Monday, February 29, 2016

တချို့လူတွေက


တချို့လူတွေက သင့်ကို မချစ်နိုင်ဘူး။ ဒါပေမဲ့ သင့်ဆီကအချစ်ကိုလည်း သူတို့က လိုချင်တယ်။

တချို့လူတွေက သင်ညာမှာတော့ ကြောက်တယ်။ ဒါပေမဲ့ သူတို့ကျ ညာနေကြတယ်။

တချို့လူတွေက သင့်ဆီက ဂရုစိုက်မှုကျ လိုချင်တယ်။ ဒါပေမဲ့ သူတို့ကျ ဂရုမစိုက်တတ်ကြဘူး။

တချို့လူတွေက သင်လှည့်စားမှာ ကြောက်တယ်။ ဒါပေမဲ့ သူတို့ကျ သင့်ကို လှည့်စားနေကြတယ်။

တချို့လူတွေက သင့်ကို ထွက်သွားခွင့်မပေးဘူး။ ဒါပေမဲ့ သင်နေချင်အောင်လည်း သူတို့ဟာ မစွမ်းဆောင်နိုင်ကြဘူး။

တချို့လူတွေက သင်အချစ်သစ်တွေ့သွားမှာ စိုးတယ်။ ဒါပေမဲ့ သူတို့အပေါ်ကို စိတ်မပျက်အောင်တော့ မကြိုးစားကြဘူး။

တချို့လူတွေက သိပ်ရီရတာပဲ။ သူတို့လုပ်ချင်တာ လုပ်မယ်။ ဒါပေမဲ့ သင့်ကိုကျ လုပ်ချင်တာလုပ်ဖို့ ခွင့်မပြုတတ်ကြဘူး။

သူတို့ သင့်ကို အရုပ်တရုပ်၊ ကစားစရာတစ်ခုလို သဘောထားတယ်။ အဲဒီလူတွေဆီက သင်မရုန်းထွက်နိုင်ရင် သင် တသက်လုံး ဒဏ်ရာတွေရနေမှာပဲ။

Credit: ကောင်မလေးရဲ့ကောင်လေး

"သူနဲ့ လမ်းခွဲပြီးတဲ့နောက်"


"သူနဲ့ လမ်းခွဲပြီးတဲ့နောက်"

ချစ်သူနှစ်ဦး အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ကြတယ်။ လမ်းခွဲခြင်းသည် ဘဝတွင် စိတ်ထိခိုက်စရာ အကောင်းဆုံး တွေ့ကြုံမှုများအနက် တခုဖြစ်နိုင်ပါသည်။ အမှန်မှာ လမ်းခွဲခြင်းသည် သင့်ဘဝ တစိတ်တပိုင်း သေသွားသည်နှင့် မခြားဟု တချို့က ဆိုခဲ့ကြသည်။ သင်သည် အောက်ဖော်ပြပါအတိုင်း ခံစားရနိုင်ပြီး တဦးတယောက် သေဆုံးသွားသကဲ့သို့လည်း ဝမ်းနည်း ပူဆွေးရနိုင်သည်။

(၁) လက်မခံနိုင်ခြင်း
သူ ငါ့ကို သိပ်ချစ်ခဲ့တာပဲ ငါ အိပ်မက်များ မက်နေတာလား။

(၂) ဒေါသထွက်ခြင်း
ငါ့ကို ဘာကြောင့် ဒီလိုလုပ်သွားရတာလဲ။ လုံးဝ သည်းမခံနိုင်ဘူး။

(၃) စိတ်ဓာတ်ကျဆင်းခြင်း
ငါဟာ ဆွဲဆောင်မှု မရှိဘူး။ ငါ့ကို ဘယ်သူကမှ သူ့လို ချစ်မှာ မဟုတ်တော့ဘူး။

(၄) လက်ခံခြင်း
ငါကောင်းသွားမှာပါ။ လမ်းခွဲလိုက်လို့ နာကျင်ရပေမဲ့ ငါ ပြန်ကောင်းလာပါပြီ။
သတင်းကောင်းမှာ သင်သည် လက်ခံခြင်းအဆင့်ကို ရောက်ရှိနိုင်ခြင်း ဖြစ်သည်။

ရှေ့ဆက်၍ သင် အသဲကွဲနေသည်ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန်

(၁) ဝမ်းနည်းကြေကွဲလိုက်ပါ
ငိုကြွေးလိုက်ခြင်းက မမှားပါ။ အမှန်မှာ မျက်ရည်ကျခြင်းက သင်သည် လူပျော့လူညံ့ ဖြစ်သည်ဟု မဆိုလိုပါ။ သင့်ရဲ့ ဝမ်းနည်းကြေကွဲနေတဲ့ နှလုံးသားကို မျက်ရည်များနဲ့အတူ ဖွင့်ထုတ်လိုက်ပါ။

(၂) သင့်ကျန်းမာရေးကို ဂရုစိုက်ပါ
ကာယလေ့ကျင့်ခန်းနှင့် သင့်တော်သော အစာအဟာရက လမ်းခွဲခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုမှ ဆုံးရှုံးသွားသည့် အားအင်တွေကို ပြန်လည် ဖြည့်ပေးပါလိမ့်မည်။

(၃) အလုပ်များနေပါ
သင်စိတ်ဝင်စားသော အရာများအား လုပ်ဆောင်ခြင်းကို မရပ်တန့်လိုက်ပါနှင့်။ သင့်ကို ဂရုစိုက်သော သူများနှင့် ပေါင်းသင်းခြင်းက သင့်အား အပြုသဘောရှိသည့် အရာအပေါ် အာရုံစိုက်စေပါလိမ့်မည်။

လမ်းခွဲစတွင် အဆိုပါစကားများက သင့်ကို နှစ်သိမ့်ပေးနိုင်လိမ့်မည် မဟုတ်ချေ။ လေမုန်တိုင်းတိုက်နေစဉ် မည်းမှောင်နေသော ကောင်းကင်နှင့် ရွာချလိုက်သော မိုးကို အာရုံစိုက်ဖို့ လွယ်ကူသည်။ သို့သော် တဖြည်းဖြည်း မိုးတိတ်သွားပြီး ကောင်းကင်မှာ ကြည်လင်လာ၏။ လူငယ်များသည် အချိန်တန်သော် အခြေအနေမှန်သို့ ပြန်ရောက်ခဲ့ကြကြောင်း တွေ့ရှိခဲ့ရသည်။

Credit: Testing

မိန်းမကို အလိုလိုက်နိုင်တဲ့ယောက်ျား


မိန်းမကို အလိုလိုက်နိုင်တဲ့ယောက်ျား
ပျော်ရွှင်မှုကို ရသွားတယ်

မိန်းမကို ပိုက်ဆံပေးသုံးနိုင်တဲ့ယောက်ျား
ကြီးပွားချမ်းသာမှုကို ရသွားတယ်

မိန်းမကို ပျော်အောင်ထားနိုင်တဲ့ယောက်ျား
စိတ်၏ချမ်းသာမှုကို ရသွားတယ်

မိန်းမကို သည်းခံနိုင်တဲ့ယောက်ျား
ကိုယ်၏ကျန်းမာမှုကို ရသွားတယ်

မိန်းမ စကား နားထောင်နိုင်တဲ့ယောက်ျား
အကြံကောင်း ဥာဏ်ကောင်းတွေရပြီး အောင်မြင်မှုကို ရသွားတယ်

မိန်းမ ဘာသာရေး ကိုင်းရှိုင်းတာ အားပေးနိုင်တဲ့ယောက်ျား
ကိုယ်တိုင်လည်း ကောင်းမှုကုသိုလ်တွေ ရသွားတယ်

မိန်းမကို မိဖုရားလိုထားနိုင်တဲ့ ယောက်ျား
ကိုယ်တိုင်လည်း ဘုရင်လို စံစား ရသွားတယ်

မိသားစုကို ချစ်မြတ်နိုးတဲ့ ယောက်ျား
မိသားစုရဲ့ လေးစားခြင်းကို အပြည့်အဝ ရသွားတယ်

ယောက်ျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမကို ကိုယ်ထိလက်ရောက် မရိုက်ဘူး

ယောက်ျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမကို စိတ်ဆင်းရဲအောင်၊ စိတ်ပျက်အောင် မလုပ်ဘူး

ယောက်ျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမကို လူတွေအလည်မှာ မျက်နှာမငယ်စေဘူး

ယောက်ျားကောင်းဆိုတာ ဘယ်တော့အခါမှ
ကိုယ့်မိန်းမကို အချစ်မလျော့ဘူး၊ ရိုးအီမသွားဘူး

ယောက်ျားကောင်းဆိုတာ မယားအပေါ်
လင့်ကျင့်ဝတ်နှင့်အညီ တာဝန်ကျေနိုင်တာပါ သူငယ်ချင်း

Credit: Tue Poe

"အချစ် = အတ္တ"


"အချစ် = အတ္တ"

လူတွေ တယောက်နဲ့တယောက် ပြောနေကြတဲ့ “ချစ်တယ်” ဆိုတဲ့စကား။ အဲဒါ မှားတယ်။ လူနှစ်ယောက် တွေ့ကြတယ်။ သူ့ရဲ့ အပြုအမူလေးတွေ၊ အရည်အချင်း ဒါမှမဟုတ် ချောမောလှပခြင်း အဲဒီအချက်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် စိတ်ဝင်စားလာကြတယ်။

အဲဒီကနေ “စ” တဲ့ချစ်ခြင်း။ အဲဒါ ချစ်တာမဟုတ်ဘူး “ကြိုက်တာ”။ သူ့ရဲ့လှုပ်ရှားမှု အပြုအမူလေးတွေကို ကြိုက်သွားတာ။ “ကြိုက်တယ်” ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ “လိုချင်တပ်မက်မှု” “ပိုင်ဆိုင်လိုမှု” ဆိုတာတွေပါ ကပ်လိုက်လာတတ်တယ်။

အဲဒါဟာ “အတ္တ” ပဲ။ ကိုယ့်ကိုယ်ကို ချစ်တဲ့ “အတ္တ”။ ကိုယ်ကြိုက်တဲ့ အရာတခုကို ကိုယ်တစ်ယောက်တည်းအတွက် အပိုင်လိုချင်လာတဲ့ “အတ္တ”။ ကိုယ့်စိတ်ကို ဖျော်ဖြေဖို့ သူ့ကို အသုံးချချင်သွားတဲ့ (လိုချင်သွားတဲ့) အတ္တ။ အဲဒီ “အတ္တ” ဆိုတဲ့ စကားလုံးကို လူကြားကောင်းအောင် “ချစ်တယ်” ဆိုတဲ့ စကားလုံးချိုချိုတွေနဲ့ ဖုံးအုပ်ထားကြတာပါ။

ကျမကတော့ လူတယောက်ကို “ရှင့်ကို ကျမ သိပ်ချစ်တာပဲ” လို့ ပြောမယ့်အစား “ရှင့်ကို ကျမ အရမ်းမြတ်နိုးတာပဲ” ဆိုတဲ့ အသုံးနှုန်းကိုပဲ သုံးဖြစ်မှာပါ။

“မြတ်နိုးတယ်” ဆိုတာ ရယူပိုင်ဆိုင်ခြင်းကင်းတဲ့၊ အတ္တ မပါတဲ့၊ ချုပ်ကိုင်မှုကင်းတဲ့ တကယ့် “ချစ်ခြင်း” အစစ်သာ ဖြစ်မည်ဆိုပါလျှင်……

ကျမ ရှင့်ကို အရမ်းမြတ်နိုးပါသည်။

Credit: Testing

Sunday, February 28, 2016

"မိန်းမတွေ ယောက်ျားတွေဆီက ဘာတွေ လိုချင်တာလဲ"


"မိန်းမတွေ ယောက်ျားတွေဆီက ဘာတွေ လိုချင်တာလဲ"

ရှေးပဝေသဏီကတည်းက ကမ္ဘာပေါ်မှာ လူသားတို့ အသိချင်ဆုံး မေးခွန်းတခုကို ယနေ့ခေတ် သုတေသနသမားတွေက ဖွင့်ချ ဖြေဆိုလိုက်ပါပြီ။ အဲဒီ မေးခွန်းကတော့ မိန်းမတွေ ယောက်ျားတွေဆီက ဘာတွေ လိုချင်လဲ ဆိုတာပါပဲ။

မီဒီယာ ကုမ္ပဏီသစ်တခုဖြစ်တဲ့ Broad Lit ဦးစီးပြီး ပြုလုပ်တဲ့ သုတေသနပြု လေ့လာမှု တခုမှာတော့ ချစ်ခြင်းနဲ့ ဆက်နွယ် ဆက်စပ်နေလေ့ရှိတဲ့ ယနေ့ခေတ် အမျိုးသမီးရော၊ အရင်ရှေးခေတ် အမျိုးသမီးရော အယောက် ၂၀၀ ကျော်ကို တွေ့ဆုံပြီး စစ်တမ်းကောက်ယူခဲ့ပါတယ်။

စစ်တမ်းအရ အမျိုးသမီးတွေဟာ သူတို့ရဲ့ သမီးရည်းစား၊ ခင်ပွန်း ယောက်ျားတွေဆီက ရယ်ရွှင်ပျော်ရွှင်တဲ့ ဟာသဉာဏ်တို့ ရရှိဖို့ လိုလားပါသတဲ့။ ဒါကြောင့် ယောက်ျားတယောက်ဟာ ဟာသဉာဏ်ရှိဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ TruLoveStories.com မှာ ဖော်ပြထားတာကတော့ အမျိုးသမီး ၇၅ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ခင်ပွန်း၊ ရည်းစား၊ ချစ်သူ ယောက်ျားက ရယ်မောအောင် ပြောဆိုလုပ်ဆောင်တာက အမျိုးသမီးရဲ့ နှလုံးသားကို ဆုပ်ကိုင်ဖို့ တကယ့်သော့ချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ယောက်ျားတဦးဟာ တောင့်တင်းသန်မာ အားကောင်းတာတွေ၊ ငွေကြေး ချမ်းသာ ပြည့်စုံတာတွေ မေ့ထားလိုက်၊ အရေးကြီးတာက သင့်မှာ ဟာသဉာဏ်ရှိဖို့ပဲ လိုပါတယ်။ မိန်းမတွေ ယောက်ျားတွေဆီက လိုလားတဲ့ ဒုတိယ အချက်လည်း အံ့သြစရာပါ။ သူတို့ရဲ့ ချစ်သူရည်းစား၊ ခင်ပွန်း ယောက်ျားဟာ တခြားအမျိုးသမီးတွေနဲ့ ပရောပရည် လုပ်၊ မျက်နှာများတာထက် သူတို့ကို မေ့လျှော့တာက ပိုပြီး ခံစားရစေတယ်လို့ ဆိုပါတယ်။ အမျိုးသမီး ၃၃ ရာခိုင်နှုန်းရဲ့ ဖွင့်ဟပြောဆိုတာကတော့ တခြား မိန်းမတွေနဲ့ ဘယ်လိုပဲနေနေ၊ သူတို့ပြောခဲ့တဲ့ စကားတွေ မမေ့ရင် မိန်းကလေးတွေက ကျေနပ်ပြီးသားလို့ ဆိုတယ်။ ဒါကြောင့် ယောက်ျားတို့အနေနဲ့ ကိုယ့်ရဲ့ လက်တွဲဖော်၊ သမီးရည်းစား၊ ဇနီးသည် ပြောတဲ့ စကားတွေ၊ သူတို့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ အသေးစိတ်ကစ မှတ်မိနေဖို့ လိုပါတယ်။

ဒါကြောင့် မိန်းကလေးတွေဟာ ယောက်ျာတွေဆီက မေ့လျော့တာကို မလိုလား၊ အသိအမှတ်ပြု အလေးထားတာကို လိုလားတယ်ဆိုတာ သိနိုင်ပါတယ်။

နောက် တတိယ တချက်ကလည်း အမျိုးသားများ သတိပြု ဆင်ခြင်စရာပါ။ ဖိုသီဖတ်သီ နေထိုင်တတ်သူတွေကို မိန်းမတွေက သဘောမကျကြပါဘူး။ အဲဒီလို လူနဲ့လည်း သူတို့ဟာ တွဲသွားတွဲလာ မလုပ်ချင်ကြပြန်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် သန့်ရှင်းသပ်ရပ်စွာ နေထိုင်တတ်တာကို မိန်းမတွေက လိုလားကြပါတယ်။ သန့်ရှင်းသပ်ရပ်မှုက မိန်းကလေးတွေကို ဆွဲဆောင်နိုင်ပါသတဲ့။

အနှစ်ချုပ်ပြီး ပြောရရင်တော့ အမျိုးသမီးတွေဟာ ယောက်ျားတွေဆီက အလေးအနက်ထားပြီး တန်ဖိုးထား ဆက်ဆံတာလည်း လိုလားသလို ဟာသပြော ရယ်မောရတာလည်း လိုလားကြတယ်ဆိုတာ everydayhealth.com မှာ ဖော်ပြထားတာကို မျှဝေပေးလိုက်ပါတယ်။

အေဘယ်

Credit: ဧရာဝတီ

"ပြောင်းလဲခြင်း နိယာမ"


"ပြောင်းလဲခြင်း နိယာမ"

မင်းကို ချစ်နေတုန်းကတော့ မင်းဟာ ကိုယ့်ဘ၀ရဲ့ နတ်သမီး။

မင်းကို ဖွင့်ပြောတုန်းကတော့ မင်းဟာ ကိုယ့်ဘ၀ရဲ့ လမ်းပြကြယ်။

မင်းရဲ့ အဖြေရတုန်းကတော့ မင်းဟာ ကိုယ့်ဘ၀ရဲ့ အလင်းရောင်။

မင်းနဲ့ လက်ထပ်ပြီးချိန်မှာတော့ မင်းဟာ ကိုယ့်ဘ၀ရဲ့ အကျဉ်းထောင်။ ။

Credit: laypyay

Friday, February 26, 2016

"မိန်းကလေးတွေနဲ့ ချစ်ခြင်းသီအိုရီ"


"မိန်းကလေးတွေနဲ့ ချစ်ခြင်းသီအိုရီ"

မိန်းကလေးတွေရဲ့ ချစ်စိတ်ဟာ မိခင်စိတ်နဲ့ အခြေခံ ဖွဲ့တည်ထားတယ်လို့ ယုံကြည်ကြပြီး ယောက်ျားလေးအများစုဟာလည်း မိခင်စိတ်ဓာတ်ခံများတဲ့ မိန်းကလေးတွေကို ပိုမို နှစ်သက်လိုလားကြတယ်လို့ ကြားဖူးပါတယ်။ အများအားဖြင့် မိန်းကလေးတွေနဲ့ ယောက်ျားလေးတွေမှာ  မိန်းကလေးတွေက ပိုမိုချစ်တတ်ကြတယ်၊ ကြင်နာတတ်ကြတယ်၊ ပေးဆပ်တတ်ကြတယ်၊ ပိုမိုသတ္တိရှိတတ်ကြတယ်။ ဒါတွေဟာ မွေးရာပါ “မ” သဘာဝ မိခင်စိတ်ဓာတ်ခံကြောင့်လို့ ပြောကြပေမယ့် ယောက်ျားလေးတွေမှာလည်း မတူညီတဲ့ ချစ်ခြင်းမေတ္တာအင်အားထု ကြီးမားကြတာ ရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေးတွေအပေါ် ထားတဲ့ မိန်းကလေးတွေရဲ့ သဘောထားတွေဟာ တစ်ယောက်နဲ့တစ်ယောက် မတူကြပါ။

မိန်းကလေးတွေမှာ တစ်ချို့က မိမိရဲ့ချစ်သူအပေါ်မှာ မိမိဘဝတစ်ခုလုံးကို ပုံအော ချစ်လိုက်တတ်ကြတယ်၊ တစ်ချို့က မိမိဘဝရဲ့ တစ်စိတ်တစ်ပိုင်းကိုသာ မြှပ်နှံပြီး ချစ်တတ်ကြတယ်။ တစ်ချို့ကျပြန်တော့လည်း ဦးနှောက်ကိုအခြေခံပြီး နှလုံးသားကို ရာခိုင်နှုန်းအနည်းငယ်မျှ ထည့်သွင်းကာ ချစ်ခင်တတ်ကြသလို တစ်ချို့ကျတော့လည်း နှလုံးသားနဲ့ ဆက်ဆံပေမယ့် နှလုံးသားတစ်ခုလုံးကို မမြှပ်နှံတတ်တဲ့ မိန်းကလေးတွေလည်း ရှိကြပြန်တယ်။

တစ်ချို့မိန်းကလေးတွေ မိမိချစ်သူတို့နဲ့ ပြတ်စဲကြရတဲ့အခါ နလန်မထူနိုင်အောင် ခံစားကြရသူတွေရှိပြီး တစ်ချို့က ကြံ့ကြံ့ခံ ရပ်တည်နိုင်တာတွေ ရှိကြပါတယ်။ ဒါတွေက ဘယ်အရာပေါ်မှာ အခြေခံသွားသလဲဆိုတော့ မိန်းကလေးတွေရဲ့ မိမိရဲ့ချစ်သူအပေါ် ပုံအောယုံကြည်ခြင်းအပေါ်မှာ ကွာသွားပါတယ်။ ချစ်သူအပေါ်မှာ ယုံကြည်စွာ ချစ်နိုင်ပါတယ်။ ဒါပေမယ့် မိမိအတွက် နေရာလေးတစ်နေရာလေးတော့ ချန်ထားသင့်တာတော့ အမှန်ပါ။ လူဆိုတာ ပြောင်းလဲဖောက်ပြန်တတ်တဲ့ သဘာဝရှိရာ မမြင်နိုင်တဲ့ ကံတရားအတွက် မိမိရဲ့ နှလုံးသားတစ်နေရာကိုတော့ အရေးကြုံလာရင် နလန်ထူနိုင်ဖို့ ချန်လှပ်ထားသင့်ပါတယ်။ ပြီးတော့ ချစ်သူရှိလာပြီဆိုရင်ဖြင့် မိမိရဲ့စိတ်ကို ပြင်ဆင်ထားနိုင်ရင် အကောင်းဆုံးပါ။

မိန်းကလေးတို့သဘာဝ ချစ်သူရဲ့ ချစ်ခင်ယုယမှုကို ရရှိခဲ့ရင် ပျော်ရွှင်နိုင်ပေမယ့် မထင်မှတ်ထားတဲ့ ချစ်သူရဲ့ စိမ်းကားမှု၊ လျစ်လျူရှုမှုတို့ ကြုံလာခဲ့ရင်လည်း အဖြေရှာရင်ဆိုင်နိုင်ဖို့ သတ္တိစွမ်းအားတစ်ခု လိုပါတယ်။ ဒါမှသာ ချစ်ခြင်းရဲ့ လွှမ်းမိုးမှုအောက်က ရုန်းထွက်နိုင်သလို  လိုရာခရီးကို ဆက်လက်နိုင်မှာ ဖြစ်ပါတယ်။ ချစ်သူရဲ့ ရက်စက်စိမ်းကားမှု ကြုံရတဲ့အခါ ခံနိုင်ရည်မရှိဘဲ ဘဝကို လက်လျော့သွားကြတဲ့ မိန်းကလေးတွေဟာ ချစ်သူအပေါ် ပုံအောယုံကြည်ခြင်းနဲ့ ပြင်ဆင်မှု အားနည်းခြင်းကြောင့်ဘဲ ဖြစ်ပါတယ်။

ကြီးမားကျယ်ပြန့်တဲ့ မိခင်လိုမျိုး နှလုံးသားနဲ့ ချစ်ခင်တတ်ကြတဲ့ မိန်းကလေးတွေကတော့ သူမရဲ့ နှလုံးသားတစ်ခုလုံးကို ပုံအောခြင်းတော့ မရှိကြပါ။  သူမအတွက် ချစ်သူဟာ မရှိမဖြစ် မဟုတ်ပါ။ ဒါပေမယ့် မိခင်တစ်ယောက်ရဲ့ ယုယကြင်နာခြင်းမျိုးနဲ့ ချစ်ခင်ပေးတတ်ကြပါတယ်။ မိမိချစ်သူက အချိန်မရွေး စွန့်ခွာသွားခဲ့ရင် အပြုံးမပျက် လှပစွာ ရပ်တည်မယ်ဆိုတဲ့ ခံယူချက်နဲ့ ချစ်တတ်တာဟာ သူမရဲ့ ခိုင်မာတဲ့ သီအိုရီတစ်မျိုးဘဲ ဖြစ်ပါတယ်။ ဒါကို နှလုံးသားနဲ့ ဆက်ဆံပေမယ့် မိမိရဲ့ နှလုံးသားကို လုံခြုံအောင် စောင့်ရှောက်နိုင်ခြင်းလို့ သတ်မှတ်လို့ ရပါတယ်။

ဒီလိုမတူညီမှုတွေထဲမှာ မိန်းကလေးတွေအနေနဲ့ လက်ကိုင်ထားသင့်တာလေးကတော့ ချစ်သူအပေါ် အပြည့်အဝ ချစ်ခင်မှုပေးနိုင်ပေမယ့် မိမိရဲ့ နှလုံးသားလေးကိုတော့ လုံခြုံအောင် စောင့်ရှောက်နိုင်ခြင်းဆိုတဲ့ သီအိုရီလေးဘဲ ဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးမှုတွေထဲမှာ စိတ်နှလုံး ထိခိုက်ပျက်စီးခြင်းက အဆိုးဆုံးဖြစ်ရာ မိန်းကလေးများ မိမိတို့ နှလုံးသားလေးကို မနာကျင်ရအောင် စောင့်ရှောက်ရင်း ချစ်တတ်ကြစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

Credit: Yangon Life

"သောက များတတ်သူတွေဟာ ဥာဏ်ရည်ဥာဏ်သွေး မြင့်မားသူတွေ ဖြစ်နေ"


"သောက များတတ်သူတွေဟာ ဥာဏ်ရည်ဥာဏ်သွေး မြင့်မားသူတွေ ဖြစ်နေ"

သောကတွေ များနေတာလား။ ဒါဆိုရင် သင်ဟာ တော်တော် စမတ်ကျနေပါပြီ။ လေ့လာမှု အသစ်တစ်ခုအရတော့ အလွန်အကျွံ စိတ်ပူပန်တတ်ခြင်းဟာ မကောင်းတဲ့ အရာတစ်ခု မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ တစ်ချို့ကိစ္စရပ်တွေမှာတော့ အဲဒီလို အလွန်အကျွံ စိတ်ပူပန်တတ်ခြင်းဟာ သင့်မှာ မြင့်မားတဲ့ ဥာဏ်ရည်ဥာဏ်သွေးတွေ ရှိနေတယ်လို့ ဆိုလိုချင်တာပဲ ဖြစ်ပါတယ်။

“မကောင်းတဲ့အမြင်တွေ ပြည့်နေတဲ့ ကိုယ့်အတွေးနဲ့ကိုယ် အချိန်များစွာ ကုန်ဆုံးနေခြင်းနဲ့ သာမန်လူတွေထက် အကြောက်လွန်မှု များနေခြင်းတွေ ဖြစ်နေတယ်ဆိုတာဟာ သင့်အနေနဲ့ အဆိုးမြင် စိတ်ခံစားချက်တွေကို ခံနိုင်ရည်ရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ဆောင်ပါတယ်။ ဒါဟာ တိကျသေချာတဲ့ အာရုံကြောဆိုင်ရာ ကိစ္စရပ်တစ်ခုကို ရည်ညွှန်းပါတယ်။ စိတ်ပိုင်းဆိုင်ရာ မူမမှန်မှု ရလဒ်တွေ မြင့်မားနေခြင်းဟာ မှန်ကန်တဲ့ စိတ်ကူးပုံဖော်နိုင်စွမ်း မြင့်မားတာနဲ့ တူတူပါပဲ” လို့ လန်ဒန်မြို့ ဘုရင့်ကောလိပ်မှာရှိတဲ့ အာရုံကြော ဇီဝဗေဒ ကျွမ်းကျင်သူ ဒေါက်တာ အဒမ်ပါကင်းစ် က ဆိုပါတယ်။

“စိတ်မူမမှန်သူတွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် ကံကောင်းလို့ ပျော်ရွှင်နေရတဲ့သူတွေဟာ ပြဿနာတွေနဲ့ ကြုံတဲ့အခါ အဆင်မပြေကြတော့ပါဘူး။ ပြဿနာ ဖြေရှင်းတဲ့အခါမှာ အပြစ်တင်စရာတစ်ခု ဖြစ်နေတတ်ပါတယ်။ မပျော်ရွှင်ရတဲ့ အနေအထားနဲ့ စိတ်မူမမှန်မှုနှုန်း မြင့်မားခဲ့တဲ့ ဥာဏ်ကြီးရှင်တွေဟာ ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ အဆင်ပြေတတ်တယ်ဆိုတာကို လေ့လာရတာတော့ လွယ်ကူခဲ့ပါတယ်။ ဥပမာ ဗင်းဆင့်ဗန်ဂိုးဟ်နဲ့ ကာ့တ်ကိုဘိန်း တို့လိုပေါ့” လို့ ဒေါက်တာ အဒမ်ပါကင်းစ်က ဆက်လက်ရှင်းပြပါတယ်။

နယူးယော့ခ်မြို့ မှာရှိတဲ့ ပြည်နယ်တက္ကသိုလ်ရဲ့  ဆေးပညာစင်တာမှာ စိတ်ပညာဆိုင်ရာ ပရော်ဖက်ဆာ တစ်ယောက်ဖြစ်ပြီး သုတေသီ တစ်ယောက်လည်းဖြစ်တဲ့ ဒေါက်တာ ဂျယ်ရမီကော့ပ်လန်ကလည်း ဒေါက်တာ အဒမ်ပါကင်းစ်ရဲ့  ယူဆချက်ကို လက်ခံခဲ့ပါတယ်။

“သောကများခြင်းဟာ ကျွန်ုပ်တို့အတွက် မကောင်းဘူးလို့ မြင်ကြည့်မယ်ဆိုရင်တောင် အဲဒါဟာ ဥာဏ်ပညာနဲ့ ဆက်စပ်နေပါတယ်။ အလွန်အကျွံ စိတ်ပူတတ်ခြင်းဟာ လိုက်လျောညီထွေဖြစ်အောင် ဖြေရှင်းနိုင်စွမ်း မြင့်မားခြင်းကို ဦးတည်သွားပါတယ်။” လို့ ဒေါက်တာ ဂျယ်ရမီ ကော့ပ်လန်က ဆိုပါတယ်။ ဒါကြောင့် သောကများခြင်းဟာ သင့်အတွက် စိတ်ဖိစီးစေတဲ့ အရာတစ်ခုသာမဟုတ်ပဲ လူသားဘ၀ရဲ့  ရှင်သန်ခြင်း သော့ချက်တစ်ခု ဖြစ်နေနိုင်တယ်ဆိုတာ မမေ့ပါနဲ့။

Ref:yourtango

Credit:Trend Myanmar

"အောင်မြင်တဲ့ ဆယ်ကျော်သက်ဘဝလေးပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့အချက် (၈) ချက်"


"အောင်မြင်တဲ့ ဆယ်ကျော်သက်ဘဝလေးပိုင်ဆိုင်ဖို့ လိုက်နာသင့်တဲ့အချက် (၈) ချက်"

အောင်မြင်မှုဆိုတာ အရွယ်နဲ့ မဆိုင်ပါဘူး။ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ကိုယ်နဲ့နီးစပ်တဲ့ ပတ်ဝန်းကျင်မှာ အောင်မြင့်ဖို့အတွက်
ကြိုးစားအားထုတ်ခွင့်ရှိပါတယ်။ ဒီတော့ ငယ်ရွယ်လှသေးတဲ့ ဆယ်ကျော်သက် အရွယ်မှာလည်း ဘယ်လိုအောင်မြင်အောင်
လုပ်ရမလဲဆိုတာကို ညီငယ် ညီမငယ်ရှိသူများအနေနဲ့လည်း တစ်ဆင့် ပြန်လည်မျှဝေဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်သဘာနဲ့ကိုယ် နေတတ်ပါစေ။
ကိုယ့်သဘောနဲ့ကိုယ် နေဖို့ဆိုတာ အရာရာကို ဆန့်ကျင်ခိုင်းတာ မဟုတ်ပါ။ ဒီလို နေခြင်းက သင့်ကို အမှီခို ကင်းကင်းနဲ့ သက်တောင့်သက်သာ ဖြစ်စေတယ်၊ ယုံကြည်မှုကို တည်ဆောက်နိုင်စေပါတယ်။

၂။ ကျောင်းမှာကြိုးစားပါ။
ကြိုးစားခြင်းကြောင့် သင့်မှာ ဘာမှ အရှုံးမရှိပါဘူး။ ဆိုတော့ ကြိုးစားပါ။ သူများထက် ကြိုးစားပေးပါ။ အောင်မြင်ချင်တယ်ပြောပြီး မကြိုးစားဘူးဆိုရင် ဘာမှ အရာမရောက်ပါဘူး။

၃။ အသစ်ထွင်မယ်စဉ်းစားတိုင်း ဂရုစိုက်ပါ။
စဉ်းစားချင့်ချိန်နိုင်စွမ်းဟာ အောင်မြင်မှုကို အထူး ကျေးဇူးပြုပါတယ်။ စဉ်းစားချင့်ချိန်နိုင်တဲ့ စိတ်စွမ်းအားကို ပိုင်ဆိုင်ထားရင် အောင်မြင်ဖို့ လမ်းစပါဘဲ။ ဒါကြောင့် ဘာလုပ်လုပ် အမှားအယွင်းနည်းဖို့ စဉ်းစားပါ။

၎။ စိတ်အားထက်သန်ရာကို လုပ်ပါ။
စိတ်အားထန်သန်တဲ့ အလုပ်ကို ဖိနှိပ်ထားရင် လူရဲ့ ကြံရည်ဖန်ရည်နဲ့ ဆန်းသစ်တဲ့ စိတ်ကူးတွေကို အညွန့်ချိုးထားရာ ရောက်ပါတယ်။

၅။ မူးယစ်ဆေး မသုံးပါနဲ့။
မူးယစ်ဆေးသုံးခြင်းဟာ ဘယ်လောက်အထိ ဆိုးဝါးစေတယ်ဆိုတာကို အများကြီး ရှင်းပြစရာ မလိုပါဘူး။ ဒါပေမယ့် ကိုယ်စွမ်းကိုယ်စရှိသူ လူငယ်လေးတွေဟာ မူးယစ်ဆေးရဲ့ သားကောင် ဖြစ်သွားတာနဲ့အမျှ အရမ်းနစ်နာပါတယ်။

၆။ အနာဂတ်ကို ပုံဖော်ပါ။
အောင်မြင်ချင်တဲ့သူမှာ အနာဂတ်ရည်မှန်းချက် ရှိရပါတယ်။ အနာဂတ်ရည်မှန်းချက် မရှိဘဲ အောင်မြင်ချင်တယ်ပြောလဲ အလကားပါဘဲ။ ဒီတော့ တိကျတဲ့ အနာဂတ်ရည်မှန်းချက် ရှိရမှာဖြစ်ပါတယ်။

၇။ ဥာဏ်ပညာအမျှော်အမြင် ရှိသူများနဲ့ ပေါင်းသင်းပါ။
အပေါင်းအသင်းဆိုတာ သင့်ဘ၀ကို ဟိုးအမြင့်ဆုံးထိ ရောက်အောင် ပုခုံးထမ်းတင်ပေးနိုင်သူများ ဖြစ်ပါတယ်။ ဒါပေမယ့် အပေါင်းအသင်းမှားလို့ မဖြစ်ပါဘူး။ မှားတဲ့ အပေါင်းအသင်းကြောင့် လမ်းဘေးရောက်နိုင်သလို မှန်ကန်တဲ့ အပေါင်းအသင်းကြောင့်လည်း သင့်ကို အထွတ်အထိပ်ကို ပို့ပေးတတ်ပါတယ်။

၈။ တက်တက်ကြွကြွနေပါ။
တက်တက်ကြွကြွနေမှ ဥာဏ်ပွင့်ပါတယ်။ လှုပ်လှုပ်ရှားရှားနေမှ ဖျက်လတ်တဲ့ ဦးနှောက်ကို ဖြစ်စေပါတယ်။ ဒါကြောင့် ထုံထုံထိုင်းထိုင်း မနေပါနဲ့။ အရာရာကို နိုးကြားစိတ်ထားမှသာ သင်ဟာ ဖြတ်လက်ထက်မြတ်တဲ့ လူငယ်တစ်ယောက် ဖြစ်လာစေမှာ ဖြစ်ပါတယ်။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

"ဘယ်သူ့မှ ဂရုမစိုက်ဘဲ နေရမယ့်အရာ (၆)ခု"


"ဘယ်သူ့မှ ဂရုမစိုက်ဘဲ နေရမယ့်အရာ (၆)ခု"

၁- ယုံကြည်မှု
ဘာသာရေးယုံကြည်မှုတွေ၊ ဘဝနဲ့ပက်သက်တဲ့ အမြင်တွေပေါ် ယုံကြည်မှုတွေနဲ့ပက်သက်ပြီး ကိုယ်ကြိုက်တာကို ယုံကြည်လို့ရပါတယ်။ လူ့အဖွဲ့အစည်းနဲ့ တစ်ဖက်သားကို ဒုက္ခမပေးဖို့ဘဲ အရေးကြီးပါတယ်။

၂- အချိန်
သင်ပိုင်တဲ့ သင့်အချိန်တွေကို ဘယ်လိုကုန်ဆုံးတယ်၊ ဘာကြောင့် ဒီလိုကုန်ဆုံးရတယ်ဆိုတာ ဘယ်သူကိုမှ ရှင်းပြစရာ မလိုပါဘူး။ အချည်းအနှီးဖြစ်တယ်လို့ သူတို့ ထင်နေနိုင်ပြီး ကိုယ်က ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ။

၃- အလေးထားမှု
သင့်အတွက် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဘာအကျိုးမှ မဖြစ်ဘူးဆိုရင် ဘယ်ကိစ္စ၊ ဘယ်အကြောင်းကိုမှ အလေးထားစရာမလိုပါဘူး။

၎- သင့်အကြောင်း
မေးတဲ့မေးခွန်းတိုင်းကို ဖြေစရာမလိုပါဘူး။ သင့်ဘဝအကြောင်း၊ သင့် တစ်ကိုယ်ရေ တစ်ကာယအကြောင်းတွေကို သင်ကိုယ်တိုင် ပြောပြနေစရာမလိုပါဘူး။

၅- ခင်မင်မှု
လူတိုင်းက ကိုယ့်ကိုယ် ခင်ချင်အောင် လုပ်စရာမလိုပါဘူး။ လူတိုင်းကိုလည်း လိုက်ခင်နေစရာမလိုပါဘူး။ ကိုယ့်ပုံစံနဲ့ကိုယ် နေလို့ရပါတယ်။

၆- သွင်ပြင်
ကိုယ်ကြိုက်တဲ့ဖက်ရှင်ကို ကိုယ်ဝတ်ပါ။ ကိုယ်ကြိုက်တဲ့ဆံပင်ကို ကိုယ်ဆိုးပါ။ သူတို့ဘယ်လိုပဲထင်ထင် ဒါ သူတို့ကိစ္စပါ။

Photos & Source: indugly,Lifehack

Credit: duwun

Thursday, February 25, 2016

"ပြတ်တုန်းလပ်တုန်း ၂၃ မဖြစ်ရအောင်"


"ပြတ်တုန်းလပ်တုန်း ၂၃ မဖြစ်ရအောင်"

လတစ်လရဲ့ ရက် ၂၀ ကျော်တာနဲ့ လခစားတွေ အများဆုံးကြုံတွေ့ရတဲ့ ပြသနာကတော့ လက်ထဲမှာ ငွေပိုငွေလျှံ မရှိတော့တာပါပဲ။ ဘယ်သွားချင်တယ်၊ ဘာစားချင်တယ် စိတ်လေးတွေကိုလျော့ လက်ထဲမှာ ကျန်နေသေးတဲ့ ပိုက်ဆံတွေ လကုန်ရက်ထိ လောက်ငှအောင် ခြိုးခြံနေကြရတယ်လေ။ ဒါကြောင့်လည်း ပြတ်တုန်းလပ်တုန်း ၂၃ ဆိုပြီး အဆိုတော် ဝေလက သီချင်းဆိုထားသေးတယ်။ လခထုတ်ပြီးခါစ အချိန်မှာ စုထားဖို့စိတ်ကူးထက် လိုချင်တာလေးတွေဝယ်၊ စားချင်တာတွေစားနဲ့ပဲ လလယ်လောက်အရောက် လခထုတ်ထားတွေလည်း တတိတိနဲ့ ပါးကုန်ပါတော့တယ်။  ဒီလိုအခြေအနေတွေကနေ အကောင်းဆုံး ရုန်းထွက်နိုင်မယ့် နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

လခရလာပြီဆိုတာနဲ့ သင့်လစာကို ခြောက်ပုံ ပုံလိုက်ပါ။ ပထမဆုံးအပုံကိုတော့ တစ်လလုံး သင် မဖြစ်မနေအသုံးပြုရမယ့် ကဏ္ဍအတွက်ထားပါ။ ဥပမာ- နေ့စဉ်ခရီးစရိတ်၊ တစ်လစာ အိမ်အသုံးစရိတ် စတာတွေအတွက် ခွဲထားပါ။  ဒုတိယအပုံကိုတော့ ပညာရေး၊ အလုပ်အကိုင်တိုးတက်ရေးအတွက် သင်တန်းတွေ၊ ကျောင်းတွေတက်ဖို့ထားပါ။ ဒီအပုံကတော့ လတိုင်း ကုန်ချင်မှကုန်မယ့်အပိုင်းဖြစ်လို့ လိုတိုးပိုလျော့ လုပ်လို့ရပါတယ်။ တတိယအပုံကိုတော့ သင် တစ်လလုံး ပင်ပန်းထားသမျှ ကိုယ့်ကိုယ်ကို ပြန်ဆုချတဲ့အနေနဲ့ လိုချင်တဲ့ပစ္စည်းတွေ ၀ယ်ဖို့အတွက် ထားပါ။ စတုတ္ထအပုံကိုတော့ ကျန်းမာရေးလို အရေးပေါ်အခြေအနေတွေမှာ အသုံးပြုနိုင်အောင်ထားပါ။  ပဉ္စမအပုံကိုတော့ ၀ါသနာပါရာ ခရီးသွားခြင်း၊ အားကစား၊ ပရဟိတလုပ်ငန်းတွေအတွက် ထားလိုက်ပါ။ နောက်ဆုံးကျန်တဲ့အပုံကိုတော့ အပိုငွေဝင်ရအောင် လက်ရှိဝင်ငွေအပြင် ရေရှည်အတွက် စိတ်ချရမယ့် လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားနိုင်သလို အာမခံချက်ရှိတဲ့ ဘဏ်ထဲထည့်ပြီး အနာဂတ်အတွက် စုဆောင်းထားပါ။

ပိုက်ဆံစုတဲ့အခါ စုနိုင်သမျှ စုဆောင်းမိအောင် ပြင်ဆင်ရပါမယ်။ အသေးသုံးပိုက်ဆံတွေကို သတိထားပါ။ ရာဂဏန်း၊ ထောင်ဂဏန်း ပိုက်ဆံတွေပဲဆိုပြီး လျစ်လျူရှုလိုက်မိလို့ တစ်လလုံး ပြန်တွက်လိုက်ရင် အသေးသုံး ပိုက်ဆံတွေက အဓိကယိုပေါက် ဖြစ်လာပါတယ်။ လူငယ်တွေမှာ သူများအထင်ကြီးအောင် မလိုအပ်တဲ့ပစ္စည်းတွေ ၀ယ်တတ်ကြပါတယ်။ သူငယ်ချင်းတွေက နောက်ဆုံးပေါ် ဘယ်ပစ္စည်းသုံးလို့ ငါလည်းသုံးနိုင်မှ ခေတ်မီမယ်ဆိုတာမျိုး၊ ဘယ်သူတွေကတော့ ဆိုင်အသစ်ဖွင့်လို့ စားနေတဲ့ပုံတွေ facebook မှာ တင်နေတာ ငါလည်း သူတို့နဲ့အပြိုင် တင်နိုင်အောင် ကိုယ်ကြိုက်သော်ရှိ မကြိုက်သော်ရှိ သွားစားကြတာမျိုးတွေက ယနေ့ခေတ် လူငယ်တွေရဲ့ အဓိက ငွေထွက်ပေါက် ဖြစ်လာခဲ့ပါတယ်။

လခစားဝန်ထမ်းတွေ ကြုံတွေ့ရတဲ့ လစာမလုံလောက်မှုရဲ့ အဓိက အကြောင်းရင်းကတော့ ၀င်ငွေထွက်ငွေ မညီမျှတာရယ်၊ ကြိုတင်တွက်ဆပြီး မသုံးတာကြောင့်ပါ။ သင့်အတွက် မလိုအပ်ဘူးဆိုရင် ဘာအကြောင်းပြချက်နဲ့မှ မ၀ယ်ဖို့ ဆုံးဖြတ်ထားပါ။ ဈေးသက်သာတဲ့ အသုံးဆောင်ပစ္စည်းတွေ အများကြီး ၀ယ်မိတာထက် ဈေးကြီးပြီး အရည်အသွေးကောင်း၊ ကြာရှည်အသုံးခံတဲ့ ပစ္စည်းကိုပဲ သေချာရွေးဝယ်ပါ။ မတတ်နိုင်သေးရင် မ၀ယ်ပါနဲ့ဦး။ သင့်ရဲ့ တစ်လစာဝင်ငွေကို သုံးပြီးမှ ပိုတာကို စုဆောင်းတာထက်၊ လခထုတ်ပြီးတာနဲ့ အရင် စုထားလိုက်ပြီးမှ ပိုတာကိုသုံးရင်း ပူပင်ကြောင့်ကြမှုမရှိတဲ့ လကုန်ရက်များကို ကျော်ဖြတ်နိုင်ကြပါစေ။

Yangon Life

"ဇနီးမောင်နှံ ၂ ယောက် အတူတကွ ထမင်း၊ ဟင်း ချက်ပြုတ်ခြင်းရဲ့ ကောင်းကျိုးများ"


"ဇနီးမောင်နှံ ၂ ယောက် အတူတကွ ထမင်း၊ ဟင်း ချက်ပြုတ်ခြင်းရဲ့ ကောင်းကျိုးများ"

မီးဖိုချောင်ထဲမှာ ဇနီးမောင်နှံ ၂ ယောက် အတူတကွ ထမင်း၊ ဟင်း ချက်ပြုတ်ခြင်းလောက် ကဗျာဆန်တဲ့အရာ မရှိသေးပါဘူး။ Elite Daily ၀က်ဘ်ဆိုက်ရဲ့  ဖော်ပြမှု တစ်ခုအရတော့ အတူတကွ ထမင်း၊ ဟင်း ချက်ပြုတ်ခြင်းဟာ သင်နဲ့ သင့်ရဲ့  လက်တွဲဖော်ကို ပိုမိုနီးကပ် ရင်းနှီးသွားစေတယ်လို့ သိရပါတယ်။ အဲဒီလို လက်တွဲဖော် ၂ ယောက် အတူတကွ ထမင်း၊ ဟင်း ချက်ပြုတ်ခြင်းဟာ သင့်အချစ်ရေးအတွက် ဘာတွေ ကောင်းကျိုးရှိလာနိုင်လည်း ဆိုတာကိုတော့ အောက်ပါ အချက်အလက်များကိုသာ ဖတ်ရှုပြီး လေ့လာကြည့်လိုက်ပါ။

၁။ စိတ်ဖိစီးမှုတွေကို ဖြေလျော့ပေးနိုင်စွမ်း ရှိပါတယ်

“ချက်ပြုတ်ခြင်းဟာ အကောင်းဆုံး စိတ်ဖိစီးမှု ဖြေလျော့ပေးသူ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ချက်ပြုတ်ခြင်းဟာ ဖန်တီးမှုဆိုင်ရာ ထွက်ပေါက်တစ်ခုအဖြစ် လုပ်ဆောင်ရလို့ပါပဲ” လို့ စိတ်ဖိစီးမှုတွေကို ငြိတွယ်ခြင်းဆိုတဲ့ စာအုပ်ကို ရေးသားခဲ့သူ စာရေးဆရာ Debbie Mandel က ဆိုပါတယ်။ စိတ်ဖိစီးမှုတွေက သင့်ရဲ့  အာရုံခံစားမှုတွေကို ထုံထိုင်းနေစေတဲ့အချိန်မှာ ချက်ပြုတ်ခြင်းက အာရုံခံစားမှုတွေကို ပြန်လည် လှုံ့ဆော်ပေးလိုက်ပါတယ်။ ရနံ့၊ အရသာ၊ အထိအတွေ့၊ အမြင်တင့်တယ်ခြင်းနဲ့ အသံ စတဲ့ အာရုံခံစားမှု (၅) ပါးလုံးကို ဖြစ်ပေါ်လာစေပါတယ်။

၂။ သင့်ကို ပိုမိုဆွဲဆောင်မှု ရှိလာစေပါတယ်

Reddit သုံးစွဲသူ ကောင်မလေး တစ်ယောက်ရဲ့  ရေးသားမှုတစ်ခုကိုပဲ ပြန်ဖော်ပြပေးချင်ပါတယ်။ “သူဟာ ပြိုင်ဘက်ကင်းမဲ့ခဲ့တယ်၊ တစ်ကိုယ်ကောင်းမဆန်ပဲ စားစရာ ဖန်တီးဖို့ပဲ အာရုံစိုက်ခဲ့တယ်၊ စားစရာတွေ အဆင်သင့်ဖြစ်တဲ့အချိန်မှာ သူ့ကိုကြည့်ပြီး ကျွန်မ သူ့ရဲ့ အင်္ကျီတွေကို ဆွဲဖြဲချင်သွားတယ်။ ညစာကို နောက်မှာစားပြီး သူနဲ့သာ အရင်ဆုံး ချစ်ရည်လူးနေချင်တော့တယ်”

၃။ ချစ်တင်းနှောခြင်းတွေ ပိုမို များပြားလာဖို့ ဦးတည်ပေးပါတယ်

ဝါရှင်တန်ပို့စ် သတင်းစာရဲ့  ဆောင်းပါတစ်ပုဒ် အရတော့ ချက်ပြုတ်ခြင်း အပါအ၀င် အိမ်အလုပ်တွေ အတူလုပ်တဲ့ စုံတွဲတွေဟာ အပျော်ရွှင်ဆုံး စုံတွဲတွေ ဖြစ်ပါတယ်တဲ့။ သူတို့ဟာ ချစ်တင်းနှောမှု အလွန်များသလို သူတို့ရဲ့  လိင်ပိုင်းဆိုင်ရာ နေထိုင်မှုတွေမှာလည်း စိတ်ကျေနပ်မှု အလွန်ရရှိခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

၎။ သင့်ကို ပိုမို ကျန်းမာလာ စေပါတယ်

ဂျွန်ဟော့ကင်းရဲ့  ဘလွန်းဘာ့ဂ် ပြည်သူ့ကျန်းမာရေးကျောင်းက ပြုလုပ်ခဲ့တဲ့ လေ့လာမှု တစ်ခုအရတော့ အိမ်မှာ ချက်ပြုတ်ပြီး အချိန်မှန်မှန် စားသုံးသူတွေဟာ ပိုမို ကျန်းမာကြပြီး ကယ်လိုရီ ရရှိမှုလည်း အခြားသူတွေထက် နည်းပါးနေတတ်တယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။

၅။ ပြောဆိုဆက်ဆံမှုကို ပိုမို အဆင်ပြေစေပါတယ်

ဂေါ့တ်မန်း တက္ကသိုလ်က ပြုလုပ်တဲ့ သုတေသနတစ်ခုကတော့ တစ်ယောက်နဲ့ တစ်ယောက် ပြောဆိုဆက်ဆံမှု ကောင်းကောင်း မပြုလုပ်သူတွေဟာ ကြာရှည် မမြဲကြဘူးဆိုတာကို ဖော်ပြခဲ့ပါတယ်။ ကိုယ့်လက်တွဲဖော်နဲ့အတူ ချက်ပြုတ်တဲ့အခါမှာ သင့်မှာ ပြောစရာတွေ အများကြီး ဖြစ်လာမှာ သေချာပါတယ်။

၆။ “အစပျိုးခြင်း” ပုံစံကွဲတစ်ခုလည်း ဖြစ်ပါတယ်

အတူတကွ ချက်ပြုတ်နေတဲ့အခါမှာ သင်ဟာ အီစီကလီတွေလည်း ပြောနိုင်ပြီး အာရုံခံစားမှုကိုလည်း အသုံးချ နိုင်ပါတယ်။ ချက်ပြုတ်ခြင်းဟာ အာရုံခံစားခြင်းကို အစွမ်းကုန် လှုံ့ဆော်ပေးနိုင်တဲ့ အရာဆိုလည်း ဟုတ်ပါတယ်။ ထမင်း၊ ဟင်း အတူတကွ ချက်ပြုတ်ခြင်းဟာ သင့်အချစ်ရေးနဲ့ သင့်ကျန်းမာရေးအတွက် ကောင်းမွန်စေ နိုင်ပါတယ်။ ပျော်ဖို့လည်း ကောင်းသလို ဖန်တီးနိုင်စွမ်းလည်း ရှိလာစေတဲ့အပြင် စိန်ခေါ်မှုတစ်ခုလည်း ဖြစ်နေပြီး အရသာရှိတဲ့ ရလဒ်တွေကို အမြဲတမ်း ရရှိစေနိုင်တာကြောင့် မိမိ လက်တွဲဖော်နဲ့အတူ မီးဖိုချောင် ၀င်နိုင်ဖို့ ကြိုးစားလိုက်ပါ။

Ref:yourtango

Credit: Trend Myanmar

"IQ မြင့်တဲ့ သူတွေက အိပ်ယာနောက်ကျမှ ထတတ်တယ်လို့ဆို"


"IQ မြင့်တဲ့ သူတွေက အိပ်ယာနောက်ကျမှ ထတတ်တယ်လို့ဆို"

ဥာဏ်ရည်ဥာဏ်သွေး မြင့်မားသူတွေက အိပ်စက်ချိန်တွေ၊ စွဲလန်းမှုတွေမှာ သာမန်ဥာဏ်ရည်ရှိသူတွေနဲ့ မတူကြပါဘူး။ မတူညီတဲ့ လေ့လာတွေ့ရှိမှုတွေအရ IQ မြင့်တဲ့သူတွေက နောက်ကျမှ အိပ်ယာထတတ်ကြသလို၊ မူးယစ်ဆေးနဲ့ လိင်ကိစ္စများကို ပိုမို စိတ်ဝင်စားကြောင်း တွေ့ရှိခဲ့ကြပါတယ်။

၁။ အိပ်စက်ခြင်းနဲ့ ဥာဏ်ရည်ဥာဏ်သွေး

ဥာဏ်ရည်မြင့်မားသူနဲ့ ပုံမှန်ဥာဏ်ရည်ရှိသူပေါင်း ၂၀၀၀၀ ကျော်ကို လေ့လာခဲ့ရာ IQ မြင့်မားသူတွေက ပုံမှန်လူတွေထက် အနည်းဆုံး နာရီဝက်လောက် နောက်ကျပြီးမှ အိပ်တတ်သလို နောက်ကျပြီးမှ အိပ်ယာထတတ်ကြောင်း တွေ့ရှိရပါတယ်။ ပြီးတော့ IQ မြင့်တဲ့ လူကြီးတွေမှ မဟုတ်ဘဲ ကလေးတွေမှာလည်း အလားတူပင် ဖြစ်တာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါ့အပြင် IQ မြင့်မားတဲ့သူတွေက လွတ်လပ်စွာ တွေးခေါ်တတ်တဲ့သူတွေဖြစ်ပြီး အများစုက ဘာသာရေးယုံကြည်မှု မရှိတဲ့သူတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။

၂။ မူးယစ်ဆေးဝါးနဲ့ ဥာဏ်ရည်ဥာဏ်သွေး

အံ့သြစရာ လေ့လာတွေ့ရှိချက်တစ်ရပ်ကတော့ IQ မြင့်မားတဲ့သူတွေက မူးယစ်ဆေးဝါးကို စမ်းသပ်သုံးစွဲလိုစိတ် ပိုများတာကို တွေ့ရှိခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံက IQ မြင့်တဲ့ ကလေးငယ်တွေက အရွယ်ရောက်ချိန်မှာ ပုံမှန်ကလေးတွေထက် မူးယစ်ဆေးဝါး ပိုမိုသုံးစွဲလိုတာကို တွေ့ရှိခဲ့ပါတယ်။ မိဘအသိုင်းအဝိုင်း၊ ပညာရေး၊ အဆင့်အတန်း စတဲ့ နောက်ခံတွေနဲ့ မဆိုင်တာကိုလည်း တွေ့ရှိခဲ့ပါတယ်။ ၄င်းတို့က မူးယစ်ဆေးတင်မကဘဲ တရားမဝင်တဲ့ အကြောင်းအရာ တော်တော်များများကိုလည်း စမ်းသပ်ပြုလုပ်လိုတာကို တွေ့ရှိခဲ့ပါတယ်။

၃။ လိင်ကိစ္စနဲ့ ဥာဏ်ရည်ဥာဏ်သွေး

နောက်ထပ်စိတ်ဝင်စားဖွယ် တွေ့ရှိချက်တစ်ရပ်ကတော့ အောက်စဖို့ဒ်၊ ကန်းဘရစ်ခ်ျစတဲ့ ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေက ကျောင်းသားတွေက သာမန်အဆင့် တက္ကသိုလ်တွေက ကျောင်းသားတွေထက် လိင်ကစားစရာတွေအတွက် ပိုက်ဆံ ပိုသုံးကြတာကို တွေ့ရှိခဲ့ကြပါတယ်။ IQ မြင့်တာနဲ့ လိင်ကိစ္စစိတ်ဝင်စားခြင်း ဆက်စပ်မှုအတွက် ဖြေရှင်းချက်တစ်ခုရှိပါတယ်။ လိင်ကိစ္စက အကောင်းဆုံး စိတ်ဖိစီးမှု ဖြေဖျောက်ပေးတဲ့အရာ ဖြစ်တာကြောင့် ခက်ခဲတဲ့ လေ့လာမှုတွေအတွက် ဦးနှောက်သုံးလို့ ပင်ပန်းရတဲ့ ဖိစီးမှုတွေကို ပြေပျောက်စေဖို့ အသုံးချတာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက်တွေကြောင့် IQ မြင့်တဲ့သူတွေက ဇီးကွက်လို ညဥ့်နက်တဲ့အထိ နေပြီး မူးယစ်ဆေးသုံးပြီး အပျော်အပါး လိုက်စားနေသူတွေလို့ မဆိုလိုပါဘူး။ ၄င်းတို့က  မတူညီတဲ့ ရှုထောင့်တစ်ခုကနေ ကြည့်ပြီး အခွင့်အလမ်းအားလုံးကို စမ်းသပ်ကြည့်လိုသူတွေဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

"မိမိကိုယ်ကို တစ်ယောက်တည်း စကားပြောခြင်းက မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေနိုင်"


"မိမိကိုယ်ကို တစ်ယောက်တည်း စကားပြောခြင်းက မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေနိုင်"

လူတစ်ချို့က သူ့တို့ဘာသာ တစ်ယောက်တည်း စကားပြောနေတတ်တာကို တခါတလေ မြင်ကြတဲ့အခါ စိတ်ထဲမှာ အူကြောင်ကြောင်နိုင်တယ်လို့ ထင်ကြမှာပါ။ တကယ်တော့ ကိုယ့်ဘာသာ တစ်ယောက်တည်း စကားပြောခြင်းက ဦးနှောက်ကို ထက်မြက်လာစေပါတယ်လို့ လေ့လာတွေ့ရှိထားပါတယ်။

အတွေးတွေကို ပိုပြီးစုစည်းနိုင်ပါတယ်

ကိုယ့်အတွေးတွေကို ပါးစပ်ကနေ တတွတ်တွတ် ပြောမိတဲ့သူက တစ်ကြိမ်မှာ အတွေးတစ်ခုကို တွေးနေတဲ့သူထက် အတွေးတွေကို ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။ စိတ်ထဲမှာ ဘာကို လုပ်ရမယ်ဆိုတာကို ပိုပြီး တိကျပြတ်သားစွာ သိနိုင်ပါတယ်။

မှတ်ဥာဏ်ပိုပြီးကောင်းစေပါတယ်

ပါးစပ်ကနေ ထုတ်ပြောလိုက်တဲ့အတွက် ကိုယ့်စိတ်ကူးတွေကို နှစ်ခါ ပြန်တွေးထားသလိုဖြစ်ပြီး ပိုပြီး မှတ်မိစေပါတယ်။ စတိုးဆိုင်တစ်ခုမှာ ကိုယ်ဝယ်မယ့်အရာကို ကိုယ့်ကိုကိုယ် ပြန်ပြီး ပြောနေတဲ့သူက မပြောတဲ့သူတွေထက် ကိုယ်လိုတဲ့အရာကို မြန်မြန် ရှာနိုင်သလို ၀ယ်ဖို့မေ့ကျန်ခဲ့တာလည်း မရှိတာကို တွေ့ရှိရပါတယ်။

ဦးနှောက်ကို ပိုပြီး ထိထိရောက်ရောက် အသုံးချနိုင်ပါတယ်

ကိုယ့်ဘာသာ တစ်ယောက်တည်း စကားပြောခြင်းက ကိုယ့်ဦးနှောက်ကို အလုပ်ပေးနေတာ ဖြစ်သလို ကိုယ့်အတွေးတွေကိုလည်း ရှင်းလင်း မြန်ဆန်စေပါတယ်။ ဦးနှောက်ကို တွန်းအားပေးနိုင်တာကြောင့် ပိုပြီး အားကောင်းစေပါတယ်။

ရည်မှန်းချက်တွေကို ပိုပြီး အောင်မြင်စေပါတယ်

ကိုယ်ရည်ရွယ်ထားတာတွေကို ပါးစပ်က ထုတ်ပြောလိုက်တဲ့အတွက် လေဆာနဲ့ထိုးပြီး ညွှန်ပြလိုက်သလို ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရစေပါတယ်။ ဘယ်လို အောင်မြင်အောင် လုပ်ရမလဲဆိုတာ ပိုပြီး သိလွယ်စေနိုင်တဲ့အတွက် ပန်းတိုင်ကို မြန်မြန်ရောက်စေနိုင်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

"သင်ဟာ အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူဆိုရင်"


"သင်ဟာ အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ထားသူဆိုရင်"

သင့်ချစ်သူဟာ အရမ်းချစ်တတ်တဲ့ ကောင်မလေးလား။ သင်ဟာ ဒီလို အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ကို ပိုင်ဆိုင်ထားရပြီဆိုရင် လက်လွတ်မခံပါနဲ့။ သူက ကိုယ့်ကို အကောင်းဆုံး ဘဝတစ်ခုကို ပေးနိုင်မယ့်သူဆိုတာ သူတို့ရဲ့ အချစ်တွေက သက်သေပြနိုင်ပါတယ်။ အရမ်းချစ်တတ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်တွေက-

ကိုယ့်အတွက် အကြီးမားဆုံး အင်အားကို ပေးနိုင်ပါတယ်။ သူက ကိုယ့်အပေါ် သည်းခံတတ်တယ်။ ကိုယ်နဲ့အတူရှိရင် အဆိုးအကောင်း ဆင်းရဲဒုက္ခမျိုးစုံ ကြုံရမှာကိုလည်း တွေးမကြောက်တတ်ဘူး။ ဒီလို သူ့အချစ်တွေက ကိုယ့်အတွက် ခွန်အားဖြစ်စေပြီး ဘ၀အတွက် အားအင်တွေ ဖြစ်စေနိုင်ပါတယ်။

ကိုယ့်ရဲ့ အတိတ်က နာကျင်မှုတွေ၊ ပတ်သက်မှုတွေကို နားလည်မှုရှိရှိနဲ့ ကျော်လွှားပေးတတ်တယ်။ သူက ကိုယ့်ရဲ့ အရင်က အကြောင်းအရာတွေကို အတင်းမေ့ပစ်ခိုင်းဖို့ မကြိုးစားဘဲ သူ့ရဲ့ အချစ်တွေ၊ အကြင်နာတွေနဲ့ ပျော်ရွှင်စေတဲ့အတွက် ကိုယ့်ရဲ့ ဆိုးရွားတဲ့အတိတ်က အလိုလို မှေးမှိန်သွားပါလိမ့်မယ်။

သူ့ရဲ့ သစ္စာတရားက ကိုယ့်တစ်ယောက်တည်းအတွက် အမြဲ မပြောင်းမလဲဘဲ ချစ်ပေးနေနိုင်တယ်။ ကိုယ့်ကို တန်ဖိုးထားတဲ့အတွက် ကိုယ်နာကျင်ထိခိုက်အောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။ သူက ကိုယ့်ကို ဘယ်တော့မှ အထီးကျန်မှုကို ခံစားစေမှာ မဟုတ်ဘူး။ သူ့အချစ်တွေနဲ့ လိုအပ်ချက်မရှိအောင် ဖြည့်ဆည်းပေးနိုင်တဲ့အတွက် ဆိုးရွားတဲ့နေ့တွေ၊ ခက်ခဲတဲ့ ပြဿနာတွေကြုံတိုင်းမှာ အနားမှာ အမြဲရှိပေးတာကြောင့် ကွက်လပ်တစ်ခု ဖြစ်နေသလို ခံစားရမှာ မဟုတ်ဘဲ စိတ်ချရတဲ့ အားကိုးနိုင်လောက်တဲ့ အဖော်မွန်ကောင်းတစ်ယောက် အဖြစ် ကိုယ့်ဘေးမှာ အမြဲ ရှိနေပေးနိုင်လို့ပါ။

အဆင်မပြေတာတွေ ကြုံလာရင် ရှောင်ပြေးဖို့မလုပ်ဘဲ အတူတူ ဖြေရှင်းဖို့ ကြိုးစားတတ်သူ ဖြစ်ပါတယ်။ သူ့ဘက်က ဘယ်လောက်ချစ်ပေမဲ့လည်း ထာဝရအဆင်ပြေတဲ့ အချစ်ရေးဆိုတာ မရှိပါဘူး။ ပြဿနာဖြစ်လာတဲ့အခါ အထုတ်ဆွဲပြီး ရှောင်ထွက်သွားမယ့်အစား ကိုယ်နဲ့ ညှိနှိုင်းပြီး အဖြေရှာမယ်။ ပြေလည်အောင် ကြိုးစားမယ့်သူ ဖြစ်ပါတယ်။

ကိုယ် တိုးတက်အောင်မြင်ဖို့အတွက် သူက ကိုယ့်ကို စိန်ခေါ်မှုတွေကို ရင်ဆိုင်စေမယ်။ ကိုယ့်ကို ဝေဖန်ထောက်ပြမယ်။ ဆွေးနွေးညှိနှိုင်းမယ်။ ဒါတွေက သူက ကိုယ့်ကို အလေးထားတဲ့အတွက် ကိုယ့်ဘဝ မြင့်မားစေဖို့ လက်တွဲခေါ်ပြီး ပံ့ပိုးပေးလိုတဲ့စိတ်နဲ့ လုပ်ပေးတာတွေပဲ ဖြစ်ပါတယ်။ အနောက်မှာ ကျန်နေပြီး ကိုယ့်အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခု ဘယ်တော့မှ ဖြစ်စေမှာ မဟုတ်ပါဘူး။

ဒါကြောင့် အရမ်းချစ်တတ်တဲ့မိန်းကလေးဆိုတာ အချစ်တစ်ခုတင်မကဘဲ ဘဝရဲ့ ချိုမြိန်မှုတွေကို ပါပေးနိုင်တဲ့အတွက် ကိုယ့်ကို သိပ်ချစ်တဲ့မိန်းကလေးကို လက်လွတ်လုံးဝ မခံသင့်ပါဘူး။

ခင်သူဇာ

Credit: Trend Myanmar

"သူနဲ့ ဖူးစာပါ၊ မပါ သိနိုင်တဲ့ အချက် (၈) ချက်"


"သူနဲ့ ဖူးစာပါ၊ မပါ သိနိုင်တဲ့ အချက် (၈) ချက်"

အသက် ၂၅ ကျော်လာတဲ့အခါ ဘယ်တော့စားရမှာလဲ ဆိုတာမျိုး သူငယ်ချင်း၊ မိတ်ဆွေတွေဆီက အမေးခံဖူးကြမှာပါ။ တစ်ယောက်နဲ့တစ်ယောက် အချိန်အကြာကြီး တွဲတာကြပြီးပြီဆိုရင်တောင် ဖူးစာမပါတဲ့အခါ၊ အကြောင်းမတိုက်ဆိုင်တဲ့အခါ ကွဲကွာသွားတက်ကြပါတယ်။

သက်ဆိုင်သူ ကိုယ်ဆီရှိထားကြပေမယ့်လည်း ဒီအချက် (၈) ချက်ရှိနေမယ်ဆိုရင် သင်တို့ ဖူးစာပါပြီး ပေါင်းဖက်ကြရမယ့်ရာနှုန်း အလွန်နည်းပါလိမ့်မယ်။ တနည်းအားဖြင့် သင်တို့ ဖူးစာပါ၊ မပါဆိုတာ ဒီအချက်တွေ ကြည့်ပြီးလည်း သိနိုင်ပါတယ်။

၁။ တစ်ယောက်နဲ့တစ်ယောက် ဘယ်တော့မှ ညှိနှိုင်းလို့မရဘူး။ အကြိုက်ချင်းလည်း အမြဲတမ်း တစ်လွဲချည်းပဲ။

၂။ သင်တို့အကြား ဆက်ဆံရေးက ပိုပြီးဆိုးရွားလာတယ်။ သင်တစ်ယောက်တည်း ထွက်သွားချင်စိတ်တွေ ပေါက်လာမယ်။

၃။ သူနဲ့ပတ်သက်ပြီး စိတ်ပျက်စရာတွေ များလာမယ်။ သူနဲ့ တစ်ဘဝလုံး အတူနေသွားဖို့ကိုတောင်မှ စိုးရိမ် ကြောက်ရွံ့လာမယ်။

၎။ လက်ထပ်ရတာကို သင်ကလည်း သိပ်ကြိုက်သူမဟုတ်ဘူး။ ဥပမာ လက်ထပ်ထားတဲ့ သူငယ်ချင်းတွေ ဒုက္ခရောက်နေကြတာ တွေ့ထားလို့။

၅။ ကိုယ့်ရဲ့ မင်္ဂလာဆောင်က ဘယ်လိုဆိုတာကို သင် စိတ်ကူးယဉ်ကြည့်လို့မရ ဖြစ်နေတယ်။ တနည်းပြောရရင် မင်္ဂလာဆောင်ရမှာကိုတောင် ဘာမှန်းမသိပဲ စိုးရိမ်နေတယ်။

၆။ သင်တို့နှစ်ယောက်လုံး လွတ်လွတ်လပ်လပ်နေရတာ ကြိုက်တယ်ဆိုပြီး အမြဲပြောမယ်။ မချုပ်ချယ်နဲ့လို့လည်း ခဏခဏ ပြောမယ်။

၇။ အခြားလူတွေလိုပဲ အိမ်ထောင်ပြု၊ ကလေးယူဆိုတဲ့ နည်းလမ်းဟောင်းကြီးကို သင် ငြီးငွေ့နေမယ်။ ဒါမှမဟုတ် သင့်ရဲ့ သက်ဆိုင်သူ ငြီးငွေ့နေလိမ့်မယ်။

Source & Photos : Life

Credit: duwun

"တစ်ခါတစ်ရံမှာ အငတ်နေသင့်တဲ့ အကြောင်းအရင်း (၅) ခု"


"တစ်ခါတစ်ရံမှာ အငတ်နေသင့်တဲ့ အကြောင်းအရင်း (၅) ခု"

၁- အစာအိမ်ကို ရှင်းပေးတယ်

ချေဖျက်နိုင်တာထက် ပိုစားတာတွေကြောင့် မကျေညက်တာတွေ အစာအိမ်မှာ ရှိနေပါတယ်။ တစ်ခါတစ်လေ အငတ်ခံခြင်းက ဒါတွေကို ရှင်းပေးပါတယ်။ ဝိတ်ကျစေပါတယ်၊ ပြန်စားတဲ့အခါမှာ အငတ်မခံခင်ကထက် ခန္ဓာကိုယ်ဟာ ပိုနေလို့ကောင်းလာပါမယ်။

၂- ကုသမှုကို ထိရောက်

နာတာရှည်ရောဂါတွေအတွက် တစ်ချို့ကုထုံးတွေမှာ ဘာမှမစားဘဲ နေရတာမျိုးတွေ ပါပါတယ်။ သင့်ခန္ဓာကိုယ် ကျန်းမာရေးကို တိုးတက်စေပါတယ်။

၃- အနားရ

အစာစားသုံးမှုကို ရပ်တန့်လိုက်တဲ့အခါ ခန္ဓာကိုယ်ထဲက စနစ်အချို့အတွက် ပြင်းပြင်းထန်ထန် အလုပ်လုပ်ရမှုကို အနားရစေပါတယ်။

၎- တည်ငြိမ်စေ

ဘာသာရေး ဥပုသ်စောင့်မှုတွေမှာ အစာစားတာကို ခေတ္တ ရှောင်ကြဉ်ခြင်းလည်း ပါပါတယ်။ စိတ်ပိုင်းဆိုင်ရာကို တည်ငြိမ်စေပြီး အာရုံစိုက်မှုအား ကောင်းစေပါတယ်။

၅- လေ့ကျင့်ခန်း

အစာစားသုံးမှု ပုံမှန်မဟုတ်တော့တဲ့အခါ သင့်ခန္ဓာကိုယ်ကလည်း ပုံမှန် အလုပ်မလုပ်တော့ပါဘူး။ ဒါပေမဲ့ ပြန်စားတဲ့အခါမှာ ခန္ဓာကိုယ်အားအင်ကို သိသိသာသာ ခံစားရပါတယ်။ ဘယ်အစားအစာက သင့်ကို ဘယ်လောက်ထိ အားဖြစ်စေပြီး သင့်ခန္ဓာကိုယ်ပေါ် ဘယ်လို သက်ရောက်နေတယ် ဆိုတာကို သိသိသာသာ ခံစားရစေပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် ပိုသိသာပါတယ်။

Photos & Source: How To Be Fit

Credit: duwun

Wednesday, February 24, 2016

"ကလေးဘဝက"


"ကလေးဘဝက"

ကလေးဘဝက ဘယ်လောက်ဒဏ်ရာရနိုင်တဲ့
ကစားနည်းမဆို ဆော့ရဲတယ်။ မကြောက်တတ်ဘူး။ လူကြီးဘဝရောက်တော့ ကိုယ့်ကို ဒဏ်ရာရစေမဲ့ ကစားနည်းဆို မဆော့ရဲတော့ဘူး။ ဘယ်လောက် ဆော့ချင်ဆော့ချင် ရှောင်တယ်။

နှလုံးသားကလည်း အဲဒီလိုပဲ။ ငယ်ငယ်တုန်းက ကိုယ့်ကို ဘယ်လောက်နာကျင်ပါစေ ချစ်ရဲတယ်။ ကိုယ့်ကို နာကျင်စေမှန်းသိရက်နဲ့ ဆက်ချစ်တယ်။ နည်းနည်းအသက်ကြီးလာတော့ ကိုယ့်ကို နာကျင်စေမဲ့လူဆို မချစ်ရဲတော့ဘူး ။ ဘယ်လောက် စိတ်ဝင်စားနေပါစေ ဒီလူဟာ ကိုယ့်အတွက် ကံမကောင်းနိုင်ဘူးဆိုရင် မချစ်တော့ဘူး။

တကယ်တော့ လူတွေဟာ အသက်ကြီးလာတဲ့အခါ နာကျင်မှုတွေကို ခံနိုင်တဲ့ အင်အားတွေ လျော့နည်းလာတယ်။

အဲဒါကြောင့်ပဲ တချို့တွေဟာ အသက်ကြီးတဲ့အခါ ကိုယ်က အရမ်းချစ်ပြီး ကိုယ့်ကို နာကျင်စေမဲ့ ချစ်သူမျိုးထက် ကိုယ့်ကို အရမ်းချစ်ပြီး ကိုယ့်ကို ကြင်နာမဲ့ ချစ်သူမျိုးကို ရွေးချယ်သွားကြတာပေါ့။

ကောင်မလေးရဲ့ကောင်လေး

Tuesday, February 23, 2016

"လူတစ်ယောက်အကြောင်းကို အကဲခတ်ရုံနဲ့ သိနိုင်တဲ့အချက် (၆) ချက်"


"လူတစ်ယောက်အကြောင်းကို အကဲခတ်ရုံနဲ့ သိနိုင်တဲ့အချက် (၆) ချက်"

အကင်းပါးတဲ့ သူတွေ အရိပ်အကဲ သိရှိသူတွေအတွက်ကတော့ ကိုယ့်ရဲ့ အမှတ်တမဲ့ အပြုအမူလေးတွေက ကိုယ့်အကြောင်းကို သူ့ကို ဖွင့်ပြောသလို ဖြစ်သွားတတ်ပါတယ်။ သည်တော့ ဘယ်လို အပြုအမူတွေဟာ ကိုယ့်အကြောင်းကို သူတို့ သိသွားစေနိုင်သလဲဆိုတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။

၁။ လက်ရေး
သုတေသန တွေ့ရှိချက်အရ လက်ရေးစာလုံး သေးသူများဟာ ရှက်တတ်သူ၊ စေ့စေ့စပ်စပ် လေ့လာလိုသူတွေ ဖြစ်ပြီး လက်ရေးစာလုံး ကြီးမားသူများဟာ အများအာရုံစိုက်တာကို ခံယူလိုသူတွေ ဖြစ်ပါတယ်တဲ့။ ဒါ့အပြင် ဘောပင်ကို အားစိုက် အရမ်းရေးတဲ့သူက အရာရာကို ၀ုန်းဒိုင်းကျဲပြီး ခံစားတတ်သူတွေ ဖြစ်သလို၊ ဘောပင်ကို ဖွဖွလေး ကိုင်ရေးတတ်သူတွေက ကိုယ်ချင်းစာတတ်ပေမယ့် ကိုယ့်ကို ထိရင်လည်း ဆက်ဆက်ထိမခံ လူသားတွေ ဖြစ်တယ်လို့ သုတေသနက ဆိုပါတယ်။

၂။ အရောင်အဆင်း
Psychology Today သတင်းစာမှာ ဖော်ပြထားတဲ့ ဆောင်းပါးအရ သင် ၀တ်ဆင်ထားတဲ့ အရောင်အဆင်းကို ကြည့်ချင်းအားဖြင့်လည်း စိတ်နေစိတ်ထားကို ခန့်မှန်းလို့ ရပါတယ်။ ဥပမာ- အနက်ရောင်ကို ၀တ်လေ့ဝတ်ထရှိသူများကတော့ လူ့ဂွစာများ၊ အနုပညာကို လိုက်စားသူများ၊ အရာရာကို စူးစမ်းလိုသူများ ဖြစ်ပါတယ်။ အနီရောင်သမားများကတော့ သူတို့ရည်မှန်းချက်အတွက် ကြိုးစားအားထုတ်မှု ပြင်းထန်သလို၊ စိတ်ထား ပြည့်ဝသူများလို့ ဆိုပါတယ်။

၃။ လက်သဲ ကိုက်ခြင်း
အချို့သူများဟာ အကြောင်းမဲ့ လက်သည်း ကိုက်တဲ့အကျင့် ရှိပါတယ်။ ဒီလိုလုပ်ခြင်းဟာလည်း ဂနာမငြိမ်ခြင်း၊ စိတ်ေ၀၀ါးခြင်း၊ ပေါ့ပေါ့ဆဆနေခြင်း ဆိုတာကို မီးမောင်းထိုးပြပြီး၊ အကြောင်းမဲ့ စကားပြောနေရင်
ဆံပင် ဆွဲတာတို့ ခေါင်းကုတ်တာတို့ဟာလည်း စိတ်မရှည်သူ၊ တွေဝေသူ၊ ပျင်းရိသူ၊ စိတ်မကျေနပ်ချက်များသူ ဖြစ်တယ်ဆိုတာ သိသာစေပါတယ်။

၎။ ဖိနပ်
ဖိနပ်ကိုကြည့်ပြီး ဖိနပ်ပိုင်ရှင်အကြောင်း သိနိုင်ပါတယ်။ ဖိနပ်ဟာ လူတစ်ယောက်ရဲ့ စီးပွားရေးကို ထင်ဟပ်စေနိုင်သလို၊ ပေပွနေရင် ဒီလူ စည်းကမ်းမရှိဘူး၊ ဖိနပ်နောက်ပိုင်း သိသိသာသာ ပါးနေရင် ဒီလူ အပျင်းကြီးတယ်၊ ဖိနပ်နောက်မြှီးချိုင့်နေရင် ဒီလူ ဒေါသကြီးတယ်-စသဖြင့် သိရှိနိုင်ပါတယ်။

၅။ မျက်လုံးအမူအယာ
မျက်လုံးဟာ စိတ်ရဲ့ မှန်တစ်ခုလို့ ဆိုပါတယ်။ လုံးဝကို မှန်ပါတယ်။ မျက်လုံး ဂဏာမငြိမ်ဖြစ်နေရင် စိတ်မတည်ငြိမ်သူ၊ စိုးရိမ်စိတ်များသူ၊ ကျီးကန်းတောင်းမှောက် ဖြစ်နေရင် တစ်ခုခု အလစ်သုတ်ချင်သူ၊ မျက်လုံးကို မှေးပြီးကြည့်ရင် မောဟကြီးသူ၊ အညှိုးကြီးသူ၊ မျက်လွှာချထားရင် ရှက်တတ်သူ၊ မျက်လုံးဝိုင်းပြီး ကြည့်တဲ့အခါ မမှိတ်မသုန် ဖြစ်နေရင် ရဲရင့်သူ၊ စိတ်ကောင်းရှိသူ၊ မျက်ထောင့်နီရင် ဒေါသကြီးသူ စသဖြင့်
သတ်မှတ်လို့ ရပါတယ်။

၆။ စတိုင်
တစ်ချို့ ပုံစံ မြင်လိုက်တာနဲ့ ထကန်ချင်စိတ် မနည်းထိန်းထားရတာမျိုး၊ တစ်ချို့ကျတော့ မြင်တာနဲ့ ထိုင်ပဲကန်တော့ရတော့မလိုလို ပုံစံမျိုးတွေ ရှိတတ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် လေးစားမှု၊ ရင်းနီးမှုမှာ စတိုင်ဟာ အရေးကြီးပါတယ်။ ကိုယ့်ရဲ့ အပြောအဆို၊ အနေအထိုင်၊ အ၀တ်အစား စတဲ့ စတိုင်တွေကို
မြင်တာနဲ့ ဒီလူဟာ ပေါ့ပေါ့တန်တန်လူလား၊ အလေးအနက် ထားတတ်သူလားဆိုတာ ပိုင်းခြား သိနိုင်ပါတယ်။

နတ်စည်တော် (ShweMOM)

Credit: ShweMOM

သူ သင့်ကို ပြန်မချစ်နိုင်ဘူးဆိုတာ သိနိုင်တဲ့ အချက် (၈) ချက်"


"သူ သင့်ကို ပြန်မချစ်နိုင်ဘူးဆိုတာ သိနိုင်တဲ့ အချက် (၈) ချက်"

အချိန်တွေအများကြီး အကုန်ခံမနေပါနဲ့။ ဒီအချက်တွေကြည့်ပြီး သူ သင့်ကို ပြန်ချစ်၊ မချစ်ဆိုတာ သိနိုင်ပါတယ်။

မရေရာတဲ့ အခြေအနေတစ်ခုမှာ သူ ကိုယ့်ကို ပြန်ချစ်နိုင်ပါ့မလားဆိုတာ စဉ်းစားရတာ ခက်ခဲလှပါတယ်။ တကယ်တော့ နေ့စဉ် တွေ့မြင်နေရတဲ့ အပြုအမူတွေထဲမှာ အဖြေရှိပြီးသားပါ။

အထူးသဖြင့်တော့ အမျိုးသားတွေအတွက် ဒီအကဲခတ်နည်းက ပိုပြီး သင့်တော်ပါလိမ့်မယ်။ ပြန်မချစ်နိုင်တဲ့သူကို အချိန်များစွာပေးပြီး စောင့်ဆိုင်းနေရတာ ဆိုးလှပါတယ်။ သူ ကိုယ့်ကို ပြန်မချစ်နိုင်ဘူးဆိုတာကို ပြနေတဲ့ လက္ခဏာ (၁၀) ခု ရှိပါတယ်။

၁။ သင် ဖုန်းဆက်ရင် ဘယ်တော့မှ တစ်ခါတည်း မကိုင်ဘူး။ သူကစပြီး ဆက်တယ်ဆိုတာလည်း မရှိဘူး။ ဖေ့စ်ဘွတ်မှာလည်း သင်ကချည်း ပြောနေရတယ်။

၂။ ရည်းစားမထားချင်သေးဘူးဆိုတာပဲ အမြဲပြောနေမယ်။ သင်ကြားအောင် ပြောတာလည်း ဖြစ်ချင်ဖြစ်မယ်။ သင့်ကို မျက်နှာချင်းဆိုင် ပြောတာလည်း ဖြစ်နိုင်တယ်။

၃။ ဘယ်ကိုကောင်လေးမျိုးနဲ့ ရည်းစားဖြစ်ချင်လည်း မေးရင် မဆိုင်းမတွပဲ ပြန်ဖြေတယ်။ သူကြိုက်တဲ့ ပုံစံက သင်နဲ့လည်း လုံးဝမတူဘူး။

၎။ သင့်နားမှာ ဘယ်တော့မှ လာမထိုင်ဘူး။ အမြဲတမ်း သင်နဲ့ဝေးရာမှာ နေတက်တယ်။

၅။ အခြားတစ်ယောက်နဲ့တွဲဖို့ သူ လမ်းစတွေ ပြင်နေပြီ။ ဒါဟာသင့်ကို မနာလိုအောင် လုပ်တာတော့ မဟုတ်ပါဘူး။ ဒါဆိုရင်တော့ လုံးဝနောက်ဆုံးလိုက်ဖို့သာ စဉ်းစားပါတော့။

၆။ သူ့သူငယ်ချင်းနဲ့ သင့်ကို အတင်း မိတ်ဆက်ပေးမယ်။ အတင်း အောင်သွယ်တော် လုပ်ပေးနေမယ်ဆိုရင်လည်း သင် သူ့ကို လက်လျှော့လိုက်သင့်ပါပြီ။

၇။ သင်နဲ့ ချိန်းထားတာမျိုးတွေဆို အကြောင်းမခိုင်လုံပဲ ဖျက်ပစ်လေ့ရှိတယ်။ အကြောင်းအမျိုးမျိုးပြပြီး သင်နဲ့တွေ့ဖို့ သူ ငြင်းလေ့ရှိတယ်။

၈။ သင့်ရဲ့ဟာသတွေကို အားရပါးရ ရယ်လေ့မရှိဘူး။ မကောင်းတက်လို့ ပြုံးပြတာမျိုးလောက်ပဲ လုပ်မယ်။

Source : lovetimes

Credit: duwun

"ကြက်သွန်နီအခွံရဲ့ အံ့ဖွယ် အာနိသင်များ"


"ကြက်သွန်နီအခွံရဲ့ အံ့ဖွယ် အာနိသင်များ"

လူအများစုက ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံ အမျိုးမျိုးရဲ့ အခွံတွေမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း (quercetin) တွေနဲ့ တခြား ကျန်းမာရေး အထောက်အကူပြု အာဟာရဓာတ်မျိုးစုံ ပါဝင်တာကို သတိမပြုမိကြပါဘူး။ အကောင်းဆုံး ဥပမာကတော့ ကြက်သွန်နီ အခွံဖြစ်ပါတယ်။ ကြက်သွန်နီအခွံက စားလို့မရပေမဲ့ သူ့မှာ သွေးဖိအားကို ထိန်းညှိပေးပြီး နှလုံးသွေးကြောကျဉ်း ရောဂါကို ကာကွယ်ပေးနိုင်တဲ့ အစွမ်းထက်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်ပါတယ်။

ကြက်သွန်နီက ကျန်းမာရေးအတွက် အထောက်အကူအပြုဆုံး အပင်တစ်ပင်ဖြစ်ပြီး ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့ ဂုဏ်သတ္တိအပြင် သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးနိုင်ခြင်း၊ နှာခေါင်းသွေးယိုခြင်းကို ရပ်တန့်စေနိုင်ခြင်း၊ ကင်ဆာဆဲလ်များကို ဖျက်ဆီးပေးနိုင်ခြင်းနဲ့ ဗီတာမင် စီကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို တိုးတက်စေနိုင်တဲ့ အစွမ်းတွေကို ရရှိစေပါတယ်။ အရောင်ပိုရင့်တဲ့ ကြက်သွန်နီအခွံက ပိုပြီး အာဟာရဓာတ် များပြားစွာ ပါဝင်ပါတယ်။ တစ်နေ့ကို ကြက်သွန်နီ တစ်ခြမ်းစားသုံးရင် အစာအိမ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို တစ်ဝက် လျှော့ချနိုင်တယ်လို့ လေ့လာတွေ့ရှိချက်တစ်ခုအရ သိရပါတယ်။

အင်္ဂလန်နိုင်ငံ Cranfield တက္ကသိုလ်က သိပ္ပံပညာရှင်များက ကြက်သွန်နီအခွံက မပျော်ဝင်နိုင်ပေမဲ့ အစွမ်းထက် အမျှင်ဓာတ်နဲ့ ကင်ဆာရောဂါနဲ့ ရောင်ရမ်းခြင်းများကို သက်သာ ပျောက်ကင်းစေတဲ့ quercetin အပြင် တခြား အကျိုးပြု ဂုဏ်သတ္တိများစွာပါဝင်တာကို တွေ့ရှိခဲ့ကြပါတယ်။

ဒါကြောင့် ကျန်းမာရေးတိုးတက်ကောင်းမွန်စေတဲ့ ကြက်သွန်နီ အခွံက အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ဖို့အတွက် ဟင်းတွေ စွပ်ပြုတ်တွေထဲမှာ အခွံမနွှာထားတဲ့ ကြက်သွန်နီ ၁ လုံး ၂ လုံးလောက် ထည့်ချက်လို့ရသလို ကြက်သွန်နီ အခွံနည်းနည်းကို ဟင်းအိုး ပွက်ပွက်ဆူမလာခင်အထိ ထည့်ချက်ပြီး နောက်မှ ဖယ်လိုက်ရင်လည်း ကြက်သွန်နီအခွံရဲ့ အကျိုးကျေးဇူး အပြည့်အ၀ ရနိုင်တယ်လို့ ဆိုပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

"သုတေသနပြုချက်များအရ လူတွေက ကိုယ့်ချစ်သူထက် ဖုန်းကိုပိုပြီး ဂရုစိုက်ကြောင်းသိရ"


"သုတေသနပြုချက်များအရ လူတွေက ကိုယ့်ချစ်သူထက် ဖုန်းကိုပိုပြီး ဂရုစိုက်ကြောင်းသိရ"

နေ့လည်စာစားချိန်မှာ ကိုယ့်ဖုန်းကို တစ်ချက်မျှ မကြည့်ဘဲ စားနိုင်ကြပါသလား။ အရေးကြီးတဲ့သူတစ်ယောက်နဲ့ စကားပြောနေချိန်မှာတောင် ဖုန်းရဲ့ မက်ဆေ့ခ်ျဝင်သံလေးကို မတုန့်ပြန်မိဘဲ နေနိုင်ကြပါသလား။ နည်းပညာသုံးစွဲမှုနဲ့ ပတ်သက်ပြီး တစ်နိုင်ငံလုံး စစ်တမ်းကောက်ယူတဲ့အခါမှာ ၅၈% သော လူများက ဖုန်းမသုံးဘဲ တစ်နေ့တောင် မနေနိုင်ဘူးလို့ ဖြေကြပါတယ်။ ၂၈% သော သူတွေကသာ သူတို့ချစ်သူနဲ့ တစ်နေ့တာ စကားမပြောဘဲ မနေနိုင်ကြောင်း အင်္ဂလန်နိုင်ငံ  Building Society’s FlexPlus က ကောက်ယူတဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

စစ်တမ်းမှ ရရှိသော တွေ့ရှိချက်များအရ အချစ်ဆိုတာ အမှန်တကယ် ရှိသေးရဲ့လားလို့ သံသယရှိစရာတောင် ကောင်းပါတယ်။ မနက်အိပ်ယာနိုးတဲ့အခါမှာ ကိုယ့်ချစ်သူနဲ့ စကားမပြောခင် ဖုန်းကို အရင်ကြည့်တဲ့သူက ၅၃% ရှိပါတယ်။ ၄၂% သော သူတွေကတော့ သူတို့ဖုန်းပျောက်ခဲ့တဲ့ အချိန်ကို မမေ့ကြပေမဲ့ သူတို့ရဲ့ နှစ်ပတ်လည်နေ့တွေကို သတိမရကြပါဘူး။ ၆၆% သော သူတွေကတော့ သူတို့လက်ထဲမှာ ဖုန်းမရှိရင် ပူပင်သလို၊ မပျော်ရွှင်သလို ခံစားကြရတယ်လို့ ဆိုပါတယ်။

Huffington Post ရဲ့ အဆိုအရ လူအများစုက ဖုန်းကို အိပ်ယာထဲတင်မကဘဲ ရေချိုးခန်းထဲ အိမ်သာထဲအထိတောင် ယူဆောင်သွားတတ်တယ်လို့ ဆိုပါတယ်။ လူတွေက ကိုယ်ချစ်တဲ့သူနဲ့ အချိန်ကုန်ဖို့ထက် ဖုန်းတွေကို ပိုပြီး ဦးစားပေးလာတာကို တွေ့ရှိရပါတယ်။ အမှတ်တရ အချိန်တွေ သတင်းအချက်အလက်တွေ အဆက်အသွယ်တွေ အားလုံးကို စက်တစ်လုံးထဲမှာပဲ သိမ်းထားတဲ့ အကျင့်က ယဉ်ကျေးမှုတစ်ခုလို ဖြစ်လာနေပါပြီ။

ဒါကြောင့် ကိုယ့်ချစ်သူဆီက လက်ဆောင်အဖြစ်တောင်းရမယ့် အရာထဲမှာ သူ ကိုယ့်ဘေးမှာရှိတဲ့အချိန် ဖုန်းကို ပိတ်ထားဖို့ တောင်းဆိုရမယ့် လက်ဆောင်သစ်တစ်ခု ရှိလာပြီ ဖြစ်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

Monday, February 22, 2016

"ယောက်ျားလေးသူငယ်ချင်းများသူ မိန်းကလေးတွေမှာရှိတဲ့ အချက် (၈) ချက်"


"ယောက်ျားလေးသူငယ်ချင်းများသူ မိန်းကလေးတွေမှာရှိတဲ့ အချက် (၈) ချက်"

၁- တည်ငြိမ်
စိတ်အပြောင်းအလဲမြန်သူတွေ မဟုတ်ပါဘူး။ ခုတစ်မျိုး တော်ကြာတစ်မျိုး မဖြစ်တတ်ပါဘူး။ စိတ်ထား တစ်သမတ်တည်း ရှိသူတွေပါ။

၂- တက်ကြွ
ဘယ်ကိစ္စမဆို တက်တက်ကြွကြွ ရှိပါတယ်။ ပျော့ဖတ်ဖတ်နဲ့ တွန့်ဆုတ်တွန့်ဆုတ်ပုံစံမျိုး မရှိပါဘူး။

၃- မေ့ပျောက်လွယ်တယ်
သူတို့က တစ်စုံတစ်ခုကို အညိုးအတေးကြီးသူတွေ မဟုတ်ပါဘူး။ မကောင်းတဲ့အကျင့်စရိုက်တွေ၊ အဖြစ်အပျက်တွေကို မေ့ပျောက်လွယ်ပါတယ်။

၎- လွပ်လပ်တဲ့စိတ်ထား
ဘဝ၊ အချစ်၊ လူနှစ်ဦးဆက်ဆံရေး စတဲ့ကိစ္စတွေမှာ လွပ်လပ်တဲ့အတွေးအခေါ်မျိုး ရှိပါတယ်။ ဒီလိုစိတ်ထားမျိုးကြောင့် မိန်းကလေးသူငယ်ချင်း အရင်းကြီးဆိုတာမျိုးတွေလည်း ရှိတတ်ပါတယ်။

၅- ပျော်တတ်
အသေးအဖွဲလေးတွေက သူတို့ကို စိတ်အနှောင့်အယှက် မပေးနိုင်ပါဘူး။ ဒါကြောင့် တစ်ခုခုကို ငြီးညူနေသူတွေ မဟုတ်ပါဘူး။ အပေါင်းအသင်းနဲ့ပက်သက်ရင် အမြဲတမ်း ပျော်ရွှင်တတ်တဲ့စိတ်ထား ရှိနေသူတွေပါ။

၆- အသစ်
အသစ်တစ်ခုခုကိုလုပ်ဖို့ စိတ်အား ထက်သန်သူတွေပါ။ ဒါကြောင့်မို့ နေရာသစ်၊ ကိစ္စသစ်တွေကို လုပ်ကြဖို့ သွားတိုင်ပင်ရင် အမြဲ လက်ခံတတ်တဲ့ မိန်းကလေးမျိုးပါ။

၇- သူငယ်ချင်း
ကိုယ့်သူငယ်ချင်းရဲ့ ကောင်မလေးပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေပဲဖြစ်ဖြစ် သူက ပေါင်းတတ်သင်းတတ်ပါတယ်။

၈- မတွန်းဘူး
သင်တကယ်မလုပ်ချင်တာကို သူတို့က တွန်းတွန်းတိုက်တိုက် မလုပ်ပါဘူး။

Photos & Source: LifeHack

Credit: duwun

"ထူးခြားသော မှဲ့ (၇) မျိုး"


"ထူးခြားသော မှဲ့ (၇) မျိုး"

လူတိုင်းရဲ့ခန္ဓ္ဓာကိုယ် နေရာအနှံ့မှာ မှဲ့တွေ ရှိတတ်ပါတယ်။ တချို့မှဲ့တွေက သေးပြီး တချို့မှဲ့တွေက အသားပို ထွက်နေသလို အကြီးကြီးတွေ ဖြစ်ပါတယ်။ မှဲ့တွေမှာ လူတစ်ယောက်ရဲ့ကျန်းမာရေး၊ စီးပွားရေး ကိစ္စမျိုးတွေနဲ့လည်း ဆက်စပ်နေတတ်တဲ့ ထူးခြားတဲ့ မှဲ့တွေရှိပါတယ်။ ကိုယ့်မှာ အဲ့ဒီလိုမှဲ့မျိုးရှိသလားဆိုတာ သိချင်ကြပါသလား။ ဒီမှဲ့တွေကတော့-

၁။ နားထင်ပေါ်မှာ ရှိတဲ့မှဲ့

ဒီမှဲ့က ခရီးသွားဖို့ အခွင့်အလမ်းတွေနဲ့ ဆက်စပ်နေပါတယ်။ ခရီးသွားခြင်းနဲ့ဆိုင်တဲ့ ပျော်ရွှင်မှုတွေ ၊အလုပ်အကိုင်တွေ ရရှိမှာ ဖြစ်ပါတယ်။

၂။ မျက်ခုံးနှစ်ခုကြားက မှဲ့

အလုပ်တိုးတက်မှုကို ပြပါတယ်။ မကြာခဏ ရာထူးတိုးတာ၊ လစာတိုးတာတွေ ကြုံတွေ့ရတာကို ပြပါတယ်။

၃။ မျက်လုံးနဲ့ မျက်ခုံးကြားကမှဲ့

စွယ်စုံရတဲ့သူ၊ ဘက်စုံထူးချွန်တဲ့သူတစ်ဦး ဆိုတာကို ပြပါတယ်။ လူတွေနဲ့ ဆက်ဆံရေးကောင်းပြီး ဦးဆောင်ရမဲ့ရာထူးမျိုး ရရှိနိုင်ပါတယ်။

၎။ အပေါ်နှုတ်ခမ်းရှိမှဲ့

အစားအသောက်၊ အ၀တ်အထည်တို့ကြောင့် မကြာခဏ ပူပန်ရတတ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး မြင့်မားပြီး အပေါင်းအသင်းတွေကြားမှာ ကျော်ကြားတဲ့သူမျိုး ဖြစ်ပါတယ်။

၅။ ပါးရိုး ပေါ်ရှိမှဲ့

အလုပ်မှာ လုပ်ပိုင်ခွင့်ရှိတဲ့ရာထူးမျိုး ရရှိနိုင်ပြီး စည်းစိမ်ဥစ္စာ ကြွယ်ဝမယ့်သူ ဖြစ်ပါတယ်။

၆။ လက်ဝါးပြင်ပေါ်ရှိမှဲ့

ဘယ်တော့မှ ငွေကြေးပြတ်လပ်မှုမျိုး ကြုံရာမှာ မဟုတ်ပါဘူး။ ရည်မှန်းချက်ကြီးတဲ့ သူတစ်ယောက် ဖြစ်ပြီး  အလွယ်တကူ ဦးဆောင်နိုင်မယ့်သူလည်း ဖြစ်ပါတယ်။

၇။ ခြေဖ၀ါးပြင်ရှိမှဲ့

မကြာခဏ ခရီးသွားရပြီး လုပ်ငန်းခွင်မှာ ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ် ကျော်ကြားသူတစ်ဦးဖြစ်နိုင်ပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

Sunday, February 21, 2016

"Online ပေါ်မှာ"


"Online ပေါ်မှာ"

နင်နဲ့ငါ Online ပေါ်မှာ အမှတ်တမဲ့တွေ့ခဲ့တယ်။ နင်နဲ့ငါ အပျော်အပျက်လေးတွေ ပြောခဲ့ကျတယ်။ နင်နဲ့ငါ ခဏတာ စိတ်ဆိုးကြတယ်။ နင့်နဲ့ငါ တစ်နေ့မတွေ့ဆုံဖြစ်ရင် လွမ်းတဲ့အကြောင်းတွေ ပြောခဲ့ကြတယ်။ နင်နဲ့ငါ ပြဿာနာတက်နေရင်းနဲ့ ခံစားမှုတွေ ရလာတယ်။ အမှတ်တမဲ့ တွေ့ပေမယ့် ငါ့အချစ်က နင့်အတွက် အမှတ်တမဲ့ မဟုတ်ခဲ့ဘူး။ အပျော်အပျက်ပြောပေမယ့် ငါ့အချစ်က နင့်အတွက် အပျော်အပျက် မဟုတ်ခဲ့ဘူး။ ခဏတာစိတ်ဆိုးကြပေမယ့် ငါ့ကို နင် စိတ်ဆိုးရင် ငါ့ရင်ထဲ နာကျင်အောင် ခံစားရတယ်။

တစ်နေ့တာခွဲကျရင်တောင် အလွမ်းတွေ ပြောမကုန်ခဲ့တော့ တသက်စာများ ခွဲရရင်ဆိုတဲ့အတွေးက တွေးလို့တောင် မကြည့်ရဲဘူး ချစ်ရသူရယ်။ လူချင်းမတွေ့ဘူးပေမယ့် Online က အချစ်မစစ်ဘူးလို့ မထင်ပါနဲ့
အမှတ်တမဲ့ဆုံတွေ့မှုကနေ ထာဝရတိုင် သက်ဆုံးထိ ချစ်နေချင်တယ်

Kak

Credit: Aung Tun Myint

Saturday, February 20, 2016

"သင့်ချစ်သူဟာ သင်နဲ့ ငွေကြေးအရ အဆင်ပြေပါသလား"


"သင့်ချစ်သူဟာ သင်နဲ့ ငွေကြေးအရ အဆင်ပြေပါသလား"

အိမ်ထောင်မှုဆိုတာ နဖူးစာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စုံတွဲတွေရဲ့ ငွေကြေးသုံးစွဲမှု ပုံစံတွေဟာ သူတို့ အိမ်ထောင်မှုဘဝကို အပြောင်းအလဲ ဖြစ်စေနိုင်ပါတယ်။

အိန္ဒိယမှာ စုံတွဲတစ်ခု လက်မထပ်ခင် ဗေဒင်တွက်ကြည့်ကြတဲ့ အလေ့ ရှိပါတယ်။ သတို့သားနဲ့ သတို့သမီးကို လိုက်ဖက်ညီမှု ရှိမရှိ ရှေးကျတဲ့ နည်းလမ်းတွေသုံးပြီး တွက်ကြပါတယ်။ ဆေးပညာ ခေတ်မီလာတာနဲ့အမျှ စုံတွဲတွေကို ဆေးလည်း စစ်ကြပါသေးတယ်။

စီးပွားရေးပညာရှင်တွေဟာလဲ ဒီလိုမျိုး လက်မထပ်ခင် တစ်ယောက်နဲ့တစ်ယောက် လိုက်ဖက်ညီမှုရှိမရှိ စစ်ဆေးကြဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ ကျန်တာတွေ အကုန်ကိုက်ညီပေမယ့် ငွေကြေးပြဿနာတွေ တက်လာတဲ့အခါ စုံတွဲတွေ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်လာတာကို တွေ့ရှိရတဲ့အခါမှာတော့ လက်မထပ်ခင် ငွေကြေးဆိုင်ရာအမြင်ကိုလဲ စစ်ဆေးကြည့်ဖို့ လိုတယ်လို့ ပြောဆိုလာကြပါတယ်။

ငွေကြေးဆိုင်ရာအမြင်ကို စစ်ဆေးကြည့်ဖို့ အောက်ပါအချက်တွေကို စဉ်းစားရပါမယ်။

၁။ ငွေ သုံးဖြုန်းမှု အလေ့အကျင့်

သင့်ရဲ့ ဇနီးလောင်းဟာ ဘဏ်စာအုပ်ထဲမှာ ငွေအရမ်းမရှိပဲနဲ့ နိုင်ငံခြားကို အပန်းဖြေခရီး ထွက်ချင်နေပါသလား။ ဟုတ်တယ်ဆိုရင်တော့ စိုးရိမ်ရပါတယ်။ ငွေကြေးဆိုင်ရာတိုးတက်ဖို့ အဓိကလိုအပ်တာက စုဆောင်းမိဖို့ပါ။ တစ်ယောက်ခြင်းစီဟာ အနာဂါတ် အိမ်ထောင်ရေးအတွက် ငွေကြေးစုဆောင်းပြီး စီးပွားရှာချင်ကြတာပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက် စည်းကမ်းတကျ စုဆောင်းလေ့ မရှိကြပါဘူး။

ငွေစုဆောင်းဖို့ဟာ သတို့သားနဲ့ သတို့သမီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စစ်ဆေးသင့်တဲ့အရာပါ။ လစဉ်ဝင်ငွေရဲ့ ရာခိုင်နှုန်းတစ်ခုကို စုငွေအဖြစ် စုဆောင်းသင့်ပါတယ်။

၂။ အရေးပေါ်အခြေအနေအတွက် ငွေကြေးစီစဉ်မှု

လခစားဝန်ထမ်းတွေဟာ သူတို့လခ ၃ လစာကနေ ၆ လစာအထိကို ငွေသားအဖြစ် လက်ထဲ ထားသင့်ပါတယ်။ အလုပ်ပြုတ်မှာ၊ ထိခိုက်ဒါဏ်ရာရတာ စတဲ့ မထင်မှတ်တဲ့ ငွေကြေးပြသနာ ကြုံရမှုမျိုး မဖြစ်အောင်ပါ။ လက်မထပ်ခင် ကိုယ်လက်ထပ်မဲ့သူရဲ့ အရေးပေါ် ငွေကြေးစီစဉ်မှုကို ကြည့်သင့်ပါတယ်။

၃။ လက်ထပ်ပြီး ငွေကြေး စီမံခန့်ခွဲမှု

မိသားစုတွေကို ထောက်ပံ့ဖို့၊ ညီ ညီမတွေကို ကျောင်းစရိတ် ထောက်ပံဖို့၊ အစရှိတဲ့ အချက်တွေကို လက်မထပ်ခင်ကတည်းက ကြိုတင်ညှိနှိုင်းထားသင့်ပါတယ်။ လက်မထပ်ခင်မှာ သင့်ရဲ့ဇနီးလောင်းကို သင် ထောက်ပံ့စရာတွေ အကုန်ပြောပြထားပါ။ အဲဒါဟာ ကြုံတွေ့ရမယ့် ငွေကြေးစီမံမှုအတွက် ကြိုတင်စဉ်းစားဖို့ အချိန် ရစေပါတယ်။

သင့်ဇနီးလောင်းမှာလဲ ထောက်ပံ့ရမယ့် သူတွေ ရှိနေမှာပါ။ အဲဒါကိုလဲ နှစ်ယောက် လက်မထပ်ခင် ဆွေးနွေးသင့်ပါတယ်။ လက်ထပ်ပြီးမှ သူ့ကို မထောက်ပံ့ခိုင်းလို့ မရပါဘူး။ မိသားစုဆိုတာ လူ့ကျင့်ဝတ်အရ ထောက်ပံ့ရမယ့်အရာ မို့ပါ။

နိဂုံး

လက်ထပ်တာဟာ တစ်သက်မှာ တစ်ခါပဲ ကြုံရမှာပါ။ လက်ထပ်ခြင်းမှာ ပျော်ရွှင်ခြင်းအပြင် စိတ်အနှောင့်အယှက်နဲ့ လောကဓံတွေကို သင့်လက်တွဲဖော်နဲ့ တူတူ ကျော်ဖြတ်ရမှာပါ။ အဲဒါကြောင့် ဗေဒင်တွက်တာ၊ ဆေးစစ်တာတို့အပြင် ငွေကြေးအမြင်ကိုလည်း စစ်ဆေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ နဖူးစာကြောင့် ချစ်သူ နှစ်ယောက် လက်ထပ်ရပေမယ့် ငွေကြေးပြဿနာကြောင့် ပြန်ကွဲစေနိုင်လို့ပါပဲ။

Credit: mmgentleman

"အချစ်နဲ့"


"အချစ်နဲ့"

လူတစ်ယောက်ကြောင့် နာကျင်ခဲ့ရတာကို လူတစ်ယောက်ရဲ့ ကြင်နာခြင်းနဲ့ ပြန်ကုသရတယ်။

အချစ်ကြောင့် အသဲကွဲခဲ့ရတာကို အချစ်နဲ့ပဲ ပြန်ဖာထေးရတယ်။

လူတယောက်ကြောင့် ရတဲ့ဒဏ်ရာကိုလည်း လူတစ်ယောက်နဲ့ပဲ ပြန်သက်သာအောင် လုပ်ကြရတယ်။

တချို့လူတွေ အချိန်အကြာကြီး နာကျင်ရတယ်၊ အသဲကွဲရတယ်ဆိုတာ ခေါင်းကြောမာလို့၊ အစွဲအလန်းကြီးလို့ပဲမလား။

တခါတလေကျတော့ ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့တဲ့ တစ်စုံတစ်ယောက်ကိုတောင် ခွင့်မပြုချင်ပေမဲ့ ခွင့်ပြုခဲ့ရသေးတာ။ ကိုယ့်ကို သေချာပေါက် ကြင်နာမဲ့တစုံတယောက်ကို သင် ခွင့်ပြုသင့်ပါတယ်။

အစွဲအလန်းကြီးတယ် အပြောင်းအလဲလုပ်ဖို့ ခေါင်းမာတယ်ဆိုတာ သူ ကိုယ့်ကို ချစ်နေတုန်းမှာပဲ အသုံးဝင်တာပါ။ သူ ကိုယ့်ကို မချစ်တော့တဲ့အချိန်မှာတော့ အဲဒါတွေဟာ အသုံးမဝင်တော့ဘူး။ သင့်ကို နာကျင်ခြင်းသက်သက်ပဲ ဖြစ်စေတော့တယ်လေ။

ခင်မင်လျက်
ကောင်ကလေး

Credit: ကောင်မလေးရဲ့ကောင်လေး

"ချစ်သူထက်"


"ချစ်သူထက်"

ကျနော် ပိုက်ဆံ ၁၀၀ ပိုင်ဆိုင်တဲ့အခါ ပြုံးပြုံးလေးနေတဲ့ ချစ်သူထက် ကျနော် တပြားမှမရှိတဲ့အခါ မဲ့မဲ့လေးမနေတဲ့ ချစ်သူကို ပိုအလိုရှိပါတယ်။

ကျနော် မချမ်းသာဘူးနော်လို့ ပြောတဲ့အခါ သိပါတယ်ဆိုတဲ့ ပြောတဲ့စကားလုံးတွေထက် ကျနော်ဆင်းရဲတဲ့အခါလည်း အနားမှာ ရှိနေမှာပါဆိုတဲ့ ချစ်သူကို ပိုအလိုရှိပါတယ်။

ကျနော်တို့ ဝေးဝေးနေတဲ့အခါ လွမ်းတယ်လို့ အချိန်တိုင်းပြောနေတဲ့ ချစ်သူထက် ကျနော်တို့ ပြန်ဆုံစည်းကျတဲ့အခါ
ကျနော်တစ်ယောက်တည်းကိုပဲ စောင့်နေရှာတဲ့ ချစ်သူကို ပိုအလိုရှိပါတယ်။

ကျနော်တို့ လွမ်းလို့ ဖုန်းတွေဆက်ကျတဲ့အခါ ခုမှဘာလို့ ဆက်တာလဲဆိုတဲ့ မေးခွန်းတွေမေးတဲ့ ချစ်သူထက် ကျနော်တို့ ဆက်သွယ်မှု့လေးတွေ ရတဲ့အခါ မအားတဲ့ကြားထဲက ဖုန်းဆက်ပေးလို့ ကျေးဇူးပါနော်ဆိုတဲ့ စကားလုံးလေးတွေပြောတဲ့ ချစ်သူကို ပိုအလိုရှိပါတယ်။

ကိုယ့်စိတ်နဲ့တောင် အရာရာတိုင်း ထပ်တူမကျနိုင်တဲ့ ဘ၀ကြီးမှာ ကိုယ့်ကို အရမ်းနားလည်ပေးနိုင်တဲ့ ချစ်သူတစ်ယောက် ရခဲ့ရင် လွယ်လွယ်စွန့်ပစ်ဖို့ မတွေးတောမိပါစေနဲ့။

Credit: ပုံရိပ်စစ်

"ဖေ့စ်ဘွတ် စွဲလန်းရတဲ့ အကြောင်း (၄) ချက်"


"ဖေ့စ်ဘွတ် စွဲလန်းရတဲ့ အကြောင်း (၄) ချက်"

ဖေ့စ်ဘွတ်ကို မသုံးရ မနေနိုင် စွဲလန်းနေတဲ့ အကြောင်းအရင်း အများအပြား ရှိနိုင်ပါတယ်။ အခုဖော်ပြထားတဲ့ အကြောင်း (၄) ချက်က လေ့လာမေးမြန်းမှု ၅,၀၀၀ ကျော်ကို အခြေခံထားတဲ့ သုတေသနရလဒ် ဖြစ်ပါတယ်။

အလေ့အထ
ဖေ့စ်ဘွတ်သုံးခြင်းကို အလေ့အထ တစ်ခုပမာ မှတ်ယူခံစားသူတွေဟာ ဖေ့စ်ဘွတ်ကို စွဲလန်းတတ်ကြကြောင်း သုတေသန ရလဒ်တွေက ဖော်ပြပါတယ်။

စပ်စုချင်စိတ်
အခြားသူတွေက ကိုယ့်ကို ဘယ်လိုထင်နေကြလဲဆိုတာ သိချင်သူတွေနဲ့ အခြားသူတွေ ဘာတွေလုပ်နေတယ်ဆိုတာ သိချင်သူတွေဟာ ဖေ့စ်ဘွတ်ကို စွဲလန်းတတ်ပါတယ်။

ပျော်လို့
ဖေ့စ်ဘွတ်သုံးရတာကို ကျေနပ်ပျော်ရွှင်နေသူတွေဟာ စွန့်ခွာဖို့ ခဲယဉ်းပြီး စွဲလန်းတတ်ပါတယ်။

အခြား ဆိုရှယ်မီဒီယာတွေကြောင့်
ဖေ့စ်ဘွတ်အပြင် တွစ်တာကဲ့သို့ အခြား ဆိုရှယ်မီဒီယာ အကောင့်တွေပါ ပိုင်ဆိုင်ထားသူတွေက ဖေ့စ်ဘွတ်တစ်ခုတည်း သုံးသူတွေထက် စွဲလန်းမှုပိုကြောင်း သုတေသနရလဒ်တွေက ဆိုပါတယ်။

သုတေသန အစီအစဉ်မှာ ပါဝင်သူတွေကို ဖေ့စ်ဘွတ်မှ ၉၉ ရက်ကြာ log out လုပ်စေခဲ့ပြီး သူတို့ရဲ့ စိတ်အခြေအနေကို ၃၃ ရက်၊ ၆၆ ရက်နဲ့ ၉၉ ရက်တို့မှာ တစ်ကြိမ်စီ လေ့လာမှု ပြုလုပ်ခဲ့ပါတယ်။

Source: 99 Days of Freedom
Photo: Yahoo, AllIndiaRoundUp

Credit: duwun

Friday, February 19, 2016

"သင်က စကားများတဲ့လူလားဆိုတာ ဒီအချက်တွေကြည့်ပြီး သိနိုင်"


"သင်က စကားများတဲ့လူလားဆိုတာ ဒီအချက်တွေကြည့်ပြီး သိနိုင်"

၁- သူတို့ အာရုံမစိုက်တဲ့အချိန်၊ တစ်ယောက်ယောက်ကို စကားပြောနေတဲ့အချိန်မှာလည်း သင်က ပြောနေတယ်။

၂- ပြောရမယ့်ဇာတ်လမ်းက ရှည်တယ်၊ ဘယ်သူမှလည်းပြောဖို့ မတောင်းဆိုဘဲနဲ့ ပြောနေတယ်။

၃- သူများဆီကရလာတဲ့ ဇာတ်လမ်းတွေကိုလည်း ခဏခဏ ပြောတယ်။

၎- သင့်ရည်မှန်းချက်၊ သင့်အလုပ်အကြောင်းတွေကိုလည်း လူတွေကို ခဏခဏ ပြောတယ်။

၅- တစ်ဖက်လူက ပျင်းနေတဲ့ပုံ ပေါက်ပေမဲ့လည်း သင်က ပြောတယ်။

၆- တစ်ဖက်လူက ဖုန်းပွတ်နေရင်လည်း ပြောတယ်။

၇- တအားအမြန်ပြောမိနေပေမဲ့လည်း အရှိန်လျော့မချဘဲ ပြောတယ်။

၈- သင်ပြောတဲ့စကားကို သင်တစ်ယောက်တည်း ရယ်တယ်။

Photos & Source: wiki How

Credit: duwun

"ချစ်သူတွေ လမ်းခွဲကြရတဲ့ အဓိကအကြောင်းရင်း (၆) ခု"


"ချစ်သူတွေ လမ်းခွဲကြရတဲ့ အဓိကအကြောင်းရင်း (၆) ခု"

ချစ်သူဘ၀ဆိုတာ အရမ်းကို ပျော်ရွှင်စရာ ကောင်းပါတယ်။ ဒါပေမယ့် ဂရုတစိုက်နေထိုင်တတ်ဖို့ လိုပါတယ်။ ဘာမှမဟုတ်တဲ့ ကိစ္စလေးတွေကနေ အစိုင်အခဲ ကြီးကြီးမားမား ဖြစ်လာတာမျိုး၊ အမှတ်တမဲ့ နေထိုင်ပြောဆိုလိုက်ရာကနေ ချစ်သူနှစ်ယောက် လမ်းခွဲလိုက်ရတာမျိုးတွေလည်း ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် ဘယ်လိုအချက်တွေက ချစ်သူတွေလမ်းခွဲဖို့ အကြောင်းရင်းတွေ ဖြစ်စေတတ်သလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ ကိုယ့်စိတ်ကိုကိုယ် ကောင်းကောင်းမထိန်းချုပ်နိုင်တာ

ချစ်သူဘ၀ အချိန်ကြာကြာ ရေရှည်တည်တံ့ခိုင်မြဲချင်ရင် ကိုယ့်စိတ်ကို ကိုယ် ကောင်းကောင်းထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ အထိန်းအကွပ်မရှိတဲ့ အပြုအမူ အပြောအဆိုတချို့က ကိုယ်က သူ့ကို ထိခိုက်ဖို့မရည်ရွယ်ရင်တောင် ကိုယ့်ချစ်သူက ထိခိုက်ခံစားရတာတွေ ရှိနိုင်ပါတယ်။

၂။ ရင်းနှီးမှုနည်းပါးခြင်း

တစ်ယောက်စိတ်တစ်ယောက် သိဖို့၊ တစ်ယောက်ကိုတစ်ယောက် အမြဲ နားလည်နေနိုင်ဖို့ဆိုရင် အပြောအဆို၊ အနေအထိုင်၊ အထိအတွေ့တွေ ရင်းနှီးကျွမ်းဝင်မှုရှိဖို့ လိုပါတယ်။ ကိုယ်နဲ့သူနဲ့ အတူတူရှိနေတဲ့အချိန်မှာ ချစ်သူဆိုတဲ့ ခံစားချက်မျိုးမှရမနေရင် သာမန်လူနှစ်ယောက် တွေ့ဆုံတာထက်ပိုပြီး ဘယ်လိုမှ ထူးခြား ပျော်ရွှင်စရာအကြောင်း ရှိလာတော့မှာ မဟုတ်ပါဘူး။

၃။ အချိန်အကြာကြီး စိတ်ဆိုးတာ

ရန်ဖြစ်ရင်တောင် တစ်ရက်တည်းမှာ အပြီးဖြစ်လိုက်ပါ။ ရက်ပေါင်းများစွာ စိတ်ဆိုးနေကြတာ၊ မခေါ်မပြောကြတာ တစ်ယောက်နဲ့တစ်ယောက် ပိုပိုအေးစက်သွားစေတတ်သလို၊ ပိုပိုအနေဝေးသွားစေနိုင်ပါတယ်။

၎။ ကတိလွယ်လွယ်ဖျက်တာ

ကိုယ့်ကို နားလည်မှာပဲဆိုပြီး ပေးထားတဲ့ကတိကို လွယ်လွယ်ဖျက်ပြီး နောက်မှ ပြန်ချော့တာမျိုးလည်း လုံးဝမလုပ်သင့်ပါဘူး။

၅။ ကဗျာမဆန်တတ်တာ

ဘယ်လောက်လူကြီးဆန်တဲ့သူပဲဖြစ်ဖြစ် ချစ်သူနဲ့ဆိုရင်တော့ ကဗျာဆန်ဆန် အနုအရွလေးတွေကို ခံစားချင်ကြတာချည်းပါပဲ။ ဒီအချက်က မလိုအပ်ဘူးလို့ ထင်ရပေမယ့် တကယ်တမ်း ချစ်သူဘ၀အဆင်ပြေနိုင်ဖို့ အကူအညီဖြစ်စေတာ အမှန်ပါပဲ။

၆။ လျှို့ဝှက်ချက်တွေ

ကိုယ်ပိုင်လျှို့ဝှက်ချက်တွေရှိတာ လက်ခံလို့ ရပါတယ်။ ဒါပေမဲ့ အသိမပေးဘဲ ထိန်ချန်ထားတတ်တဲ့ အကျင့်က လုံးဝ မကောင်းပါဘူး။ နောက်ပြီး သူမသိတဲ့လျှို့ဝှက်ချက်တွေ အများကြီး ကိုယ့်မှာရှိနေရင်လည်း သူ့အတွက်ရော ကိုယ့်အတွက်ပါ တစ်ချိန်မှာ ပြဿနာ ကြီးကြီးမားမား ဖြစ်လာစေနိုင်ပါတယ်။

Credit: duwun

"အမျိုးသားများ ပိုင်ဆိုင်ချင်သော ဘဝ လက်တွဲဖော်"


"အမျိုးသားများ ပိုင်ဆိုင်ချင်သော ဘဝ လက်တွဲဖော်"

အမျိုးသားတွေက အပြင်ပန်းအလှကို ငြိတွယ်တတ်ကြတယ်လို့ သိထားကြပေမယ့် အမြင်ပေါ်မှာ စွဲလန်းမိတာမှုက ခဏတာပါပဲ။ အဲဒါက အချစ်မဟုတ်သလို၊ တသက်လုံး လက်တွဲဖို့လည်း မဟုတ်ပါဘူး။ မိန်းကလေးတွေလိုပဲ၊ အမျိုးသားတွေမှာ မိန်းကလေးတစ်ယောက်ဆီမှာ လိုက်ရှာတဲ့ "စံ" ရယ်လို့ရှိပါတယ်။

၁။ ကလေးအရွယ်တုန်းက ဆိုတဲ့ "ရည်းစားလှလှသားမှာရှိတယ် အိမ်ကိုရောက်အောင် သားခေါ်ခဲ့မယ်" သီချင်းထဲကလို အမျိုးသားတိုင်း ရွေးချယ်တဲ့ ချစ်သူတိုင်းဟာ လှနေတာမဟုတ်ပါဘူး။ လှတယ် မလှဘူးဆိုတာထက် အတွင်းစိတ်သဘောထားကို ပထမဦးစားပေးအနေနဲ့ ကြည့်ကြတာဖြစ်ပါတယ်။

၂။ အမျိုးသားတွေဟာ ကိုယ့်ကိုယ်ကို ပြင်ဆင် ခြယ်သလွန်းလွန်းတဲ့ မိန်းကလေးတွေထက်  ကြည့်လိုက်ရင်  ရိုးရှင်းပြီး အထာကျတဲ့ မိန်းကလေးတွေကို  ပိုနှစ်သက်ကြပါတယ်တဲ့။

၃။ မိန်းကလေးက ဖွင့်ပြောလို့ (ဒီခေတ်ကြီးမှာ) တွဲဖြစ်ကြတဲ့ စုံတွဲတွေဟာ ခရီး သိပ်မရှည်ကြပါဘူး။ ယောက်ျားတွေဟာ ရှေးအစဉ်ကတည်းက အမဲလိုက်သူတွေပီပီ ကိုယ်က လိုက်ရတာကို သဘောတွေ့ကြပါတယ်။ံလုံ့လစိုက်ပြီးမှ ရလာတဲ့ပစ္စည်းကို ပိုတန်ဖိုးထားသလိုပဲ ကြိုးစားအားထုတ်ပြီးမှ ရခဲ့တဲ့ ချစ်သူမျိုးကို တဘဝစာ ပိုင်ဆိုင်လိုကြပါတယ်။

၎။ ကိုယ်ဖြစ်ချင်တာ ကိုယ်လုပ်ချင်တာကို အမြဲတမ်း ထုတ်ဖော်ပြောတဲ့သူမျိုး မဟုတ်ပဲ သူ့မျက်လုံးကိုကြည့်တာနဲ့၊ သူ့စိတ်ကို အလိုလို နားလည်ပေးနိုင်တဲ့ မိန်းကလေးမျိုးကို ဘေးမှာ ထာဝရ ထားချင်ကြတာဖြစ်ပါတယ်။

၅။ ပိန်ပိန် ဝဝ သူ့အတွက် ဘာမှ မဖြစ်ပေမယ့် သပ်သပ်ရပ်ရပ် ကြည့်ပျော်ရှုပျော်တော့ ဖြစ်နေရပါမယ်။ ယောက်ျားတိုင်းက ကိုယ့်ဇနီးရဲ့ အလှကို လူတွေရှေ့မှာ ကြွားချင်ကြတာချည်းပါပဲ။

၆။ တိတိကျကျနဲ့ ကိုယ့်တာဝန်ကိုယ်ယူတတ်တဲ့ မိန်းကလေးတွေကို အထင်ကြီးကြပေမယ့်၊ သူတို့ထက်ပိုပြီး စိတ်မာတဲ့ မိန်းကလေးတွေကို လက်မတွဲချင်ကြပါဘူး။ အဲလိုပဲ သူတို့ထက် အရာရာမှာ စွမ်းဆောင်နိုင်တဲ့ သူကို ဘဝလက်တွဲဖော်အဖြစ် ရွေးရမှာကို လက်တွန့်တတ်ကြပါတယ်။

၇။ အကောင်းဆုံးတော့ မဟုတ်ပေမယ့် ထမင်းဟင်း ချက်တတ်ရပါမယ်။ သူလိုအပ်တာ သူနဲ့ရလာတဲ့ ရင်သွေးလေးကို ပြုစုစောင့်ရှောက်နိုင်မယ့် မိခင် ပီသတဲ့သူပါ။

၈။ သူပြောပြတာတွေကို ဂရုတစိုက် နားထောင် နှစ်သိမ့်ပေးမယ့် လက်တွဲဖော်မျိုး လိုချင်ကြပါတယ်။၊ ဘေးစကားတွေကို နားထဲမထည့်ပဲ သူ့တစ်ယောက်တည်းကို ယုံကြည်အားကိုးပေးတဲ့ သူမျိုးပေါ့။

၉။သူ့ဘဝမှာ ချစ်သူအပြင် တန်ဖိုးထားဆုံးလူက သူ့မိခင် ဖြစ်ပါတယ်။ ဒါကြောင့် အမေ သဘောကျလောက်မယ့်၊ အဆင်ပြေလောက်မယ့် မိန်းကလေးကို ဦးစားပေး ရွေးချယ်တတ်ကြပါတယ်။

ဒီ (၉) ချက်ထဲက အချက်တော်တော်များများနဲ့ ကိုက်နေရင်တော့၊ အပျိုကြီးဖြစ်မယ့် ရာခိုင်နှုန်း တော်တော်ကို နည်းသွားပါပြီ။ ကိုယ် မယူချင်ရင်တော့ တစ်မျိုးပေါ့နော်။

စာဖတ်သူအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

Credit: သက်ထားစံ

လူတစ်ယောက်ကို


လူတစ်ယောက်ကို ကိုယ့်ဘဝထဲမှာ စောစောစီးစီး နေရာမပေးမိစေနဲ့။ တချို့လူတွေက ခင်မင်ဖို့ကြိုးစားကြတယ်။ ဒါပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သူတို့ ကိုယ့်အနားက ထွက်သွားတယ်။ တချို့လူတွေက ချစ်ခွင့်ရဖို့ ကြိုးစားတယ်။ ချစ်ပြီးတော့ ကိုယ့်အပေါ် သွေးအေးသွားကြတယ်။

လူတစ်ယောက်ကို ကိုယ့်ရင်ထဲမှာ စောစောစီးစီး နေရာမပေးမိစေနဲ့။ စောစောစီးစီး တွယ်တာတဲ့လူ၊ စောစောစီးစီး ချစ်မိတဲ့သူ၊ စောစောစီးစီး နေရာပေးမိသူတွေဟာ စောစောစီးစီးပဲ ဒဏ်ရာရတတ်တယ်။ ပြီးတော့ ခက်ခက်ခဲခဲနဲ့ ကိုယ့်ရင်ထဲက သူတို့ကို ပြန်ထုတ်ရတတ်တယ်လေ။

Credit: ကောင်မလေးရဲ့ကောင်လေး

"ကြော်ငြာ"


"ကြော်ငြာ"

အာရပ်စော်ဘွားများနိုင်ငံရှိ ကုမ္ပဏီတစ်ခုမှ အားဖြည့်အချိုရည် စတင်ထုတ်လုပ်သည်။
ကုန်ပစ္စည်း အရောင်းမြှင့်တင်ရန်အလို့ငှာ ကြော်ငြာကုမ္ပဏီတစ်ခုကို ငှားသည်။
ကြော်ငြာကုမ္ပဏီက လမ်းဆုံလမ်းခွများတွင် ပိုစတာဆိုင်းဘုတ်ကြီးများ ကပ်လေသည်။ ကြော်ငြာဘုတ်တွင် အကန့်သုံးကန့်ပါ၍
ပထမပုံမှာ… လူတစ်ယောက် သဲကန္တာရထဲ၌ အားပြတ်၍ လဲနေပုံဖြစ်သည်။
ဒုတိယပုံမှာ… ထိုလူမှ ကြော်ငြာမည့် အားဖြည့်အချိုရည်ကို သောက်နေပုံဖြစ်သည်။
တတိယပုံမှာ… လန်းဆန်း၍ တက်ကြွနေသော ထိုလူ၏ ပုံဖြစ်လေသည်။
ကြော်ငြာဘုတ်များထောင်ပြီး မကြာမီ ကြော်ငြာကုမ္ပဏီမှ တာဝန်ခံ အလုပ်ပြုတ်လေသည်။ အကြောင်းမှာ အာရပ်များစာဖတ်လျှင် အနောက်မှစ၍ အရှေ့သို့ ဖတ်သောကြောင့်ဖြစ်သည်။

Credit: No Name

"ထင်တော့ထင်သားဘဲ"


"ထင်တော့ထင်သားဘဲ"

တစ်ခါက ရွာတစ်ရွာမှာ လင်မယားနှစ်ယောက် ရှိတယ်။ မယားလုပ်တဲ့သူမှာ အကျင့်တစ်ခုရှိတယ်။ အဲဒါကတော့ သူ့ကို ဘာပြောပြော ဟုတ်လား ကျွန်မအစကတဲက ထင်တော့ထင်သားဘဲ… ဆိုပြီး အမြဲ အဲသလို ပြောတတ်သတဲ့။ အဲဒါကို နေ့တိုင်းကြားနေရတော့ ယောက်ျားဖြစ်တဲ့သူဟာ သူ့မိန်းမကို အမြင်ကပ်လာတယ်။ ဒါနဲ့ တစ်နေ့မှာ ယောက်ျားလုပ်တဲ့သူဟာ လယ်တောကိုသွားပြီး အချိန်မတန်မီ နွားကန် (နွားမောင်းရာတွင် နွားကိုရိုက်ရန် သုံးသော တုတ်) ကိုင်ပြီး သူတစ်ယောက်ထဲ ပြန်လာတယ်။ ဒါကို မိန်းမကမြင်တော့…

"ဟော… ရှင်ဘာဖြစ်လို့ အိမ်ကို အစောကြီးပြန်လာရတာလဲ… ဒါနဲ့ လှည်းတွေ နွားတွေရော"
"အေးကွာ… မပြောကို မပြောချင်ပါဘူး။ ငါ တောရောက်လို့ လှည်းကနွားတွေကို ချွတ်လိုက်တာနဲ့ နွားနှစ်ကောင်ဟာ တောင်ပံတွေပေါက်ပြီး မိုးပေါ် ပျံကုန်ကြတယ်ကွာ"
ဒီတော့ မိန်းမက သူ့ဝသီအတိုင်း…
ဟုတ်လား… ကျွန်မ အစကတဲက ထင်တော့ထင်သားဘဲ… ဒီနွားနှစ်ကောင် ဒီနေ့မနက် မြင်ရတာ ထူးဆန်းနေသလားလို့"
ဒီတော့ ယောက်ျားဟာ လက်ထဲက အသင့်ကိုင်ထားတဲ့ နွားကန်နဲ့ မိန်းမကို လှိမ့်ရိုက်ပြီး ပါးစပ်ကလဲ…
"ထင်ဦးကွာ… ထင်ဦးကွာ မင်း ဒီသောက်ကျင့်က မပျောက်နိုင်ဘူး… နွားတောင်ပံပေါက်ပြီး ကောင်းကင်ပျံတယ်လို့ ပြောတာ ဖြစ်နိုင် မဖြစ်နိုင် မစဉ်းစားဘဲ သူဘဲ ကြိုသိသလိုလို… ဒီသောက်ကျင့်က မဖျောက်ဘူး"
ဒီလိုလှိမ့်ပြီး အရိုက်ခံနေရတဲ့ ကြားက သူ့မိန်းမပြောတဲ့ စကားကြောင့် သူ ဆက်ပြီး မရိုက်နိုင်တော့အောင် စိတ်ဓါတ်ကျသွားတယ်။ ပြောတာက…
"ဒီလိုပြောရင် ဒီလိုအရိုက်ခံရမယ်ဆိုတာ ကျွန်မ အစကတဲက ထင်တော့ထင်သားဘဲ" တဲ့

Zaw Min Latt

Credit: No Name

Thursday, February 18, 2016

"မအိပ်ဘဲ နေတဲ့အခါ ဘာဖြစ်နိုင်သလဲ'


"မအိပ်ဘဲ နေတဲ့အခါ ဘာဖြစ်နိုင်သလဲ'

အိပ်စက်ခြင်းဟာ ကျန်းမာရေးအတွက်၊ ခန္ဓာကိုယ်အတွက် အရေးပါလှတယ်ဆိုပေမဲ့လည်း ဘယ်သူပဲ ဖြစ်ဖြစ် အိပ်ရေးပျက်ရတဲ့ ညတွေကို ကြုံဖူးကြမှာပါ။ အကြောင်းအမျိုးမျိုးကြောင့် တစ်ညလုံးမအိပ်ရတဲ့ ညတွေရှိသလို နာရီအနည်းငယ်လောက်ပဲ အိပ်လိုက်ရတာမျိုးလည်း ရှိပါတယ်။

အိပ်ရေးပျက်တာဟာ ဘယ်ရှုထောင့်ကကြည့်ကြည့် မကောင်းလှပါဘူး။ မအိပ်ဘဲ နေရတဲ့အခါ ဘာတွေဖြစ်လာမယ် ထင်ပါသလဲ။

၁။ တစ်ရက်မအိပ်ဘဲ နေရင် သင့်ရဲ့လှုပ်ရှားမှုတွေ ယိုင်နဲ့လာမှာဖြစ်ပြီး အာရုံစိုက်နိုင်မှုလည်း လျော့လာမှာပါ။ သွေးထဲမှာ အယ်လ်ကိုဟော ၁၀ ရာခိုင်နှုန်း ပါဝင်တာနဲ့ အတူတူပါပဲ။ ရေရှည်မှာ ဦးနှောက်မှတ်ဉာဏ် ထိခိုက်နိုင်ပါတယ်။

၂။ နှစ်ရက်မအိပ်ဘဲ နေလိုက်ရင်တော့ သင့်ကိုယ်ခန္ဓာထဲမှာ အောက်ဆီဂျင် သိသိသာသာ နည်းလာပါလိမ့်မယ်။ အားအင်ချိနဲ့လာမှာပါ။ စကားတွေထစ်လာနိုင်ပြီး ပြောနေကျ စကားလုံးတွေ မေ့လာနိုင်ပါတယ်။

၃။ သုံးရက်ကြာတဲ့အခါ အရာရာကို အာရုံစိုက်ဖို့ အတော်လေး ကြိုးစားလာရပါပြီ။ အဆင်မပြေတာာ ကြုံတဲ့အခါ အလွယ်တကူ လက်လျှော့ချင်လာတက်ပါတယ်။ နှလုံးခုန်တွေ မြန်လာပါမယ်။

၎။ လေးရက်ဆက်ပြီး မအိပ်လိုက်ရင်တော့ သင့်ရဲ့ဦးနှောက်က အိပ်မောကျလုနီးနီး ဖြစ်လာပါပြီ။ လူက မအိပ်ပေမဲ့ ဦးနှောက်က အလုပ်မလုပ်သလောက် ဖြစ်နေပါပြီ။ ဦးနှောက်က ခိုးခိုးအိပ်နေတာ ၅ စက္ကန့်ကနေ ၁၀ စက္ကန့်လောက် ကြာတက်ပါတယ်။ အရိပ်တွေ နှစ်ထပ် ဖြစ်လာပါမယ်။

၅။ ငါးရက်ဆက်တိုက် ဆိုရင်တော့ တွေးခေါ်နိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းဟာ လုံးလုံးလျော့ကျလာပါပြီ။

၆။ ခြောက်ရက်မြောက်ဆိုရင်တော့ အိပ်ရေးပျက်ခြင်း စိတ်ဝေဒနာ စတင်ပြီလို့ ဆိုနိုင်ပါတယ်။ ထင်ယောင်ထင်မှားတွေ စဖြစ်လာပါပြီ။

၂၀၁၅ တုန်းကဆိုရင် သုံးရက်ဆက်တိုက်မအိပ်ဘဲ နေလိုက်တဲ့ အမျိုးသားတစ်ဦး နှလုံးရပ်ပြီး သေဆုံးခဲ့ဖူးပါတယ်။

Source : Life

Credit: duwun

"ခေါင်းလျှော်တဲ့အခါမှာ လုံးဝ မပြုလုပ်သင့်တဲ့ အရာတစ်ခု"


"ခေါင်းလျှော်တဲ့အခါမှာ လုံးဝ မပြုလုပ်သင့်တဲ့ အရာတစ်ခု"

ဒီ စတိုရီဟာ သင်ဖတ်ဖူးသမျှထဲမှာ အထင်ရှားဆုံး တစ်ပုဒ်လည်း ဖြစ်လာနိုင်သလို သင့်ဘ၀ကို လုံးဝ ပြောင်းလဲသွားစေတဲ့ တစ်ပုဒ်လည်း ဖြစ်လာနိုင်ပါတယ်။ အဆင်သင့်ဖြစ်ရင်တော့ ပြောပြပါမယ်။ သင့်အနေနဲ့ သင့်ဆံပင်ရဲ့  အမြစ်တွေကို ပေါင်းဆေး အသုံးမပြုသင့်ပါဘူး။

ဆံသား အားလုံးကို ချစ်မြတ်နိုးတဲ့အနေနဲ့ ခေါင်းလျှော်တဲ့အခါမှာ သင့်ဆံပင်ရဲ့  အမြစ် (ဦးရေပြားနဲ့ ထိစပ်နေသောနေရာ) ကို ပေါင်းဆေး (conditioner) လုံးဝ မသုံးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတာကိုတော့ အနုပညာသမားတို့ရဲ့  စတိုင်လ် ပညာရှင်နဲ့ Ted Gibson Color ကုမ္မဏီရဲ့  ဒါရိုက်တာ Kitty Nadel က အခုလို ရှင်းပြထားပါတယ်။

“သင့်ဆံသားဟာ ထူသည်ဖြစ်စေ၊ ပါးသည်ဖြစ်စေ၊ ပေါင်းဆေးမှာပါဝင်တဲ့ သြဇာဓါတ်တွေဟာ ဆံသားရဲ့ အမြစ်ကို ကွေးညွတ်သွားစေပါတယ်။ သဘာဝအားဖြင့် ဦးရေပြားကို အဆီပြန်သွားစေပြီး သင့်ဆံသားဟာ ဘာထုထည်မှ ရှိလာတော့မှာ မဟုတ်ပါဘူး။ သင့်ဆံပင်ဟာ နေ့လည်ပိုင်းမှာပင် အမြဲတမ်း စိုရွှဲသလို ဖြစ်နေပါလိမ့်မယ်”

Kitty ရဲ့  ပြောကြားချက်အရတော့ သင့်အနေနဲ့ ဆံပင်တစ်ခုလုံးကို ရှန်ပူနဲ့ လျှော်သင့်ပေမယ့် ပေါင်းဆေးသုံးတဲ့အခါမှာတော့ ဆံသားရဲ့  အဖျားကိုသာ သုံးစွဲသင့်ပါတယ်။

“သင့်ဆံပင်ဟာ သင်နဲ့အတူ ကြာရှည်စွာ ရှိနေနိုင်တယ်ဆိုတာကို သတိရပါ။ ဒါကြောင့် သင့်ဆံသားတွေ အာဟာရ ပြည့်ဝနေဖို့ လိုအပ်ပါတယ်။ သင့်ကြောင့် သင့်ဆံသားတွေဟာ ထူလိုက်ပါးလိုက် ဖြစ်ပြီးပါပြီ။ (အရောင်ဆိုးခြင်း၊ ဆံပင်စတိုင်လ်တစ်ခု ညှပ်ခြင်းကို ဆိုလိုသည်)။ ဒါကြောင့် ပိုမိုဂရုစိုက်ဖို့ လိုအပ်ပါတယ်” လို့လည်း သူမက ဆိုပါတယ်။

ဆံသားရဲ့  အမြစ်ကို ပေါင်းဆေးမသုံးသင့်တဲ့ အနေအထားဟာ သင့်ရဲ့  ဦးရေပြား ခြောက်သွေ့အခါမျိုး (သို့) ထိန်းသိမ်းရခက်တဲ့ ဆံသားထူထူ ရှိတဲ့အခါမျိုးပဲ ဖြစ်တယ်လို့ Kitty ရဲ့ ပြောကြားချက်အရ သိရပါတယ်။

Ref:shefinds

Credit: Trend Myanmar

"အသက် ၃၀ ကျော်ရင် မလုပ်သင့်တော့တဲ့ အရာများ"


"အသက် ၃၀ ကျော်ရင် မလုပ်သင့်တော့တဲ့ အရာများ"

၁- ကိုယ်ဖြေရှင်းရမယ့် ငွေကြေးပြဿနာကို ဆွေမျိုးသားချင်းများအား ရှင်းခိုင်းခြင်း

၂- မရခဲ့သောလူ၊ မရခဲ့သော အလုပ်တွေအကြောင်းသာ တွေးရင်း နောင်တတွေနဲ့သာ နေနေခြင်း

၃- မကျေနပ်သော သင့်ဘဝအခြေအနေဟာ တခြားလူများကြောင့်ဆိုပြီး မိဘဆွေမျိုးသားချင်းတွေနဲ့ ရင်းနှီးသောလူတွေကို လက်ညှိုးထိုးခြင်း

၎- အခြားလူတွေ သင့်အပေါ် ဘယ်လိုထင်မလဲဆိုတာကို အမြဲစိုးရိမ်ခြင်း

၅- သင့်ပိုက်ဆံအများစုကို အပြင်ထွက်စားခြင်း၊ အရက်သောက်ခြင်း၊ သူငယ်ချင်းများနဲ့ ပျော်ပါးခြင်းအတွက်သာ အများဆုံးသုံးနေခြင်း

၆- အရက် ဘယ်လောက်သောက်နိုင်ကြောင်း၊ ဘယ်လောက်မူးနိုင်ကြောင်း ဆိုရှယ်မီဒီယာမှာ ပြသခြင်း

၇- အခြားလူတွေရဲ့ နှစ်သက်မှုကို အမြဲလိုချင်နေခြင်း

၈- မကောင်းတဲ့ဘက်မှာ လွှမ်းမိုးမှုရှိနေတဲ့ သူငယ်ချင်းတွေကို မပြတ်နိုင်ခြင်း

၉- နေ့စဉ် ငြီးတွားပြီး အတိတ်ကို မကျေမချမ်း ဖြစ်နေခြင်း

၁၀- ရတာထက်ပိုသုံးခြင်း၊ မကြာခဏ အကြွေးတင်ခြင်း

၁၁- ဆင်ခြေတွေပေးကာ ကျန်းမာရေး အလေ့အကျင့်ကောင်းတွေကို မလုပ်ခြင်း

၁၂- ပိုက်ဆံစုမယ်ဆိုပြီး အရည်အသွေးနိမ့် ပစ္စည်းတွေသာ ဝယ်ခြင်း

၁၃- တိတိကျကျမသိရသော သတင်းအချက်အလက်တွေကို ခံစားလွယ်ခြင်း

၁၄- အိမ်တွင် ရုပ်ရှင်ပိုစတာတွေကပ်ခြင်း

၁၅- အွန်လိုင်းအငြင်းအခုံတွေမှာ ပါဝင်ခြင်း၊ ကိုယ့်ကိုယ် တိုက်ခိုက်သူတိုင်းကို အွန်လိုင်းတွင် တုံ့ပြန်ခြင်း

Photos & Source: Lifehack

Credit: duwun

"ခေါင်းမာပြီး ပုန်ကန်လိုတဲ့ ကလေးတွေက အသက်ကြီးရင် ပိုအောင်မြင်"


"ခေါင်းမာပြီး ပုန်ကန်လိုတဲ့ ကလေးတွေက အသက်ကြီးရင် ပိုအောင်မြင်"

ခေါင်းမာပြီး ပုန်ကန်လိုတဲ့ကလေးတွေက အသက်ကြီးလာတဲ့အခါမှာ ပိုအောင်မြင်တယ်လို့ သုတေသနတစ်ခုက တွေ့ရှိခဲ့ပါတယ်။ Daily Mail ရဲ့ ဖော်ပြချက်အရ အဆိုပါသုတေသနကို Tuebingen တက္ကသိုလ်မှ ဒေါက်တာ မာရီယွန်စပင်ဂလာက ဦးဆောင် ပြုလုပ်ခဲ့တာဖြစ်ပြီး Luxembourgish MAGRIP လေ့လာမှုကနေ အချက်အလက်တွေ ရယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါလေ့လာမှုကို ၁၉၆၈ ခုနှစ်ကတည်းက စတင်ပြုလုပ်လာခဲ့တာဖြစ်ပြီး ၁၂ နှစ်အရွယ် ကလေးပေါင်း ၃၀၀၀ ကို လေ့လာမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်။ လိုက်နာရမယ်လို့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်လေ့ရှိတဲ့ ကလေးတွေဟာ နောက်ပိုင်းမှာ ဝင်ငွေမြင့်မြင့်မား ရှိကြတယ်လို့လည်း အဆိုပါသုတေသနက တွေ့ရှိခဲ့ပါတယ်။ ပုန်ကန်လိုတဲ့ကလေးတွေဟာ ပြိုင်ဆိုင်လိုမှု ပိုပြင်းပြီး ရည်မှန်းချက်ကို ထက်သန်ကြကာ သာမန်ဆက်ဆံရေးတွေထက် ပိုတဲ့စရိုက်လက္ခဏာတွေကို တန်ဖိုးထားတာကြောင့် ဖြစ်နိုင်တယ်လို့ သိရပါတယ်။

Photos & Source: Daily Mail

Credit: duwun

"ပျော်ရွှင်သော စုံတွဲများဆီက ဘုံတူညီတဲ့အချက် (၃) ချက်"


"ပျော်ရွှင်သော စုံတွဲများဆီက ဘုံတူညီတဲ့အချက် (၃) ချက်"

Esther Perel ဆိုသူဟာ ကမ္ဘာတစ်ဝှမ်း စုံတွဲရာထောင်ချီနဲ့ ဆက်ဆံပြောဆိုဖူးသူဖြစ်ပြီး အချစ်ရေး အချစ်ရာနဲ့ပတ်သက်လို့ နာမည်ကျော်ကြားတဲ့ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်ပါတယ်။ စုံတွဲမျိုးစုံနဲ့ မရေမတွက်နိုင်တဲ့ ဆွေးနွေးမှုပေါင်းများစွာ ဆောင်ရွက်နေစဉ်အတွင်း ပျော်ရွှင်သော ချစ်သူစုံတွဲတို့မှာ ဘုံတူညီတဲ့ အဓိက အချက်တချို့ကို Perel သတိပြုမိခဲ့ပါတယ်။

တစ်ဦးအကြောင်းကို တစ်ဦး စူးစမ်းချင်စိတ်ပြင်းပြခြင်း

ရှင်သန်သက်ဝင်နေတဲ့ စုံတွဲတွေက တစ်ဦးအကြောင်းကို တစ်ဦး စူးစမ်းချင်စိတ်၊ သိချင်စိတ် ပြင်းပြကြပါတယ်။ သူ့အကြောင်း သိနေပြီးသားပါလို့ မပြောကြတဲ့အပြင် ပါးစပ်မဟခင် ပြောမယ့်စကား အကုန်သိပြီးသား ဆိုတဲ့ အပြုအမူမျိုးလည်း မရှိကြပါဘူး။

လက်တွဲဖော်ကြောင့် စစ်မှန်တဲ့ပျော်ရွှင်မှုရရှိခြင်း

တပါးသူတွေရဲ့ ပျော်ရွှင်မှုကို တကယ် အမြတ်တနိုး ထားတတ်သူတွေ ဖြစ်ပါတယ်။ ဒါက သဘောထားကြီးမှု၊ စိတ်ရင်းကောင်းမှု ဖြစ်ပါတယ်။

စုံတွဲဘဝမှာ ပုဂ္ဂိုလ်ရေးအကြောင်းများ ထိန်းထိန်းသိမ်းသိမ်းရှိခြင်း

လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ်စရိုက် လက္ခဏာတွေ လေးစားတန်ဖိုးထားသူတွေ ဖြစ်ပါတယ်။ အတွေး၊ တစ်ခုခုလိုက်စားခြင်း၊ ဝါသနာ၊ စိတ်ထက်သန် ပြင်းပြမှု သို့မဟုတ် ခင်မင်ရင်းနှီးမှု စသည့်နယ်ပယ်တွေမှာ နှံ့စပ်ကျယ်ပြန့်မှုရှိတဲ့ စုံတွဲတွေ ဖြစ်ပါတယ်။ တစ်ဦးပေါ် တစ်ဦး မှီပြီး ရှင်သန်သူတွေလည်း ဖြစ်ကြပါတယ်။

လွတ်လပ်မှု၊ တပါးသူကြောင့် ပျော်ရွှင်မှုနဲ့ တန်ဖိုးထားလေးစားမှု ဒီ (၃) ချက်က ရှင်သန်သက်ဝင်နေတဲ့ ချစ်သူစုံတွဲဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းတွေ ဖြစ်ပါတယ်။

Ref: Indiatimes

Credit: Trend Myanmar

"နင့်ကို ငါ မရှိမဖြစ်လိုအပ်တယ်"


"နင့်ကို ငါ မရှိမဖြစ်လိုအပ်တယ်"

ငါ့ကိုယ်ငါထက် နင့်ကို ချစ်မိလို့ နင့်ကို ငါ မုန်းတယ်။

ငါ့ဘ၀ထဲ နင်မရှိရင် မဖြစ်လို့ နင့်ကို ငါ ချစ်တယ်။

နင့်အပြုမှုတိုင်းက ငါ့ကို စွဲလမ်းစေလို့ နင့်ကို ငါ လွမ်းတယ်။

ဘယ်သူမှ နင့်လောက် ငါ့အပေါ်မှာ နားလည်မပေးနိုင်လို့ နင့်ကို ငါ သဘောကျတယ်။

နင်နဲ့အတူရှိတိုင်း ငါ့ကို လုံခြုံမှုရှိစေလို့ နင့်နဲ့ ငါ အမြဲ အတူနေချင်တယ်။

နင်က ငါ့ရဲ့ ကမ္ဘာတစ်ခုဖြစ်လို့ နင့်ကို ငါ မရှိမဖြစ် လိုအပ်တယ်။

Credit: ရင်ထဲကမှန်ကလေး

"ဘ၀လက်တွဲဖော်ဆိုတာ"


"ဘ၀လက်တွဲဖော်ဆိုတာ"

ခင်မင်သလောက် သူငယ်ချင်းတွေကို စာရင်းလုပ်ကြည့်သောအခါ..

မိန်းခလေးတွေလိုချင်တဲ့ ဘ၀လက်တွဲဖော်ဆိုတာ ဖခင်တစ်ယောက်လိုလည်း ကာကွယ် ပေးတက်ရမယ်၊ မိခင်တယောက်လိုလည်း ကြင်နာတက်ရမယ်၊ အကိုတယောက်လိုလည်း ငဲ့ညှာတက်ရမယ်၊ သူငယ်ချင်းတယောက်လို နားလည်ပေးတက်ရမယ်၊ ချစ်သူတယောက်လိုလည်း ယုယတက်ရမယ်၊ ခင်ပွန်းတယောက်လိုလည်း ဂရုတစိုတ်လေးနဲ့ သစ္စာရှိရမယ်။

ယောက်ကျားလေးတွေ လိုချင်တဲ့ ဘ၀လက်တွဲဖော်ဆိုတာ ဖခင်တယောက်လိုလည်း လမ်းပြပေးတက်ရမယ်၊ မိခင်တယောက်လိုလည်း ကြင်နာတက်ရမယ်၊ အမတယောက်လိုလည်း နွေးထွေးတက်ရမယ်၊ သူငယ်ချင်း တယောက်လိုလည်း နားလည်ပေးတက်ရမယ်၊ ချစ်သူတယောက်လိုလည်း ချွဲနွဲ့တက်ရမယ်၊ ဇနီးတယောက်လိုလည်း မိန်းမ ပီသရမယ်။

သူငယ်ချင်းတို့ရော အဲ့လိုလူမျိုးကို သဘောကျလား။ အဲ့အချက်တွေနဲ့ ပြည့်စုံတဲ့လူကို ရတယ်ဆိုရင်တော့ ကံကောင်းတာပေါ့နော့..။

Credit: မနောဖြူ

"မိန်းကလေးတွေရဲ့ အပြင်အဆင်နဲ့ ယောက်ျားလေးတွေရဲ့ အမြင်"


"မိန်းကလေးတွေရဲ့ အပြင်အဆင်နဲ့ ယောက်ျားလေးတွေရဲ့ အမြင်"

"မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ ပထမဆုံးအနေနဲ့ ဘာကို အရင် သတိထားမိလဲ? မျက်လုံးလား၊ နှုတ်ခမ်းလား?" အမျိုးသား အယောက်တစ်ရာကို မေးကြည့်တဲ့အခါ ၈၁% က မျက်လုံးလို့ ဖြေပြီး၊ ၁၉% က နှုတ်ခမ်းလို့ ဖြေပါတယ်။ တခြားဘာတွေရှိသေးလဲ ဆက်ကြည့်ရအောင်နော်။

မျက်လုံး

အမျိုးသားတွေက မျက်လုံးကို အမည်းဆိုးတာ ပိုနှစ်သက် သဘောကျပေမယ့် မိန်းကလေးတွေကတော့ အရောင်တွေနဲ့ ကစားရတာကို ပိုနှစ်သက်ကြပါတယ်။ ဒါနဲ့ လိုင်နာအပေါ်မှာ အရောင်ရင့်တဲ့ ရှဲဒိုးကို ထပ်တာက မျက်လုံးကို ပိုကြီးတဲ့ပုံစံဖြစ်စေလို့ အမျိုးသားတွေ ပိုသဘောကျရခြင်းဖြစ်တယ်လို့ Why We love ရေးသားသူ မနုသဗေဒပညာရှင် Helen Fisher က ဆိုပါတယ်။

မျက်တောင်

မျက်တောင်တုနဲ့ပတ်သက်လို့ တပ်ဖို့ မကျွမ်းကျင်ရင် နှစ်ခါပြန် စဉ်းစားစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသားတွေက အတုကြီးမှန်းသိရင် ဘာကိုမှ မကြိုက်လို့ပါပဲ။ သူတို့လိုချင်တာက မြင်ချင်တာက သင့်ရဲ့ တကယ့် အလှတရားပါ။ ဒါပေမယ့် မိန်းကလေးတွေ အတွက်တော့ မျက်တောင်တုတပ်တာဟာ လူတွေအလယ်မှာ မျက်စိကျစေဖို့ ဖြစ်တယ်လို့ စိတ်ပညာရှင် Belisa Vranish က ဆိုပါတယ်။

မိတ်ကပ်

"မိတ်ကပ် ထူလအမ်းကြီးလိမ်းတာ ကျွန်တော့အတွက်တော့ စိတ်အပျက်ဆုံးပါပဲ။ "26 နှစ် ရှိတဲ့ Ian ဆိုသူက ပြောပါတယ်။ "ဒါပေမယ့် ဘာမှမလိမ်းတာထက်စာရင် lipgloss လေးနဲ့ မျက်တောင်နက်လေးက ပိုလှတယ်မြင်ပါတယ်။" လို့ ဆိုပါတယ်။ မိတ်ကပ် နည်းနည်းပါးပါး လိမ်းတာဟာ မိန်းကလေးဆန်မှုကို ဖော်ပြပါတယ်။ နယူးယောက် မိတ်ကပ်ပညာရှင် Amanda Redgrave က အမြင်ပိုလှစေဖို့ မရှိမဖြစ် ပြင်သင့်တဲ့ လေးချက်က မျက်လုံးညိုနေတာ ကွယ်ဖို့ cream concealer၊ mascara၊ lipgloss နဲ့ ပါးနီတို့ ဖြစ်ပါတယ်တဲ့။

ပါးနီ

ပန်းသွေးရောင် ပါးပြင်ဟာ ပုရိသတွေကို ဆွဲဆောင်နိုင်တဲ့ အချက်ထဲက တစ်ခုဖြစ်ပါတယ်။ ကျောက်ခေတ်တုန်းက ပါးအို့နီနီရှိတဲ့ ကောင်မလေးတွေဟာ ကျန်းမာတယ်ဆိုတာကို သွယ်ဝိုက်ဖော်ပြပါတယ်။  သွေးအားနည်းတာ မရှိဘူး၊ ကိုယ်ဝန်ကောင်းကောင်းဆောင်နိုင်တယ် ဆိုတာ ဖော်ပြပါတယ်။ လေ့ကျင့်ခန်း များများလုပ်တာ၊ ဒါမှမဟုတ် ပါးနီထည့်တာနဲ့ ပါးအို့နီနီအသွင်အပြင်ကို ရစေမှာပါ။

နှုတ်ခမ်းနီ

မိန်းကလေးတွေအတွက်တော့ နှုတ်ခမ်းနီဆိုတာဟာ ဖိနပ်လို အမြဲတမ်း ဒါပဲဝတ်ရင် ငြီးငွေ့လာသလိုပါပဲ အရောင်ဆန်းဆန်း အသစ်ထွက်တာနဲ့ ဝယ်တတ်ကြပါတယ်။ အမျိုးသားတွေအတွက်ကတော့ ဆန်းဆန်းကြီးတွေထက် နဂိုသဘာဝ အရောင် နှုတ်ခမ်းကို ပိုလို့ နှစ်သက်ကြပါတယ်။ ယောက်ျားလေးတွေရဲ့ စိတ်ထဲမှာ နှုတ်ခမ်းနီ ခဏခဏ အရောင်ပြောင်းသလို၊ ငါတို့ကိုရော  ကြာရင် ခေါက်သွားမလားဆိုတဲ့ အသိ ဝင်တတ်ပါတယ်တဲ့။

ကွဲလွဲချက်

လက်တလော လေ့လာတွေ့ရှိချက်အရ အလှအပ အမြင်နဲ့ပတ်သက်လို့ မိန်းကလေးတွေဟာ ဦးနောက်နှစ်ခြမ်းလုံးကို အသုံးပြုကြပေမယ့် အမျိုးသားတွေအတွက်တော့ ညာဘက်ခြမ်း တစ်ခုတည်းကိုသာ အသုံးပြုကြပါတယ်။ အဲဒါကြောင့် မိန်းကလေးတွေဟာ အသေးစိတ်  ခြယ်မှုန်းကြတာဖြစ်ပြီး၊ (ဥပမာ- mascara ထည့်ရင် မျက်ခွံမှာ အစက်သေးသေးလေး အပေ မခံတာမျိုး)၊ အမျိုးသားတွေကတော့ ခြုံငုံကြည့်ပြီး "ဒီကောင်မလေး မိုက်လှချည်လား" ဆိုတာနဲ့ ပြီးသွားပါတယ်။

Credit: သက်ထားစံ