ လူတွေဟာ စီးပွားရေး၊ လူမှုရေးကဏ္ဍတွေမှာ အချိန်များစွာကို အသုံးပြု နေကြရပါတယ်။ တခါတရံ ရုံးနောက်ကျလို့ ထမင်းဟင်းချက်ပြုတ်ဖို့ အချိန်မပေးနိုင်လို့ စတဲ့ အကြောင်းပြချက်တွေနဲ့ အလျင်အမြန်ရနိုင်မယ့် ခေါက်ဆွဲထုတ်တွေနဲ့ ဖြေရှင်းလိုက်ရတဲ့ အဖြစ်မျိုးတွေ ရှိခဲ့ကြမှာပါ။

အိမ်ရှင်မတွေအနေနဲ့လည်း အမြန်ချက်ပြုတ်လို့ ဟင်းဖြစ်မယ့် အရာမျိုးတွေကို ရွေးပြီး ဝယ်ဖူးကြမှာပါ။ ကြော်ငြာအားကောင်းကောင်းနဲ့ ဈေးကွက်ထဲကို ထိုးဖောက်လာကြတဲ့ အချိုရည်ဗူးတွေ၊ အမြန်သုံး စားစရာကုန်မျိုးစုံ၊ တံဆိပ်မျိုးစုံတို့ကလည်း စူပါမားကက်ကြီးတွေမှာ အလွယ်တကူ ဝယ်လို့ရနေတော့ ပိုပြီး အဆင်ပြေလို့ နေပါတော့တယ်။

ဒါပေမယ့်လည်း တချို့သော အစားအစာတွေ၊ အချိုရည်တွေဟာ မိမိရဲ့ ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်စေနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ သတိပြုမိသူ နည်းပါးလှပါတယ်။

သင့်ကျန်းမာရေးအတွက် မစားသင့်သော အစာ ၇ မျိုးကို ကမ္ဘာ့ကျန်းမာရေး မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ SHAPE က အခုလို ကောက်နုတ် ဖော်ပြထားပါတယ်။

(၁) Rice Cakes (ဆန် သို့မဟုတ် ကောက်ညှင်းခွက်ကြော်များ)

ဒီအစားအစာကို ထုတ်လုပ်ရောင်းချသူများက အဆီချ အစားအစာ (Diet Foods) လို အညွှန်းမှာ ဖော်ပြ ရောင်းချကြပေမယ့် တကယ်တော့ ကာဗိုဟိုက်ဒရိတ်ဓာတ်ကို ပိုမိုတိုးပွားစေတယ်လို့ သုံးသပ်ထားပါတယ်။ ဒီအစာကို စားသုံးခြင်းဖြင့် သင့်ရဲ့သွေးမှာ အချိုဓာတ်ဖြစ်ပေါ်မှုကို တွန်းအားပေးတဲ့အတွက် ကျန်းမာရေးနဲ့ မသင့်တော်သလို အဆီလျှော့ချမှုကို မပံ့ပိုးပေးနိုင်ပါဘူးလို့ ဖော်ပြပါရှိပါတယ်။

(၂) Fat – Free Salad Dressing (အသင့်စားအသုပ် အတွက် အချဉ်ရည်များ)

ဒီအမျိုးအစားကတော့ ကျနော်တို့ မြန်မာတွေ စားလေ့မရှိပါဘူးဆိုပေမယ့် ကြက်ကြော်ဆိုင်တွေ ခေတ်စားလာတာနဲ့အမျှ ခပ်ဆင်ဆင် အချဉ်ရည်ဆော့စ် ပုံစံမျိုးတွေ တွေ့လာရပါတယ်။ ပြည့်ဝဆီတွေ လွတ်ကင်းတယ်လို့ ဆိုထားပေမယ့် ဒီအချဉ်ရည်တွေထဲမှာ ဗီနီဂါနဲ့ အပင်မှ ရရှိသော အဆီတွေကို အခြေခံပြီး ပြောင်းမှုန့် (ကော်မှုန့်) များနဲ့ ပြုလုပ်ထားတာကြောင့် မစားသုံးသင့်ဘဲ သင်ကိုယ်တိုင် ပြုလုပ်တဲ့ လတ်ဆတ်သော အသုပ်များကိုသာ စားသုံးဖို့ တိုက်တွန်း နှိုးဆော်ထားပါတယ်။

(၃) Seitan (အသားတုများ)

ကမ္ဘာပေါ်မှာရှိတဲ့ Vegetarian ခေါ် သားသတ်လွတ် စားသုံးတဲ့ အစားသမားများအတွက် အသားအစားထိုး ထုတ်လုပ်ထားတဲ့ ထုတ်ကုန်တွေ ဖြစ်ပါတယ်။ တချို့ကတော့ အသားစားရင် ခန္ဓာကိုယ် အလေးချိန် တိုးမှာစိုးရွံ့ပြီး ဒီအစားအစာမျိုးတွေကို ရွေးချယ်ကြတယ်လို့ ဆိုပါတယ်။ ဒီအစားအစာတွေမှာပဲ၊ ဂျုံ စသည်တို့ကို အသုံးပြုထားတာ မပာုတ်ဘဲ Wheat gluten ကိုသာ အသုံးပြုထားတာကြောင့် ပရိုတင်း ဖြစ်ပေါ်မှုကို ကြီးမားစွာ အပာန့်အတား ဖြစ်စေတယ်လို့ ဖော်ပြထားပါတယ်။

(၄) Shark (ငါးမန်းသား)

ငါးမန်းသား စားသုံးခြင်းပာာ ငါးကြီးဆီလို့ခေါ်တဲ့ Omega-3 ဓာတ်ကို အကျိုးပြုပေမယ့် Mercury လို့ခေါ်တဲ့ ပြဒါးဓာတ် ပါဝင်မှုနှုန်း ၃ ဆ ပိုမို မြင့်မားနေတာကြောင့် သင့်အတွက် စွန့်စားရမှု တခုပါပဲ။ အကောင်းတဝက် အဆိုးတ၀က်ကို ခံစားရရှိစေနိုင်ပါတယ်လို့ ဆိုထားပါတယ်။ အကောင်းဆုံးကတော့ တူနာငါးမျိုးနဲ့ ဆော်လမွန်တို့မှာ ပါဝင်တဲ့ အိုမီဂါ- ၃ ကသာ စိတ်အချရဆုံး ဖြစ်စေသလို ကျန်းမာရေးအတွက် ဆခြား ငါးအမျိုးအစားပေါင်း များစွာကို ရွေးချယ် စားသုံးသင့်ပါတယ်လို့ ထုတ်နုတ် ဖော်ပြထားပါတယ်။

(၅) Refined Gains (ပြန်လည် ပြုပြင်ထားသော ကောက်ပဲသီးနှံထွက်ကုန်များ)

စိတ်မကောင်းစရာကတော့ စူပါမတ်ကက်ကြီးတွေမှာ ရောင်းချသော အလွယ်တကူ ဝယ်လို့ရနေတဲ့ Pasta တွေ၊ Macaroni တွေလိုမျိုး ready to use စတဲ့ အစာတွေမှာ ကာဗိုဟိုက်ဒရိတ် ဓာတ်တွေ မြင့်မားစွာ ပါဝင်နေတာကို တွေ့ရပြီး ပြန်လည်ပြုပြင်ခြင်း ခံရတဲ့အတွက်ကြောင့် နှံစား သီးနှံတွေမှာပါတဲ့ ဗီတာမင်၊ အမျှင်ဓာတ်နဲ့ တခြား ဓာတ်တွေကို ဆုံးရှူံးသွားစေပါတယ်။ အကောင်းဆုံးကတော့ ရွေးချယ်တတ်ဖို့နဲ့ ဘာမှ မရောသေးတဲ့ Oak တို့လို နှံစားသီးနှံကို အခြေခံထားတဲ့ ကုန်ကြမ်းတွေကို စားသုံးပေးဖို့ လိုအပ်တယ်လို့ ဆိုထားပါတယ်။

(၆) Sugar Sweetened Beverages Soft Drinks

အလွယ်တကူ သောက်လို့ရတဲ့ အချိုရည်တွေမှာ သကြား၊ အရောင်အနံ့ စတာတွေကို အဆပေါင်းများစွာ ပေါင်းစပ် ဖွဲ့စည်းထားတာကြောင့် သင့်ခန္ဓာကိုယ် တည်ဆောက်မှုကို ပာန်ချက်မညီစေသလို ကိုယ်အလေးချိန်ကိုလည်း ချက်ချင်း တိုးပွားစေခြင်း၊ ရောဂါဖြစ်ပွားမှုနှုန်းကို စောလျင်စွာ ဖြစ်ပေါ်စေရန် တွန်းအားပေးနိုင်ခြင်း စတဲ့ အချက်တွေကြောင့် ဒီလို အချိုရည်တွေကို ရှောင်ကြဉ်ကြဖို့ တိုက်တွန်းထားပါတယ်။ လတ်ဆတ်သော အသီး ဖျော်ရည်များ (သို့မဟုတ်) သန့်စင်သော ရေတခွက်နဲ့သာ အစားထိုး အသုံးပြုသင့်ကြောင်း အကြံပြုထားပါတယ်။

(၇) Grits

Grits ဆိုတာကတော့ ဂျုံစေ့ကို အခွံချွတ်ပြီး ဖြစ်သော်လည်း ဂျုံကြမ်းအသွင် မဆောင်ဘဲ မြင်းစာကဲ့သို့ ဖွဲဖတ်တွေကို ကျိုထားတဲ့ ယာဂုပုံစံမျိုး ဖြစ်ပြီး မြန်မာပြည်မှာ အသုံးပြုလေ့ မရှိကြပါဘူး။ နှံစားပြောင်း ဖြစ်စဉ်တွေထဲက ထွက်ရှိတဲ့ အစားအစာ တမျိုးလို့ ယူဆနိုင်ပါတယ်။ ဒီအစာမျိုးမှာလည်း ကာဗိုဟိုက်ဒရိတ်ဓာတ် မြင့်မားစွာ ပါဝင်နေလို့ သွေးလှည့်ပတ်မှုကို နှေးကွေးစေပြီး အဆီခဲမှုကို ဖြစ်စေတဲ့အတွက်ကြောင့် မစားသုံးသင့်တဲ့အကြောင်း ဆွေးနွေး တင်ပြထားပါတယ်။

လတ်ဆတ်သန့်ရှင်းသော အသား၊ အသီး၊ အရွက်များကို ရွေးချယ် စားသုံးပြီး မိမိကျန်းမာရေး အတွက် သတိပြု ဆင်ခြင်နိုင်ကြပါစေ။

(SHAPE ကျန်းမာရေးမဂ္ဂဇင်းတွင် ဖော်ပြသော For your Healthy ဆောင်းပါးမှ ကောက်နှုတ် ဖော်ပြပါသည်။)

ဝင်းနိုင်ဦး

Credit: ဧရာဝတီ

"အသက်မဲ့ပြီးသူတွေအတွက် သီးသန့်ရည်ရွယ်တဲ့ ဟိုတယ်"


"အသက်မဲ့ပြီးသူတွေအတွက် သီးသန့်ရည်ရွယ်တဲ့ ဟိုတယ်"

တစ်နည်းပြောရရင်တော့ အဆင့်မြင့် ရေခဲတိုက်ပါပဲ။

ဘယ်မှာမှမရှိတဲ့ အလောင်းကောင်ဟိုတယ်ကို ဂျပန်မှာ ဖွင့်လှစ်ထားပါတယ်။ သေဆုံးသူတို့ရဲ့ ရုပ်အလောင်းကို နှစ်ပေါင်းများစွာ မြင်ချင်တဲ့ ကျန်ရစ်သူတွေက အလောင်းကို ဟိုတယ်မှာ နှစ်ပေါင်းများစွာကြာအောင် ထားနိုင်မှာပါ။

Sousou လို့ အမည်ပေးထားတဲ့ ဟိုတယ်ဟာ ကာဝါဆာကီမြို့တော်မှာ တည်ရှိပါတယ်။ အလောင်းကောင်တွေကို သေသေသပ်သပ်နဲ့ အဆင့်မြင့်မြင့် ထားပေးတဲ့ ဝန်ဆောင်မှုကို ဟိုတယ်မှာ ရရှိနိုင်ပါတယ်။ အလောင်းကောင်တစ်ခုကို ဟိုတယ်မှာထားမယ်ဆို တစ်ညကို ၅၈ ပေါင် (ယန်းငွေ ၉၀၀၀) နဲ့ ထားရှိနိုင်ပါတယ်။

လာရောက်ထားရှိတဲ့ အလောင်းကောင်အတွက် ရေခဲတွေနဲ့ ထားမှာမဟုတ်ဘဲ အဲကွန်းပေးထားတဲ့ အခန်းထဲမှာသာ ထားပေးမှာပါ။

သေဆုံးသူရဲ့ အသုဘအခမ်းအနား မကျင်းပမီအချိန်အထိ အလောင်းကို ဟိုတယ်မှာ လေးရက်နဲ့အထက် ထားရှိနိုင်မယ်လို့ သိရပါတယ်။ ဒီဟိုတယ်ဟာ ၂၀၁၄ ခုနှစ်ကတည်းက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အလောင်းကို ရေခဲတိုက်မပို့ချင်တဲ့ မိသားစုဝင်တွေကတော့ ဒီဟိုတယ်မှာ အလောင်းတွေ လာထားကြပါတယ်။

Source : Reuters

Credit: duwun

"၆၅ နှစ်ကျော်တဲ့အထိ အလုပ်လုပ်တဲ့လူတွေက အသက်ပိုရှည်"


"၆၅ နှစ်ကျော်တဲ့အထိ အလုပ်လုပ်တဲ့လူတွေက အသက်ပိုရှည်"

အသက် ၆၅ နှစ်ထိ အလုပ် လုပ်တဲ့လူတွေဟာ ပိုမိုအသက်ရှည်စွာ နေထိုင်ရတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အော်ရီဂွန်ပြည်နယ် တက္ကသိုလ်က အဆိုပါ သုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၆၅ နှစ်ထိ အလုပ်လုပ်သူတွေဟာ အခြားလူတွေထက် ၁၁ ရာခိုင်နှုန်း ပိုမို အသက်ရှည်စွာ နေထိုင်ရတာ ဖြစ်ပါတယ်။ အဆိုပါသုတေသနအရ မကျန်းမာသူတွေမှာတောင် အလုပ် ဆက်လုပ်နေမယ်ဆိုရင် ပိုမိုအသက်ရှည်နိုင်ခြေ မြင့်မားတယ်လို့ ဆိုပါတယ်။

လူတိုင်းကို သက်ရောက်ခြင်းမျိုးမရှိပေမဲ့ အလုပ်လုပ်တာဟာ လူတွေအတွက် စီးပွားရေးနဲ့ လူမှုရေးမှာ အကျိုးကျေးဇူးတွေ အမြောက်အများ ရရှိစေပြီး ဒီလိုအကျိုးကျေးဇူးတွေက အသက်ရှည်ခြင်းပေါ် သက်ရောက်နေတယ်လို့ သုတေသနကို ဦးဆောင်လေ့လာခဲ့တဲ့ ဒေါက်တာဘွဲ့ယူကျောင်းသား ချန်ကိုင်ဝူက ပြောကြားထားပါတယ်။

သုတေသနဟာ ၁၉၉၂ ကနေ ၂၀၁၀ ခုနှစ်အတွင်းက အချက်အလက်တွေကို လေ့လာထားတာ ဖြစ်ပါတယ်။

Photos & Source: Daily Mail

Credit: duwun

"ပျော်နေတဲ့စုံတွဲတွေ နေ့စဉ် လုပ်တဲ့အချက် (၇) ချက်"


"ပျော်နေတဲ့စုံတွဲတွေ နေ့စဉ် လုပ်တဲ့အချက် (၇) ချက်"

၁- နေ့တိုင်းဆက်သွယ်

နေ့တိုင်း အဆက်အသွယ် မပြတ်ပါဘူး။ ဖုန်းနဲ့စကား ပြောတာ၊ မက်ဆေ့ဂ်ျ ပို့တာတွေကစပြီး အလုပ်မှာ၊ ကျောင်းမှာ သွားကြိုတဲ့ထိ နေ့စဉ် အဆက်အသွယ် မပြတ်ပါဘူး။

၂- စိတ်ဝင်စားမှု

နှစ်ဦးစလုံးမှာ စိတ်ဝင်စားမှုတွေရှိနေပြီး ဒီစိတ်ဝင်စားမှုတွေနဲ့ပက်သက်ရင် နေ့စဉ်သည်းခံမှု ရှိနေတာပါ။ ဥပမာ- တစ်ယောက်က ဘောလုံးကို စိတ်ဝင်စားပြီး ဒီအကြောင်းတွေ နေ့တိုင်းပြောနေတာကို သည်းခံနိုင်တာပါ။ နှစ်ယောက်သားဆက်ဆံရေး ကျန်းမာနေတယ်ဆိုတဲ့ လက္ခဏာပါ။

၃- အတူရှိ

ဘယ်လောက်ပဲ အလုပ်ရှုပ်ရှုပ် နှစ်ယောက်သား အတူရှိနိုင်မယ့် အချိန်ကိုတော့ အမြဲဖန်တီးပြီး ချန်ထားတတ်ပါတယ်။

၎- စကားလုံး

ချစ်တယ်ဆိုတဲ့ စကားကို နေ့စဉ်ပြောပါတယ်။ ဘယ်လောက်ပြောပြော မငြီးငွေ့သွားပါဘူး။

၅- ဟာသ

ပျော်နေတာကြောင့် ဟာသညဉ်ကလည်း အမြဲ ရှိနေတတ်ပါတယ်။

၆- အနာဂတ်အကြောင်း

အနာဂတ်အကြောင်းတွေ ခဏခဏ ပြောတတ်ပါတယ်။ ရှေ့ဘယ်လို အစီစဉ်တွေရှိတယ် ဆိုတာကို ရေတိုတင်မတင်ကဘဲ ရေရှည်အစီစဉ်တွေကိုပါ အမြဲ ပြောပြတတ်ပါတယ်။

၇- ထွေးပွေ့

ထွေးပွေ့တာမျိုး၊ အနမ်းပေးတာမျိုးတွေကတော့ အရမ်းပျော်နေတဲ့ ချစ်သူတွေကြား ခဏခဏရှိတဲ့ အရာဖြစ်ပါတယ်။

Photos & Source: Lifehack

Credit: duwun

"ညမအိပ်ခင် စားရန် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအစာ (၁၀) မျိုး"


"ညမအိပ်ခင် စားရန် အကောင်းဆုံးနဲ့ အဆိုးဆုံး အစားအစာ (၁၀) မျိုး"

ညဥ့်နက်တော့မှ ဗိုက်ဆာလာတဲ့အခါ အဲ့ဒီအချိန် ဖြစ်ပေါ်လာတဲ့ အဆာပြေ တောင့်တစိတ်ကို အောင့်ထားဖို့ ခက်ခဲပါတယ်။ မိမိရဲ့ အစာစားလိုစိတ်ကို အညံ့ခံပြီး အိပ်ယာမဝင်ခင် တစ်ခုခုစားမယ်ဆိုရင် ညကောင်းမွန်စွာ အိပ်ပျော်ဖို့အတွက် ရှောင်သင့်တဲ့ အရာတချို့ ရှိပါတယ်။

တချို့အစားအစာတွေက ကောင်းမွန်နှစ်ခြိုက်စွာ ပိုမို အိပ်ပျော်စေပြီး တချို့အစားအစာတွေကတော့ ညအချိန် အိပ်မောကျရန် အခက်အခဲ ဖြစ်စေပါတယ်။ ဒါ့ကြောင့် ဗိုက်ထဲက အသံစမြည်လာတဲ့အခါ အစားအစာရွေးချယ်ဖို့ ဆောင်ရန်၊ ရှောင်ရန် အချက်တချို့တွေမှာ…

အကောင်းဆုံးအစားအစာများမှာ

၁။ ကြက်ဆင်
၂။ ငှက်ပျောသီး
၃။ နို့
၎။ ဂျုံနဲ့ပြုလုပ်ထားတဲ့ စားသောက်ဖွယ်များ
၅။ လက်ဖက်ရည် တို့ ဖြစ်ပြီး

အဆိုးဆုံး အစားအစာများတွေကတော့

၁။ ချောကလက်အနက်
၂။ စပျစ်ဝိုင်
၃။ ကော်ဖီ
၎။ အသားတုံးကင်
၅။ အဆီများတဲ့ အစားအစာများ တွေပဲ ဖြစ်ပါတယ်။

Ref: Simplemost

Credit: Trend Myanmar

"မေးနှစ်ခွရှိသူတွေရဲ့ ထူးခြားချက်"


"မေးနှစ်ခွရှိသူတွေရဲ့ ထူးခြားချက်"

သင့်မှာ မေးနှစ်ခွရှိနေပါသလား။ အဲဒါက ဘာလို လက္ခဏာတွေရှိလဲ။ ဒီဆောင်းပါးမှ ၄င်းတို့ရဲ့ အကြောင်းအရင်း၊ မေးနှစ်ခွရှိသူတွေရဲ့ ဝိသေသ လက္ခဏာတွေ တင်ပြပေးပါမယ်။

လူအများစု အထူးသဖြင့် မေးနှစ်ခွရှိသူ အမျိုးသမီးတွေဟာ ဒါကို မကြိုက်နှစ်သက်ကြပေမယ့် အဲဒါက ဆွဲဆောင်မှုရှိပါတယ်။ နောက် ဒီလူတွေရဲ့ ပင်ကိုစရိုက်ဟာ စိတ်ဝင်စားစရာ အရမ်းကောင်းပါတယ်။ မေးနှစ်ခွဖြစ်ခြင်းက လူကို မေးစိနေရာမှာ မပြည့်စုံမှုတစ်ခုကဲ့သို့ ထင်မြင်စေတာကြောင့် လူကို သိသာ၊ မြင်သာစေပါတယ်။

မေးနှစ်ခွဖြစ်တာ မျိုးရိုးဗီဇကြောင့် ဖြစ်နိုင်ပါတယ်။ ကြွက်သား ပူးကပ်မနေဘဲ ဟနေခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီမျိုးရိုးဗီဇဟာ သင့်ကလေးတွေ အလိုအလျောက် အမွေဆက်ခံသွားမယ်ဆိုတဲ့ အဓိပ္ပါယ်တော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ မျိုးရိုးဗီဇက ထင်ရှားပြီး ငုပ်မနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ယင်းအားကောင်းတဲ့ ဗီဇက မေးကို နှစ်ခွဖြစ်စေတာပါ။

သင့်မှာ မေးနှစ်ခွရှိကောင်းရှိနိုင်ပေမယ့် မိဘတွေမှာ ရှိချင်မှ ရှိပါလိမ့်တယ်။ ဒီတော့ တခြားအမျိုးတော်စပ်သူတွေမှာ ရှိနိုင်တဲ့ သဘော ဖြစ်ပါတယ်။ မိသားစုထဲမှာ မေးနှစ်ခွမဖြစ်ပေါ်ခင် မျိုးဆက် ၅ ဆက် ကြာနိုင်ပါတယ်။

မေးနှစ်ခွရှိသူတွေဟာ အာရုံစူးစိုက်မှု ခံရသူတွေဖြစ်ပြီး သူတို့အနားမှာ နေရတာ စိတ်ပျော်ရွှင်မှု ရစေပါတယ်။

ပြီးတော့ အဲဒီလူတွေဟာ အပျော်ရည်းစားထားပြီး ရည်းစားရှုပ်သူတွေ ဖြစ်ပါတယ်။ သူတို့ လိင်သဘောသဘာဝ အားကောင်းပြီး ပျော်ပါးတတ်ကြပါတယ်။ ဒီ့အပြင် မေးနှစ်ခွဖြစ်သူတွေဟာ သူများထက် စိတ်ခံစားချက် ပိုမို လွန်ကဲကြပုံပေါ်ပါတယ်။ ဝမ်းနည်း၊ ဝမ်းသာ၊ စိတ်အားထက်သန်မှု (သို့) ချစ်စိတ်ပြင်းပြမှုဖြစ်ချိန် ဘယ်ချိန်မဆို အလွယ်တကူ မျက်ရည်ကျတတ်ကြပါတယ်။

Ref: WV

Credit: Trend Myanmar

"တစ်ယောက်တည်းနေသူတွေ သိထားသင့်တဲ့ အရာများ"


"တစ်ယောက်တည်းနေသူတွေ သိထားသင့်တဲ့ အရာများ"

တစ်ယောက်တည်းနေတဲ့အခါ ကိုယ့်ကိုယ်ကို ကြိုတင်ကွာကွယ်ဖို့အတွက် လုံခြုံရေး၊ ကျန်းမာရေး၊ စိတ်ပျော်ရွှင်မှု စတာတွေအတွက် အောက်ပါအချက် (၇) ချက်ကို သိထားသင့်ကြောင်း ဖော်ပြလိုက်ပါတယ်။

(၁) ခင်မင်ရသူတစ်ယောက်ယောက်ကို သော့တစ်ချောင်းပေးထားပါ

မိမိနဲ့အရင်းနီးဆုံး သူငယ်ချင်း တစ်ယောက်ယောက်ကို အိမ် (သို့) အခန်းကို အချိန်မရွေး လာလည်နိုင်ဖို့ သော့တူတစ်ချောင်း ပေးအပ်ထားသင့်ပါတယ်။ ဒါက သင့်ရဲ့ လုံခြုံရေးအတွက်လည်း အရေးပါပါတယ်။

(၂) လိုအပ်နိုင်မယ့်အရာလေးတွေ ၀ယ်ယူစုဆောင်းပါ

တစ်ယောက်တည်း နေတဲ့အခါ ပစ္စည်းတစ်ခုကို လိုမှ အပြင်ကို ထွက်ဝယ်ခြင်းထက်၊ လောလောဆယ် အသုံးမလိုသေးသော်လည်း နောင်တစ်ချိန်ချိန်မှာ အသုံးဝင်လာနိုင်စရာရှိတဲ့ ပစ္စည်းမျိုး၊ ကြာရှည်ခံမယ့် ပစ္စည်းမျိုးတွေကို စုဆောင်းထားပါ။

(၃) အင်းဆက်/ ကြွက်တို့ရန်မှ ကာကွယ်ဖို့ Peppermint oil စတာတွေကို အသုံးပြုပါ

များသောအားဖြင့် အမျိုးသမီးတွေဟာ အင်းဆက်တွေ၊ ကြွက်တွေ၊ ဖားတွေကို ကြောက်တတ်ပါတယ်။ ဒီတော့ တစ်ယောက်တည်းနေတဲ့အခါ အဲဒီအကောင်တွေကို မြင်ပြီး စူးစူးဝါးဝါး အော်ရခြင်းမှ ကင်းဝေးအောင် အင်းဆက်တွေ၊ ကြွက်တွေ မလာနိုင်တဲ့ Peppermint oil တွေကို အခန်းအနှံ့မှာ ဖြန်းတာမျိုးတွေ၊ ပရွက်ဆိတ်နဲ့ ပိုးဟပ်တွေ မလာနိုင်ဖို့အတွက် လေညှင်းဆီကဲ့သို့သော ထုတ်ကုန်တွေကို သုံးနိုင်ပါတယ်။

(၄) ကိုယ်လုံးပေါ်မှန်တစ်ချပ်ကို အသုံးပြုပါ

ယုံကြည်မှုကို တည်ဆောက်တဲ့အခါမှာ တစ်ကိုယ်ရေ တစ်ကာယသမားတွေအတွက် မှန်က အလွန်အသုံးဝင်ပါတယ်။ မှန်ကိုကြည့်ပြီး မိမိရဲ့ သွင်ပြင်လက္ခဏာ အားနည်းချက်တွေကို သိနိုင်သလို၊ စိတ်ဓာတ်ခိုင်မာမှုကိုလည်း တည်ဆောက်နိုင်ပါတယ်။

(၅) အဖုံးတွေ ဖွင့်မရတဲ့အခါ သားရေကွင်းကို သုံးပါ

တစ်ကိုယ်ရေသမားဖြစ်တဲ့အတွက် အကူအညီ ရုတ်တရက်လိုတဲ့အခါ ကူမယ့်သူကို ခေါ်တာထက် ကိုယ့်ဘာသာ ပြဿနာ အသေးအဖွဲ့လေးတွေကို ဖြေရှင်းတတ်အောက် လုပ်ထားသင့်ပါတယ်။ ဥပမာ- ဆီပုလင်း အဖုံးဖွင့်မရတဲ့အခါမျိုးမှာ
သားရေကွင်း၊ တိပ်၊ အ၀တ်စတာတွေရဲ့ အကူအညီနဲ့ ဖွင့်လို့ရအောင် လုပ်လို့ရပါတယ်။

(၆) ကိရိယာအသုံးပြုညွှန်းစာတွေကို လွှင့်မပစ်ပါနဲ့

ကိုယ့်မှာ ကိရိယာတန်ဆာပလာတွေ ရှိနေပါလျှက် ဘယ်လိုသုံးရမလဲဆိုတာ မသိတာမျိုးဖြစ်တဲ့အခါ အသုံးပြုပုံဖော်ပြချက် ညွှန်းစာကို ပြန်ပြီး လေ့လာနိုင်ပါတယ်။ ဒီစာရွက်တွေ လွှင့်ပစ်လိုက်ရင် အရေးပေါ်လိုအပ်တဲ့အခါ အခက်အခဲ ဖြစ်တတ်ပါတယ်။

(၇) လေးလံတဲ့ပစ္စည်းတွေ ရွှေ့ဖို့ Windex ကို သုံးပါ



Windex ဆိုတာ ချောဆီတစ်မျိုးပါဘဲ။ လေးလံတဲ့ ပစ္စည်းတွေကို သုံးတဲ့အခါ အဲဒီပစ္စည်းတွန်းပို့မယ့် လမ်းကြောင်းကို ဖြန်းပေးတာနဲ့ ရွှေ့ပြောင်းရ လွယ်ကူသလို၊ အိမ်ကြမ်းခင်းလည်း ပျက်စီးမှု မရှိပါဘူး။

(၈) အပြင်ကိုထွက်မယ်ဆိုရင် နှစ်ခါစစ်ဆေးပါ

အိမ်အပြင်ကို ထွက်မယ်ဆိုရင် ပွင့်နေတဲ့ တံခါးတွေ ကျန်သေးလား၊ မီးခလုတ်တွေ ရေဒလက်တွေ ပိတ်ပြီးပြီလား၊ မီးကြွင်း မီးကျန်ရှိလား စတာတွေကို နှစ်ကြိမ် ပြန်စစ်ဆေးပေးပါ။ ဒါက ဘ၀စည်းစိမ်ကို ကာကွယ်ပေးရာလည်း ရောက်ပါတယ်။

နတ်စည်တော် (Shwemom)

Credit: Shwemom