Friday, April 29, 2016

"ဆက်မတွဲသင့်တော့တဲ့ ချစ်သူရဲ့ လက္ခဏာရပ်များ"


"ဆက်မတွဲသင့်တော့တဲ့ ချစ်သူရဲ့ လက္ခဏာရပ်များ"

အချစ်ရဲ့ ကျေးကျွန်တွေလို့ သူတို့ကို ခေါ်ကြပါတယ်။ တစ်ချို့ကကျတော့ ကရုဏာဒေါသနဲ့ ၀ဋ်ရှိလို့ ခံနေရရှာတာပါလို့ ဆုံးဖြတ်တတ်ကြပါတယ်။ အဲဒီလူတွေက ဘယ်သူတွေလဲ …???။ ရုန့်ရင်းကြမ်းတဲ့တဲ့ ချစ်သူကို ပိုင်ဆိုင်ထားတဲ့ သူတွေပါဘဲ။ ဒီတော့ ရုန့်ရင်းကြမ်းတမ်းတဲ့ ချစ်သူကို ပိုင်ဆိုင်ထားသူတွေရဲ့ လက္ခဏာရပ် (၇) မျိုးကို မျှဝေပေးလိုက်ပါတယ်။

(၁) လှောင်အိမ်ထဲက ငှက်

အရင်ဆုံး သင့်ချစ်သူဟာ သင့်အပေါ် တစ်နှစ်လောက်တော့ ရွှန်းရွှန်းဝေအောင် ချစ်ပြပါလိ့မ်မယ်။ နောက်တော့ မသွားနဲ့၊ မလုပ်နဲ့၊ မကြည့်နဲ့၊ ကျွေးတာစား၊ ခိုင်းတာလုပ်၊ အခန်းထဲမှာပဲ ကုပ်နေဆိုပြီး ပြုမူလာခဲ့ရင် သင် မကြာပါဘူး အောက်ပါအချက်တွေ ဆက်လာဦးမယ်ဆိုတာ။

(၂) သေးသိမ်ပြီး အရှက်ရစေမှု

သင်တို့ဆီကို ဧည့်သည်တစ်ယောက် ရောက်လာတယ်ဆိုပါစို့။ သင့်ကို ဘယ်လိုဖျင်းကြောင်း နုံကြောင်း လက်ပေါက်ကပ်ကြောင်း အလိုက်မသိကြောင်း စတဲ့ မဟုတ်မဟတ် စကားတွေနဲ့ သင့်ပေါင်ကို လှန်ထောင်းပါလိမ့်မယ်။

(၃) အခြေအမြစ်မခိုင်မာတဲ့ စွပ်စွဲခံရမှု

အဲဒီနောက်ပိုင်း သူ့စိတ်ထဲမှာ မလိုအပ်ပဲ အမုန်းတွေ ပိုပွားလာပြီး တွေ့တာနဲ့ ဘာမှမဆိုင်တဲ့လူနဲ့ စွပ်စွဲမယ်၊ ဘာမှ ပြန်ဖြေရှင်းလို့မရ။ တစ်ယောက်နဲ့ စွပ်စွဲလို့မရရင် နောက်တစ်ယောက်နဲ့ စွပ်စွဲမယ်။ သူ စွပ်စွဲတဲ့သူတွေကိုလည်း ကြည့်ဦး၊
ရပ်ကွက်ထဲက၊ ဈေးထဲက အော့ကြောလန်တွေ ဖြစ်နေလိမ့်မယ်။ ဒါက စိတ်ဒုက္ခပေးဖို့ တမင်ယုတ်မာတဲ့သဘော။

(၄) ထေ့ငေါ့ပြောဆိုမှု

ယောက်ျားဖြစ်ပြီး ထေ့ငေါ့ မပြောတတ်ဘူး မထင်နဲ့။ တစ်ချို့ယောက်ျားတွေက မိန်းမတွေထက် အဆတစ်ရာလောက် နှုတ်သီး ကောင်းကြပါတယ်။ သူဟာ တစ်နေ့တစ်မျိုး မရိုးရအောင်အောင် သင့်ကို အလုပ်မရှိ အလုပ်ရှာ ထိုင်ပြီး အပြစ်ပြောနေပါလိမ့်မယ်။

(၅) ခြိမ်းခြောက်မှုတွေ

ဒီအဆင့်ကို ရောက်ရင် သင် ဒီကရှေ့ နာပြီမှတ်ပါ။ ဘာတော့မလုပ်နဲ့ သတ်ပစ်မှာ၊ ဘယ်တော့ မသွားနဲ့ သေမယ်သာမှတ်၊ ဘယ်သူနဲ့တော့ မဆက်ဆံနဲ့ အသက် ဖက်နဲ့ထုပ်ထား စသည်ဖြင့် ဖန်လာရင် သင် မလွယ်တော့ဘူး မှတ်ပေတော့။

(၆) နောက်မီးလင်းခြင်း

ဒါကတော့ သူ့ရဲ့ ဒီကရီအမြင့်ဆုံး တိုက်ကွက်ဖြစ်ပါတယ်။ သင့်ကို ဘယ်လိုမှာ ဖယ်ထုတ်လို့မရရင် တရားဝင် နောက်မီးလင်းပစ်တာမျိုးပါ။ ဒီအဆင့်ကျတော့ ယုတ်မာတဲ့အဆင့်ကို ရောက်သွားပါပြီ။

(၇) မကြာခဏ ထိုးကြိတ်ကန်ကျောက်ခံရခြင်း

ဟော သူ နောက်မီးလင်းရဲ့နဲ့ သင်က သူ့ဘေးမှာ ဒူးထောက် ခစားမြဲဆိုရင် သူ မထင်ရင် မထင်သလို၊ ထရိုက်မယ်၊ ကန်ကျောက်မယ်၊ ထိုးကြိတ်မယ်။ ဒါကတော့ မိုက်ရိုင်းတဲ့ အဆင့်ပေါ့ဗျာ။ ကိုယ့်ကိုယ်ကိုသိ ဆင်ခြင် ရှောင်ရှားနိုင်ကြပါစေ။

နတ်စည်တော် (Shwemom)

Credit: Shwemom

"ချစ်သူမရစေနိုင်တဲ့ အားနည်းချက် (၇) ချက်"


"ချစ်သူမရစေနိုင်တဲ့ အားနည်းချက် (၇) ချက်"

တစ်ခါတလေ ရုပ်ကလေး သနားကမားနဲ့ ချစ်သူမရသေးတဲ့သူတွေ အများကြီး ရှိပါတယ်။ ဒီတော့ ကိုယ့်မှာ အောက်ဖော်ပြချက်တွေထဲက တစ်ခုခုနဲ့များ ငြိစွန်းနေသလား ကိုယ့်ကိုယ်ကို မညှာမတာ စစ်ဆေးပါ။ ဒီ (၉) ချက်ကြောင့်လည်း Single ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်

(၁) အတ္တကြီးလွန်းခြင်း

အတ္တကြီးတယ်ဆိုတာ ဘာဖြစ်ကြောင်းကို အတ္တကြီးတဲ့သူတွေကို ရှင်းပြဖို့ မလွယ်ပါဘူး။ ဒီတော့ အတ္တကြီးတယ်ဆိုတာ အခြေခံအားဖြင့်တော့ တစ်ကိုယ်ကောင်း ဆန်တယ်၊ ကိုယ့်ကိုယ်ကို ရှေ့တန်းတင်တယ်၊ အပေးမရှိ အယူချည်းသာ ရပ်တည်တယ်၊ ဘာဖြစ်ဖြစ် လက်စားချေရမှ နှိပ်ကွပ်ရမှဆိုတဲ့ လူတန်းစားမျိုး ဖြစ်တယ်။ ဒါတွေကို သင်က အပြစ်မမြင်ဘူးဆိုရင် သင်ကိုယ်တိုင် အတ္တကြီးသူ ဖြစ်နေပြီ။

(၂) ပြင်ပအလှကိုပဲ ဂရုစိုက်မိနေခြင်း

အပြင်အလှအပထက် အရေးကြီးတာက အတွင်းအလှအပပါဘဲ။ အတွင်းအလှအပဆိုလို့ အူတွေ ကလီစာတွေကို သနပ်ခါးလိမ်းပေးဖို့ ပြောတာ မဟုတ်ပါဘူး။ စိတ်ကောင်းနှလုံးကောင်း မွေးခြင်းကို ဆိုလိုတာပါ။ ဂရိစကားပုံလားမသိဘူး သိပ်လှတဲ့ သူတွေဟာ ဦးနှောက်မပါဘူး တဲ့။

(၃) အမြဲတမ်း ပြိုင်ဆိုင်ချင်တဲ့စိတ်

ဘယ်သူနဲ့မဆို ကိုယ်ကပဲ သာတာလိုချင်တယ်၊ သူက တစ်သောင်းတန်ဝတ်ရင် သူ့ရှေ့ တစ်သိန်းတန်လောက် ၀တ်ပြလိုက်ရမှ နေသာထိုင်သာ ရှိတယ်။ အဲဒီလို အရေမရ အဖတ်မရဆိုရင် ဒီလိုလူတွေကို ရှေ့ဆုံးက ပါတာကို တွေ့ရနိုင်ပါတယ်။

(၄) သူငယ်ချင်းတွေကို ရန်သူလို့ သဘောထားမိနေတယ်

သူငယ်ချင်းကို ရန်သူလို့ သဘောထားတဲ့သူတွေ အများကြီးပဲ။ စောစောက အတ္တကြီးမားတဲ့ သူမျိုးပေါ့။ သူ့ထက်သာရင် နည်းနည်း ပြန်မကျောရမချင်း ဒီလူဟာ ရန်သူပဲ။

(၅) အရေးမပေးတဲ့သူနဲ့ မပေါင်းချင်ဘူး

အတ္တကြီးမားတဲ့သူတွေဟာ သူတို့ကို အရေးအရာ မလုပ်ရင် စိတ်ကောက်တတ်ပါတယ်။ ဒီလိုလူမျိုးတွေလည်း သင်နဲ့ အနီးအနားမှာ မကြာခဏ တွေ့ရနိုင်ပါတယ်။ လူတွေရဲ့ မေတ္တာကို ခံယူနေသူတွေပေါ့။

(၆) ကိုယ့်ကိုကိုယ် သခင်လို့ထင်နေတယ်

ဘယ်နေရာရောက်ရောက် ကိုယ့်ကိုကိုယ် မနှိမ့်ချဘူး။ စောင့်ကြွားစောင့်ကြွား ဟောင်ဖွာ ဟောင်ဖွာနဲ့ ဟိုလူကိုမြင်ရင်
ငေါက်လိုက်ရမှ၊ ဒီလူ့ကိုမြင်ရင်လည်း အပြစ်ပြောလိုက်ရမှ၊ ဘယ်သူကိုတော့ဖြင့် စိတ်ကောက်လိုက်ရမှ ဆိုတဲ့ အစားထဲက ဖြစ်တယ်။

(၇) အမြဲလိုလို အဆိုးမြင်ဝါဒ

ကိုယ်လုပ်တာကလွဲရင် ဘယ်သူ ဘာလုပ်လုပ် အကောင်းမမြင်ဘူး၊ တစ်စုံတစ်ယောက်ကို ချီးကျူးဖို့၊ အားပေးဖို့၊ ကောင်းရာကောင်းကြောင်း တိုက်တွန်းဖို့ဆိုတာ သူတို့အတွက်တော့ အသတ်ခံရမှာထက် ကြောက်ကြတယ်။ ဒီလိုလူမှန်းသိနေရင် သူ့ဘာသာသူ ရွှေထွက်နေပါစေ ဘယ်သူက ချစ်သူတော်ချင်မလဲဗျ… နော။

နတ်စည်တော် (Shwemom)

Credit: Shwemom

"မိမိချစ်သူ မိမိအပေါ် တကယ်ချစ်မချစ် သိရှိနိုင်တဲ့ နည်းလမ်းကောင်းလေးများ"


"မိမိချစ်သူ မိမိအပေါ် တကယ်ချစ်မချစ် သိရှိနိုင်တဲ့ နည်းလမ်းကောင်းလေးများ"

စာရေးသူကတော့ ဒီဆောင်းပါးမှာတော့ မိမိချစ်သူ သို့မဟုတ် မိမိကိုစိတ်ဝင်စားနေသော ယောက်ျားလေးတစ်ယောက် မိမိအပေါ် တကယ်ချစ်မချစ် သိရှိနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားမှာပါ။ မိန်းကလေးတွေမှာ အလိုလိုသိနေတဲ့စိတ် ရှိကြပါတယ်။ မိမိကို စိတ်ဝင်စားနေတဲ့ ယောကျာ်းလေးတွေရှိရင် စိတ်ထဲက အလိုလို သိနေတတ်ကြပါတယ်။
သို့သော် တိတိကျကျ သိရှိနိုင်တာမျိုးတော့ မဟုတ်ပါဘူး ဒါ့ကြောင့် တိတိကျကျသိရှိနိုင့်မည့် အချက်များကို လေ့လာထားတာ မမှားနိုင်ပါဘူးနော်။

သင်နဲ့ပတ်သက်နေသော အကြောင်းအရာများကို မှတ်မိနေခြင်း

အကယ်လို့သာ သူ သင့်ကို အမှန်တကယ် စိတ်ဝင်စားနေပြီဆိုပါလျှင် သင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အလေးထား အာရုံစိုက်နေမှာဘဲ ဖြစ်ပါတယ်။ အထူးသဖြင့်တော့ သင်ကြိုက်နစ်သက်တယ်လို့ ပြောဖူးသော အရာများကို မှတ်မိနေမှာဘဲ ဖြစ်ပါတယ်။ ပြီးတော့ ရုပ်ရှင်တွေထဲမှာလို သင့်ကို နေ့ထူးနေ့မြတ်များမှာ လက်ဆောင်အဖြစ် ပေးဖို့ စီစဉ်နေမှာဘဲ ဖြစ်ပါတယ်။ အချစ်ဆိုတာ အသေးစိတ်ကျပါတယ်။

ဘယ်အရာကမှ မလုံလောက်နိုင်ပါဘူး။

တကယ်ချစ်မိပြီဆိုပါလျှင် သိချင်စိတ်တွေတားဆီးလို့ မရပါဘူး။ သင့်အကြောင်း မေးခွန်းတွေ အများကြီးမေးပါလိမ့်မယ်။ Facebook မှာအမြဲလိုလို သင့်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည်နေပါလိမ့်မယ်။ သင်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို သူတတ်နိုင်သမျှ စုဆောင်းပါလိမ့်မယ်။ သို့သော် သူ့အတွက် လုံလောက်မှု မရှိပါဘူး။

ကလေးဆန်ပြီး မူမမှန်တဲ့ လုပ်ရပ်တွေ လုပ်ပါလိမ့်မယ်။

အချစ်က ချစ်မိသွားတဲ့အခါမှာ လူကို ကလေးဆန်စေပြီး မူမမှန်တဲ့ လုပ်ရပ်တွေကို ပြုလုပ်စေပါတယ်။ မိမိချစ်တဲ့သူရဲ့ ဘေးနားကို ရောက်သွားရင် ကလေးလေးတစ်ယောက်လို ပြုမှုတတ်ပြီး သဝန်တိုမှုတွေ စိုးရိမ်ပူပန်မှုတွေ လွန်ကဲလာတတ်ကြပါတယ်။ ယောကျာ်းလေးများကတော့ ပိုပြီး ကလေးဆန်တတ်ကြပါတယ်။ ပြီးတော့ ရုပ်ရှင်ကားတွေထဲကလိုမျိုး အပြင်မှာ ပြုလုပ်လေ့ရှိကြပါတယ်။ ပန်းစည်းအကြီးကြီးနဲ့ အိမ်ရှေ့မှာ စောင့်နေတတ်တာမျိုး၊ အရုပ်အကြီးကြီးကို လက်ဆောင်အဖြစ် ပေးတတ်တာမျိုးတွေဟာ ဥပမာတွေဘဲ ဖြစ်ပါတယ်။

သင့်ကိုပျော်ရွင်စေသော အပြုအမှုများ လုပ်လေ့ရှိပါတယ်။

တကယ်ချစ်ရင် သင်ပျော်ရွှင်စေသော အပြုအမှုများကို လုပ်ဆောင်လေ့ရှိပါတယ်။ သင့်ကိုဂရုစိုက်တာ၊ ကြင်နာတာ၊ သင့်အလုပ်တွေကို ကူညီပေးတာ၊ ဖုန်းတွေဆက်တာ၊ တနေ့ကို SMS အများကြီးပို့တာတွေက သင့်ကို အမှန်တကယ် ပျော်ရွှင်စေတယ် မဟုတ်ပါလား? တခါတရုံမှာ အဆင်မပြေမှုများ ရှိကောင်း ရှိနိုင်ပါတယ်။ အမြဲတမ်းတော့လည်း သင့်ကို ဂရုစိုက်ချင်မှ စိုက်ပါလိမ့်မယ်။ သို့သော် သင့်ခန့်မှန်းချက်ကိုသာ မယုံစားပါနဲ့။ သူ့စကားတွေကို ယုံမယ့်အစား သူရဲ့ အပြုအမှုတွေ၊ သင့်အပေါ်မှာဆက်ဆံတာတွေ၊ သင့်ကို ဘယ်လိုပျော်ရွှင်စေတာတွေ အစရှိတာတွေကို အာရုံစိုက်ပြီး လေ့လာပါ။

Source: A New Mode

Credit: Shwemom

"ဇနီး ၆ မျိုး"


"ဇနီး ၆ မျိုး"

အိန္ဒိယ စကားပုံအရ ဇနီးကောင်းဆိုတာ ဘုရားပေးတဲ့ လက်ဆောင်တဲ့။ အရမ်းမှန်ပါတယ်။ ဇနီးကောင်းရှိတဲ့ ယောက်ျားတစ်ယောက်ရဲ့ ဘဝက အေးဆေးသက်သာပြီး ပျော်ရွှင်စရာကောင်းနေမှာ ဖြစ်သလို ဇနီးဆိုးဆိုရင်တော့ ဘဝပေးနတ်ဆိုးနဲ့ အတူနေရတဲ့ ဘဝလို့ ဆိုရမှာပါ။

၁) တွယ်ချိတ်နဲ့တူတဲ့ မိန်းမ

သူ့အနားမှာ အမြဲရှိနေစေချင်တဲ့ သူမျိုးပါ။ ကိုယ်က အမြဲဂရုစိုက်နေမှ ကျေနပ်နေတဲ့သူမျိုးဖြစ်ပြီး ကိုယ့်ကိုယ်ပိုင် အချိန်ဆိုတာကို မပေးနိုင်တဲ့ မိန်းမမျိုး ဖြစ်ပါတယ်။ ကြာလာတဲ့အခါမှာ မွန်းကျပ်မှုကို ခံစားလာရစေတဲ့ မိန်းမမျိုး ဖြစ်လာမှာပါ။

၂) အပေါက်ဆိုးတဲ့ မိန်းမ

စိတ်အလိုမကျတဲ့အခါတိုင်း ဘာကိုမှ စောင့်ထိန်းမှု မရှိဘဲ ပြောတတ်တဲ့သူမျိုး၊ ကိုယ်ဘာလုပ်လုပ် အပြစ်ပြောတတ်တဲ့ မိန်းမဖြစ်ပါတယ်။ ကိုယ်က အမြဲ သူ့အမိန့်အောက်မှာ နာခံနေမှ ကျေနပ်မယ့်မိန်းမမျိုး ဖြစ်ပါတယ်။

၃) လှပေမဲ့ အပျင်းထူတဲ့ မိန်းမ

လှတဲ့မိန်းမကို ရထားတဲ့အတွက် ကိုယ်က သူ့အတွက် ဂုဏ်ယူနေဖို့ပဲ စဉ်းစားပြီး မိန်းမဝတ္တရားကျေအောင် လုပ်လေ့မရှိတဲ့ မိန်းမဖြစ်ပါတယ်။ ဒါပေမဲ့ မိန်းမတစ်ယောက်က လှနေရုံနဲ့ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကို တစ်ဘဝလုံး မရနိုင်ဘူးဆိုတာ မသိတဲ့ မိန်းမမျိုး ဖြစ်ပါတယ်။

၎) ယုံကြည်မှု လွန်ကဲနေတဲ့ မိန်းမ

ယောက်ျားနဲ့ တန်းတူ စီးပွားရှာနိုင်တဲ့ မိန်းမဖြစ်ပြီး မိသားစုကို သူ့စိတ်ကြိုက် ဆုံးဖြတ်ပိုင်ခွင့် ရချင်တဲ့သူမျိုး ဖြစ်ပါတယ်။ ဒီလိုမိန်းမနဲ့ အတူနေရတာက အိမ်တစ်အိမ်တည်းမှာ သီးခြားကျွန်းနှစ်ခု ရှိနေသလိုပဲဖြစ်ပြီး မကြာခင်မှာ ယောက်ျားဖြစ်သူရဲ့ စိတ်ဝင်စားမှုကို မရနိုင်တော့တဲ့ မိန်းမမျိုး ဖြစ်ပါတယ်။

၅) စကားနာခံတဲ့ မိန်းမ

ဘာကိစ္စမဆို ယောက်ျားရဲ့ ဆုံးဖြတ်ချက်ရမှ လုပ်တတ်တဲ့ မိန်းမဖြစ်ပြီး ယောက်ျားအကြိုက်နေတတ်တဲ့ မိန်းမမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ ဇနီးတစ်ယောက်နဲ့ မတူဘဲ အိမ်ဖော်တစ်ယောက်နဲ့ တူနေတဲ့ မိန်းမတစ်ယောက်ကို ယေက်ျားတွေက အလွယ်တကူ စိတ်ကုန်သွားတတ်ပါတယ်။

၆) ရဲဘော်ရဲဘက်နဲ့တူတဲ့ မိန်းမ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပေမဲ့ မထောင်လွှားတတ်တဲ့ မိန်းမဖြစ်ပါတယ်။ မည်သည့် အကြောင်းအရာမဆို သူနဲ့လွတ်လပ်စွာ ပြောဆိုနိုင်တဲ့သပါ။ ပူပင်စရာရှိရင် နှစ်သိမ့်ပေးပြီး ပျော်ရွှင်စရာတွေကို အတူရယ်မောပေးနိုင်မယ့် မိန်းမဖြစ်ပါတယ်။ သူ့အချစ်ကိုလည်း ပြတတ်သလို ကိုယ့်ဆီက မေတ္တာကိုလည်း ရအောင် စွမ်းဆောင်နိုင်မယ့် မိန်းမမျိုးဖြစ်ပြီး ဒီလို မိန်းမမျိုးကသာ အမှန်တကယ် ဘုရားပေးတဲ့ လက်ဆောင်ပဲ ဖြစ်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

"မိန်းကလေးတွေ ကိုယ့်ချစ်သူနဲ့အတူ လေ့ကျင့်ခန်းလုပ်သင့်တဲ့အချက် (၁၀) ချက်"


"မိန်းကလေးတွေ ကိုယ့်ချစ်သူနဲ့အတူ လေ့ကျင့်ခန်းလုပ်သင့်တဲ့အချက် (၁၀) ချက်"

စိတ်တူကိုယ်တူဆိုတော့ ပိုကောင်းတာပေါ့။

၁။ လေ့ကျင့်ခန်းလုပ်ရမှာ မပျင်းအောင် အပြန်အလှန် အားပေးကူညီလို့ရတယ်။

၂။ လေ့ကျင့်ခန်း လုပ်ဖြစ်ရုံတင်မဟုတ်ဘဲ စိတ်ခံစားချက်ချင်းပါ နီးလာနိုင်တယ်။

၃။ သူနဲ့ကိုယ် အချိန်ကိုညှိနှိုင်းဖို့ ပိုလွယ်နိုင်တယ်။

၎။ အတူတူပူးပေါင်းဆောင်ရွက်ချင်စိတ် တိုးပွားလာတယ်။

၅။ ကိုယ်တစ်ယောက်တည်း ကျန်းမာရေးနဲ့ ညီညွတ်နေတာမျိုး မဖြစ်တော့ဘူး။

၆။ ပိုပျော်ဖို့ကောင်းတယ်။

၇။ ပိုက်ဆံအကုန်အကျ သက်သာနိုင်တယ်။ (သူသာကိုယ့်အတွက် စိုက်ပေးလာရင်ပေါ့)

၈။ အချင်းချင်းပြိုင်ရင်လည်း စိတ်မဆိုးတော့ဘူး။

၉။ ပိုလုံခြုံတယ်။

၁၀။ အမှတ်တရလေးတွေ များလာမယ်။

Source : Daily Mail

Credit: duwun

"ကလေးမွေးတာထက် ပိုနာကျင်ရတဲ့ နာကျင်မှု (၈) မျိုး"


"ကလေးမွေးတာထက် ပိုနာကျင်ရတဲ့ နာကျင်မှု (၈) မျိုး"

အမျိုးသမီးတွေအတွက် ကလေးမွေးတာထက် ပိုကြောက်ရတဲ့ ရောဂါတွေ ရှိပါတယ်။

ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရတဲ့ အခြေအနေဟာ အမျိုးသမီးတွေအတွက် အသက်န္တရာယ် အနီးကပ်ဆုံး အခြေအနေလို့ အများက သတ်မှတ်ထားကြပါတယ်။ သဘာဝအတိုင်း မွေးဖွားသူတွေအနေနဲ့ နာကျင်မှုကို ပိုပြီး ခံစားကြရတတ်ပါတယ်။

ဒါပေမယ့် ကလေးမွေးတဲ့ နာကျင်မှုထက် ပိုနာကျင်ရတဲ့ ရောဂါ (၇) မျိုးရှိပါတယ်။

၁။ ကျောက်တည်ခြင်း

ဆီးလမ်းကြောင်းမှာ ကျောက်တည်ပြီဆိုရင် ကလေးမွေးတဲ့ နာကျင်မှုထက် ဆယ်ဆလောက် ပိုနာကျင်ရပါတယ်။

၂။ သွားကိုက်ခြင်း

အတော်များများ သွားကိုက်ဖူးကြပါတယ်။ မခံမရပ်နိုင်အောင် ကိုက်လာတဲ့အခါ ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်တောင် ပေါက်လာတတ်ကြပါတယ်။

၃။ ချုပ်ရိုးပြေခြင်း

ဒဏ်ရာကို ချုပ်ထားတဲ့ ချုပ်ရိုး ပြေသွားတဲ့အခါ နာကျင်မှုက ကလေးမွေးရတာထက် ပိုပါတယ်။ အထူးသဖြင့် တင်ပါးချုပ်ရိုး ပြေသွားရင် ပိုဆိုးတော့တာပါပဲ။

၎။ သွေးစုနာပေါက်ခြင်း

သွေးစုနာလို့ခေါ်တဲ့ အနာစိမ်းပေါက်ပြီးဆိုရင် ဘယ်သူမှ မခံစားနိုင်ပါဘူး။ တင်ပါးမှာ ပေါက်ပြီးဆိုရင် မျက်ရည်ကျဖို့သာ ပြင်ထားပေတော့လို့ ဆိုရမှာပါ။

၅။ နံရိုးကျိုးခြင်း

အမျိုးသမီးတွေအတွက် နံရိုးကျိုးရတာဟာ ခံစားရခက်လှတဲ့ ဒုက္ခပါ။ ကလေးမွေးဖူးတဲ့ အမျိုးသမီးတွေ အဆိုအရ ကလေးမွေးတာထက် နံရိုးကျိုးတာ ပိုနာတယ်လို့ ဆိုပါတယ်။

၆။ ခေါင်းတခြမ်း ကိုက်ခြင်း

ခေါင်းတခြမ်းကိုက်တဲ့ ဝေဒနာကတော့ လူအနည်းစုသာ ဖြစ်တတ်ကြတာပါ။ ဆေးရုံရောက်လာသူတွေဟာ ကလေးမွေးဖို့ထက် နောက်တစ်ခါ ခေါင်းတခြမ်းကိုက်မှာကို ပိုကြောက်ကြပါတယ်။

၇။ မီးလောင်ခြင်း

အသားအရည်ကို ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းသွားစေတာကလည်း ကြောက်စရာ အကောင်းဆုံး ခံစားမှုထဲမှာ ပါဝင်ပါတယ်။ အသားပြန်တက်လာတဲ့ အချိန်တွေမှာလည်း ခံစားရမှု ဝေဒနာဟာ ပြင်းထန်လာတတ်ပါတယ်။

၈။ ဂေါက်ရောဂါ

ဂေါက်ရောဂါလို့ခေါ်တဲ့ အဆစ်မြစ်ယောင်တဲ့ ရောဂါကလည်း ခံစားဖူးသူတွေ ဘယ်တော့မှ ပြန်မရချင်တဲ့ နာကျင်မှု တစ်မျိုးပါ။

Source : Metro

Credit: duwun

Thursday, April 28, 2016

"ရိုးရိုးရှင်းရှင်း ကျန်းမာရေး လျှို့ဝှက်ချက်လေးများ"


"ရိုးရိုးရှင်းရှင်း ကျန်းမာရေး လျှို့ဝှက်ချက်လေးများ"

ရိုးရှင်းလွယ်ကူသော နည်းကလေးများသည်ပင် ကျန်းမာရေး ကောင်းမွန်နေအောင် ကူပေးနိုင်သည်။ သမားရိုးကျ နည်းလမ်းများ အသုံးဝင်သလို၊ ခေတ်သစ် သိပ္ပံနည်းကျ တွေ့ရှိချက်များကလည်း အားကိုးရသည်။ သို့ဖြစ်ရာ ကျန်းမာသော ဘ၀တည်မြဲနေအောင် ထိန်းထားနိုင်မည့် ရိုးရှင်းသောနည်းကလေး အချို့ကို အောက်တွင် အကြံပြု ဖော်ပြသွားပါမည်။

နှလုံး ကျန်းမာရေး

ခန္ဓာကိုယ်တစ်ခုလုံးက ဆဲလ်တိုင်းဆီသို့ သွေးရောက်ဖို့အတွက် ကျယ်ပြန့်ရှုပ်ထွေးလှသော သွေးကြော ကွန်ရက်ကြီးတစ်ခုလုံးတွင် သွေးများ ပုံမှန်စီးဆင်းနေအောင် နှလုံးက တစ်ချိန်လုံးခုန်ကာ သွေးများ လက်ခံလိုက်၊ ညှစ်ထုတ်လိုက် လုပ်ပေးနေရသည်။ ဘ၀နေမှု ပုံစံသည် နှလုံးကျန်းမာရေးအပေါ် တိုက်ရိုက် သက်ရောက်မှု ရှိသည်ဟုလည်း လေ့လာမှု စစ်တမ်းပေါင်း များစွာက ထောက်ပြနေကြသည်။ သို့ဖြစ်ရာ နှလုံးထိခိုက်မှု အနည်းဆုံးဖြစ်အောင် ဆောင်သင့် ရှောင်သင့်တာလေးများ ဖော်ပြလိုပါသည်။

နှလုံးခုန်သံ နားဆင်ပါ။

နှလုံးခုန် မြန်တာမျိုး၊ နှလုံးခုန်နှုန်း မမှန်တာမျိုး ကြုံဖူးပါ သလား။ ထိုသို့ဖြစ်ခြင်းသည် သွေးလှည့်ပတ်မှု လမ်းကြောင်းအတွင်း ပိတ်ဆို့မှုများ ရှိနေကြောင်း အချက်ပြမှု ဖြစ်သလို၊ လေဖြတ်နိုင်ခြေ ရှိသည့် ရှေ့ပြေး လက္ခဏာလည်း ဖြစ်သည်။ သြစတြေးလျ လေ့လာမှုစစ်တမ်း တစ်ရပ်အရ အသက် (၅၅) အထက် လူကြီးပိုင်း (၅၀) တွင် တစ်ယောက်သည် နှလုံးခုန် မမှန်သည့် ဝေဒနာ ခံစားနေရကြောင်း သိရသည်။

သို့သော် အများစုသည် မိမိ နှလုံးခုန် မမှန်မှန်းပင် မသိကြဟုလည်း စစ်တမ်းက ဆိုသည်။ လက်ကောက်ဝတ်မှာ သွေးစမ်းခြင်းနည်းဖြင့် နှလုံးခုန်နှုန်းကို ရေတွက်ကြည့် နိုင်သည်။ လည်ပင်းသွေးကြောကို ထောက်ပြီးလည်း စစ်ကြည့်နိုင်သည်။ တစ်မိနစ်လျှင် သွေးခုန်နှုန်း အကြိမ် တစ်ရာအထက်ဆိုလျှင် မြန်သည်ဟု သတ်မှတ်နိုင်သည်။ မိမိသွေးခုန်နှုန်း ပုံမမှန်လျှင်၊ ရှိသင့်သည်ထက် ပိုမြန်နေလျှင် ကျွမ်းကျင် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။

လည်ပင်း အရွယ်အစား သတိထား

ခါးဆိုက်ဒ်ကြီးလေ နှလုံးရောဂါ ဖြစ်နိုင်ခြေ များလေဟုဆို ကြသည်။ လည်ပင်းဆိုက်ဒ် ကြီးလျှင်လည်း နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ များသည်ဆိုတာ သတိထားမိသူ နည်းနေသေးသည်။ လည်ပင်းဆိုက်ဒ် ကြီးလျှင်လည်း နှလုံးရောဂါ ဖြစ်နိုင်ခြေ များလာနိုင်သည်ဟု အမေရိကန် သုတေသီများက  ဆိုလိုက်သည်။ အမေရိကန် အမျိုးသမီးတစ်ယောက် ရှိသင့်သည့် ပျမ်းမျှ လည်ပင်းလုံးပတ်သည် (၃၄ ဒသမ ၂) စင်တီမီတာ ဖြစ်ပြီး အမျိုးသားက (၄၀ ဒသမ ၅) စင်တီမီတာဟု သုတေသီတို့က ဆိုသည်။ လည်ပင်းလုံးပတ် ထူပိန်း ကြီးမားခြင်းသည် အဆီများခြင်းကို ရည်ညွှန်းပြီး အသည်းနှင့် နှလုံးနေရာတွင် အကျိုးမပြုသော အဆီများစု ပုံလာသည့် ပြယုဂ်လည်း ဖြစ်သည်။

နားကြပ်ကို ရင်ဘတ် အိတ်ကပ်ထဲ ထည့်မထားနဲ့

နှလုံးထိန်းညှိစက် တပ်ထားရသူများ အနေဖြင့် သီချင်းနားထောင်သည့် နားကြပ်ကို ရင်ဘတ် အိတ်ကပ်ထဲ ထည့်မထားဖို့ အကြံပေးလိုသည်။ နားကြပ်ထဲတွင် ပါလာသော သံလိုက်သည် နှလုံးထိန်းညှိစက် အလုပ်လုပ်မှုကို အနှောင့်အယှက်ပေး နိုင်သည်။ အမေရိကန် လေ့လာမှု တစ်ခုအရ နှလုံးထိန်းညှိစက် (၂၀) ရာခိုင်နှုန်းသည် နားကျပ်ထဲက သံလိုက်၏ လွှမ်းမိုးမှုကြောင့် အလုပ်လုပ်မှု ထိခိုက်ကြောင်း တွေ့ရသည်။ သို့ဖြစ်ရာ စာဖတ်သူသည် နှလုံးထိန်းညှိစက် (pecemaker) တပ်ထားရသူ ဖြစ်ပါက နားကြပ်ကို ရင်ဘတ်အိတ်ကပ်ထဲ ထည့်မထားဖို့ အကြံပြုလိုသည်။ ဖြစ်နိုင်လျှင် နားကြပ်ကြိုးကို ရင်ဘတ်မှာ တွဲလောင်း ဆွဲထားခြင်းမျိုးပင် မလုပ်လျှင် အကောင်းဆုံး ဖြစ်သည်။

မှတ်ဉာဏ်ကောင်းစေဖို့

လူ့ဦးနှောက်၏ အချက်အလက် မှတ်သားနိုင်စွမ်းသည် အံ့ဖွယ် ကောင်းလောက်အောင်ကို အစွမ်းထက်လှသည်။ လူ့ဦးနှောက်သည် အချက်အလက်များကို သိုမှီးထားရုံသာမက လေ့ကျင့်ပေးတတ်လျှင် ပေးတတ်သလောက် သိုမှီးပုံပို ကောင်းလာသလို၊ ပြန်လည် ထုတ်သုံးနိုင်စွမ်းလည်း ပိုကောင်းလာကြောင်း သိရသည်။

သို့ဖြစ်ရာ ဦးနှောက်အစွမ်း ပိုထက်လာအောင် ဘာတွေလုပ်သင့် သနည်း။

အဆီဓာတ်များသော ဆော်လ်မွန်၊ ငါးသေတ္တာ၊ ငါးကွမ်းရှပ် စသည်တို့ထဲတွင် အိုမီဂါ-၃ ဖက်တီး အက်စစ်ဓာတ် ပေါကြွယ်ဝစွာ ပါဝင်သည်။ ထိုအက်စစ်ဓာတ်သည် ဦးနှောက် အစွမ်းထက်မြက်နေအောင် ကူပေးနိုင်သည့် ထိပ်ဆုံး အာဟာရ ဖြစ်သည်။ သကြားဓာတ်များသော အစားအသောက်များက ဦးနှောက်အား ဖျက်ဆီးမှုများကို အိုမီဂါ-၃ က ပြန်လည် ကုစားပေးနိုင်စွမ်းရှိကြောင်း ၀ါရှင်တန် အခြေစိုက် မျိုးဗီဇ၊ အာဟာရနှင့် ကျန်းမာရေး စင်တာ၏ သုတေသနက တွေ့ရှိထားသည်။ အခြား သုတေသန တစ်ရပ်အရလည်း အိုမီဂါ-၃သည် ဦးနှောက်ဆဲလ် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည့် ကွန်ရက်များကို အားကောင်းခိုင်မာစေသဖြင့် ဦးနှောက်သည် အလုပ်လုပ်နိုင်စွမ်း ပိုကောင်းလာရသည်ဟု ဆိုထားသည်။ အဆီများသော ငါးများကို တစ်ပတ် နှစ်ကြိမ် သုံးကြိမ် ခန့် စားပေးရုံဖြင့်ပင် မှတ်ဉာဏ်ထက်နေဖို့ လုံလောက်သည်ဟု သုတေသီတို့က ဆိုသည်။ ငါးဟင်း မကြိုက်သူများအနေဖြင့် ငါးကြီးဆီ စားပေးသင့်သည်။

လိင်ကျန်းမာရေး ကောင်းအောင် ထိန်းသိမ်းပါ။

နေ့စဉ် ကြုံနေရသည့် စိတ်ဖိစီးမှုများ၊ သောကများက အိပ်ခန်းထဲထိပါ လိုက်လံ ဒုက္ခပေးနိုင်သည်။ ထို့ကိစ္စ ဖြေရှင်းဖို့ ဆေးတွေ သောက်နေဖို့ မလို။ ပြဿနာကို ပြေလည်စေမည့် ရိုးရှင်းသော နည်းကလေးများ သိထားရုံဖြင့်ပင် လုံလောက်သည်။

ငွေကြေးကိစ္စ စိတ်အေးရအောင် ကြိုးစားပါ။

ငွေကြေးသည် အလုံးစုံ ပျော်ရွှင်မှုကို မ၀ယ်ယူနိုင်သော်လည်း စိတ်ဖိစီးမှု ၀န်ထုပ်အောက်မှ လွတ်မြောက်အောင်တော့ ကူညီပေးနိုင်သည်။ ငွေကြေးအတွက် စိတ်ပူနေရသူသည် အိမ်ထောင်ရေးတွင် လိင်ကိစ္စ စိတ်ကျေနပ်မှုပါ ထိခိုက် ကျဆင်းရကာ စိတ်ကျဝေဒနာပါ ခံစားရတတ်သည်။ အိမ်ထောင်သာယာမှု ထိခိုက်စေ သောကိစ္စများကို စစ်တမ်းကောက်ကြည့်သည့် အခါတွင်လည်း ငွေကြေးအတွက် စိတ်ပူပန်နေရခြင်းက ထိပ်ဆုံးမှာရှိ နေသည်။ အလုပ်ကိစ္စတွေ ပူပင်သောက ရောက်နေရခြင်း၊ ကလေးတွေ ကိစ္စ လုပ်နေရခြင်းတို့သည်လည်း ထိပ်ဆုံး အကြောင်းအရာများထဲတွင် ပါဝင်သည်။ အထူးသဖြင့် ငွေကြေးကိစ္စ စိတ်ပူပန်နေရသော အမျိုးသားတို့သည် အိမ်ထောင်ရေးကို ပိုမြန်မြန် စိတ်ပျက်လာတတ်ကြောင်းလည်း သုတေသန စစ်တမ်းက ဖော်ပြသည်။

ကိုယ်ခံစွမ်းအား ကောင်းမွန်စေဖို့

လူသားနှင့် ကူးစက်ရောဂါများ တိုက်ပွဲသည် ပြီးဆုံးသည်ရယ်မရှိ။ နေ့စဉ်နဲ့အမျှ ခုခံအားစနစ်သည် ပြင်ပက ၀င်လာသော ရောဂါပိုးမွှားများကို တိုက်ခိုက်ချေမှုန်း နေရသည်။ ကိုယ်စားသည့် အစားအစာ၊ ကိုယ့်စိတ် ကျန်းမာနှုန်း၊ ကိုယ်လေ့ကျင့်ခန်း လုပ်နှုန်း စသဖြင့် ကိုယ့်နေထိုင်မှု ပုံစံများသည် ကိုယ့်ခုခံအားစနစ်၏ စွမ်းရည်အပေါ် အကောင်းရော အဆိုးပါ သက်ရောက်မှုရှိသည်။

အကျိုး ဖြစ်စေမည့် အဆီဓာတ်တွေ စားသုံးပါ။

အဆီစားတိုင်း ဆိုးကျိုးဖြစ်သည်ရယ် မဟုတ်။ ခန္ဓာကိုယ် ဆဲလ်များ တည်ဆောက်ဖို့အတွက် အကျိုးပြုသည့် အဆီဓာတ်တွေ စားပေးခြင်းသည် ခုခံအားစနစ် ကောင်းမွန်ရေးအတွက်ပါ အကျိုးရှိသည်။ ရောဂါပိုးမွှားများကို တိုက်ဖျက်သည့် သွေးဖြူဥများ ပုံမှန်အတိုင်း ထွက်ရှိနေအောင် ကူပေးသည့် အဆီဓာတ်များလည်း ရှိသည်။ အသားများကနေ ထုတ်ယူထားသော အဆီများကို ရှောင်သင့်သည်။ ဟင်းသီးဟင်းရွက်များကနေ ထုတ်ယူထားသော အဆီတို့သည် လူကို အကျိုးပြုသည်။

အချိုတွေ ရှောင်

သကြားဓာတ် (၇၅) ဂရမ်မျှသည်ပင် ခန္ဓာကိုယ် ခုခံအားတပ်ဖွဲ့ လုပ်ငန်းများ ကမောက်ကမ ဖြစ်အောင် လုပ်ပစ်နိုင်သည်။ ထိုနှုန်းသည် လက်ဖက်ရည်ဇွန်း ဆယ်ဇွန်းစာ သို့မဟုတ် (၃၃၀) မီလီလီတာ အချိုရည်ဗူး နှစ်ဗူးထဲတွင် ပါသော သကြားဓာတ်နှင့် ညီမျှသည်။ အချိုကြိုက်သူများ အနေဖြင့် သဘာဝ အချိုဓာတ်ရသော အသီးအနှံများကို စားသုံးသင့်သည်။ အသီးအနှံများတွင် လူကို အကျိုးပြုသော အမျှင်ဓာတ်လည်း ပါဝင်သည်။

ရယ်မောခြင်းသည် ဘယ်တော့မှ အာနိသင် မလျော့သည့်ဆေး။

ရယ်မောခြင်းသည် လူကို စိတ်ချမ်းသာစေရုံသာမက ခုခံအားစနစ်ကိုလည်း အားကောင်းစေ၏။ ရယ်မောခြင်းသည် စိတ်ဖိစီးမှု ဟိုမုန်းထွက်နှုန်း လျော့သွားအောင်လည်း လုပ်ပေးနိုင်သည်။ အခွင့်သင့်တိုင်း ရယ်မောပါ။ သူငယ်ချင်းများနဲ့ တွေ့လျှင် ရယ်စရာတွေပြောကာ ပေါ့ပေါ့ပါးပါး နေထိုင်ပါ။ မိမိကြောင့် သူများတွေပါ ရယ်မောရလျှင် ထိုသူများကိုပါ မိမိက ကျန်းမာရေး လက်ဆောင်ကောင်း ပေးအပ်ရာ ရောက်သည်။

ကိုထိုက်

 Credit: messenger

"၁၉၈၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း မွေးသူများက ဘဝအပေါ် အလွန်ပျင်းရိနေကြ"


"၁၉၈၀ မှ ၂၀၀၀ ပြည့်နှစ်အတွင်း မွေးသူများက ဘဝအပေါ် အလွန်ပျင်းရိနေကြ"

ဒီခုနှစ်တွေအတွင်း မွေးတဲ့မျိုးဆက်ဟာ နည်းပညာနဲ့ လည်ပတ်နေရတဲ့ ဘဝကို မပျော်ကြပါဘူး။

နည်းပညာတွေ နေ့စဉ်တိုးတက်နေတဲ့ ကမ္ဘာကြီးမှာ ဖျော်ဖြေနိုင်မယ့် ပစ္စည်းတွေ များလှပေမယ့်လည်း ဒီကာလကို ပျင်းရိနေသူတွေ ရှိပါတယ်။ ဗြိတိန်မှာလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ၁၉၈၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း မွေးသူတွေဟာ လက်ရှိခေတ်ကာလကို ပျင်းရိနေကြတယ်လို့ ပြောပါတယ် ။

၁၉၈၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း မွေးဖွားသူတွေထဲက ၄ ရာခိုင်နှုန်းသာ ဘယ်တော့မှ မပျင်းခဲ့ဘူးလို့ စစ်တမ်းထဲမှာ ဖြေထားတာ တွေ့ရပါတယ်။ X မျိုးဆက်လို့ ခေါ်တဲ့ ၁၉၆၅ နှစ်ကနေ ၁၉၈၂ ခုနှစ်အတွင်း မွေးခဲ့သူတွေထဲမှာတောင်မှ ၁၀ ရာခိုင်နှုန်းကသာ လက်ရှိခေတ်ကို မပျင်းရိဘူးလို့ ဖြေဆိုထားကြတာပါ။

စမတ်ဖုန်းတွေ၊ ဖျော်ဖြေရေး ရုပ်သံလိုင်းတွေ၊ ဂိမ်းစက်တွေ မျိုးစုံရှိနေပေမယ့် ၁၉၈၀ ခုနှစ်ကနေ ၂၀၀၀ ခုနှစ်အတွင်း မွေးသူတွေကတော့ ပျင်းရိလျှက်ရှိပါတယ်။

၂၇ ရာခိုင်နှုန်းက တီဗီကြည့်ရတာကို ပျင်းလာကြပါတယ်။

၁၄ ရာခိုင်နှုန်းက အင်တာနက်နဲ့ လူမှုကွန်ယက် သုံးစွဲရတာကို ပျင်းရိနေကြပါတယ်။

Source : Metro

Credit: duwun

"အောင်မြင်ပျော်ရွှင်သူတွေ မနက်ခင်းမှာ ဘာလုပ်ကြလဲ"


"အောင်မြင်ပျော်ရွှင်သူတွေ မနက်ခင်းမှာ ဘာလုပ်ကြလဲ"

အောင်မြင်ပျော်ရွှင်နေသူတွေရဲ့ နေ့စဉ် အလေ့အထတွေထဲက မနက်ခင်းမှာ လုပ်လေ့ရှိတဲ့ အလေ့အထ အချို့ကို ဖော်ပြထားပါတယ်။

အောင်မြင်ပျော်ရွှင်နေသူတွေရဲ့ နေ့စဉ် အလေ့အထတွေထဲက မနက်ခင်းမှာ လုပ်လေ့ရှိတဲ့ အလေ့အထ (၇) ခု ဖြစ်ပါတယ်။

၁။ လက်ရှိဘဝကို အကောင်းမြင်တတ်ပြီး ကျေးဇူးတရားကို တွေးတော တန်ဖိုးထားတတ်ပါတယ်။

၂။ နေ့သစ်တစ်နေ့ကို လန်းဆန်းသစ်လွင်စွာ ရှုမြင်သုံးသပ် ရင်ဆိုင်ပါတယ်။

၃။ တစ်နေ့ချင်းစီအတွက် ရည်မှန်းချက် သတ်မှတ်ပါတယ်။

၎။ စိတ်ဓာတ်ခွန်အားဖြစ်စေတဲ့ စာအုပ်စာပေတွေကို ဖတ်ရှုပါတယ်။

၅။ မနက်စာအတွက် စဉ်းစားတာ၊ အပြင်သွားဖို့ အဝတ်အစား ပြင်ဆင်တာတွေ ပြုလုပ်ရင်း မနက်ခင်းမှာ ပေါ့ပေါ့ပါးပါး စိတ်ဖိစီးမှုကင်းအောင် နေတတ်ပါတယ်။

၆။ ကောင်းမွန်လုံလောက်တဲ့ မနက်စာကို အချိန်ပေးပြီး စားသောက်ပါတယ်။

၇။ အောင်မြင်မှုအတွက်ကို စဉ်းစားတွေးခေါ်လေ့ရှိပြီး အောင်မြင်မှုကိုလည်း ဆာလောင်တတ်ကြသူတွေပါ။


Source & Photo: LifeHack

Credit: duwun

"သရက်သီးမှာပါဝင်တဲ့ ကျန်းမာရေးအာနိသင်"


"သရက်သီးမှာပါဝင်တဲ့ ကျန်းမာရေးအာနိသင်"

အခုလို ပူပြင်းတဲ့ရာသီဟာ သရက်သီးရာသီဖြစ်ရာ လူတွေမှာ သရက်သီးကို အစိမ်းလိုက် ချိုချိုချဉ်ချဉ် စားကြတာရှိသလို  သရက်သီးမှည့်ကို အစိပ်လေးတွေစိပ်ကာ ချိုချိုအိအိ စားကြတာလည်း ရှိပါတယ်။ တစ်ချို့ကတော့ သရက်သီးဖျော်ရည် ဖျော်သောက်ကြကာ ရာသီပေါ် သီးနှံအဖြစ် နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ အသီးအနှံတိုင်းမှာ မတူညီတဲ့ အာဟာရဓာတ် အာနိသင်ရှိနေရာ သရက်သီးမှာ ပါဝင်တဲ့ ကျန်းမာရေးအကျိုးပြု အာနိသင်ကို သိရှိစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

ကင်ဆာကိုကာကွယ်ပေးနိုင်တဲ့ အာနိသင် ပါဝင်နေခြင်း

သရက်သီးတစ်လုံးမှာ ပါဝင်တဲ့ အာဟာရဓာတ် အာနိသင်နဲ့ပတ်သက်ပြီး သုတေသန ပြုလုပ်ကြရာ သူ့ရဲ့ အာဟာရဓာတ်တွေဟာ အူကင်ဆာ၊ ရင်သားကင်ဆာ၊ သွေးကင်ဆာနဲ့ ယောက်ျားအင်္ဂါ အကျိတ်ကင်ဆာတွေ မဖြစ်ပွားရအောင်  ခုခံကာကွယ်နိုင်စွမ်း ရှိကြောင်း ဖော်ပြထားကြပါတယ်။

ကိုလက်စထရောဓာတ်ကို လျော့ကျစေတဲ့ စွမ်းအင် ပါဝင်နေခြင်း

သရက်သီးမှာ အမျှင်ဓာတ် များပြားမှု၊ ဗီတာမင် စီနဲ့ ပါဝင်နေတဲ့ အချိုဓာတ်တွေက ကိုလက်စထရောဓာတ်ကို လျော့ကျစေဖို့ များစွာ အထောက်အကူ ပြုပါတယ်။

အသားအရေကို ကြည်လင်လှပစေခြင်း

သရက်သီးရဲ့ အစွမ်းဟာ အသားအရေကိုလည်း ကြည်လင် လှပစေတယ်လို့ သိရှိရပါတယ်။ သူ့ရဲ့အစွမ်းဟာ မျက်နှာပေါ်က ဝက်ခြံတွေကို ကောင်းစွာ ရှင်းလင်းပေးနိုင်ပြီး ချွေးပေါက်မှာ ပိတ်ဆို့နေတဲ့  အဆိပ်အတောက်လိုမျိုး အခိုးအငွေ့တွေကိုပါ ကင်းစင်စေပါတယ်။ ဒါကြောင့် အသားအရေကို သန့်ရှင်းစေကာ ကြည်လင် လှပနိုင်တာဘဲ ဖြစ်ပါတယ်။

မျက်စိကျန်းမာရေးအတွက် ကောင်းမွန်ခြင်း

သရက်သီးမှည့်ကို အစိပ်လေးတွေ စိပ်ပြီး ပန်းကန်လုံး တစ်ခွက်စာလောက် ပုံမှန် စားပေးနိုင်ရင် လူတွေမှာ နေ့စဉ်လိုအပ်နေတဲ့ ဗီတာမင် အေ ၂၅% လောက်ကို ရရှိမှာဖြစ်ပြီး မျက်စိ အမြင်အားကို ကောင်းစေခြင်း၊ ညဘက်မှာ အမြင်အာရုံကို ပျောက်ကွယ်စေတဲ့ ကြက်မျက်သင့် ရောဂါလိုမျိုးကို များစွာ ကာကွယ်ပေးပါတယ်။

အစာကြေခြေဖျက်မှုအားကောင်းစေခြင်း

အသီးအနှံ တော်တော်များများမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဓာတ်သဘာဝတွေ ပါဝင်ကြရာ သရက်သီးမှာလည်း အစာကြေခြေဖျက်မှုကို  အားကောင်းစေတဲ့ အမျှင်ဓာတ်များစွာ ပါဝင်ပါတယ်။ ဒါကြောင့် သရက်သီးကို စားပေးတာဟာ အစာကြေစေတာကြောင့် ဝမ်းချုပ်တတ်သူများအတွက် အဆင်ပြေစေတဲ့ အသီးတစ်မျိုးလို့ ဆိုနိုင်ပါတယ်။

ကိုယ်ခန္ဓာထဲအပူများတာကို လျော့ချကူညီပေးခြင်း

သရက်သီးစိမ်းကို မိမိလိုသလောက် အချိုဓာတ်ရောကာ ဖျော်ရည်သဖွယ် ရေနဲ့ဖျော်ပြီး သောက်သုံးပေးနိုင်ရင် ကိုယ်တွင်း အပူများနေတာတွေကို အပူလျော့သွားအေင် ကူညီနိုင်ပါတယ်။ ကိုယ်ခန္ဓာထဲ အပူလျော့ပြီး အအေးဓာတ်ရရှိစေကာ အပူကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါဘယတွေကို ကင်းဝေးစေပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေခြင်း

သရက်သီးတစ်လုံးမှာ ဗီတာမင် စီနဲ့ အေ ပမာဏ များပြားမှုဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတာပင် ဖြစ်ပါတယ်။ ဒါကြောင့် သရက်သီးကို မျတစွာ စားပေးနိုင်သူတွေအနေနဲ့ ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းမှုကို များစွာ အထောက်အကူ ဖြစ်စေနိုင်ပါတယ်။

သရက်သီးရာသီမှာ သရက်သီးချိုချိုလေးတွေကို စားရင်း၊ သရက်သီးအစိမ်းကို ငရုတ်သီး စပ်စပ်လေးနဲ့ ငံပြာရည်နဲ့ သုပ်စားရင်း သရက်သီးရဲ့ တန်ဖိုး အနှစ်သာရကိုပါ သိရှိခံစားနိုင်ကြစေဖို့ ဖော်ပြလိုက်ပါတယ်။

Credit: Yangon Life

"ယောက်ျားလေး Best Friend ရှိတဲ့ မိန်းကလေးတွေပဲသိတဲ့ ခံစားချက်များ"


"ယောက်ျားလေး Best Friend ရှိတဲ့ မိန်းကလေးတွေပဲသိတဲ့ ခံစားချက်များ"
   
မိန်းကလေးတွေမှာ တစ်ခါတစ်ရံ အရမ်းချစ်ရတဲ့ ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ယောက်ျားလေး သူငယ်ချင်းတစ်ယောက် ရှိတတ်ပါတယ်။ အဲ့ဒိတစ်ယောက်ကလည်း သာမန်သူငယ်ချင်း မဟုတ်ပါဘူး။ Best Friend ပါ။ ပြောမနာ ဆိုမနာပါ။ ဒီလို သူငယ်ချင်းယောက်ျားလေး ရှိခြင်းရဲ့ အကျိုးကျေးးဇူးကိုတော့ မရှိတဲ့သူတွေ ဘယ်လိုမှ နားလည်မှာ မဟုတ်ပါဘူး။ အောက်မှာတော့ ယောက်ျားလေးBest Friend ရှိတဲ့ မိန်းကလေးတွေပဲသိတဲ့ ခံစားချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) လူတွေက ကျွန်မတို့ ၂ ယောက် တွဲနေပဲ ထင်ကြတယ်။

ကျွန်မကလည်း သူ့အကြောင်းဆို ပါးစပ်ကနေမချ သူငယ်ချင်းတွေကြားထဲမှာ ပြောတတ်သလို သူကလည်း သူ့သူငယ်ချင်းတွေကြားထဲမှာ ကျွန်မအကြောင်း ပြောတတ်ပါတယ်။ ဒါကို လူတွေက တွဲနေကြတယ်လို့ပဲ ထင်ကြပါတယ်။ ကျွန်မတို့ ၂ ယောက် တစ်ခါတစ်လေ ရုပ်ရှင်သွားကြည့်ရင် ကြည့်မယ်။ ၂ ယောက်ထဲ သွားမယ်။ တစ်ယောက်အသားတစ်ယောက် ထိရင်လည်းထိမယ်။ ဒါပေမယ့် ဘယ်တော့မှ Awkward မဖြစ်ဘူး။ မွေးကတည်းက မအေတစ်ယောက်ထဲက ထွက်လာတဲ့အတိုင်း ခံစားမိတယ်။

(၂) အချို့ကောင်မလေးတွေက ကျွန်မတို့ကို မုန်းတတ်ကြတယ်။

အချို့ကောင်မလေးတွေက ကျွန်မတို့ရဲ့ Best Friend ကောင်လေးဆီက အာရုံစူးစိုက်မှုကို ခံချင်ကြတယ်။ ဒါ့ကြောင့် သူ သဘောကျနေတဲ့ ကျွန်မသူငယ်ချင်းက ကျွန်မကို ဂရုစိုက်တာကို မလိုလားကြဘူး။ ကျွန်မတို့က အမြဲ ပထမဦးစားပေး ဖြစ်နေလို့ သူတို့ မုန်းတတ်ကြတယ်။ Best Friend ရဲ့ ချစ်သူကောင်မလေးတွေဆို စတွေ့ကတည်းက ကျွန်မတို့ကို သိပ်မကြည်ကြဘူး။

(၃) လူတွေက ကျွန်မတို့ ၂ ယောက်ကို ငယ်ငယ်ကတည်းက ပေါင်းလာကြတယ်
ထင်တတ်ကြတယ်။

လူတော်တော်များများကတော့ ကျွန်မတို့ ၂ ယောက် သိတာ နှစ်ပေါင်းများစွာ ကြာနေပြီလို့ ထင်တတ်ကြတယ်။ တစ်ခါတစ်လေ ၃ နှစ်လောက်လို့ ပြောရင်တောင် မယုံချင်ကြဘူး။

(၄) လူတွေက ကျွန်မတို့ ၂ ယောက် တစ်ခါတစ်လေတော့ စိတ်ယိုင်မိကြမယ်
ထင်တယ်။

နိုးပါ။ ၂ ယောက်သား အရမ်း ချစ်တာ။ အဲ့ဒိလိုစိတ်မျိုး ဘယ်တော့မှ မဝင်ဘူး။ ဘယ်တော့မှလည်း ဖြစ်မှာမဟုတ်ဘူး။ မဖြစ်မနေ ခရီးသွားရင်း အတူတူအိပ်ရရင်တောင် ကျွန်မရဲ့ Best Friend ကြီးက ကျွန်မကို ကုတင်ပေါ်မှာ အိပ်ခိုင်းပြီး သူက ကြမ်းပြင်ပေါ် အိပ်လိမ့်မယ်။ သူနဲ့ကျွန်မ ဘယ်လောက်ရိုးသားလဲ။ သင့်မှာ အဲ့ဒိလိုသူငယ်ချင်း မရှိရင် နားလည်ပေးနိုင်မှာ မဟုတ်ဘူး။

(၅) တစ်ချို့တွေက ကျွန်မတို့ Relationship ကို အားကျကြတယ်။

တစ်ချို့မိန်းကလေးတွေက တကယ်ကို ကျွန်မတို့ ၂ ယောက်ရဲ့ ဖြူစင်မှုကို သဘောကျကြတယ်။ ထုတ်မပြောရင်တောင် မျက်လုံးတွေမှာ မြင်နိုင်တယ်။ ဆောရီးပါကွယ်။ မျှမပေးနိုင်ဘူး။ သူက ကျွန်မအတွက် ဘုရားသခင်ကပေးထားတဲ့
လက်ဆောင်။

(၆) ရည်းစားထားတိုင်း မယုံသင်္ကာ အဖြစ်ခံရတယ်။

ရည်းစားက တစ်ခါတစ်လေ မယုံဘူး။ တစ်ခါတစ်လေ မနာလိုဖြစ်တတ်တယ်။ ဟိုကောင့်ကို ပြန်ပြောပြရင် အသေရယ်တတ်တယ်။

(၇) တစ်ခါတစ်လေ ရန်ဖြစ်တယ်။ မကြာဘူး ပြန်ခေါ်ကြတယ်။

တစ်ခါတစ်လေ စကားများတယ်။ မကြာပါဘူး။ ပြန်ခေါ်တယ်။ ပြန်စတယ်။ ဘယ်တာ့မှ Drama တွေ လုပ်မနေဘူး။ ကျွန်မ အလုံခြုံဆုံးက သူ့အနားမှာပဲ။ သူ့ကိုဆဲလည်း စိတ်မဆိုးဘူး။ သူနဲ့ဆို ကျွန်မ လွတ်လွတ်လပ်လပ် နေလို့ရတယ်။
ဘာမှ ဟန်ဆောင်စရာမလိုဘူး။

(၈) သူ့ကို အရမ်းချစ်တယ်။ ဒါပေမယ့် မိသားစုလို၊ မောင်နှမလို၊ အရမ်းဖြူစင်စွာ ချစ်တာမျိုး။

အဲ့ဒိလိုအချစ်မျိုးကို သူစိမ်းယောက်ျားလေးနဲ့ မိန်းကလေးတစ်ယောက်ကြားမှာ ရှိပါ့မလားလို့ သံသယ ရှိကြလိ့မ့်မယ်။ မယုံရင် ပုံပြင်လို့ မှတ်လို့ရတယ်။ အဲ့ဒိအချစ် ကျွန်မအတွက်တော့ တကယ်ရှိတယ်။

(၉) သူက ကျွန်မအတွက် အကြံပေးအရာရှိ

အတွင်းကျဆုံး ပြဿနာတွေကို စိတ်ချယုံကြည်စွာ ဆွေးနွေးလို့ရတာ သူတစ်ယောက်ပဲရှိတယ်။

မဒီလေး (Shwemom)

Credit: Shwemom

"ဆယ်ကျော်သက် ကောင်မလေးတွေ လုံးဝမကြိုက်တဲ့ လူ (၁၉) မျိုး"


"ဆယ်ကျော်သက် ကောင်မလေးတွေ လုံးဝမကြိုက်တဲ့ လူ (၁၉) မျိုး"

ကိုယ့်အပေါ်ကောင်းပေမယ့် ပျော်စရာ မဖန်တီးတတ်ဘူးဆိုရင်တော့ ခေးမလေးတွေက မကြိုက်ကြပါဘူး။

၁။ နှစ်ခါလောက်ချိန်းတွေ့ပြီး ပျောက်သွားတတ်သူ

၂။ နှစ်ရက်လောက်ကြာတာနဲ့ Message ပြန်မပို့တော့သူ

၃။ ရုတ်တရက်ပျောက်သွားပြီး လနဲ့ချီကြာမှ ဆက်သွယ်လာသူ

၎။ ဝေ့လည်ကြောင်ပတ်လုပ်လွန်းသူ

၅။ ကိုယ့်ကို သူ့သူငယ်ချင်းတွေနဲ့ မိတ်မဆက်ပေးဘဲ ကိုယ့်သူငယ်ချင်းတွေနဲ့ကျတော့ လိုက်တွေ့တတ်တဲ့သူ

၆။ ကိုယ်နဲ့တွေ့တာတောင် ဖုန်းပွတ်လွန်းသူ

၇။ ရည်းစားဟောင်းအကြောင်း ပြောလွန်းသူ

၈။ အတည်တွဲသလိုလိုနဲ့ အပျော်ကြံချင်သူ

၉။ ညသန်းခေါင်ယံမှ Message ပို့တတ်သူ

၁၀။ ချိန်းတွေ့ဖို့ ကြိုးစားချင်စိတ်မရှိသူ

၁၁။ ချောတယ်လို့ မချီးကျူးတတ်သူ

၁၂။ သူ့သူငယ်ချင်းတွေနဲ့ ရှိနေချိန် ကိုယ့်ကို ပစ်ထားတတ်သူ

၁၃။ ကိုယ့်အပေါ် ကောင်းပေမယ့် ပျော်စရာ မဖန်တီးတတ်သူ

၁၄။ ပွေတဲ့ရှုပ်တဲ့သူ

၁၅။ ကိုယ့်ကိုပဲ အပြစ်ပုံချလေ့ရှိသူ

၁၆။ အလိုရမ္မက်ကြီးလွန်းသူ

၁၇။ ပိန်းလွန်းသူ

၁၈။ ကလေးဆန်လွန်းသူ

၁၉။ အင်တာနက်မရှိရင် မနေနိုင်သူ

Credit: duwun

"သဘောကျတဲ့သူလေးက Single မှန်း သိလိုက်တဲ့အခါ ယောက်ျားလေးတွေ တွေးမိတဲ့အရာ (၁၀) ခု"


"သဘောကျတဲ့သူလေးက Single မှန်း သိလိုက်တဲ့အခါ ယောက်ျားလေးတွေ တွေးမိတဲ့အရာ (၁၀) ခု"

၁။ ငါ သူ့ကို ပုံစံပြောင်းဆက်ဆံရမယ်

ဒါကတော့ ရှင်းပါတယ်။ အစက Single မှန်း မသိပေမယ့် အခုသိလိုက်တော့ သူကြိုးစားချင် ကြိုးစားလာမယ်။ အဆင့်တိုးချင် တိုးလာမယ်ပေါ့။

၂။ ကပ်ထားမယ်

သူကလည်း Single ကိုယ်ကလည်း Single ဆိုတော့ ကပ်ထားလိုက်တာ မမှားဘူး။ အခြေအနေကောင်းရင် ရည်းစားဖြစ်ကောင်း ဖြစ်သွားနိုင်တယ်ပေါ့။

၃။ သူ့ကိုကြိုက်စေချင်လို့ တမင် Single မှန်းကြေညာတာလား

ကိုယ့်ကိုယ်ကိုအထင်ကြီးတဲ့ ယောက်ျားလေး တော်တော်များများ တွေးတတ်ကြတာပါ။ ကိုယ်က သူ့ကို ကြိုက်လာအောင် သူ့ကိုယ်သူ Single လို့ ကြေညာတာနေမယ်လို့ တွေးတယ်။

၎။ ဇာတ်လမ်းတိုတွေဖြစ်လာနိုင်တာပဲ

မြန်မြန်ကြိုက် မြန်မြန်ဖြတ်လို့များ ရနိုင်မလားပေါ့။

၅။ ဘာဖြစ်လို့ Single ဖြစ်နေတာလည်းလို့ မမေးနဲ့

တော်တော်များများကတော့ သိချင်ကြပါတယ်။ ဒါပေမယ့် သိချင်စိတ်ကို အောင့်အည်းပြီး မမေးမိအောင်ကြိုးစားတာပါ။

၆။ Single ဖြစ်သွားတာလား အခုထက်ထိ Single လား ?

ဒါကလည်း ယောက်ျားလေးတော်တော်များများ သိချင်လေ့ရှိတဲ့မေးခွန်းပါပဲ။

၇။ သူပြောတဲ့ Single ဆိုတာဘယ်လိုမျိုးလဲ ?

Single ဆိုပေမယ့် တစ်ယောက်ယောက်ကိုများ စိတ်ဝင်စားနေမလား၊ Single ဖြစ်ပြီး ဘယ်သူ့ကိုမှ စိတ်မ၀င်စားလို့ကို အပျိုကြီး လုပ်ချင်နေတာလား စသဖြင့်သိချင်လာတာပါ။

၈။ နားကြားမှားတာလား ?

သူ့အနေအထားနဲ့ Single မဖြစ်နိုင်ဘူး။

၉။ သူနဲ့ချိန်းတွေ့ဖို့ ပြောပြီး အချိန်ကောင်းစောင့်ရမယ်

ဒါကတော့ တွဲဖို့ အစီအစဉ်ရှိလို့ တွေးမိတာပါ။

၁၀။ ဘာလို့ အခုမှသိရတာလဲ ?

သံသယ၀င်နေတာပါ။ မယုံကြည်ချင်ဘူးပေါ့။

Source : Daily Mail

Credit: duwun

"အေးစက်တဲ့ နှလုံးသားပိုင်ရှင် မိန်းကလေးတွေကို ချစ်မိသူတွေ သိသင့်တဲ့ သူတို့အကြောင်း"


"အေးစက်တဲ့ နှလုံးသားပိုင်ရှင် မိန်းကလေးတွေကို ချစ်မိသူတွေ သိသင့်တဲ့ သူတို့အကြောင်း"

နှလုံးသားမှာ ဆိုးဆိုးရွားရွား ဒဏ်ရာ ရခဲ့ဖူးသူတွေပါ။

တချို့မိန်းကလေးတွေဟာ မချစ်တတ်လေရောသလားလို့ ထင်ရလောက်အောင် နှလုံးသား အေးစက်ကြသူတွေပါ။ တကယ်တော့ သူတို့မှာ ထူးခြားချက်လေးတွေရှိပြီး အဲလိုမိန်းကလေးမျိုးကိုမှ ချစ်မိပြီဆိုရင်တော့ သူတို့တွေမှာ တူညီနေတဲ့ ဒီအချက်လေးကို သိထားသင့်ပါတယ်။

၁။ ဆိုးဆိုးရွားရွား နာကျင်ခဲ့ဖူးသူတွေဖြစ်တယ်

လူတစ်ယောက်ဟာ ညတွင်းချင်း အေးစက်ထုံထိုင်းမသွားနိုင်ပါဘူး။ ကိုယ်ကောင်းရဲ့သားနဲ့ ပြန်မကောင်းတာတွေ၊ ပြန်ရလိုက်တဲ့ နာကျင်မှုတွေ များပြားလာချိန်မှာ လူတစ်ယောက်ရဲ့ နှလုံးသားဟာ အေးစက်မာကျောသွားတတ်ပါတယ်။

၂။ အေးစက်တဲ့ မိန်းကလေးတွေဟာ နှစ်နှစ်ကာကာချစ်တတ်တဲ့ချစ်သူတွေဖြစ်တယ်

သူတို့တွေရဲ့ အချစ်ကို ရပြီဆိုရင် သစ္စာမရှိမှာကို စိုးရိမ်စရာမလိုပါဘူး။ နာကျင်ဖူးသူတွေဖြစ်တဲ့အတွက် သင့်ကို တကယ်ချစ်မိတဲ့အခါ၊ သင့်အချစ်ကို ခံစားမိတဲ့အခါ သင့်အပေါ် နှစ်နှစ်ကာကာ ချစ်မယ့်သူတွေပါ။

၃။ သူတို့ဘာသာ ရပ်တည်နိုင်တယ်

ကိုယ့်ဘဝကို ကိုယ့်ဘာသာ ထူထောင်နိုင်တဲ့ သူတစ်ယောက်ကို ရှာနေတာဆိုရင်တော့ အဲဒီလို မိန်းကလေးမျိုးကို ရွေးချယ်သင့်ပါတယ်။ သူတို့တွေက အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်တွေကို မလုပ်တဲ့အတွက်၊ စိတ်ဓာတ်ခိုင်မာ မာကျောတဲ့အတွက် အလုပ်အကိုင်ကောင်းကောင်း၊ ရာထူးမြင့်မြင့် ရှိတတ်ကြပါတယ်။

၎။ သူတို့ကို ရတဲ့သူတွေကို တခြားသူတွေက အံ့သြလိမ့်မယ်

အေးစက်တဲ့ နှလုံးသားပိုင်ရှင် မိန်းကလေးတွေက ရလွယ်သူတွေ မဟုတ်ပါဘူး။ သူတို့ဟာ အလုပ်ကို ဦးစားပေးတယ်၊ သူတို့ရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ နေတယ်၊ ဘယ်သူမှမရှိလဲ တစ်ယောက်တည်း နေတတ်တယ်။ သူတို့ကမ္ဘာမှာ သူတို့သာလျှင် ဘုရင်မပဲ။

၅။ အေးစက်မှုကို ဖြိုခွင်းနိုင်ပြီဆိုရင် သင်ဟာ သူ့ရဲ့ကမ္ဘာဖြစ်သွားပြီ

အေးစက်တဲ့ နှလုံးသားပိုင်ရှင် မိန်းကလေးတွေဟာ သူတို့ တကယ်ချစ်သူကို ပေးနိုင်တဲ့ ပျော်ရွှင်မှုက အံ့သြစရာပါ။ သင်ဘယ်လိုပဲဖြစ်ဖြစ် သင့်ဘက်က အခိုင်အမာ ရပ်တည်ပေးမယ့် ချစ်သူကောင်းတစ်ယောက် ဖြစ်တယ်။

Source & Photos : Life

Credit: duwun

အချစ်ကံခေတဲ့ မိန်းကလေးတွေ သိသင့်တဲ့အချက် (၉) ချက်"


"အချစ်ကံခေတဲ့ မိန်းကလေးတွေ သိသင့်တဲ့အချက် (၉) ချက်"

စိတ်ထားကောင်းတဲ့ မိန်းကလေးတွေက အချစ်ကံခေကြတာ များပါတယ်။

သင်က စိတ်ထားကောင်းတော့ သင်ချစ်ခဲ့သူတွေကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ ဒါပေမဲ့ သူတို့ကကျတော့ သင့်အပေါ် ဘာလို့ မကောင်းရတာလဲ။ ဒါပေမဲ့ ကမ္ဘာကြီးမှာ ဆိုးတဲ့ယောက်ျားတွေချည်းပဲ ရှိတာမဟုတ်ပါဘူး။ သင့်ရဲ့ ဝေဒနာတွေ လျော့ပါးသက်သာစေဖို့ ဒီအချက်လေးတွေကို သိထားဖို့ လိုပါတယ်။

၁။ သင့်မှာ ပြဿနာရှိနေတာ မဟုတ်ဘူး

အချစ်ကံခေတဲ့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှု မပျောက်ပါနဲ့။ ရွေးချယ်မှု မှားခဲ့တာကလွဲလို့ သင်ဘာအမှားမှ မလုပ်ခဲ့ပါဘူး။ သူ သင့်ကို ထားမသွားခင်တုန်းကလိုပဲ သင်ဟာ လှနေတုန်း၊ ထက်မြက်နေတုန်းပါ။ အဲဒီတော့ ကိုယ့်ကိုကိုယ် သံသယမဖြစ်ပါနဲ့။

၂။ လူတိုင်း အသည်းကွဲဖူးတယ်

အသည်းကွဲတဲ့ ဝေဒနာကို သင်မခံစားချင်လို့ မရဘူး။ အဲဒီတော့ ခံစားစရာရှိတာ ခံစားလိုက်ပါ။ လူတိုင်း အသည်းခွဲခံရဖူးတယ်။ သင့်ကို အသည်းခွဲသွားသူလည်း တစ်နေ့ အသည်းခွဲခံရမှာပဲ။

၃။ ယောက်ျားတိုင်း အဲဒီလို မဟုတ်ဘူး

သင်တွေ့တဲ့ ယောက်ျားတိုင်းက သင့်ကို အသည်းခွဲမယ့်သူတွေလို့ မထင်ပါနဲ့။ တချို့ယောက်ျားတွေက သင့်ရဲ့ ရည်းစားဟောင်းတွေနဲ့ လုံးဝမတူပါဘူး။

၎။ တစ်နေ့ကျရင် ပျော်ရွှင်ရမှာပါ

သင်တကယ်လိုချင်တဲ့ ချစ်သူမျိုး ရသွားချိန်မှာတော့ အတိတ်ကို သင် လွမ်းနေတော့မှာ မဟုတ်ပါဘူး။ သူတို့တွေကြောင့်သာ ကိုယ့်အပေါ် တကယ်ကောင်းမယ့်သူကို သင် ရှာနိုင်ခဲ့တာပေါ့။

၅။ နောက်တစ်ခါ အဖြစ်မခံပါနဲ့

ကိုယ့်အပေါ် ကောင်းတာတစ်ချက်တည်းနဲ့ သေချာမစူးစမ်းဘဲ ချစ်သူ မထားပါနဲ့။ မျက်စိဖွင့် နားစွင့်ထားပြီး သေချာအကဲခတ်ပါ။

၆။ အရမ်းမကောင်းနဲ့

ကိုယ့်အပေါ် အမှိုက်သရိုက်လို ဆက်ဆံနေတဲ့သူကို ဒုတိယအခွင့်အရေးတွေ၊ တတိယအခွင့်အရေးတွေ ပေးမနေပါနဲ့။ အဲဒီလို လူမျိုးကို သင့်ဘဝထဲက မောင်းထုတ်လိုက်ပါ။

၇။ နောက်တစ်ခါချစ်ဖို့ မကြောက်ပါနဲ့

ကိုယ့်ဘဝ အဖော်မွန်ကို ရှာတွေ့တဲ့အခါ သင့်ခံစားချက်တွေ အားလုံး ပြောင်းလဲသွားပါလိမ့်မယ်။ အသည်းခွဲခံရမှာကို သင် ကြောက်ရွံ့နေရတော့မှာ မဟုတ်ဘူး။ သူက သင့်ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပါလိမ့်မယ်။

၈။ အဆုံးသတ်မဟုတ်ဘူး

ယောက်ျားတစ်ယောက် သင့်ကို ပစ်သွားချိန်မှာ သင့်ကို ချဉ်းကပ်ဖို့ စောင့်နေသူက အမြဲ ရှိနေမှာပါပဲ။ ငကန်းသေရင် ငစွေလာမယ်ဆိုတဲ့ စကားအတိုင်း သင့်ရဲ့ အတွေ့အကြုံအရ ပိုကောင်းတဲ့သူကို သင် ရွေးချယ်တတ်သွားမှာပါ။

၉။ ခဏလောက် တစ်ကိုယ်တည်း နေကြည့်လို့ရပါတယ်

လုံးဝကြီး လက်လျှော့လိုက်တာမျိုးတော့ မလုပ်ပါနဲ့။ ပန်းသီးတစ်လုံးမကောင်းတာနဲ့ တစ်ခိုင်လုံး ပစ်စရာမှ မလိုတာ။ သင်လို မိန်းကလေးမျိုးနဲ့ ဒိတ်လုပ်ချင်တဲ့ ယောက်ျားကောင်းတွေ ရှိနေပါသေးတယ်။

Source & Photos : Life

Credit: duwun

"အသက်ကြီးလေ သူငယ်ချင်းနည်းလေ ဖြစ်ရတဲ့အကြောင်းအရင်း (၅) ခု"


"အသက်ကြီးလေ သူငယ်ချင်းနည်းလေ ဖြစ်ရတဲ့အကြောင်းအရင်း (၅) ခု"

အသက်ကြီးမှ ရလာတဲ့ မိတ်ဆွေသစ်တွေကို ကိုယ့်ဘက်က သည်းခံစိတ်ရှည်ပေးပြီး ပေါင်းသင်းတာမျိုး မလုပ်ချင်တော့ပါဘူး။

၁- အတွေ့အကြုံ

အသက်အရွယ် ရလာတာနဲ့အမျှ အတွေ့အကြုံလည်း ရလာပါတယ်။ ဘဝတစ်လျှောက် ခက်ခဲတဲ့အချိန်တွေရောက်ရင် ကိုယ့်ဘက်က ရှိမယ့်လူဆိုတာ အနည်းငယ်ပဲ ရှိတာကို သိလာပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီအနည်းငယ်သော လူတွေပေါ်မှာသာ မှီခိုဖို့ ကြိုးစားလာပြီး ကိုယ့်ဘက်ကလည်း ဒီလူတွေကိုလောက်သာ အချိန်ပေးချင်ပါတော့တယ်။

၂- စိတ်မရှည်

အသက်ကြီးလာတာနဲ့အမျှ မရိုးသားရမှာကို စိတ်မရှည်တော့ပါဘူး။ ငယ်ငယ်တုန်းကတော့ စိတ်ရှည်ပေးပြီး သူငယ်ချင်းများများနဲ့ နေထိုင်ခဲ့ပေမဲ့ အသက်ကြီးလာတဲ့အခါမှာ ဒီလိုစိတ်ရှည်မှုမျိုး မရှိတော့ပါဘူး။ ခင်မင်မှုအတိုင်းအတာနဲ့ ပတ်သက်ပြီး ပေးသလောက်ပဲ ပြန်ပေးချင်ပါတော့တယ်။ အသက်ကြီးမှ ရလာတဲ့ မိတ်ဆွေသစ်တွေကို ကိုယ့်ဘက်က သည်းခံစိတ်ရှည်ပေးပြီး ပေါင်းသင်းတာမျိုး မလုပ်ချင်တော့ပါဘူး။

၃- နောက်လူမမီ

သံယောဇဉ်နက်နက်ရှိုင်းရှိုင်းနဲ့ တွဲနေတဲ့ သူငယ်ချင်းတွေဟာ သင့်အပေါ် အမြဲ ကောင်းနေတယ်ဆိုတာထက် ဆိုးတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အချက်ကော၊ ဆိုးတဲ့အချက်ကော သင်နဲ့တူနေတာ ဖြစ်ပါတယ်။ ဒီလိုတူတယ်ဆိုတာကိုလည်း သိနေကြပြီး နောက်လူတွေဟာ ဒီသိနေတဲ့သံယောဇဉ်ကို လိုက်မမီတော့တာ ဖြစ်ပါတယ်။

၎- အချိန်နည်းလာ

အသက်ကြီးလာတာနဲ့အမျှ အလုပ်ရှုပ်လာပါတယ်။ ဒီတော့လည်း မိတ်ဆွေသစ်ရဖို့ အချိန်နည်းလာပါတယ်။

၅- စိတ်မပါတော့

လူသစ်တွေနဲ့ တွေ့ဆုံချင်စိတ် နည်းလာပါတယ်။ ကိုယ်မရင်းနှီးတဲ့ လူတွေနဲ့ ပြောရဆိုရမှာမျိုးကို စိတ်ပါမှု နည်းလာပါတယ်။ အားလပ်ချိန်တွေမှာ ရင်းနှီးတဲ့ လူတွေလောက်နဲ့သာ ပွင့်ပွင့်လင်းလင်း ပြောဆို နေထိုင်ချင်ပါတော့တယ်။

၆- ကာကွယ်လာတယ်

အသက်ကြီးလာတာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် ပိုကာကွယ်လာပါတယ်။ ကိုယ့်ရဲ့ အမှတ်သင်္ကေတဟာ ပိုပိုထင်ရှားလာပြီး အားနည်းချက်တွေကလည်း ပိုပေါ်လွင်လာပါတယ်။ ကိုယ်ဟာ ဘယ်အပိုင်းမှာ အားနည်းတယ်ဆိုတာမျိုးကို အရင်းနှီးဆုံး သူငယ်ချင်းတွေကပဲ သိပါတယ်။ ဒီလိုကိုယ်အားနည်းတဲ့ အပိုင်းတွေကို လူတွေကြားမှာ မပြောချင်တာ၊ မသိစေချင်တာနဲ့ မိတ်ဆွေသစ်တွေ နည်းလာပါတယ်။

Photos & Source: Lifehack

Credit: duwun

"အလုပ်ကိစ္စ စိတ်ဖိစီးမှုများတဲ့ အမျိုးသားများ ကလေးရရန် ခက်ခဲနိုင်"


"အလုပ်ကိစ္စ စိတ်ဖိစီးမှုများတဲ့ အမျိုးသားများ ကလေးရရန် ခက်ခဲနိုင်"

သုတေသီတွေရဲ့ လေ့လာမှုအရ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုများသူဟာ သုက်ပိုး ပျက်စီးမှု ပိုမိုဖြစ်တတ်ကြောင်း သိရပါတယ်။

နေ့စဉ် လူနေမှုဘဝနဲ့ ဆက်နွယ်တဲ့ စိတ်ဖိစီးမှုတွေက အမျိုးသားတွေရဲ့ သုက်ပိုး မအောင်မြင်မှုအပေါ် ကြီးမားတဲ့သက်ရောက်မှု ရှိကြောင်း သုတေသနတစ်ခုက ဆိုပါတယ်။ အဝလွန်မှု၊ စိတ်ဖိစီးမှုနဲ့ ဆဲလ်ဖုန်း အသုံးပြုမှုတွေက အမျိုးသားများ သုက်ပိုး ပျက်စီးစေပြီး ကလေးမရနိုင်တဲ့ပြဿနာ ကြုံရနိုင်တဲ့ အကြောင်းရင်းတွေလို့ သုတေသီတွေက ပြောပါတယ်။

သုတေသီတွေက ကလေးမရနိုင်တဲ့ အသက် ၄၅ နှစ်အောက် အမျိုးသား ၂၈၆ ဦးကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ သုတေသီတွေ လေ့လာခဲ့ကြတဲ့ အမျိုးသားအများစုမှာ အဝလွန်သူတွေ၊ ဆေးလိပ်မသောက်သူတွေ၊ လုပ်ငန်းခွင် စိတ်ဖိစီးမှု၊ လူမှုဘဝ စိတ်ဖိစီးမှု အတန်အသင့်ရှိသူတွေလို့ ဆိုပါတယ်။

အဆိုပါ အမျိုးသား ထက်ဝက်ဟာ ဆဲလ်ဖုန်းကို ၆ နှစ်မှ ၁၀ နှစ်ကြာ သုံးခဲ့ကြသူတွေလည်း ဖြစ်ပါတယ်။ သုတေသီတွေရဲ့ လေ့လာမှုအရ အလုပ်နဲ့ပတ်သက်တဲ့ စိတ်ဖိစီးမှုများသူဟာ သုက်ပိုးပျက်စီးမှု ပိုမိုဖြစ်တတ်ကြောင်း သိရပါတယ်။

ဒါ့ပြင် အဝလွန်တဲ့ အမျိုးသားတွေ သို့မဟုတ် ဆဲလ်ဖုန်းကို ၁၀ နှစ်ကျော်ကြာ သုံးခဲ့တဲ့ အမျိုးသားတွေဟာလည်း သုက်ပိုး မအောင်မြင်မှု ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ကော်ဖီ၊ အရက်၊ ဆေးလိပ်နဲ့ ကိုယ်လက်လှုပ်ရှားမှု အခြေအနေတွေကတော့ သုက်ပိုး ပျက်စီးမှုနဲ့ ဆက်နွယ်မှုမရှိကြောင်း သုတေသီတွေက ပြောပါတယ်။

Source & Photo: CNA, Reuters

Credit: duwun

"ဘယ်အသက်အရွယ်မှာ မိတ်ဆွေ အပေါဆုံးလဲ"


"ဘယ်အသက်အရွယ်မှာ မိတ်ဆွေ အပေါဆုံးလဲ"

ဘ၀မှာ အသက် (၂၅) နှစ် အရွယ်လောက် မိတ်ဆွေပေါသည့်အရွယ် မရှိဟု လေ့လာမှု စစ်တမ်း တစ်ရပ်က ဆိုလိုက်သည်။ ထိုအချိန်လောက် လူချင်း တကယ် ရင်းနှီးကျွမ်းဝင်သော မိတ်ဆွေရင်း ပေါများသည့် ကာလမရှိဟု Royal Society Open Science ဂျာနယ်တွင် ဖော်ပြထားသော စစ်တမ်းက ဆိုသည်။

ဥရောပ ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုထံမှ ဖုန်းကတ်များဖြင့် အသုံးပြုသူ (၃ ဒသမ ၂) သန်း၏ ဖုန်းဆက်သွယ်မှုများကို တစ်နှစ်တိတိ စောင့်ကြည့် လေ့လာထားခြင်း ဖြစ်သည်။ လေ့လာမှု ကာလ တစ်နှစ်တာအတွင်း တစ်လ တစ်လလျှင် သုံးသူ တစ်ဦးချင်းစီ၏ ဖုန်းခေါ်နှုန်း၊ ဖုန်းဝင်နှုန်းများကို နှိုင်းယှဉ် ကြည့်သည့်အခါ အသက် (၂၅) နှစ် အရွယ်များသည် ဖုန်းခေါ်သည့်သူ အများဆုံး၊ တစ်ဖက်မှ ဖုန်းဝင်သည့်သူ အများဆုံး ဖြစ်ကြောင်း တွေ့ရသည်။ ထို့နောက်ပိုင်းတွင်ကား အသက် (၄၅) နှစ်ရောက်သည့်တိုင် ဖုန်းဖြင့် ဆက်သွယ်သူ အရေအတွက်သည် ကျပြီးရင်း ကျသွားကြောင်း တွေ့ရသည်။

တစ်လအတွင်း တကယ်တမ်း ဖုန်းပြောဖြစ်သူ အရေအတွက်သည် ပျမ်းမျှအားဖြင့် (၁၅) ဦး ခန့်သာ ရှိကြောင်းလည်း စစ်တမ်းက ဖော်ပြသည်။ ထိုအချက်ကို ကြည့်လျှင် ယနေ့ ဆိုရှယ် မီဒီယာခေတ်မှာပင် လူသားတို့သည် တကယ်တမ်း ဖုန်းဆက်ကာ စကားပြောရလောက်အောင် ရင်းနှီးသူ လက်တစ်ဆုပ်စာခန့်သာ ရှိကြောင်း တွေ့နိုင်သည်။

အသက် (၂၅) နှစ်နောက်ပိုင်း လုပ်ငန်းခွင်ဝင်၊ အိမ်ထောင်ကျ၊ လူမှုရေး ကိစ္စများကြား ဗျာများကြရသဖြင့် ဖုန်းဆက်ကာ စကားပြောရလောက်အောင် ရင်းနှီးကျွမ်းဝင်သူ ပမာဏလည်း ကျဆင်းသွားရခြင်းဖြစ်နိုင်ကြောင်း သုတေသီတို့က ဆိုသည်။

Credit: messenger

"မှန်ကန်တဲ့လက်တွဲဖော်ဖြစ်ဖို့ လိုအပ်ချက် (၇) ချက်"


"မှန်ကန်တဲ့လက်တွဲဖော်ဖြစ်ဖို့ လိုအပ်ချက် (၇) ချက်"
   
ချစ်သူနဲ့ တစ်ဘ၀လုံး စိတ်ချမ်းချမ်းသာသာ လက်တွဲလိုတယ်ဆိုရင်တော့ အောက်ပါလိုအပ်ချက် (၇) ချက်ကို ဖြည့်ဆည်းဖို့ လိုပါတယ်။

(၁) မိတ်ဆွေကောင်းတစ်ယောက်လို ဆက်ဆံပါ

ချစ်သူကို မိတ်ဆွေကောင်းတစ်ယောက်လို ယုံယုံကြည်ကြည် ဆက်ဆံပါ။ ကိုယ်နဲ့အနီးကပ်ဆုံး မိတ်ဆွေစာရင်းမှာ ကိုယ့်ချစ်သူ မပါသေးဘူးဆိုရင် သူ့အပေါ်မှာ အပြည့်အ၀ မယုံနိုင်သေးဘူးဆိုတဲ့ သဘော သက်ရောက်ပါတယ်။

(၂) အလေးပေးပါ

တစ်ယောက်ကို တစ်ယောက် ချစ်နေရုံနဲ့ ပြီးတယ်လို့ မတွေးပါနဲ့။ အားနည်းချက် မှန်သမျှကို ဖြည့်ဆည်းနေနိုင်ကာမ
ချစ်သူဘ၀က ကြာရှည်ပါတယ်။ ဒါကြောင့် အလေးပေး ဆက်ဆံခြင်းဟာလည်း လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။

(၃) သူ့သူငယ်ချင်းတွေနဲ့ ခင်ခင်မင်မင်ဆက်ဆံပါ

ချစ်သူဘ၀ကို ဦးစားပေးလိုက်ရင် များသောအားဖြင့် အပေါင်းအသင်း မိတ်ဆွေကဏ္ဍမှာ လစ်ဟာသွားတတ်ပါတယ်။ ဒါကို အမြန်ပြုပြင်ပြီး သူ့ငယ်ချင်းတွေနဲ့လည်း ခင်ခင်မင်မင်နေဖို့ လိုအပ်သလို၊ ကိုယ်သူငယ်ချင်းတွေနဲ့လည်း သူ့ကို ရင်းနီး
ကျွမ်းဝင်စေပါ။

(၄) ထမင်းလက်စုံ မကြာခဏစားချက်ကျွေးပါ

မချက်တတ်ရင်လည်း တတ်သလောက် မှတ်သလောက် ချက်ပေါ့။ ချက်တတ်တယ်ဆိုရင်တော့ အဆင်ပြေတာပေါ့။ အထူးသဖြင့် ဒါမျိုးကျတော့ မိန်းကလေးတွေဘက်က မဖြစ်မနေ လုပ်သင့်တာမျိုးပါ။ အမျိုးသားတိုင်း ချစ်သူချက်ကျွေးတဲ့ ထမင်းဟင်းကို မြိန်ရည်ရှက်ရေ စားချင်ကြတာချည်းပါဘဲ။

(၅) သ၀န်တိုစိတ်ကို မဆွပါနဲ့

သ၀န်တိုတာကို အချစ်လို့ မခေါ်ပါဘူး။ ဒါကို ကျွန်တော် ခဏခဏ ရေးဖူးပါတယ်။ သ၀န်တိုခြင်းဟာ စိတ်ဓာတ် မပြည့်ဝခြင်းပါဘဲ။ ဒီစိတ်က လူတိုင်းမှာ ရှိပါတယ်။ ပညာဉာဏ်နဲ့ ချွန်းအုပ်နိုင်ခြင်း မနိုင်ခြင်းသာ ကွာတာပါ။ ဒီစိတ်ဝင်လာရင် လူတွေဟာ အတ္တတွေ ကြီးသွားတတ်ပါတယ်။

(၆) ယုံကြည်ပါ

အရေးကြီးဆုံးကတော့ ယုံကြည်မှုဖြစ်ပါတယ်။ မယုံကြည်ရင် အပေါ်ယံ အချစ်ဇာတ်လမ်းကိုသာ မကချင် ကချင် က,နေရတော့မှာပါ။ ဒီတော့ အပြန်အလှန် ယုံကြည်ပါ။ မယုံကြည်ရသေးရင် ယုံကြည်မှုရအောင် တည်ဆောက်ပါ။

(၇) ဂုဏ်ယူပါ

ချစ်သူမှာ ဘာအားနည်းချက်ပဲရှိရှိ သူ့ကို ချစ်သူအဖြစ် တော်ရလို့ ကံကောင်းလိုက်တဲ့ ငါ့ဘ၀ပါလား လို့ ကြံဖန် ဂုဏ်ယူတတ်ပါစေ။ ဒါဟာလည်း ချစ်သူဘ၀မှာ မရှိမဖြစ် လိုအပ်ပါတယ်။

နတ်စည်တော် (Shwemom)

Credit: Shwemom

"ဘီယာသောက်ခြင်းဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးနိုင်"


"ဘီယာသောက်ခြင်းဟာ ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးနိုင်"

လေ့လာမှု အသစ်တစ်ခုရဲ့  ရှာဖွေတွေ့ရှိချက်အရ ဘီယာသောက်ခြင်းဟာ သင့်ကို ကိုယ်အလေးချိန် လျှော့ချရာမှာ ကူညီပေးနိုင်ပြီး ကိုလက်စထရော ပမာဏကိုလည်း လျော့ကျစေတယ်လို့ သိရပါတယ်။

Oregon ပြည်နယ် တက္ကသိုလ်မှာရှိတဲ့ သုတေသီတွေဟာ ဘီယာမှာ ပါဝင်တဲ့ Xanthohumol ဆိုတဲ့ သဘာဝထွက် ပါဝင်ပစ္စည်း တစ်မျိုးကို ကြွက်ထီး အကောင်ရေ အချို့အား တိုက်ကျွေးကြည့်ခဲ့ပါတယ်။ ကြွက် တစ်ကောင်ချင်းဆီကို ခန္ဓာကိုယ်ရဲ့ ကီလိုဂရမ် တစ်ခုချင်းဆီနဲ့ Xanthohumol ၃၀ မှ ၆၀ မီလီဂရမ် အထိ ၃ လခန့် တိုက်ကျွေးခဲ့တာပဲ ဖြစ်ပါတယ်။

ရလဒ် အနေနဲ့ကတော့ Xanthohumol အများဆုံး တိုက်ကျွေးခံခဲ့ရတဲ့ ကြွက်တွေမှာ သိပ်သည်းမှုနည်းပါးတဲ့ လီပိုပရိုတင်း  ကိုလက်စထရောတွေ ၈၀ ရာခိုင်နှုန်းခန့်အထိ လျော့ကျသွားခဲ့ပါတယ်။ ဒါ့အပြင် ထိုကြွက်တွေရဲ့ အင်ဆူလင် ပမာဏလည်း ၄၂ ရာခိုင်နှုန်းအထိ လျော့နည်းသွားပြီး Xanthohumol မတိုက်ကျွေးထားတဲ့ ကြွက်တွေနဲ့ နှိုင်းယှဉ်တဲ့အခါမှာတော့ ၂၂ ရာခိုင်နှုန်းအထိ ကိုယ်အလေးချိန် လျော့ကျသွားတာကိုလည်း တွေ့ခဲ့ရပါတယ်။

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Xanthohumol ဟာ ကင်ဆာရောဂါကိုပါ တိုက်ဖျက်နိုင်စွမ်း ရှိနေတာပါပဲ။ ဒီရှာဖွေတွေ့ရှိချက်တွေကို အခြေခံပြီး သုတေသီတွေဟာ လူသားတွေအတွက် Xanthohumol ကို အသုံးပြုပြီး ဘီယာမဟုတ်တဲ့ စားသောက်ကုန် တစ်ခုကို ဖန်တီးထုတ်လုပ်ဖို့လည်း ကြိုးစားနေကြပါပြီ။

Ref:elitedaily

Credit: Trend Myanmar

"ချစ်သူနှစ်ဦးကြားက သံသယဟာ ချစ်ခြင်းကို ဖျက်စီးပစ်မယ့် နတ်ဆိုးသာဖြစ်"


"ချစ်သူနှစ်ဦးကြားက သံသယဟာ ချစ်ခြင်းကို ဖျက်စီးပစ်မယ့် နတ်ဆိုးသာဖြစ်"

အိမ်ထောင်သည် ဖြစ်စေ၊ ချစ်သူနှစ်ဦးပင်ဖြစ်စေ ငြိမ်းချမ်းပျော်ရွှင်တဲ့ အချစ်ရေးတည်ဆောက်ဖို့ အလိုအပ်ဆုံး ပါဝင်ပစ္စည်းက ယုံကြည်မှုပဲ ဖြစ်ပါတယ်။ အချစ်ရေးအားလုံးက ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာ အပေါ်မှာ အခြေတည်ထားတာ ဖြစ်ပါတယ်။ ချစ်ခြင်းက ဘဝကို သာယာပျော်ရွှင်စေဖို့နဲ့ အဓိပ္ပါယ်ရှိစေဖို့ တာဝန်ယူပါတယ်။ ယုံကြည်မှုကတော့ အဖိုးတန်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို ဖြစ်စေမှာပါ။

အချစ်နဲ့ယုံကြည်မှုဆိုတာ အချင်းချင်း အပြန်အလှန် ချိတ်ဆက်နေပါတယ်။ သူတို့နှစ်ခု မပြည့်စုံဘဲနဲ့ ဘဝတစ်ခု စတင်ဖန်တီးဖို့ မဖြစ်နိုင်သလို ရေရှည်တည်တံ့တဲ့ ဘဝခရီးကိုလည်း လျှောက်လှမ်းနိုင်မှာလည်း မဟုတ်ပါဘူး။ ချစ်တဲ့သူပေမဲ့ ကိုယ်မယုံကြည်နိုင်လောက်တဲ့သူမျိုးကို ဘယ်သူမှ တစ်ဘဝလုံးစာ လက်တွဲဖို့ မဆုံးဖြတ်ကြပါဘူး။ ယုံကြည်မှုနဲ့ စတင်ခဲ့တဲ့ ဘဝတစ်ခုကို ခိုင်မြဲစေဖို့အတွက်ကလည်း ယုံကြည်မှုပဲ လိုအပ်ပါတယ်။

ချစ်သူနှစ်ဦးကြား သံသယစပြီး ဝင်လာတာနဲ့ ပျက်စီးဖို့ လမ်းကြောင်းပေါ်ရောက်ပြီလို့ ဆိုနိုင်ပါတယ်။ သံသယဆိုတာ အရမ်းကို ကြောက်စရာကောင်းတဲ့ ပူလောင်မှုတစ်ခုပါ။ သူ့ရဲ့အာနိသင်က သံသယအဝင်ခံရတဲ့သူသာ စိတ်ညစ်ရတာမဟုတ်ဘဲ သံသယဝင်တဲ့သူမှာလည်း ပူလောင်မှုတွေနဲ့ ပြည့်နှက်နေစေပါတယ်။ ဒါကြောင့် လူကြီးသူမတွေက သံသယဆိုတဲ့အရာ အိမ်ရှေ့တံခါးက ဝင်လာတာနဲ့ မိသားစုပျော်ရွှင်မှုက အိမ်နောက်ဖေးကနေ ထွက်သွားတတ်တယ်လို့ ဆိုခဲ့တာ ဖြစ်မှာပါ။ အရမ်းကို မှန်တဲ့စကားလေးပါ။ ဘယ်လောက်ပဲ ချစ်ကြတဲ့သူတွေဖြစ်ပါစေ သံသယဝင်သွားပြီဆိုတာနဲ့ အမုန်းစိတ်က မကြာခင် ရောက်လာပြီး ဘာလုပ်လုပ် အကောင်းမမြင်တတ်တော့ပါဘူး။

ဒါကြောင့် သံသယ ဝင်လာတော့မယ်ဆိုရင် သံသယဆိုတာ ကိုယ့်ချစ်သူရဲ့ သိက္ခာ၊ ရိုးသားမှုကို စော်ကားရာရောက်တယ်ဆိုတာကို အရင်ဆုံး စဉ်းစားပြီး  ကိုယ်မသိနိုင်တဲ့ အခြားအကြောင်း ရှိသေးလားဆိုတာ အရင်ရှာဖွေပါ။ နောက်ပြီး သံသယကို မွေးထားပြီး အရာရာကို သံသယမျက်လုံးနဲ့ မကြည့်ပါနဲ့။ အရေးအကြီးဆုံးအချက်က သံသယဆိုတာ ချစ်သူတွေရဲ့ အချစ်ကို ဝါးမြိုမယ့် နတ်ဆိုးတစ်ကောင်ဆိုတာကို အမြဲသတိပြုပြီး အေးချမ်းပျော်ရွှင်တဲ့ အချစ်ကို တည်ဆောက်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

Wednesday, April 27, 2016

"ဒေါက်မြင့်ဖိနပ်စီးခြင်းက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်မှုရှိစေ"


"ဒေါက်မြင့်ဖိနပ်စီးခြင်းက မိန်းကလေးတွေကို ပိုပြီးဆွဲဆောင်မှုရှိစေ"

အင်္ဂလန်နိုင်ငံ ပို့စ်မောက် တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိမှု အသစ်အရ ဒေါက်မြင့်ဖိနပ်စီးတဲ့ မိန်းကလေးတွေက ယောက်ျားလေးတွေရဲ့ အမြင်မှာ ပိုပြီး ဆွဲဆောင်မှုရှိစေတယ်လို့ ဆိုပါတယ်။ မိန်းကလေးအချင်းချင်းရဲ့ အမြင်မှာလည်း ဒေါက်ဖိနပ်စီးတဲ့ မိန်းကလေးကို ပိုပြီးလှတယ်လို့ ထင်ကြတာကို တွေ့ရှိခဲ့ပါတယ်။

သုတေသနပညာရှင်တွေက အမျိုးသမီးတွေကို ဒေါက်မြင့်ဖိနပ်နဲ့ ဖိနပ်အပါး တစ်လှည့်စီစီးပြီး ၄ မိနစ်စီ လမ်းလျှောက်တာကို  ဗီဒီယို မှတ်တမ်းတင်ထားပါတယ်။ ဗီဒီယိုရိုက်တဲ့ အချိန်မှာတော့ မျက်နှာတွေ၊ ကိုယ်လုံးတွေ မပါစေဘဲ ခြေထောက်တွေကိုပဲ ရိုက်ထားတာ ဖြစ်ပါတယ်။

ပြီးတော့ အဲ့ဒီ ဗီဒီယိုဖိုင်ကို အမျိုးသား၊ အမျိုးသမီးတွေကို ပြသပြီး မိန်းမဆန်မှုနဲ့ ဆွဲဆောင်မှုရှိတာနဲ့ ပတ်သက်ပြီး မေးမြန်းခဲ့ပါတယ်။ အမျိုးသား၊ အမျိုးသမီး ဖြေဆိုသူအတော်များများက ဒေါက်မြင့်ဖိနပ်စီးတဲ့ မိန်းကလေးတွေက ပိုပြီး ဆွဲဆောင်မှုရှိတယ်လို့ ဆိုခဲ့ကြပါတယ်။

ဒေါက်မြင့်ဖိနပ်စီးခြင်းက အမျိုးသမီးတစ်ယောက်ရဲ့ တင်ပဆုံ၊ တင်ပါး၊ ခြေသလုံး၊ ဒူး၊ ဖဝါးနဲ့ ပခုံးရဲ့ လှုပ်ရှားမှု ဟန်ချက်တွေကို ပိုပြီး ညီစေတာကြောင့် ပိုပြီး ကျော့ရှင်းတဲ့ အသွင်ဖြစ်စေတာလို့ သုတေသီတွေက ထောက်ပြပါတယ်။ နောက်တစ်ချက်ကတော့ ဒေါက်မြင့်ဖိနပ်စီးခြင်းက လိင်ပိုင်းဆိုင်ရာ ညှို့အားနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုထားပါတယ်။

ဘယ်လိုပဲဆိုပါစေ ဒေါက်မြင့်ဖိနပ်စီးတဲ့အတွက် နာကျင်မှုတွေ ဘယ်လောက်ပဲ ခံစားရခံစားရ မိန်းကလေးတွေကတော့ မိန်းမဆန်ပြီး လှပကျော့ရှင်းမှုအတွက် ဒေါက်မြင့်ဖိနပ်ကို အနာခံပြီး စီးနေကြဦးမှာပဲ ဖြစ်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

"မိန်းကလေးတွေပြောတဲ့ စကားနဲ့ တကယ့် အဓိပ္ပါယ်အစစ်များ"


"မိန်းကလေးတွေပြောတဲ့ စကားနဲ့ တကယ့် အဓိပ္ပါယ်အစစ်များ"

မိန်းကလေးတစ်ယောက်က စိတ်ဆိုးနေတဲ့ အချိန်နဲ့ ပျော်နေတဲ့အချိန်တွေမှာ ရင်ထဲမှာ ဖြစ်နေတဲ့ အမှန်တရားနဲ့ ပြောလိုက်တဲ့ စကားတွေမှာ သာမန် ယောက်ျားလေးတွေ တိုက်ရိုက် အဓိပ္ပါယ်ကောက်လို့ မရနိုင်တဲ့ စကားတွေကို ပြောလေ့ရှိကြတယ်။

ဒါက မိန်းမတွေက စကားကို အမျိုးမျိုးပြောတတ်ပြီး ယောက်ျားတွေက တုံးတယ်လို့ ဆိုလိုချင်တာ မဟုတ်ပါဘူး။ မိန်းကလေးတွေရဲ့ သဘာဝကိုက စကားပရိယာယ် ကြွယ်ပြီး သွယ်ဝိုက်ပြောတတ်ကြသလို ယောက်ျားလေးတွေကလည်း အဖြောင့်အတိုင်း တွေးတတ်တာ သူတို့သဘာဝ ဖြစ်နေလို့ပါပဲ။ ဒီတော့ ကိုယ့်မိန်းကလေးရဲ့ တိုက်ရိုက် အဓိပ္ပါယ်ကောက်လို့မရနိုင်တဲ့ စကားလေးတွေကို အနည်းငယ်လောက်ဖြစ်ဖြစ် ဗဟုသုတရစေဖို့ ပြောပြပေးချင်ပါတယ်။

ရှင်လုပ်ချင်တာ ရှင်လုပ်ပေါ့

အဓိပ္ပါယ် - ယောက်ျားလေးရဲ့ အဆုံးအဖြတ်ကို စောင့်ကြည့်မယ်ဆိုတဲ့ သဘောပဲဖြစ်ပါတယ်။ အဆင်ပြေရင်တော့ ဘာမှမပြောဘူး။ အဆင်မပြေရင်တော့ ၂ ဆ အပြစ်ပြောခံရမယ်ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။

ကျွန်မပြီးခါနီးပြီ

အဓိပ္ပါယ် - ပြီးခါနီးပြီလို့ ပြောပြီး ၁၀ မိနစ်လည်း ကြာနိုင်သလို ၁ နာရီလည်း ကြာနိုင်ပါတယ်။ တခြားလုပ်စရာရှိတာ တစ်ခုခုလုပ်နေတာ အကောင်းဆုံးဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။

ရှင် မဖြစ်မနေ လုပ်ရမယ်လို့တော့ မဟုတ်ပါဘူး

အဓိပ္ပါယ် - ရှင်မလုပ်ရင်တော့ ရှင်နဲ့ကျွန်မ အဆင်ပြေမှာ မဟုတ်ဘူး။ ရှင်လုပ်လိုက်တာ ပိုကောင်းလိမ့်မယ် ဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။

ကျွန်မတို့ စကားပြောဖို့ လိုနေပြီ

အဓိပ္ပါယ် - ကျွန်မပြောမယ်၊ ရှင် နားထောင်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။

ဒီအကြောင်းကို နောက်မှပြောမယ်

အဓိပ္ပါယ် - အခု ဒေါသအရမ်းထွက်နေတဲ့ အတွက် စကားမပြောနိုင်သေးဘူး။ ပြီးရင် ဖြေရှင်းချက်ပေးဖို့ အသင့်ပြင်ထားလို့ ပြောချင်တာပါ။

ဘာမှ မဖြစ်ဘူး

အဓိပ္ပါယ် - ရှင်တကယ်ပဲ ကျွန်မ ဘာဖြစ်နေလဲဆိုတာ မသိဘူးလား။ တကယ်မသိရင်တော့ ပြဿနာ အကြီးကြီး ဖြစ်ပြီဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

ကျွန်မရှင့်ကို ခွင့်လွှတ်ပါတယ်

အဓိပ္ပါယ် - ရှင့်ကို အခု ခွင့်လွှတ်ဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေမဲ့ ကြုံတဲ့အခါတိုင်းတော့ ရှင့်ရဲ့ ဒီအပြစ်အကြောင်းကို တစ်ဘဝလုံး ပြောသွားရမှာပဲ လို့ ပြောလိုက်တာပါပဲ။

ကျွန်မအခု အလုပ်အရမ်းရှုပ်နေတယ်

အဓိပ္ပါယ် - ရှင်နဲ့ စကားပြောချင်စိတ်မရှိဘူး။ မနှောက်ယှက်နဲ့ ဆိုတဲ့ သဘောပါပဲ။

ရတယ်။ ထားလိုက်ပါ။ ဘာမှ မဖြစ်ဘူး။

အဓိပ္ပါယ် - ရှင့်ရဲ့ အလိုက်မသိမှုကို ထပ်ပြီး မပြောချင်တော့ဘူး။ စိတ်ကုန်တယ်ဆိုတဲ့ သဘောကို ပြလိုက်တာပဲ ဖြစ်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

"အိမ်ခြေယာမဲ့ အမျိုးသမီးကြီးဆီက ဘ၀သင်ခန်းစာ (၅) ခု"


"အိမ်ခြေယာမဲ့ အမျိုးသမီးကြီးဆီက ဘ၀သင်ခန်းစာ (၅) ခု"
   
သူမဟာ အမေရိကန် နယူးယောခ်မြို့က (52) လမ်းမှာ နေတဲ့ အိမ်ယာမဲ့တစ်ယောက် ဖြစ်ပါတယ်။ အခြား အိမ်ယာမဲ့တွေလိုပဲ အများပြည်သူရဲ့ ပေးစာကမ်းစာနဲ့ ရပ်တည်နေရသူပါဘဲ။ ဒါပေမယ့် သူမမှာ ထူးခြားချက်ကလေးတစ်ခုကို ကျွန်တော်
မြင်လိုက်ရတော့ စူးစမ်းလိုစိတ်တွေ တဖွားဖွား ဖြစ်လာခဲ့ပါတယ်။ သူမ တောင်းရမ်း စားသောက်နေတဲ့ဘေးမှာ လက်ရေးနဲ့
ဖြစ်ကတတ်ဆန်း ရေးထားတဲ့ စာသားလေးက စောစောကပြောတဲ့ ထူးခြားချက်ပါဘဲ။ “If you can’t donate – gratitude, kindness and well-wishes are free!” ပါတဲ့။ အဓိပ္ပါယ်ကတော့ "သင် မလှူနိုင်လည်း ကျေးဇူးတရားကို သောမနဿဖြစ်နေမှု၊ လူအချင်းချင်းပေါ်မှာထားတဲ့ အကြင်နာတရား ကောင်းမွန်တဲ့ စိတ်ဆန္ဒတွေကတော့ အခမဲ့ပါ" ဆိုတဲ့ စာသားလေးက ကျွန်တော့်ကို အတွေးတွေ အများကြီးပေးပါတယ်။ ဒီနောက် သူမကို ဆက်ပြီး စူးစမ်းမှုတွေ လုပ်တဲ့အခါမှာ သူမဟာ ကျွန်တော့်ကို အရေးကြီးတဲ့ ဘ၀သင်ခန်းစာ (၅) ခု မျှဝေပါတယ်။ အဲဒါလေကို တစ်ဆင့် ပြန်လည် မျှဝေပါရစေ။

(၁) ကိုယ့်ရဲ့အနီးစပ်ဆုံး အခြေအနေတိုင်းအတွက် တာဝန်ယူမှုရှိပါ

အချို့ချို့သော အတ္တကြီးမားသူတွေဟာ ကိုယ်နဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ ခံစားစရာရှိတာ ခံစားပြီး မျှဝေစရာရှိရင် ခြိုးခြံတတ်ပါတယ်။ အဲဒီလိုပဲ အပြစ်တင်စရာရှိရင်တော့ ပတ်ဝန်းကျင်ကိုသာ အပြစ်တင်တာမျိုး လုပ်တတ်ပါတယ်။ လူကောင်း လူမွန် ဖြစ်ဖို့အတွက် ကိုယ်နဲ့ အနီးစပ်ဆုံး ပတ်ဝန်ကျင်ကို တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိဖို့ လိုပါတယ်။

(၂) အကူအညီတောင်းဖို့ ၀န်မလေးပါနဲ့

အခက်အခဲတစ်စုံတစ်ရာ ရှိလာတဲ့အခါ ကိုယ်တိုင် မဖြေရှင်းနိုင်ရင် အကူအညီတောင်းဖို့ ၀န်လေးခြင်း မပြုပါနဲ့။ ဒီလိုပဲ တစ်စုံတစ်ယောက်က ကိုယ်တတ်နိုင်တဲ့ အကူအညီမျိုး တောင်းလာရင်လည်း ပျင်းရိဖင့်တွဲမနေပါနဲ့။ ချက်ချင်း ကူညီပေးပါ။ လူဆိုတာ အချင်းချင်း တန်ဖိုးထားတတ်မှ ကိုယ့်ကို တန်ဖိုးထားပါတယ်။

(၃) အကောင်းမြင်ဝါဒကို ထိန်းသိမ်းပါ

အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ၊ ဘာသာဝါဒအချင်းချင်း အားပြိုင်မှုတွေဟာ ငြိမ်းချမ်းရေးကို ပျက်ဆီးစေပါတယ်။ ဒီတော့ အပြစ်ကင်းဆုံးဝါဒကို ညွှန်းပါဆိုရင် အကောင်းမြင်ဝါဒသာ ဖြစ်ပါတယ်။ အကောင်းမြင်ဝါဒကသာ အရာရာကို ငြိမ်းချမ်းစေမှာပါ။

(၄) စနစ်ကျတဲ့ စီမံမှုရှိပါစေ

ကိစ္စအသေးအဖွဲဖြစ်စေ၊ ကြီးမားတဲ့ ကိစ္စဖြစ်စေ အားစိုက်ထုတ်မှု စေတနာအပြည့်နဲ့ စနစ်တကျ စီမံဆောင်ရွက်တတ်ဖို့ လိုပါတယ်။ ဒီလိုလူတွေ ခေါင်းဆောင်ဖြစ်သွားရင် တိုင်းပြည် ချမ်းသာဖို့အတွက် သေချာသလောက်ပါဘဲ။

(၅) ကျေးဇူးသိတတ်ပါ

ကျေးဇူးတရားဆိုတာ မဆပ်နိုင်ရင်တောင် မကန်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ကိုယ့်အပေါ်ပြုဖူးတဲ့ ကျေးဇူးတရားတစ်ခုခုကို အမှတ်ရတိုင်း ကာယကံရှင်ကို လေးစားစိတ်မွေးပါ။ ဒါကလည်း သင့်တင်လျှောက်ပတ်ပြီး တတ်နိုင်တဲ့ ကျေးဇူးဆပ်နည်း တစ်ခုပါဘဲ။

နတ်စည်တော် (Shwemom)

Credit: Shwemom

"လူငယ်တွေကို လူကြီးတွေသိစေချင်တဲ့ အချက် (၇) ချက်"


"လူငယ်တွေကို လူကြီးတွေသိစေချင်တဲ့ အချက် (၇) ချက်"
   
အသက်ဆိုတာ ဒီအရွယ်နဲ့ ရပ်တန့်မနေတာတော့ သေချာပါတယ်။ အသက်ငယ်လေ အတွေ့အကြုံက ငယ်လေ၊ အသက်ကြီးလေ  အတွေ့အကြုံက ရင့်ကျက်လေ ဖြစ်ပါတယ်။ ဒီတော့ ရင့်ကျက်တဲ့ လူကြီးတွေက အသက် (၂၀) အရွယ် လူငယ်တွေကို သိစေချင်တဲ့ အချက် (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ပိုက်ဆံရှိတိုင်း လုပ်ချင်ရာမလုပ်နဲ့ဦး။

ဒီလိုအရွယ်မှာ ငွေရှိတယ်၊ အရွယ်ရှိတယ်၊ ငါလုပ်ချင်ရာ လုပ်မယ်ဆိုပြီး ငယ်မာန်နဲ့ လုပ်တတ်ကြပါတယ်။ ဒါပေမယ့် အဖွင့်မှာ ပြောခဲ့သလို အတွေ့အကြုံ နုနယ်လှသေးတဲ့အချိန်မို့ အရှုံးကြီးရှုံးတဲ့အခါ နလန်မထူတော့ဘဲ အညွန့်ကျိုးသွားတတ်ပါတယ်။

(၂) တစ်ခြားသူတွေရဲ့ အမြင်ကို ဂရုမစိုက်ပါနဲ့

ဒါကတော့ နံပတ် (၁) အချက်နဲ့ ဆန့်ကျင်ဘက်လို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် အကြောင်းအရာချင်း မတူပါဘူး။ ဥပမာအားဖြင့် ကောင်းတဲ့ကိစ္စတစ်ခုခုမှာ ကိုယ်က မှန်တယ်လို့ ယူစထားတဲ့အချက်မျိုးဆိုရင် သိပ်ဂရုမစိုက်ပါနဲ့။ ဒီနည်းနဲ့ သင့်ကို ရင်ကျက်သူတစ်ယောက် ဖြစ်စေမှာပါ။

(၃) တတ်နိုင်သလောက် သင်ယူလေ့လာပါ

ငယ်ရွယ်ချိန်မှာ ပညာရှာဖို့ တတ်နိုင်သလောက် ကြိုးစားတတ်ပါစေ။ ကြီးလာတဲ့အခါမှ ပညာဟာ အကောင်းဆုံး Source ဆိုတာ နားလည်ရင် နောက်ကျသွားပါပြီ။

(၄) မှားတာတွေလည်း မှားပါစေ

မှားတာတွေလည်း မှားပါစေ။ လူဆိုတာ အမှားနဲ့ မကင်းပါဘူး။ ဒါကြောင့်မို့ အမှားတစ်ခုကြောင့် ဘယ်တော့မှ နောင်တနဲ့ မကျဆုံးပါနဲ့။ အမှန်တရားတွေအတွက် ရှင်သန်နိုးထပါ။

(၅)  အနာဂတ်ရေးအတွက် ကြိုပြီး စိတ်မပူပါနဲ့

ငါကြီးလာရင် ဘာလုပ်မယ်ဆိုပြီး ကိုယ့်ကိုယ်ကို ပုံစံခွက်ထဲ အထည့်မခံပါနဲ့။ ကြီးလာတဲ့အခါ သင့်ရဲ့ ဘောင်ကျဉ်းလှတဲ့ ပုံစံခွက်ကြီးဟာ ရေရှည်အဆင်ပြေမှာ မဟုတ်ပါဘူး။

(၆) ကိုယ့်အရွယ်နဲ့လိုက်ဖက်တဲ့ အပျော်ကို ရှာတတ်ပါစေ

အသက် (၂၀) အရွယ်နဲ့ လိုက်ဖက်တဲ့ အပျော်ကို ရှာတတ်ပါစေ။ ဝေလေလေလုပ်လုပ်နေရတာကို ပျော်တဲ့ လူငယ်ဟာ ကြီးလာတဲ့အခါ တန်ပြန်သက်ရောက်မှုအဖြစ် ပေတေတေ နေရတတ်ပါတယ်။

(၇) အရာရာသိတယ်လို့ မထင်ပါနဲ့

အရာရာသိတယ်လို့ ထင်တဲ့စိတ်ဟာ အသိပညာရဲ့ ခလုတ်ကန်သင်း ဖြစ်ပါတယ်။ အတန်းထဲမှာ စွာကျယ်စွာကျယ်နဲ့ သူသိသူတတ် ဆရာကြီးလုပ်ခဲ့တဲ့သူတွေ အသက် (၃၀) အရွယ်လောက်မှာ ဘာဖြစ်နေတယ်ဆိုတာ သင့်ထက် အတွေ့အကြုံရင့်ကျက်တဲ့ လူကြီးတွေကို မေးကြည့်ရင် သိနိုင်ပါတယ်။

နတ်စည်တော် (Shwemom)

Credit: Shwemom

"ဝိတ်ကျချင်သူတိုင်းအတွက် အရေးကြီးတဲ့အချက်"


"ဝိတ်ကျချင်သူတိုင်းအတွက် အရေးကြီးတဲ့အချက်"
   
ဝိတ်ကျချင်တဲ့သူတွေ အများအပြားရှိပေမယ့် ထိုသူတွေဟာ အခုပြောပြမယ့် အရေးကြီးတဲ့အချက်ကို သတိမထားမိတတ်ကြပါဘူး။ တကယ်တော့ ဒီအချက်က လူတွေကို ပိုမိုဝစေလာပြီး ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် ဝိတ်မကျတာလဲ ဒီအချက်ကြောင့်ပဲ ဖြစ်ပါတယ်။

ဒီအရေးကြီးတဲ့ အချက်ကတော့ အိပ်ရာ စောစောဝင်ခြင်းပါ။ အိပ်ရာကို နောက်ကျမှဝင်တဲ့သူတွေဟာ ဝိတ်ကျဖို့ အင်မတန်
ခက်ခဲကြောင်းကို တွေ့ရှိခဲ့ပါတယ်။ အကြောင်းအရင်းကတော့ လူတွေဟာ ညဥ့်နက်တဲ့အခါမှာ ဗိုက်ဆာတတ်လို့ပါပဲ။ ဗိုက်ဆာရာကနေ သရေစာတွေစားရင် ထိုအစာတွေက လူကို ဝိတ်တက်စေတာ ဖြစ်ပါတယ်။

ဝိတ်ချလိုသူတွေအနေနဲ့ ၁၁ နာရီထက် နောက်မကျပဲ အိပ်ရာဝင်သင့်ကြောင်းကို လေ့လာသူတွေက အကြံပြုထားပါတယ်။
ဒါပေမယ့် လူတော်တော်များများက ဒီအချက်ကိုသတိမထားပဲ လေ့ကျင့်ခန်းတွေလုပ်ပြီ ဝိတ်ချတတ်ကြပါတယ်။ အကျိုးဆက်ကတော့ ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် ပိန်မလာတာပါပဲ။ ဒါ့ကြောင့် အိပ်ချိန်ကို နောက်မကျစေပဲ စောစော အိပ်ရာဝင်သင့်ကြောင်းကို အကြံပြုလိုက်ရပါတယ်။

Source:womanmagazine

Credit: Shwemom

"ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင် ကြိုးစားနည်း"


"ရူးလောက်အောင်ချစ်ခဲ့ရသူကို မေ့ပျောက်အောင် ကြိုးစားနည်း"
   
လူတိုင်းဟာ အချစ်ဦးနဲ့ လက်တွဲခွင့် မရတတ်ကြပါဘူး။ အချစ်ဦးတင်မဟုတ်ပဲ တစ်ခါတစ်လေ အချစ်ဆုံးဆိုသူတွေနဲ့လည်း ကွဲကွာတတ်ကြပါတယ်။ ဒီလိုကွဲကွာတဲ့ အခိုက်အတန့်မှာ ခံစားရတဲ့ဝေဒနာမျိုးဟာ ပြောမပြတတ်လောက်အောင် နာကျင်ရပါတယ်။ အချို့သူတွေကတော့ နှစ်အနည်းငယ်အကြာမှာ အနည်ကျသွားပေမယ့် အချို့သူတွေကတော့ နှစ်တွေအများကြီး ကြာသွားတာတောင် အနည်မထိုင်ပဲ ရှိနေတတ်ပါတယ်။ အသဲကွဲခြင်းက ရေရှည်ဖြစ်နေပြီး မိမိကိုယ်ကို လွင့်ချင်ရာလွင့်ပါစေ ဆိုပြီး မျှောထားတဲ့ လှေတစ်စင်းလို ပြုမူနေရင်တော့ သင့်ဘဝကို အမြန်ဆုံး ပြုပြင်သင့်ပါပြီ။ အောက်ပါ
အချက်တွေက သင့်ရဲ့ အချစ်ရဆုံးကို ချက်ချင်းကြီးမေ့အောင်တော့ မကူညီနိုင်ပေမယ့် အချိန်အမြန်ဆုံးမေ့အောင် ကြိုးစားတဲ့နေရာမှာတော့ ကူညီပေးနိုင်ပါလိမ့်မယ်။

(၁) ပထမဆုံး သင်သတိရဖို့က အချိန်တွေအများကြီး ရှိသေးတယ်ဆိုတာပါပဲ။

သင့်ရဲ့ အချစ်ဆုံးကို ဘယ်လောက်ကြာရင် မေ့နိုင်အောင်ကြိုးစားမယ် ဆိုပြီး ပုံသေကြီး ချမထားပါနဲ့။ ဒီအချက်က သူ့ကို ပိုပြီး သတိရစေပါတယ်။ အချိန်က တဖြည်းဖြည်း ကုစားသွားမယ်ဆိုပေမယ့် အဲ့ဒိအချိန်ဆိုတာကြီးကို ခဏခဏ ခေါင်းထဲ
မရောက်ပါစေနဲ့။ သင်က အချိန်ကာလ အကန့်အသတ်ပေးထားရင် အချိန်ပြည့်လို့ မမေ့နိုင်သေးရင် ပိုပြီးတော့တောင်
သူက စိတ်ထဲရောက်လာနိုင်ပါတယ်။ အခုကစပြီး အချိန်ကာလအကြောင်းက ခဏမေ့ထားပါ။

(၂) အပြည့်အဝနာကျင်လိုက်ပါ။

အသဲကွဲရင် ရင်ကွဲမတတ်ခံစားရတာ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ ရင်ဘတ်ထဲ ဘာလိုလို့ လိုနေမှန်းမသိခြင်း၊ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ မျှော်လင့်ချက်မဲ့သွားခြင်း စတာတွေဟာ အသဲကွဲတဲ့သူတိုင်း ခံစားရပါတယ်။ ဒီအတွက် သင်အကြာကြီးတော့ အချိန်မယူမိပါစေနဲ့။ ဒါပေမယ့် နာကျင်တဲ့အချိန်မှာတော့ အပြည့်အဝ နာကျင်လိုက်ပါ။ ဖွင့်ပြောမယ့် သူငယ်ချင်းရှိရင် ဖွင့်ပြောလိုက်ပါ။ မရှိရင် စာအုပ်ထဲမှာ ချရေးပါ။

(၃) နောက်တစ်ဆင့်အနေနဲ့ သင့်ရဲ့ အဆက်ဟောင်းကို မမြင်အောင်နေပါ။

သင့်အဆက်ဟောင်းရဲ့ Facebook ကို ဘလော့ပါ။ နောက်ဆုံး စိတ်မထိန်းနိုင်ရင် ကိုယ့်အကောင့်ပါ Delete လုပ်ပြီး Facebook မသုံးပဲနေပါ။ ဖုန်းနံပါတ်၊ viber စတာတွေက အချစ်ဟောင်းရဲ့ အကြွင်းအကျန်တွေကို ဖြတ်ပစ်ပါ။ သူပေးထားတဲ့ လက်ဆောင်တွေအားလုံး လွှင့်ပစ်ပါ။ ဘာဆိုဘာမှကို မကျန်ပါစေနဲ့။

(၄) မိမိကိုယ်ကို ချစ်ဖို့ ကြိုးစားပါ။

တစ်ခါတစ်လေ လမ်းခွဲကြပြီးရင် အချို့က ကိုယ့်ကိုကိုယ် အပြစ်တင်တတ်ကြပါတယ်။ ငါများ သူ့အတွက် မလုံလောက်ခဲ့လို့လား။ ငါကပဲ လိုအပ်ခဲ့လို့လား ဆိုပြီး မိမိကိုယ်ကို အပြစ်တင်တတ်ကြပါတယ်။ သင်ဟာ ဘယ်သူ့ရဲ့ ကျေးကျွန်မှ မဟုတ်ဘူးဆိုတာ ပြန်သတိရပါ။ သင့်ကိုယ်သင် ချစ်တတ်အောင် ပြန်ကြိုးစားပါ။ ကျန်းမာရေးကောင်းအောင်နေပါ။ ပိုပြီး အောင်မြင်အောင်ကြိုးစားပါ။

(၅) ခံစားချက်တွေကိုချရေးပါ။

သင်ဘယ်လောက်ပဲ မေ့ဖို့ ကြိုးစားကြိုးစား အစတော့ သူ့ကို ခဏခဏ သတိရမိမှာပါပဲ။ ဒါပေမယ့် သူနဲ့ပက်သက်တဲ့ ခံစားချက်တွေ ရင်ထဲမှာဖြစ်လာတိုင်း စာအုပ်ထဲမှာ ချရေးပါ။ သူ့ကို ဖုန်းခေါ်တာ Message ပို့တာ၊ သူ့ Facebook ကို ဝင်ကြည့်တာ၊ စတာတွေ လုံးဝမလုပ်မိပါစေနဲ့။ စာအုပ်ထဲမှာ ခံစားချက်တွေ ချရေးခြင်းက သင့်ရဲ့ စိတ်ကိုထွက်ပေါက်
ပေးရာလည်း ရောက်ပါတယ်။

(၆) သင့်ခံစားချက်တွေကို အပေါင်းလက္ခဏာဆောင်တဲ့ အရာတွေ
အဖြစ်ပြောင်းလဲပါ။

အစပိုင်းမှာ အိမ်တွင်းပုန်းပြီး ချောကလက်စားလိုက်၊ တီဗွီကြည့်လိုက် လုပ်လို့ရပေမယ့် အမြဲတမ်းတော့ အိမ်တွင်းပုန်း နေတာမျိုး မလုပ်သင့်ပါဘူး။ သင့်ဘဝကို ပြန်လည်မောင်းနှင်ရမှာပါ။ အနည်းဆုံး ဘာမှမလုပ်နိုင်သေးရင်တောင် အိမ် သန့်ရှင်းရေး လုပ်တာကစပါ။ မိမိကိုယ်ကို အားလပ်ချိန် အရမ်းမပေးပါနဲ့။ အခြားဆီ အာရုံရောက်မယ့် အရာတွေကို ပြောင်းလဲလုပ်ဆောင်ပါ။ အသဲကွဲခြင်းကို စွမ်းအင်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါ။

(၇) ဒေါသနဲ့အပြစ်တင်ခြင်းတွေကို အပြီးတိုင် စွန့်လွှတ်ပါ။

သင့်ကိုယ်သင်လဲ အပြစ်မတင်နဲ့ သူ့ကိုလည်း ဒေါသမထွက်ပါနဲ့တော့။ ဘာမှပြန်လုပ်လို့မရတဲ့ အရာတစ်ခုအတွက် သင့်စိတ်ထဲမှာ နေရာအကျယ်ကြီး မပေးထားပါနဲ့တော့။

(၈) သင်တစ်နေ့ သင့်ကိုချစ်တဲ့သူနဲ့ တွေ့လိမ့်မယ်။ (သို့မဟုတ်) သင့်ကိုယ်သင် ချစ်တတ်သွားလိမ့်မယ်။

တစ်နေ့နေ့မှာ သင့်ကို တကယ်ချစ်တဲ့သူနဲ့ တကယ်ကို တွေ့နိုင်ပါတယ်။ ဘဝဟာ အမြဲတမ်း ဆိုးရွားမှုတွေနဲ့ ပြည့်နှက်မနေပါဘူး။ သင့်ဘက်ကလည်း အကောင်းမြင်ဖို့ လိုပါတယ်။ Negative Mind နဲ့ Positive Life တစ်ခုကို ဘယ်လိုမှ မရနိုင်လို့ပါ။ အကယ်၍ သင့်ကိုချစ်တဲ့သူနဲ့ မတွေ့လည်း သင် စိုးရိမ်စရာ မလိုပါဘူး။ သင့်ကိုယ်သင် ချစ်တတ်သွားရင်
အရာရာ ပိုပြီး စိတ်ချမ်းသာလာပါလိမ့်မယ်။

အသဲကွဲခြင်း ကင်းဝေးကြပါစေ။

Source: lifehack.org

Credit: Shwemom

"ခါးနာခြင်းအတွက် အိမ်တွင်းဆေး (၆) မျိုး"


"ခါးနာခြင်းအတွက် အိမ်တွင်းဆေး (၆) မျိုး"

ခါးနာတာဟာ အတော်အခံရခက်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ခါးနာဖူးပါတယ်။ ကာလရှည် နာခဲ့တဲ့ ခါးပါ။ အရှင်း
ပျောက်သွားတယ်ရယ်လို့ မရှိခဲ့ပါဘူး။ အခုတော့ အွန်လိုင်းပေါ်မှာ ဆေးနည်းလေးတွေ တွေ့လို့ ပြန်လည် မျှဝေလိုက်ပါတယ်။

(၁) ချင်း (ဂျင်း)

ဂျင်းက ပူပါတယ်။ ဒဏ်ကြောင့်ဖြစ်တဲ့ ခါးနာရောဂါကို နိုင်နင်းပါတယ်။ ဂျင်းအနည်းငယ်ကို ထောင်းပြီး နာနေတဲ့ နေရာကို
မိနစ် (၂၀) လောက် လိမ်းပေးပါ။ တစ်နေ့ကို လေးကြိမ်လောက် လုပ်ပေးရင် ခါးနာရောဂါ ပျောက်ကင်းပါတယ်။

(၂) ကြက်သွန်ဖြူ

ခါးနာရောဂါရှိသူအတွက် ကြက်သွန်ဖြူ တစ်လုံးလောက် မနက်ခင်း ဘာမှမစားခင် စားပေးခြင်းကလည်း ခါးနာရောဂါကို
ပျောက်ကင်းသက်သာစေတယ်လို့ ဆိုပါတယ်။

(၃) ရေခဲ

ရေခဲကို နာနေတဲ့ ခါးဒဏ်ရာပေါ် ကပ်ပေးပါ။ တစ်ရက်ကို လေးကြိမ်လောက် လုပ်ပေးရင် ခါးနာပျောက်ပါတယ်။

(၄) ရေနွေးအိတ်

နာနေတဲ့ ခါးပေါ်ကို ရေနွေးအိတ်ကို အ၀တ်နဲ့ပတ်ပြီး ကြပ်တိုက်သလို လုပ်ပေးခြင်းဖြင့်လည်း ခါးနာကို သက်သာပျောက်
ကင်းစေပါတယ်။

(၅) နွားနို့

ကယ်လ်စီယံကြွယ်ဝတဲ့ နွားနို့ကို တစ်ရက်မှာ နှစ်ခွက်မှ သုံးခွက်အထိ သောက်ပေးခြင်းဖြင့် ခါးမနာအောင် ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။

(၆) ပင်စိမ်းရွက်

ပင်စိမ်းရွက်ကို သန့်စင်အောင် ဆေးပြီး ရေနဲ့ 1:1 ရောပြီး ပြုတ်ပါ။ တစ်ဝက်လောက်အထိ ပြုတ်ပြီး ဆားအနည်းငယ် ခပ်ပြီး အအေးခံကာ သောက်ပေးပါက ခါးနာရောဂါနဲ့ အခြား ကိုယ်တွင်းရောဂါတွေကို ပျောက်ကင်းစေပါတယ်။

နတ်စည်တော် (Shwemom)

Credit: Shwemom

"ချစ်သူနဲ့မခွဲချင်ရင် လုပ်ဆောင်ရမယ့်အရာ (၆) မျိုး"


"ချစ်သူနဲ့မခွဲချင်ရင် လုပ်ဆောင်ရမယ့်အရာ (၆) မျိုး"

(၁) ချစ်သူအပေါ် အပြုသဘောဆောင်တဲ့ အတွေးမျိုးသာ တွေးပါ

အပြုသဘောဆောင်တဲ့အတွေးဆိုတာ ပြင်ပလူနေမှုဘ၀မှာလည်း လူချစ်လူခင် ပေါများစေပါတယ်။ ချစ်သူအပေါ်မှာ အပြု
သဘောဆောင်တဲ့ အတွေးမျိုးထားနိုင်ရင် ချစ်သူက ပိုပြီး ချစ်မြတ်နိုးပါတယ်။

(၂) အတွေ့အထိများနဲ့ ရင်းနီးမှုကို ပြပါ

ချစ်သူတွေကြားမှာ အနမ်း၊ အပွေ့အဖက် စတာတွေဟာ ချစ်သက်ရှည်စေဖို့ အာဟာရတွေ မှီဝဲနေရတာနဲ့ တူပါတယ်။ ဘာနဲ့တူသလဲဆိုရင် ဘ၀တစ်ခု ရှင်သန်ရပ်တည်ဖို့ အစားအစာ စားပေးနေရသလိုမျိုး ကာယပသာဒ အထိအတွေ့ဟာ ချစ်သူတွေကြားမှာ အရေးတကြီး လိုအပ်ပါတယ်။

(၃) စကားလက်စုံ (မကြာခဏ) ပြောပေးပါ

စကားပြောပါများလေ တစ်ဦးရဲ့ အတ္တကို တစ်ဦးက နားလည်လေပါဘဲ။ ရင်နီးမှုကလည်း စကားလုံးတွေ များလာနဲ့အမျှ သံယောဇဉ် ခိုင်မာလာပါတယ်။ ဥပမာ အွန်လိုင်းပေါ်မှာ ချစ်သူတွေ မဖြစ်ကြသေးတဲ့သူအချင်းချင်းတောင် စကားတွေပြောလို့ ရင်းနီးလာပြီဆိုရင် ကိုယ်လိုင်းပေါ်တက်တာနဲ့ သူရှိလေမလား မျှော်မိတာမျိုး ကြုံဖူးပါလိမ့်မယ်။

(၄) အရာရာကို အတူတူ ရင်ဆိုင် ဖြတ်သန်းပါ

တစ်ယောက်နဲ့တစ်ယောက် ရေသာခိုဖို့ ချစ်သူဘ၀ကို စတင်ခဲ့တာ မဟုတ်ပါဘူး။ အခက်အခဲတွေကို ရင်ဆိုင် ကျော်ဖြတ်ဖို့ လက်တွဲခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အရာရာကို အတူတူ ရင်ဆိုင် ဖြတ်သန်းပါ။

(၅) အလေးပေးဆက်ဆံပါ

အပြန်အလှန် လေးစားမှုမရှိဘဲ ပေါင်းသင်းဆက်ဆံလို့ မရပါဘူး။ ပြင်ပ လူနေမှုဘ၀မှာတောင် ကိုယ့်ရဲ့ စိတ်ထဲကနေ
လှိုက်လှိုက်လှဲလှဲ လေးစားမှုမရှိတဲ့ ပုဂ္ဂိုလ်မျိုးနဲ့ ဘယ်သူက ဆက်ဆံချင်မှာလဲလေ။

(၆) ပြင်ပအကြောင်းအရာတွေနဲ့ မရောထွေးပါနဲ့

တစ်ခုခု ပြဿနာဖြစ်ပြီဆိုရင် လက်ရှိ ချစ်သူနဲ့ ဆိုင်/မဆိုင် အရင်စဉ်းစားပါ။ ပြင်ပလူနေမှုဘ၀နဲ့ ချစ်သူဘ၀ကို ရောထွေးမပစ်ပါနဲ့။ ပြင်ပ အရှုပ်အထွေးထဲကို ချစ်သူဘ၀ မသွင်းပါနဲ့။

နတ်စည်တော် (Shwemom)

Credit: Shwemom

Tuesday, April 26, 2016

"အမျိုးသားတွေရဲ့ အခန်းထဲမှာ ရှိသင့်တဲ့ပစ္စည်း (၅) မျိုး"


"အမျိုးသားတွေရဲ့ အခန်းထဲမှာ ရှိသင့်တဲ့ပစ္စည်း (၅) မျိုး"

ဒီပစ္စည်းတွေ ထားလိုက်တာဟာ သင့်အတွက် အတော်အဆင်ပြေသွားမှာပါ။

အိပ်ရာကောင်းတစ်ခု

ကျယ်ကျယ်ပြန့်ပြန့်နဲ့ သန့်ရှင်းတဲ့ အိပ်ရာကောင်းတစ်ခု လိုပါတယ်။ သီချင်းခွေတွေ၊ ဇာတ်ကားခွေတွေ၊ စတဲ့ပစ္စည်းတွေနဲ့ အိပ်ရာဟာ ရှုပ်ထွေးနေတာ မကောင်းပါဘူး။ ကျယ်ပြန့်သန့်ရှင်းတဲ့ အိပ်ရာကောင်းတစ်ခု လိုပါတယ်။

အိမ်ပြင်ပစ္စည်းများ

တူတို့၊ အုတ်ဖောက်စက်တို့၊ ဝက်အူလှည့်တို့လို အိမ်ပြင်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီပစ္စည်းတွေသုံးပြီး လုပ်ရတဲ့ကိစ္စတွေဟာ အမျိုးသားတွေ လုပ်ရတာများတာကြောင့် မရှိမဖြစ် ဆောင်ထားရမှာ ဖြစ်ပါတယ်။

အင်္ကျီချိတ်တန်း

အပြင်က ပြန်လာရင် အဝတ်အစားတွေကို တွေ့ရာနေရာမှာ ပစ်တင်တဲ့အကျင့် မဖြစ်စေဖို့ အင်္ကျီချိတ်တန်းတစ်ခုလည်း ရှိသင့်ပါတယ်။

ကိုယ်လုံးပေါ်မှန်

မှန်ကတော့ ပြောနေစရာမလိုဘူးလို့ထင်ရပေမဲ့ တကမ်းတမ်းတော့ ယောက်ျားလေးတွေပဲနေတဲ့ အိမ်တွေဆိုရင် ကိုယ်လုံးပေါ်မှန် မရှိတတ်ပါဘူး။ ကိုယ်လုံးပေါ်မှန်လည်း ရှိသင့်ပါတယ်။

စာအုပ်စင်

ဒါကတော့ မရှိမဖြစ်ပါ။ အိပ်ရာဘေးနားထားလို့ရမယ့် စာအုပ်စင် သေးသေးဆို ရပါပြီ။ ကိုယ်အမြဲဖတ်မယ့် စာအုပ်တွေ ထားထားလို့ရရင် အဆင်ပြေပါပြီ။

Photos & Source: Complex

Credit: duwun

"ထာဝရ ချစ်ခြင်းတရားမှာ မပြောင်းလဲတဲ့အရာ (၇) ခု"


"ထာဝရ ချစ်ခြင်းတရားမှာ မပြောင်းလဲတဲ့အရာ (၇) ခု"

ဘာလုပ်လုပ် တက်ညီလက်ညီနဲ့ ချစ်ခင်ကြတဲ့ စုံတွဲတွေပါ။

သူငယ်ချင်းလိုရော ချစ်သူတွေလိုရော မပြောင်းလဲတဲ့ချစ်ခြင်းနဲ့ တစ်သက်လုံး ချစ်သွားကြတဲ့ သူတွေကို တွေ့ဖူးကောင်း တွေ့ဖူးကြမှာပါ။ သူတို့နှစ်ဦးကို ဒီအချက်တွေက ထာဝရ ပေါင်းစည်းပေးထားတာပါ။

၁။ ဘာအကြောင်းပဲဖြစ်ဖြစ် ပြောလို့ရတယ်

ပေါင်းရသင်းရခက်တဲ့ လုပ်ဖော်ကိုင်ဖက်၊ အချစ်ဆုံးသူငယ်ချင်းနဲ့ ရန်ဖြစ်တာတွေ၊ ကိုယ်ကြည့်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကားအပေါ် ထင်မြင်ချက် ကြိုက်တဲ့အကြောင်းပြော အပြန်အလှန် နားထောင်ပေးကြတယ်။

၂။ အနာဂတ်အစီအစဉ်မှာ နှစ်ဦးစလုံးအတွက် ပါတယ်

တွဲတာ ဘယ်လောက်ပဲ ကြာကြာ တစ်ခုခုလုပ်မယ်တွေးတိုင်း နှစ်ယောက်အတွက် စဉ်းစားတယ်။ အလုပ်မှာ ရာထူးတိုးသွားလို့ တခြားနေရာကို ပြောင်းရွှေ့ဖို့လိုအပ်ရင် ချစ်သူကို ပြောတယ်။ နှစ်ယောက်အတူတွဲလျက် အနာဂတ်အတွက်ပဲ အမြဲစဉ်းစားကြတယ်။

၃။ ရဲဘော်ရဲဘက်တွေ

အိမ်ကနေအပြန် ကုန်တိုက်ဝင်ပြီး လိုအပ်တာဝယ်တော့မယ်ဆိုရင် သင်က သူ့ကို ဖုန်းဆက်ပြီး ဘာလိုသေးလည်း မေးတယ်။ အိမ်ပြန်နောက်ကျမယ်ဆိုရင်လည်း ကြိုပြောတယ်။ ပါတီတွေမှာ အမြဲနှစ်ယောက်အတူ တတွဲတွဲ တွေ့ရတယ်။

၎။ သူငယ်ချင်းတွေနဲ့ အတွဲမပျက်ဘူး

သင်တို့နှစ်ယောက်စလုံးဟာ ချစ်သူအတွက် သူငယ်ချင်းတွေကို ပစ်မထားဘူး။ သင်တို့ရဲ့ ကိုယ်ပိုင်ဘဝကိုလည်း ဟန်ချက်ညီညီ ဖြတ်သန်းကြတယ်။ အဲဒီလိုလုပ်ခွင့်လည်း အချင်းချင်းပေးထားတယ်။

၅။ တစ်ယောက်နဲ့တစ်ယောက် ပြောင်းလဲဖို့ မကြိုးစားဘူး

ကိုယ်ပိုင် ဘဝအိပ်မက်တွေ၊ ဝါသနာတွေနဲ့ ပန်းတိုင်တွေရှိကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် အားပေးကြတယ်။ အဲဒါကြောင့်ပဲ ပျော်ရွှင်တဲ့ချစ်သူဘဝကို ပိုင်ဆိုင်ရတယ်။

၆။ အလေးမထားတာမျိုး ဘယ်တော့မှ မလုပ်ဘူး

ချစ်သူဖြစ်တာ နှစ်ပေါင်းများစွာ ကြာနေပြီမို့လို့ ဘယ်လိုမှ မကွဲနိုင်တော့ဘူးဆိုတဲ့ စိတ်မျိုးနဲ့ တစ်ဖက်သားရဲ့ ခံစားချက်ကို လျစ်လျူရှုထားတာမျိုး မရှိဘူး။ တစ်ယောက်နဲ့တစ်ယောက် အမြဲ အလေးထားပြီး သင်တို့ရဲ့အချစ်ရေးအတွက် အကောင်းဆုံးဖြစ်အောင် အမြဲကြိုးစားတယ်။

၇။ နေ့တိုင်း ပျော်စရာလေးတွေရှိတယ်

ပိုလွန်းတယ်လို့ ထင်ကောင်းထင်မယ်။ ဒါပေမဲ့ ဒါဟာ အချစ်စစ်ရဲ့သင်္ကေတပါ။ ကိုယ့်ကို ပျော်ရွှင်မှုမပေးနိုင်သူနဲ့ အမြဲတမ်း ဘယ်သူက အတူရှိချင်မှာလဲ။ စိတ်ညစ်နေချိန်မှာ ကိုယ့်ကို ပြုံးအောင် လုပ်ပေးနိုင်သူတစ်ယောက် အနားမှာရှိနေရင် ဘယ်သူမှ လက်လွှတ်ခံချင်မှာ မဟုတ်ဘူး။

Source & Photos : Life

Credit: duwun

"အချစ်ရေးမှာ အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့ အမှား (၇) ခု"


"အချစ်ရေးမှာ အမျိုးသမီးတွေ လုပ်လေ့ရှိတဲ့ အမှား (၇) ခု"
   
အချစ်ဆိုတဲ့ လမ်းကြောင်းတစ်ခုကို လျှောက်လှမ်းဖို့ ရွေးချယ်လိုက်ကြပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဖေးဖေးမမ
ရိုင်းရိုင်းပင်းပင်း ကူကူညီညီ လျှောက်လှမ်းကြဖို့ လိုပါတယ်။ ဒါမှသာ အချစ်ခရီးက ဖြောင့်ဖြူးမှာပါ။ ဒါကြောင့် အချစ်ရေးမှာ အမျိုးသမီးတွေလုပ်လေ့ရှိတဲ့ အမှား (၇) မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ့်တန်ဖိုး ကိုယ်ချမိတယ်

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်တန်ဖိုး ကိုယ်မသိရင် အကြီးကြီး ရှုံးတတ်ပါတယ်။ ချစ်သူကို ချစ်လွန်းလို့ဆိုပြီး ကိုယ့်အသက်လောက် စောင့်ရှောက်ရမယ့် တန်ဖိုးကို မလေးစား လုပ်မိတာမျိုးဟာ အမျိုးသမီးတွေအတွက် ရှက်စရာပါ။

(၂) မှီခိုလွန်းတယ်

ချစ်သူက ဘယ်လောက်ပဲ အားကိုးရပါစေ မှီခိုလွန်းတဲ့စိတ် ထားမိရင် သူ့အတွက် ၀န်ထုပ်ဝန်ပိုးလို့ ထင်စရာ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို အားကိုးတတ်ဖို့ လိုပါတယ်။

(၃) ဆက်ဆံရေးကို ဂရုမပြုမိဘူး

ဒါကတော့ အမျိုးသမီးတော်တော်များများများဟာ ငါ့ကောင်လေးက မခုတ်တတ်တဲ့ ကြောင်လေ ဆိုပြီး တလွဲယုံကြည်မိတာကတစ်ဆင့် ဖြစ်လာတတ်တာမျိုးမှာ။ နောက်ဆုံး ကိုယ်ဟာ ဒုတိယ ဖြစ်မှန်းမသိ ဖြစ်တဲ့အခါကျမှ မျက်ရည် ဒူးနဲ့ကြိတ်သုတ်ရတဲ့ အဖြစ်။

(၄) လက်တွဲဖော်ကို ပြောင်းလဲပစ်ဖို့ ကြိုးစားတယ်

ဘယ်သူပဲဖြစ်ဖြစ် သူ့ဇာတိက ပါလာတဲ့ စိတ်၊ ဉာဉ်၊ ၀ါသနာအတိုင်း ပြုမူဆောင်ရွက်ရမှ ကျေနပ် နှစ်သက်ကြတာဖြစ်ပါတယ်။ ဒါကို တစ်ချို့အမျိုးသမီးတွေက နားမလည်ဘဲ ဒီကောင်တော့ ငါနဲ့ရရင် ဘယ်လိုပုံစံ သွင်းပစ်လိုက်မှာဆိုပြီး ထင်ရာ
လျှောက်လုပ်တတ်ကြပါတယ်။

(၅) ကိုယ့်အတွက်လုပ်ပေးတာတွေကို အပြစ်မြင်နေမိတယ်

တစ်ခါတလေ အပျိုကြီးဖြစ်ဖို့ ကံဇာတာပါတဲ့ အမျိုးသမီးတွေဟာ အရမ်းကို ပစိပစပ်များပြီး လျှာရှည်တတ်ပါတယ်။ ချစ်သူက ကိုယ့်အတွက် ကောင်းရာကောင်းကြောင်း လုပ်ပေးတာကို ကြည်ကြည်သာသာ လက်မခံဘဲ အပြစ်ထိုင်ပြောနေတဲ့ အမျိုးသမီးမျိုးဆိုရင် ဘယ်အမျိုးသားက ကြာရှည် လက်တွဲနိုင်မလဲဗျာ။

(၆) ချည်နှောင်ဖို့ကြိုးစားတယ်

ဒီနည်းကိုတော့ လက်တွဲဖော်က ရှောင်တိမ်းထွက်ပြေးဖို့ ကြိုးစားတယ်လို့ ထင်မိတဲ့အခါ နောက်ဆုံးလက်နက်အဖြစ် အမျိုးသမီးတွေ သုံးတတ်ပါတယ်။ အန္တရာယ်များလှပြီး နစ်နာစရာရှိရင် ကိုယ်ပဲ အရင်နစ်နာတာပါ။

(၇) ကြိုးကိုချယ်လှယ်ချင်တယ်

ကျားတစ်ကောင်ကို ကြိုးတစ်ချောင်းနဲ့ ချည်ထားရုံနဲ့ စိတ်ချရတဲ့ အခြေအနေဖြစ်တယ်လို့ ဘယ်မုဆိုးကမှ မယူစပါဘူး။ နောက် ကျားနာတစ်ကောင်ဟာ သာမာန် ကျားတစ်ကောင်ထက် ကြောက်စရာကောင်းတယ် ဆိုတာ မုဆိုးတိုင်း သိပါတယ်။ ဒီတော့ ကျားအထာ မနပ်သေးဘဲ ဖမ်းချင်တဲ့ ဣတ္ထိယမုဆိုးတွေ ဘယ်လို ပညာအပြခံရယ်ဆိုတာ သတိရှိဖို့ သင့်ပါတယ်။

နတ်စည်တော် (Shwemom)

Credit: Shwemom

Monday, April 25, 2016

"ဟောက်တတ်တဲ့အကျင့်ကို ဖျောက်ဖျက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းများ"


"ဟောက်တတ်တဲ့အကျင့်ကို ဖျောက်ဖျက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းများ"

ဟောက်တယ်ဆိုတာကတော့ နှစ်ဦးနှစ်ဖက်လုံး ဆုတ်ယုတ်စေတဲ့ အကျင့်တစ်ခုပါပဲ။ ကိုယ်တိုင်ဟောက်တတ်ရင်တော့ ကိုယ့်ကြောင့် အိပ်ရေးပျက်သူတွေကို အားနာရသလို ကိုယ့်အတွက်လည်း လူမုန်းများစေတဲ့ အကျင့်တစ်ခု ဖြစ်ပါတယ်။

သင်ကိုယ်တိုင်ရော ဟောက်တတ်တဲ့ သူတစ်ယောက်လား??? ကိုယ့်ဟောက်သံက ကိုယ်အိပ်သွားတဲ့အခါမှာတော့ ဘယ်လောက်ကျယ်လောင်မှန်း ကိုယ့်ဘာသာကိုယ် မသိရပေမယ့်လည်း တစ်ပါးသူအတွက်တော့ နားဒုက္ခပေးနေမှာ အမှန်ပါပဲ။

သင့်ပတ်ဝန်းကျင်မှာ ဟောက်တတ်တဲ့သူ ရှိလား??? ဟောက်တတ်တဲ့သူတစ်ယောက် ရှိရင်တော့ အနီးနားပတ်ဝန်းကျင်က လူတွေအကုန်လုံးကတော့ အိပ်ရေးပျက်ပြီး အတော်လေးလည်း ဒေါသထွက်မိမှာပါပဲ။

ဟောက်သံဟာဆိုရင်တော့ ၅၀-၁၀၀ ကြား ဒက်စီဘယ်မှာရှိနိုင်ပြီး အတော်ကို ကျယ်လောင်ပါတယ်။ ဟောက်သံကျယ်တဲ့သူကိုဆိုရင်တော့ “နင်ဟောက်တာ မီးရထားစက်ခေါင်းခုတ်သလိုပဲ” လို့ ပြောမိမှာပါ။ ဒီလိုမျိုး နှစ်ဦးနှစ်ဖက် အကျိုးယုတ်စေတဲ့ ဟောက်တဲ့အကျင့်ကို ဖျောက်ဖျက်နိုင်မယ့် နည်းလမ်းလေးတွေ ရှိနေပါတယ်။

၁. အရက်သေစာ လျှော့သောက်ပါ

အရက်သောက်တတ်တဲ့သူတစ်ယောက် ဖြစ်တယ်ဆိုရင်တော့ အရက်သောက်တာကို လျှော့ချဖို့ လိုပါလိမ့်မယ်။ အရက်သောက်တာနဲ့ ဟောက်တာ ဘာဆိုင်လဲလို့ တွေးမိသူတွေ ရှိမှာပါ။ အရက်သောက်တာဟာဆိုရင်တော့ လျှာကြွက်သားတွေကို လျော့ကျစေပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားစေပါတယ်။ ဒါ့ကြောင့် မအိပ်ခင်မှာ အယ်လ်ကိုဟောလ် မမှီဝဲတာက ဟောက်ခြင်းကို လျော့ကျစေမှာ ဖြစ်ပါတယ်။

၂. ဆေးလိပ်သောက်တာလျှော့ပါ

ဆေးလိပ်သောက်တာက နှာခေါင်းတွင်းက တာဘီနိတ်ကြွက်သားကို ပိုမိုကြီးထွားလာစေပြီး အသက်ရှူရတာကို ပိုခက်ခဲလာစေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ဆေးလိပ်သောက်တာကလည်း ဟောက်တာနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။

၃. စပ်တဲ့အစားအစာရှောင်ကြဉ်ပါ

စပ်တဲ့ အစားအစာတွေဟာဆိုရင်တော့ အစာအိမ်တွင်း အချဉ်ပေါက်မှုကို မြင့်တက်စေပြီး ဒီလိုအချဉ်ပေါက်လို့ ဖြစ်ပေါ်လာတဲ့ အက်ဆစ်တွေဟာ ဟောက်ခြင်းနဲ့ စပ်ဆိုင်နေတယ်လို့ သိရပါတယ်။

၎. ကိုယ်နဲ့ သင့်တော်တဲ့ ပုံစံအနေအထားနဲ့ အိပ်စက်ပါ

သင့်အနေနဲ့ အဟောက်သန်တာကို ကျောခင်းအိပ်စက်နေမယ် ဆိုရင်တော့ ဆိုးဝါးတဲ့အကြံဥာဏ်ပဲ ဖြစ်နေပါလိမ့်မယ်။ အဟောက်သန်သူ တော်တော်များများကိုလည်း ကျောခင်းမအိပ်စက်ဖို့ ဆရာဝန်တွေက အကြံဥာဏ်ပေးကြပါတယ်။

ကျောခင်းအိပ်တာ အကျင့်ပါနေတယ်ဆိုရင်တော့ သင့်အနေနဲ့ ညဝတ်အင်္ကျီ ကျောဘက်မှာ တင်းနစ်ဘောလုံးလေး တွဲချုပ်ထားဖို့ လိုပါလိမ့်မယ်။ ဒါမှ ကျောကုန်းမသုံးဘဲ အိပ်တတ်တော့မှာပါ။

၅. ဟောက်တဲ့အကြောင်းရင်းကို သိအောင်ပြုလုပ်ပါ

လူအတော်များများက ဟောက်တဲ့အကြောင်းရင်းတွေ မတူကြပါဘူး။ နှာခေါင်း၊ လည်ချောင်းနဲ့ အာခေါင် ပြဿနာတွေကြောင့် ဟောက်ကြတာများပါတယ်။ ဒါ့ကြောင့် ဘယ်အပိုင်းက ပြဿနာရှိလို့ အခုလို ဟောက်သလဲဆိုတာ သိရအောင်ပြုလုပ်ပြီး ဆရာဝန်နဲ့ ဆွေးနွေးသင့်ပါတယ်။

၆. တစ်သက်လုံးပြန်မဟောက်တော့အောင် ကုသလိုက်ပါ

သင့်အနေနဲ့ ဘယ်အပိုင်း ပြဿနာရှိလို့ ဟောက်တာလဲဆိုတာ သိခဲ့ရရင်တော့ သင့်ရဲ့ ဟောက်တဲ့အကျင့်ဆိုးကိုလည်း ဖျောက်ဖျက်နိုင်ပါပြီ။ လည်ချောင်းကြောင့် ဆိုရင်တော့ သင့်လည်ချောင်းတွင်းမှာ ပိတ်နေတဲ့ အရေပြားအပိုပိုင်းကို လေဆာနဲ့ ဖြတ်ထုတ်နိုင်ပါလိမ့်မယ်။ နှာခေါင်းကြောင့် ဟောက်တာဆိုရင်တော့ နှာခေါင်းထဲက လေလမ်းကြောင်းကို ရှင်းလင်းပြီး ကုသနိုင်ပါတယ်။
ဟောက်သံကင်းဝေးပြီး အိပ်ကောင်းခြင်း အိပ်နိုင်ကြပါစေ

( Paing A K )

Credit: သစ်ထူးလွင်(ကျန်းမာရေး)

"ကျန်းမာရေးနဲ့ ပြည့်စုံအောင် ဘူးတလုံးကိုဆောင်"


"ကျန်းမာရေးနဲ့ ပြည့်စုံအောင် ဘူးတလုံးကိုဆောင်"

သင့်အသည်းနဲ့ သွေးသားသန့်ရှင်းစေပြီး သွေးတိုးနဲ့ နှလုံးရောဂါကိုလည်း သက်သာစေတဲ့ ဘူးသီးရဲ့ အာဟာရ အကျိုးကျေးဇူးတွေအကြောင်း ပြောပြပါမယ်။ မြန်မာလူမျိုးတွေဟာ ဘူးသီးကို ဟင်းခါးအဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုးလည်း ရှိပါတယ်။ သို့ပေမယ့် မသန့်ရှင်းတဲ့ ဆီနဲ့ ကြော်ထားတဲ့ ဘူးသီးကြော်က ကျန်းမာရေးအတွက် အပြည့်အစုံတော့ မရနိုင်ဘူး၊ ဆိုးကျိုးတချို့လည်း ဖြစ်စေနိုင်တယ်ဆိုတာတော့ ပြောဖို့လိုမယ် မထင်ပါဘူးနော်။ ဘူးသီး စားပေးတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

သင့် အသည်းကို ကာကွယ်ပေးတဲ့ ဘူးသီး

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီပါဝင်မှု နည်းပြီး အမျှင်ဓာတ်၊ ဗီတာမင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့် (သွပ်)၊ သိုင်ယာမင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်မှုများတာကြောင့် အသည်းကို သန့်စင်စေတယ်၊ ပြန်လည် အားဖြည့်ပေးတယ်၊ ပြီးတော့ အရက်ကြောင့် ထိခိုက်စေနိုင်တာတွေကို ကာကွယ်ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေတဲ့ ဘူးသီး

ဘူးရွက်ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီးအရည်ကတော့ ဆံပင်ဖြူတာကို လျော့ကျစေပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေတဲ့ ဘူးသီး

ဘူးသီး စားပေးခြင်းဖြင့် သင့်ကိုယ်ခန္ဓာ နုံးချည့်ညောင်းညာမှုတွေ လျော့ကျစေပြီး လန်းဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ နေ့ရက်တွေမှာ လန်းဆန်းစေပါတယ်။

အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေတဲ့ ဘူးသီး

ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ်သတ္တိ ရှိတာကြောင့် အက်စစ်ဓာတ်လွန်ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ် အနာတို့ကို သက်သာစေပါတယ်။

စိတ်စွဲလွန်ဝေဒနာကို သက်သာစေတဲ့ ဘူးသီး

ဘူးသီးဟာ နာ့ဗ်ကြောတွေကို အားကောင်းစေတဲ့အတွက် အလုပ်တခုကို အကြိမ်ကြိမ် အထပ်ထပ် လုပ်တတ်တဲ့ စိတ်စွဲလွန်ဝေဒနာ (OCD) ကို လျော့ကျစေပါတယ်လို့ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုမှာ ဖော်ပြထားပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေတဲ့ ဘူးသီး

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန် လျော့ကျစေတဲ့ အစားအစာအဖြစ်လည်း စားသုံးကြပါတယ်။

မျက်စိကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဘူးသီး

ဘူးသီးမှာ ဘီတာကယ်ရိုတင်း ပမာဏများစွာ ပါဝင်တဲ့အတွက် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘူးသီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူလမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစတာတွေကိုလည်း သက်သာစေတဲ့အပြင် ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ပါဝင်နေတာကြောင့် ရောဂါအများစုကို တွန်းလှန်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေတဲ့ ဘူးသီး

ဘူးသီးမှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ်ကာလွိုက်တွေက သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေတာကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။

အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေတဲ့ ဘူးသီး

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်တို့ များစွာပါဝင်တဲ့အတွက် အထွေထွေ ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။

Ref: မြန်မာ့အစားအစာနဲ့အာဟာရ

အေဘယ်လ်

Credit: ဧရာဝတီ

"ချစ်သူတွေကြားမှာ ဘယ်တော့မှ မပြောသင့်တဲ့ စကား (၅) ခွန်း"


"ချစ်သူတွေကြားမှာ ဘယ်တော့မှ မပြောသင့်တဲ့ စကား (၅) ခွန်း"

ချစ်သူတွေကြားထဲမှာ ဒီစကားတွေ ခဏခဏ ပြောမိနေရင် မကောင်းပါဘူး။

သင်ဟာ အိမ်ထောင်သည်တစ်ဦး၊ ဒါမှမဟုတ် အချိန်ကြာနေပြီဖြစ်တဲ့ ချစ်သူဘဝကို ပိုင်ဆိုင်ထားသူ ဆိုရင်တော့ အခုဖော်ပြမယ့် စကားတွေကို မပြောသင့်ပါဘူး။ တစ်ချို့ စကားတွေဟာ မပြောလိုက်တာက အနာဂတ်အတွက် ပိုပြီး ကောင်းပါတယ်။

ဒီစကားမျိုးတွေ ပြောလိုက်ပြီဆိုရင် သင်တို့ရဲ့ အချစ်ဇာတ်လမ်း တခန်းရပ်သွားနိုင်ပါတယ်။

၁။ နင် ဘယ်တော့မှ ပန်းကန်ဆေးမပေးဘူး။ အမြဲတမ်း အဲမှာ ထိုင်နေသိလား

ဒါဟာ တော်တော်ဆိုးပါတယ်။ ကိုယ့်ရဲ့ ချစ်သူ၊ သို့မဟုတ် အိမ်ထောင်ဖက်ကို ပြောတဲ့အခါ “ဘယ်တော့မှ” ဆိုတဲ့စကားနဲ့ “အမြဲတမ်း” ဆိုတဲ့ စကားကို မပြောမိပါစေနဲ့။ ဒါဟာ သူတစ်ခါမှ မလုပ်ဖူးဘူးဆိုတဲ့ အဓိပ္ပါယ် ရပါတယ်။

၂။ နင်က နင့်အမေအတိုင်းပဲ

ဒါလည်း ဆိုးပါတယ်။ စကားများ ရန်ဖြစ်တဲ့အခါ မိဘတွေကို ထည့်ပြောလိုက်ရင် ပိုပြီး နာကျည်းတတ်ကြပါတယ်။

၃။ နင်က သိပ်တတ်နေတယ်ပေါ့လေ

ဒါဟာ စော်ကားတာနဲ့ အတူတူပါပဲ။ ခိုင်မြဲတဲ့ အချစ်ရေးမှာ အပြန်အလှန် လေးစားမှုလည်း မဖြစ်မနေ ပါဝင်ရပါတယ်။ ဒီလိုပြောတာဟာ တဖက်လူကို သာမန်စကားထက် နှစ်ဆမက ပိုပြီး နာကျင်စေပါတယ်။

၎။ နင်က တော်တော် အသုံးမကျတဲ့ ဖခင်ပဲ (ချစ်သူပဲ)

တစ်ဖက်လူကို မကျေနပ်တဲ့အခါ အပြစ်ပြောတာ သိပ်တော့ ဆိုးရွားတယ် မဆိုနိုင်ပါဘူး။ ဒါပေမယ့် သူ့အတွက် အရေးပါသူတွေအတွက် အသုံးမကျဘူးလို့ ပြောလိုက်တဲ့အခါ ပြန်ညှိယူလို့မရအောင် ဆိုးသွားနိုင်ပါတယ်။

၅။ ငါ့ကို မစောင့်နဲ့တော့

တဖက်သူရဲ့ ခံစားချက်ကို တိုက်ရိုက်ထိခိုက်စေတဲ့ စကားပါ။ အချိန်မရလို့ ဆိုရင်တောင် နားလည်အောင် ရှင်းပြသင့်ပါတယ်။ ငါ့ကို မစောင့်နဲ့တော့ဆိုတဲ့ စကားမျိုးကို ခဏခဏ ကြားရတဲ့သူဟာ စိတ်ပျက်လာတက်ပါတယ်။

Source : Huffington

Credit: duwun

"သင့်အသည်းကို ခွဲသွားခဲ့သူကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်း (၇) ချက်"


"သင့်အသည်းကို ခွဲသွားခဲ့သူကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်း (၇) ချက်"

ကောင်းခြင်းတွေက အခုမှ စတာပါ။

သူက သင့်အသည်းကို ရက်ရက်စက်စက် ခွဲသွားတဲ့အတွက် သင် သူ့ကို မုန်းနိုင်ပါတယ်။ ဒါပေမဲ့ သင် အသည်းကွဲတာက မကောင်းဘူးလို့ ထင်နေသလား။ ဒီအချက်တွေကို စဉ်းစားကြည့်လိုက်ပါ။

၁။ သူ့ရဲ့စိတ်ရင်း အစစ်အမှန်ကို သိလိုက်ပြီ

ရည်းစားဘဝမှာ သူ တောက်လျှောက်လိမ်ခဲ့သမျှ အခု သူဘာလဲဆိုတာ သင် သိလိုက်ပြီလေ။ သူဟာ သင်ထင်တဲ့သူမျိုး မဟုတ်တဲ့အတွက် ဝမ်းနည်းစရာပေမဲ့ သူလှည့်စားနေတာတွေကို သင် သိခွင့်ရလိုက်ပြီ။

၂။ သင့်ရဲ့ အကောင်းဆုံးနေ့ရက်တွေ ရောက်မလာသေးဘူး

သင့်ရဲ့ ပျော်ရွှင်စရာအကောင်းဆုံး နေ့ရက်တွေကို ဖန်တီးပေးမယ့်သူဆီ ရောက်ဖို့ ခြေတစ်လှမ်း နီးကပ်သွားပါပြီ။ သူနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့အတွက် သင့်ရဲ့လှပတဲ့အနာဂတ်ကို လွတ်လွတ်လပ်လပ် ရှာဖွေနိုင်သွားပြီ။

၃။ သင့်ရဲ့ဇာတ်လမ်းက မပြီးသေးဘူး

သူဟာ မကောင်းတဲ့ ယောက်ျားတစ်ယောက် ဖြစ်တဲ့အတွက် ယောက်ျားတိုင်း ဒီလိုပဲလို့ မတွေးလိုက်ပါနဲ့။  သင့်မျှော်လင့်ချက်တွေကို အကောင်အထည် ဖော်ပေးနိုင်တဲ့သူတစ်ယောက် ကမ္ဘာပေါ်မှာ ရှိနေပါတယ်။ ဒါဟာ အဆုံးသတ် မဟုတ်ပါဘူး။

၎။ ဘဝလက်တွဲဖော်မဟုတ်တဲ့သူနဲ့ သင် အတူရှိမနေတော့ဘူး

သင့်ရဲ့ လက်တွဲဖော် အစစ်အမှန်မဟုတ်တဲ့သူနဲ့ သင် ဘယ်လောက်နှစ်တွေကြာကြာ ထပ်မံ ကုန်ဆုံးသွားနိုင်လဲဆိုတာ စဉ်းစားကြည့်ပါ။ အခုလို သူနဲ့ ပြတ်ပြတ်သားသား လမ်းခွဲလိုက်တဲ့အတွက် သင့်ရဲ့အချိန်တွေ နောက်ထပ် ပြုန်းတီးမကုန်တော့ပါဘူး။ သင်နဲ့ တကယ်သင့်တော်သူကို ရှာဖွေနိုင်ပြီလေ။ ဘဝတိုတိုလေးမှာ သင်နဲ့ ထာဝရလက်မတွဲနိုင်တဲ့ ယောက်ျားတစ်ယောက်အကြောင်းကို စဉ်းစားပြီး ဘာလို့ အချိန်ဖြုန်းနေမှာလဲ။

၅။ သင်က ဘယ်လိုလူလဲ၊ သင် ဘာလိုချင်တာလဲဆိုတာ သိလာလိမ့်မယ်

အဆင်မပြေတဲ့ ဆက်ဆံရေးတစ်ခုကနေ သင်ခန်းစာတွေ အများကြီးရပါတယ်။ အခုဆိုရင် လူတစ်ယောက်နဲ့ ပတ်သက်ပြီး သင် ဘာကို သဘောကျတယ်၊ ဘာကိုသဘောမကျဘူး၊ သင်ဖြစ်ချင်တာ ဘယ်လိုဆိုတာကို ကောင်းကောင်း နာလည်သွားပါလိမ့်မယ်။

၆။ သူနဲ့ အတူတကွနေဖို့ ဆုံးဖြတ်ခဲ့ရင် သင် ပျော်ရွှင်ရမှာမဟုတ်ဘူး

ကိုယ်နဲ့ သဘောထားချင်း မတိုက်ဆိုင်သူ ဒါမှမဟုတ် ကိုယ့်အပေါ် တကယ်မကြင်နာသူနဲ့သာ သင့်ဘဝကို ထူထောင်မိခဲ့ရင် သင် ဘယ်တော့မှ စစ်မှန်တဲ့ ပျော်ရွှင်မှုကို ရမှာမဟုတ်ပါဘူး။ သင့်ဘဝမှာ ဖြစ်နေတဲ့ အဆိပ်အတောက်ကို သင် ဖယ်ရှားလိုက်တာပါ။ အခုဆိုရင် သင်ဟာ လွတ်လပ်သွားပါပြီ။ အခုချိန်မှာ ခံစားရပေမဲ့ တချိန်မှာ သူနဲ့ အတူရှိနေစဉ်ကထက် အများကြီး ပျော်စရာကောင်းတဲ့ အချိန်တွေကို သင် ပိုင်ဆိုင်ရတော့မှာပါ။

၇။ အဆုံးသတ်ကို ကြောက်မနေရတော့ဘူး

သူနဲ့ လမ်းခွဲတော့မယ်လို့ ဆုံးဖြတ်ချိန်မှာ တစ်ယောက်တည်းဖြစ်ရမှာကို သင် အရမ်းကြောက်ခဲ့တယ်။ အခု တကယ် တစ်ယောက်တည်း ဖြစ်သွားတဲ့အခါ တစ်ကိုယ်တည်းဘဝက ထင်သလောက် မဆိုးဘူးဆိုတာ သင် သိလာတယ်။ လွတ်လပ်မှုရဲ့ အရသာကို အပြည့်အဝ သင် ခံစားရပြီ။ အမြဲတမ်း ပျော်စရာကောင်းမနေတဲ့ အချစ်ရေးတွေထက် လွတ်လပ်ပေါ့ပါးတဲ့ တစ်ကိုယ်တည်းဘဝကို ဘာလို့ ကြောက်ရွံ့ခဲ့မိပါလိမ့်လို့ တွေးမိလာမယ်။

Source & Photos : Life

Credit: duwun