Sunday, January 31, 2016

"သင် ဆံပင်တွေကျွတ်နေရတဲ့ အကြောင်းအရင်း (၁၁) ခု"



Lutaw Lupyaw

"သင် ဆံပင်တွေကျွတ်နေရတဲ့ အကြောင်းအရင်း (၁၁) ခု"

၁- ပလတ်စတစ်ဘီးများသုံးခြင်း
ပလတ်စတစ်ဘီးတွေက သင့်ဦးရေပြားနဲ့ သင့်ဆံပင်ကို ထိခိုက်စေပါတယ်။

၂- Conditioner မသုံးခြင်း
ခေါင်းလျှော်လိုက်တာကြောင့် ဆံပင်နဲ့ ဦးရေပြားအတွင်းက ပျောက်ကွယ်သွားတဲ့ သဘာဝအဆီတွေကို Conditioner က ပြန်လည် အားဖြည့်တာဖြစ်ပါတယ်။

၃- အလွန်ပြင်ဆင်ခြင်း
ကျစ်ဆံမြီး အမြဲကျစ်တာတွေ၊ ဆံပင်ကို အမျိုးမျိုး ပြင်ဆင်တာတွေက ဆံပင်ကျွတ်ခြင်းကို တိုက်ရိုက်မဖြစ်ပေမဲ့ ဆံသားကျိုးတာတွေ၊ ဆံလုံးသား သေးသွားတာတွေ ဖြစ်စေပါတယ်။

၎- စိုနေတဲ့အချိန်မှာ ဖြီးခြင်း
ဆံပင်ဟာ စိုနေတဲ့အချိန်မှာ ထိလွယ်ရှလွယ်ဆုံး ဖြစ်တာကြောင့် ရေစိုကြီးနဲ့ဖြီးတာဟာ လုံးဝ မလုပ်သင့်ပါဘူး။ အကောင်းဆုံးနည်းကတော့ ရေမချိုးခင်ကတည်းက ဖြီးထားပါ။ ခြောက်အောင် သုတ်တဲ့နေရာမှာလည်း တအားကြီး ကြမ်းကြမ်းတမ်းတမ်း မသုတ်ပါနဲ့။

၅- ရေနွေးနဲ့ချိုးခြင်း
ရေနွေးနဲ့ချိုးတဲ့အခါ ခေါင်းက ဆံပင်ကို မထိပါစေနဲ့။ ဆံပင် ရေဓာတ် ခန်းခြောက်စေပြီး ပိုမိုကျိုးလွယ်တဲ့၊ ကြမ်းထော်တဲ့ ဆံပင်တွေ ဖြစ်စေပါတယ်။

၆- ဆံပင်ခြောက်စက်
ဆံပင်ခြောက်စက်နဲ့ တအား အခြောက်မခံပါနဲ့။ အပူချိန်ကိုလျော့ထားပါ။

၇- နေရောင်ခြည်
နေရောင်ခြည်နဲ့ တအား အထိတွေ့မခံပါနဲ့။ နေရောင်ခြည်ဟာ ဆံပင်ရဲ့ မွှေးညင်းပေါက်လေးကစပြီး အဖျားထိ ပျက်စီးစေနိုင်ပါတယ်။

၈- ဖြည့်စွက်ပစ္စည်း
ခေါင်းလိမ်းဆီတွေ၊ ဂျဲတွေ၊ ဗီတာမင်သုံးတာတွေ အလွန်အကျွံ မလုပ်ပါနဲ့။

၉- ရောဂါ
မှိုစွဲတာ၊ ရောဂါဖြစ်တာတွေကြောင့်လည်း ဆံပင်ကျွတ်ပါတယ်။ ဒါက ဆရာဝန်နဲ့ စောစောစီးစီးပြပြီး ကုလို့ရပါတယ်။

၁၀- အစာအဟာရ
အစာအဟာရ ပြည့်ပြည့်ဝဝ မစားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အရွက်နဲ့ ဥတွေ များများစားစားပါ။

၁၁- ဆေးဝါး
ဆေးဝါးတွေ အသောက်များရင်လည်း ဆံပင်တွေ ကျွတ်နိုင်ပါတယ်။

Photos & Source: sheknows

Credit: duwun



"သင့်လူမှုမီဒီယာ သူငယ်ချင်းများထဲ ၄ ဦးကသာ သင့်ကို ဂရုစိုက်မှုပေးနေတာ"



Lutaw Lupyaw

"သင့်လူမှုမီဒီယာ သူငယ်ချင်းများထဲ ၄ ဦးကသာ သင့်ကို ဂရုစိုက်မှုပေးနေတာ"

သင့်မှာ လူမှုမီဒီယာက မိတ်ဆွေသူငယ်ချင်း ဘယ်နှစ်ယောက်ရှိပါသလဲ။ လူမှုမီဒီယာ ပလက်ဖောင်းပေါ်က friendship နဲ့ follower အရေအတွက် အမြောက်အမြား ရှိနိုင်တဲ့ အခုခေတ်မှာ ဒါက လက်တွေ့ဘဝမှာ သိပ်အရေးမကြီးကြောင်း လေ့လာမှု အသစ်တစ်ခုက ဖော်ပြခဲ့ပါတယ်။

အောက်စ်ဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခ Robin Dunbar ပြုလုပ်သော မကြာသေးမီက လေ့လာမှုတစ်ခုက Facebook ပေါ်က သင့်သူငယ်ချင်းအသိုင်းအဝိုင်း ဘယ်လောက်ကြီးကြီး အရေးမကြီးပါ။ အခက်အခဲအကြပ်အတည်း တွေ့ကြုံတဲ့အချိန် အားကိုးအားထားရသူ ၄ ယောက်ထက် မပိုဘူးလို့ ဆိုပါတယ်။

ပါမောက္ခ Dunbar က ပုံမှန် ဖေ့စ်ဘုတ်ခ်သုံးစွဲသူမှာ လူမှုမီဒီယာဆိုဒ်ပေါ် သူငယ်ချင်း ၁၅၀ ဝန်းကျင်ရှိပြီး အဲဒီသူတွေဟာ နောက်ထပ် သူငယ်ချင်းမိတ်ဆွေ ၅၀၀ မှ follow လုပ်ထားသူတွေ ဖြစ်တယ်လို့ မှတ်ချက်ပြုထားပါသေးတယ်။

ဒီရလာဒ်အဖြေများမှာ ယူကေနိုင်ငံက လူ ၃,၅၀၀ နီးပါး စစ်တမ်းကောက်ပြီးနောက် လူ့ဦးနှောက်စွမ်းရည်နဲ့ ကျွန်ုပ်တို့ အားလပ်ချိန်အပေါ် ကန့်သတ်ချက်များနဲ့ စိစစ် တွက်ချက်ထားခြင်းဖြစ်ကြောင်း Dunbar က ပြောဆိုခဲ့ပါတယ်။

အဲဒီ စစ်တမ်းရလဒ်အဖြေတွေ တရုတ်လူမှုမီဒီယာ စာမျက်နှာပေါ် စတင် ပျံ့နှံ့ရောက်ရှိပြီးနောက် ချက်ချင်းပဲ အင်တာနက်သုံးစွဲသူများနဲ့ အမြင်ချင်း ထပ်တူကျသွားခဲ့ကြပါတယ်။

ဒါပေမယ့် online သို့မဟုတ် offline သူငယ်ချင်း ဘယ်လောက်ပဲ ရှိရှိ ပြဿနာ မဟုတ်ပါ။ စကားပုံတစ်ခုလိုပဲ "one best friend is all you need" "လိုအပ်တာ မိတ်ဆွေကောင်းတစ်ဦးသာ" ဆိုတာ ပါပဲ။

Ref: CCTVNews

Credit: Trend Myanmar


"သင်က သူသိပ်ချစ်ရတဲ့သူ"



Lutaw Lupyaw

"သင်က သူသိပ်ချစ်ရတဲ့သူ"

သူမက တခြားလူအတွက်တော့ ဘာမှမထူးခြားတဲ့ မိန်းမတစ်ယောက်ပါပဲ။ ဒါပေမဲ့ သူမကိုချစ်တဲ့ ယောက်ျားတစ်ယောက်အတွက်တော့ ထူးခြားတဲ့ မိန်းမတစ်ယောက် ဖြစ်တယ်။

သူကလည်း တခြားမိန်းခလေးတွေအတွက်
ဘာဆွဲဆောင်မှုမှ မရှိတဲ့ ယောက်ျားတစ်ယောက်ပဲ။ ဒါပေမဲ့ သူ့ကိုချစ်တဲ့ မိန်းမတစ်ယောက်အတွက်တော့
ဆွဲဆောင်မှု အကောင်းဆုံး ယောက်ျားတစ်ယောက် ဖြစ်တယ်။

သင်ဟာ တခြားလူတွေအတွက်တော့ ဘာမှမထူးခြားဘူး။ သူ့အတွက်တော့ သာမာန်လူတွေထက် ထူးခြားတယ်။ အဆွဲဆောင်နိုင်ဆုံးလည်း ဖြစ်တယ်။

ဘာလို့လဲဆိုတော့ သင်က သူသိပ်ချစ်ရတဲ့သူ ဖြစ်နေလို့လေ……

Credit: လက်တွဲဖော်



Saturday, January 30, 2016

"လိုက်လျောရင်း တုံး အ သွားသူများ"


"လိုက်လျောရင်း တုံး အ သွားသူများ"

တိုးတက်တဲ့ အနောက်နိုင်ငံမှာ လူအနည်းစုက ချစ်သူတွေကို သဝန်တိုတတ်ပြီး သိပ်မဖွံ့ဖြိုးသေးတဲ့ အရှေ့တိုင်းမှာ သမီးရည်းစား၊ လင်မယားတွေ အချင်းချင်း သဝန်တိုတဲ့လူအရေအတွက် ပိုများလာပါတယ်။ မြန်မာနိုင်ငံမှာတော့ သဝန်တိုမှ တကယ်ချစ်တဲ့သူလို့တောင် အထင်မှားတဲ့အထိ သဝန်တိုတဲ့သူတွေ အတော့်ကိုများပါတယ်။ ဘာကြောင့် သဝန်တိုရသလဲဆိုတာကို သဝန်တိုစိတ် ဘယ်ကလာ ဆိုတဲ့ ပို့စ်ထဲမှာ ရေးသားခဲ့ပြီးဖြစ်ပါတယ်။ မဖတ်ရသေးရင်
http://lutawlupyaw.blogspot.com/2016/01/blog-post_186.html?m=1
မှာ ကလစ်နှိပ်ပြီး ဖတ်နိုင်ပါတယ်။ အဲဒါ လင့်ခ်ပေးထားတာပါ။

ကိုယ့်ချစ်သူက ကိုယ့်ကို နားလည်မှုပေးလို့ပဲဖြစ်ဖြစ်၊ အလုပ်ဘက်စိတ်ရောက်နေပြီး သဝန်တိုဖို့ အချိန်ရှားလို့ပဲဖြစ်ဖြစ်၊ သဘောထား ကြီးလို့ပဲဖြစ်ဖြစ်၊ အကြောင်းကြောင်းကြောင့် ကိုယ့်အပေါ် သဝန်တိုတာတွေမရှိဘူး၊ ဒီလိုကိစ္စကြောင့် နှစ်ဦးကြား ဆက်ဆံရေး ကတောက်ကဆဖြစ်တာမျိုး မရှိဘူးဆိုရင် တဘက်မိန်းမသားစိတ်ထဲမှာ ငါ့ကို သူတကယ်မချစ်လို့ သဝန်မတိုတာလားဆိုတဲ့ ခံစားမှုတွေ ခံစားသွားရလောက်အောင်ကို သမီးရည်းစားနဲ့ အိမ်ထောင်သက်နုတဲ့ လင်မယားစုံတွဲ အများစုက သဝန်တိုတာကို အချစ်လို့ သတ်မှတ်နေကြတာပါ။

ကောင်မလေးဆို သူ့ကောင်ကလေးကို မိန်းကလေးတွေနဲ့ တွဲသွားတွဲလာရှိရင် ဒါမှမဟုတ် တွေ့ဆုံဆက်ဆံမှုများရင် သဝန်တိုမယ်၊ ကောင်ကလေးတွေကလည်း သူ့ကောင်မလေးကို ဒီ့ထက်မလျော့သော သဝန်တိုခြင်းတွေနဲ့ သဝန်တိုမယ်။ ဒါမှ တကယ်အချစ်စစ်၊ ကိုယ့်အပေါ်ကို တကယ်ချစ်တာလို့ မှတ်ယူလွဲနေကြတယ်။ သဘောထားကြီးကြီးနဲ့ တကယ်ချစ်တဲ့သူဟာ ကိုယ့်ချစ်သူကို အဆုံးရှုံးမခံနိုင်ဘူးဆိုတာ မှန်ပေမယ့် ကိုယ့်ချစ်သူကို ထိုက်သင့်တဲ့ လွတ်လပ်ခွင့်မျိုးကို ပေးတယ်။ လွတ်လပ်စွာ တွေးခေါ် လုပ်ကိုင်ခွင့်ဆိုတာကို လက်ခံတယ်။ သူ့အကျင့်စာရိတ္တနဲ့ ကိုယ့်အပေါ်ထားတဲ့ သူ့အချစ်ကို ယုံကြည်မှုပေးတယ်။ အထူးသဖြင့် အပြန်အလှန် သစ္စာထားပြီး အချစ်ဆိုတာကို နားလည်မှုနဲ့ ခံစားမှုတွေတည်ငြိမ်အောင် တည်ဆောက်သွားပါတယ်။

သဘောထား မကြီးနိုင်သူတွေကတော့ လက်လွတ် ဆုံးရှုံးမခံနိုင်ဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာ အကြောမခံနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ့်ချစ်သူက ကိုယ့်ကိုပစ်ပြီး နောက်တယောက်တွဲပြီး ကြောသွားမှာ၊ တခြားတယောက်က ကိုယ့်ချစ်သူကို ကိုယ့်လက်ကဖြတ်လုပြီး ကိုယ့်ကို ကြောသွားမှာကို မခံနိုင်တာ ဖြစ်ပါတယ်။ ဒီလို အကြောမခံနိုင်ဘူး ဆိုကတည်းက သူ့မှာ ယုံကြည်စိတ် မရှိတာပါ။ သူ့ကိုယ်သူ ယုံကြည်စိတ် မရှိတာ ဖြစ်နိုင်သလို သူ့ချစ်သူအပေါ်မှာလည်း ယုံကြည်စိတ် မထားနိုင်တာပါ။ ယုံကြည်စိတ် မရှိတဲ့သူတွေဟာ အားငယ်စိတ် ရှိနေလို့လည်း ဖြစ်နိုင်ပါတယ်။

အထူးသဖြင့် ငယ်ရွယ်သေးတဲ့အရွယ်မှာ ထိုက်သင့်တဲ့ အရည်အချင်းနဲ့ ယုံကြည်ချက်မျိုး ကိုယ့်မှာမရှိသေးတဲ့အတွက် ကိုယ့်ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဘက်အပေါ် သဝန်တိုစိတ် ပိုများတတ်ပါတယ်။ အရမ်းသဝန်တိုစိတ် ကြီးတဲ့သူတွေဟာ အဲဒီ သဝန်တိုစိတ်ကြောင့်ဘဲ သူတို့ချစ်သူကို ဆုံးရှုံးကြရတာတွေ ရှိပါတယ်။ ဥပမာ ကိုယ့်ချစ်သူက ကိုယ်သဝန်တိုလွန်းတဲ့ဒဏ် မခံနိုင်တော့တာမျိုး၊ ကိုယ့်ထက် သဘောထားကြီးနိုင်တဲ့သူ တွေ့သွားခဲ့ရင် လွတ်လပ်တဲ့ စိတ်ခံစားမှုအပေါ် သာယာသွားတာမျိုးတွေပါ။

တကယ်တိုးတက်တဲ့ နိုင်ငံတွေမှာတော့ တစ်ဦးနဲ့တစ်ဦး သဘောကျတယ်ဆိုရင် (Date) လုပ်ပြီး အကဲခတ်တယ်။ အဆင်ပြေတယ်လို့ တွေးမြင်ရင် တွဲကြည့်တယ်။ ပိုလေးနက်လာတယ်လို့ ခံစားရရင် တစ်ဦးအကြောင်းတစ်ဦး ပိုသိရအောင်ဆိုပြီး တအိမ်တည်းမှာ ပြောင်းရွှေ့ နေထိုင်ပြီး လင်မယားဘဝမှာ ဘယ်လို ပြောင်းလဲသွားမလဲလို့ အကဲခတ်ကြည့်တယ်။
(သူတို့လို လက်မထပ်ဘဲ အတူနေရမယ်လို့ လုံးဝ မဆိုလိုဘူးနော်။ သူတို့ဟာ အိမ်ထောက်ဘက်ကို ဘယ်လိုမျိုး ရွေးချယ်ကြတယ်ဆိုတာကို ဝေမျှတာဖြစ်ပါတယ်။)

သူတို့ဘာကြောင့် လက်မထပ်ခင် တစ်ဦးကိုတစ်ဦး အပြန်အလှန် အကဲခတ်ဖို့ တကယ့်လင်မယားလို တအိမ်တည်း ပြောင်းရွှေ့ အတူနေကြသလဲဆိုရင် လူတွေဟာ နာရီပိုင်းအတွင်း၊ ရက်ပိုင်းအတွင်း၊ တချို့ဆို လပိုင်းအတွင်းထိ ဟန်ဆောင်နေနိုင်ကြလို့ပါ။ တကယ် လင်မယားလို အတူနေကြည့်တဲ့အခါမှာ ဒီလူရဲ့ စရိုက်၊ အတွေးအခေါ်၊ နေထိုင်စားသောက်ပုံ၊ သုံးစွဲပုံ၊ အလေ့အကျင့် စတာတွေကို အတွင်းသိ၊ အဆင်းသိ ကာလကြာရင် ကြာသလို သိလာရပါပြီ။ ဒီအခါမှာတော့ ခွင့်လွှတ်နိုင်တာတွေ ခွင့်လွှတ်မယ်၊ မကြိုက်တဲ့အချက်တွေဆို ညှိယူကြည့်မယ်၊ ညှိယူလို့မရဘူးဆိုရင် အချိန်ကုန်မခံဘဲ လမ်းခွဲလိုက်ကြတယ်။ အရွယ်ရှိတုန်း ကိုယ့်စရိုက်နဲ့ အကိုက်ညီဆုံး ကြင်ဖော်ကို ဒီလိုရှာကြပါတယ်။

ဒီလိုဓလေ့ရှိတဲ့နိုင်ငံမှာ လူတွေဟာ တဘဝစာလက်တွဲဖို့ မသေချာရင် လက်ထပ်လေ့မရှိကြဘဲ လက်ထပ်ပြီးမှ ကွာရှင်းမယ်ဆိုရင်တော့ တိကျတဲ့ လင်မယားကွာရှင်းမှု ဥပဒေအတိုင်း မိဘတွေက ကလေးကို တလှည့်စီ ထိန်းကျောင်းတာ၊ မိဘနှစ်ဦးလုံးက သူတို့မွေးထားတဲ့ ကလေးတွေကို ကွာရှင်းပေမယ့် လုံလောက်အောင် ထောက်ပံ့ပေးရတာ၊ မထောက်ပံ့ရင် ဥပဒေအရ တင်းတင်းကျပ်ကျပ် အရေးယူတာမျိုးတွေနဲ့ စိတ်ရှိတိုင်းယူ၊ စိတ်ရှိတိုင်းဖောက်ပြန်၊ စိတ်ရှိတိုင်းကွာရှင်း စတဲ့ မဖြစ်သင့်တာတွေကို ဥပဒေနဲ့ တင်းကျပ်ထားပါတယ်။ ဒါကြောင့် တိုးတက်တဲ့နိုင်ငံတွေမှာ တရားဝင် လက်ထပ်ဖို့ကို အတော်စဉ်းစားကြတာပါ။

သူတို့ဟာ လိင်အာသာ ဆန္ဒဖြည့်ရုံအတွက် (living togetger) လို လက်မထပ်သေးဘဲ နှစ်ဦး အတူနေကြတာ မဟုတ်ဘူး။ ဆန္ဒဖြည့်ရုံဆို တအိမ်တည်း အတူမနေဘဲ ဆန္ဒရှိတဲ့အချိန် မိနစ်ပိုင်း၊ နာရီပိုင်း အချိန်ယူ အတူနေလိုက်တာပါ။ (ဒီလိုဆိုတော့ မြန်မာနိုင်ငံက တည်းခိုးခန်းတက်တဲ့ စုံတွဲတွေနဲ့ ထူးမခြားနားပေါ့။) ဒါဟာ ချစ်လို့ အတူနေတာမဟုတ်ပါဘူး။ ဆန္ဒဖြည့်ဖို့ နှစ်ဦးသဘောတူ အတူနေတာပါ။ ချစ်လို့ အတူနေတာနဲ့ ဆန္ဒဖြည့်ဖို့ အတူနေတာကို ကွဲကွဲပြားပြားသိဖို့ လိုပါတယ်။ သူတို့ တအိမ်တည်းမှာ ပြောင်းရွှေ့နေထိုင်တယ် ဆိုတာ ခံစားမှုတွေ လေးနက်လာတဲ့သဘော၊ တဘဝတာ လက်တွဲဖို့ တမိုးအောက် အတူနေကြည့်ကြတာပါ။ ဒီလိုနေသည့်တိုင်အောင် လူတွေဟာ လက်ထပ်ပြီးရင် ပိုင်ဆိုင်မှု ရှိသွားပြီဆိုတဲ့အသိနဲ့ ပြောင်းလဲတတ်ကြတာကို သူတို့ဟာ ကောင်းကောင်း နားလည်ထားလို့ ဖြစ်ပါတယ်။

သူတို့ဟာ တိုးတက်တဲ့နိုင်ငံမှာ နေထိုင်နေတာမို့ ကောင်းမွန်တဲ့ ပညာအရည်အချင်းနဲ့ တွေးခေါ်တတ်မှု၊ လူတွေအပေါ်မြင်နေတဲ့ သဘောထားအမြင်နဲ့ ရရှိတဲ့ဝင်ငွေ အဆင့်အတန်း၊ ကျင်လည်နေထိုင်နေတဲ့ လူနေမှုအဆင့်အတန်းတွေက သူတို့ဘဝမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုဆိုတာတွေ အနည်းနဲ့အများ ထည့်သွင်းပေးပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူက ကိုယ့်ကို ထားခဲ့လို့ ခံစားရခဏပေါ့၊ (Move on) ဆိုတဲ့စိတ်တွေနဲ့ မနက်ဖန်တွေကို ကျင်လည်နေကျအတိုင်း ကျင်လည်ဖြတ်သန်းဖို့ ခပ်မြန်မြန်ပဲ ဆုံးဖြတ်နိုင်ကြတယ်။

ဆိုလိုတာက အချစ်ကြောင့် ကိုယ့်ဘဝအချိန်တွေ၊ အလုပ်အကိုင်အခွင့်အရေးတွေ၊ ခံစားမှုတွေ၊ နောက်ဆုံး ရရှိနေပြီးသား ကိုယ့်ဘဝအခြေအနေ အပျက်ခံတာမျိုးဟာ သူတို့ရဲ့ တကယ့်လူနေမှုဝန်းကျင်မှာ ရှားပါးလှပါတယ်။ ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲမှာလောက်ပဲ ဖတ်ကောင်းတဲ့ အရာလောက် ခံစားကြတာဖြစ်ပါတယ်။ အနည်းနဲ့အများတော့ ခံစားရတာပေါ့။ တဘဝစာတော့ မခံစားဘူးဆိုတဲ့ စိတ်ဓါတ်တွေက သူတို့ရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်တွေ၊ မာနတွေကနေ ဖြစ်တည်နေတာပါ။

မြန်မာနိုင်ငံက ရုပ်ရှင်တွေထဲမှာ၊ ဝတ္ထုတွေထဲမှာ၊ တကယ့်လူနေမှု ဘဝတွေထဲမှာ အများစုက သဝန်တိုမှ အချစ်စစ်လို့ ထင်မြင်နေတာ ဆိုးတယ်။ ဒီလိုယုံကြည်နေတဲ့အတွက် တစ်ဦးကိုတစ်ဦး အပြန်အလှန် ကန့်သတ်မှုတွေ၊ စည်းမျဉ်းတွေဟာ တရစ်ထက်တရစ် တိုးပတ်နှောင်ပြီး နောက်ဆုံးမှာ မလူးသာ မလွန့်သာနဲ့ ဘဝအဓိပ္ပါယ်ဆိုတာကို ချစ်အဓိပ္ပါယ်နဲ့ ပြန်ညှိ အဖြေရှာနေကြရတယ်။

အချစ်ဆိုတာ ဘဝတခုလုံးမဟုတ်သလို ဘဝရဲ့ အစိတ်အပိုင်းတခုအဖြစ် ခံစားရမယ်ဆိုတာကို နားမလည်နိုင်တော့ဘူး။ ဘဝဆိုတာမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး စသဖြင့် ဟန်ချက်ညီညီရှိနေမှ နေပျော်စရာ ဘဝကို ပိုင်ဆိုင်မှာပါ။ ဘဝ=အချစ်လို့ ဘဝကို အချစ်တစ်ခုတည်းနဲ့ သတ်မှတ်လိုက်ရင် ဘဝဟာ တဘက်စောင်းနင်းဝဖြစ်သွားပါပြီ။ ဒီလိုတဘက်စောင်းနင်း တွေးခေါ် လုပ်ကိုင်နေရင် အမှားတွေ လုပ်ကိုင်လာနိုင်တာပေါ့။

ကျွန်မရဲ့ ရည်းစားဦးအကြောင်းကို ကြုံတုန်း ဖောက်သည်ချရမယ်။ သူနဲ့ ဥပမာခိုင်းနှိုင်းရမှာမို့ သူ့အကြောင်း ဖောက်သည်ချရတာပါ။ တခြား ဘာရည်ရွယ်ချက်မှတော့ မရှိပါဘူး။ သူလည်းရည်းစားဦး၊ ကိုယ်လည်း ရည်းစားဦးဆိုတော့ တသည်းသည်း၊ တကဲကဲ ဘယ်သူ သဘောတူတူ၊ မတူတူ နှစ်ကိုယ်တူဘဝ တည်ဆောက်ကြမယ်ဆိုတဲ့ ကတိတွေနဲ့ တကယ်ချစ်ခဲ့ကြတာပါ။ ကျွန်မက ပျော်ပျော်နေသမား၊ အပေါင်းအသင်း အထိုက်အလျောက်ရှိတယ်။ သူလည်း အပေါင်းအသင်း များသူတယောက်ပဲ။ ကျွန်မအပေါင်းအသင်း သူငယ်ချင်းမှန်သမျှကို သူက အဆက်အသွယ် ဖြတ်ခိုင်းခဲ့တယ်။ အကြောင်းပြချက်က သဝန်တိုလို့ပါ။ သူ့ကျတော့ရော မိန်းကလေးသူငယ်ချင်းတွေနဲ့ အဆက်ဖြတ်မှာလားဆိုတော့ သူ့ကိုတော့ ကျွန်မက စိတ်ချရမယ်တဲ့။ ကျွန်မကိုတော့ သူ စိတ်မချလို့ သူငယ်ချင်းတွေနဲ့ အဆက်ဖြတ်ပါလို့ တောင်းဆိုခဲ့ဖူးတယ်။

မတရားမှန်းသိပေမယ့် သူ့ဆန္ဒအတိုင်း လိုက်လျောချင်စိတ်ကြောင့် ယောကျာ်းလေး သူငယ်ချင်းတွေကို သူ့ဆန္ဒအတိုင်း အဆက်အဆံဖြတ်ဖို့ သဘောတူခဲ့တဲ့ ကျွန်မဟာ ကျွန်မရဲ့ မိန်းကလေး သူငယ်ချင်းတွေကိုတော့ အဆက်အဆံ မဖြတ်လိုခဲ့ဘူး။ သူ့အကြောင်းပြချက်က သူတို့မှာ အစ်ကိုတွေ၊ မောင်တွေရှိပြီး သူတို့နဲ့ ပတ်သက်ဆက်ဆံနေသမျှ ဒီလူတွေနဲ့ တွေ့မြင်ခေါ်ပြောတာ သူ မလိုလားဘူး။ ဘာလိုလို သူ့ပဲပြော၊ ဘယ်သွားသွား သူ့ပဲခေါ်ဆိုတဲ့ ပိတ်ပင်မှုကို သဘောတူခဲ့တဲ့နောက်မှာ ကျွန်မဟာ အတော့်ကို အထီးကျန် ခံစားခဲ့ရတယ်။ ဒါပေမယ့် ချစ်စိတ်ကြောင့် သူ့လိုက်လျောပြီး သူ့သဘောကျ နေထိုင်ခဲ့တယ်။ ဒါတင်မက ကျွန်မရဲ့ အီးမေးလ်၊ ဒိုင်ယာရီ၊ ဖုန်း စသဖြင့် ကျွန်မနဲ့ပတ်သက်သမျှ စစ်ဟယ်၊ ဆေးဟယ်နဲ့ အလွန်သဝန်တိုခဲ့တာ။ ဘာရယ်မဟုတ် မျက်စိ တခြားဘက်ရောက်သွားလို့ အဲဒီဘက်မှာ အမျိုးသားတဦးဦး ရှိနေရင် ကျွန်မနဲ့သူ စကားများပြီပေါ့။

သူ့စိတ်အလို၊ သူ့သြဇာ၊ သူ့ကန့်သတ်ချက်တွေ အောက်မှာဘဲ နေထိုင်လှုပ်ရှားရတော့ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်၊ သူ ဘာအပြစ်ပြောဦးမလဲ စိုးရိမ်စိတ်၊ အဲဒီကနေ မလုပ်ရဲ မကိုင်ရဲစိတ်တွေနဲ့ နောက်ဆုံးမှာ ရှိရင်းစွဲ အစွမ်းအစတွေပါ ငုပ်သွားပြီး သူခိုင်းတာပဲ လိုက်လုပ်တော့ ကျွန်မဟာ သူ့အတွက် အသုံးမကျတဲ့သူတစ်ယောက်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မရှိတဲ့သူတယောက်၊ သူကသာ ကျွန်မကို ဦးဆောင်ရမယ်ဆိုတဲ့ အတွေးအခေါ်မျိုး သူ့မှာ ဝင်လာပါတယ်။ ကျွန်မကိုယ်တိုင်ကလည်း သူနဲ့ အတိုက်အခံ မပြောလိုစိတ်နဲ့ သူပြောသမျှ သဘောတူ လက်ခံနေတော့ ကျွန်မရဲ့ ကိုယ်ပိုင်အရည်အချင်းတွေ ပျောက်မှန်းမသိ ပျောက်လာပြီး သူရှေ့ရောက်ရင် ဘာမှမသိ၊ မတတ်တဲ့ တုံးနန တစ်ယောက် ဖြစ်လာပါတယ်။ တကယ်ဆိုရင် ဒီလိုမဖြစ်သင့်ဘူး။

ချစ်တော့ချစ်ပါ ကိုယ့်အစွမ်းအစတွေ တုံးအပြီး အထီးကျန်ဖြစ်သွားတဲ့အထိ သူ့အလိုကို မလိုက်လျောသင့်ဘူး။ သူ့စိတ်တိုင်းကျ ထားရာနေ၊ စေရာသွားဖြစ်သွားရင် သူ့အတ္တကို ကိုယ်က အရောင် သွေးပေးလိုက်တာပါ။ ဆိုလိုတာက သူ့ကို အတ္တကြီးသထက်ကြီးပါ ကျွန်မကို မငဲ့ညှာပါနဲ့လို့  ကိုယ်တိုင်က သဘောတူလိုက်တာပါ။

ဒီ့နောက်ပိုင်းမှာ ကိုယ်ပြောတဲ့စကားတွေကို လူရာသွင်းပြီး နားထောင်လိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကိုယ့်ခံစားမှုတွေကို ကိုယ်ချင်းစာ နားလည်ပေးလာလိမ့်မယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ့်အပေါ်ကို အထင်ကြီး လေးစားနေလိမ့်မယ်လို့ အိမ်မက် မက်မနေပါနဲ့။ ဒါတွေအကုန်လုံးကို ကိုယ့်အချစ်တွေနဲ့ စတေးခဲ့ပြီးပြီ။ ကိုယ့်အပေါ် ခံစားမှုတွေ ငြီးငွေ့လာအောင် ကိုယ်က ပေးဆပ်ခဲ့တာပါ။ မဖြစ်သင့်ဘူးနော်။

ကျွန်မတို့ခေတ်ကပဲ ဒီလို ရှိသလားထင်နေတာ။ အခုခေတ်ထဲက ကလေးမလေးတွေလည်း ဒီ့ထက်မဆိုးတောင် ဒီ့လောက်မလျော့တဲ့ ချုပ်ခြယ်မှုမျိုး၊ သဝန်တိုမှုမျိုးတွေ ခံစားနေရဆဲ့လို့ သိရတယ်။ တချို့ကျတော့ ဒီလိုသဝန်တိုလွန်းသူတွေကို လက်တွဲဖြုတ်ပြီး နောက်တယောက် ပြောင်းတွဲကြည့်တယ်။ စိတ်တိုင်းမကျလိုက် တွဲလိုက်ကွဲလိုက်နဲ့ ရည်းစားများသူ ဖြစ်လာတယ်။ တချို့ကျတော့ သူ့ချစ်သူအလိုကျ လိုက်လျောရင်း တုံးအလာတဲ့ အရည်အချင်းတွေကြောင့် နောက်ပိုင်းမှာ လက်တွဲဖော်က ချောင်ထိုး ပစ်ပယ်တာမျိုးတွေ ခံစားလာရတာတွေ မြင်နေရဆဲ၊ ကြားနေရဆဲပဲ။ ချစ်တော့ချစ်ပါ။ ကိုယ့်အရည်အချင်းနဲ့ အစွမ်းအစတွေ တုံး အ သွားတဲ့အထိတော့ မချစ်သင့်ဘူး။ သူ့ဆန္ဒမှန်သမျှ ကြောင်းကျိုးမလျော် ချစ်စိတ်တခုတည်းကြည့် မလိုက်လျောသင့်ဘူး။

အချစ်ဖိစီးပြီး ဒီစိတ်တခုတည်းနဲ့ ရှင်သန်နေလေ လူ့ဘဝထဲမှာ အရည်အချင်းတွေ နောက်ကောက်ကျ ကျန်ခဲ့ဖို့ သေချာနေလေပဲ။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေပြီး တကယ်သစ္စာရှိတယ်ဆိုတာကို လက်တွေ့ပြနိုင်သူကိုမှ အမျိုးသားတွေက တန်ဖိုးထားတာ။ သူတို့တားမြစ်တိုင်း၊ စွပ်စွဲတိုင်း လိုက်လျောပြီးရင်း လိုက်လျောနေမယ်ဆို ကိုယ်ဟာ သူတို့ သဝန်တိုရလောက်အောင် အနေအထိုင်မတတ်ဘူး၊ စိတ်ချစရာမရှိဘူးလို့ သူတို့က တကယ်ဘဲ ယုံကြည်လာပါတယ်။

ဒီကနေ တဆင့်ပြီးတဆင့် တိုးချုပ်ခြယ်၊ တိုးရစ်၊ တိုးကျပ်တဲ့ စည်းကမ်းတွေအလယ် ပျော်ရွှင်မှုဆိုတာ ဆိတ်သုဉ်းပြီး ကိုယ့်စိတ်နဲ့ အသက်မရှင် သူ့စိတ်နဲ့ အသက်ရှင်လာရရင် ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်လာမယ်။ အရည်အချင်းတွေ တုံး အ လာမယ်။ နောက်ဆုံးမှာ ကိုယ့်ကိုယ်ကို အလိုမကျစိတ်တွေနဲ့ အထီးကျန်စိတ်တွေ တိုးလာပြီး ပျော်ရွှင်မှုမရှိတဲ့ သူတယောက်လို ဖြစ်နေမယ်၊ တခြားအမျိုးသမီးတွေရဲ့ ဘဝကို အားကျ ငေးမောနေရပြီး ကိုယ့်ဘဝ အခြေအနေနဲ့ ကိုယ့်အချစ်ရေး၊ အိမ်ထောင်ရေးအပေါ် အားငယ်စိတ်တွေ ဝင်နေမယ်ဆိုရင် ကိုယ်ဟာ သူ့ဆန္ဒတွေ လိုက်လျောရင်း တုံး အ သွားခဲ့သူပါ။

Credit: ရတု (Burmesehearts.com)

"ပေါက်ကရပုံပြင်"



Lutaw Lupyaw

"ပေါက်ကရပုံပြင်"

တစ်ခါတုန်းက စိတ္တဇဆေးရုံမှာ ဆရာဝန်တွေ လက်လျော့ထားရတဲ့ ဝေဒနာရှင်တစ်ဦး ရှိတယ်။ သူ့မှာ သာမန်အားဖြင့်ကြည့်ရင် ဝေဒနာရှင်မှန်းတောင် မသိရဘူး။ ယဉ်ယဉ်လေးနဲ့ ဆိုပါတော့။ သူ့ဝေဒနာကလည်း ထူးထူးဆန်းဆန်း။ လေးဂွတစ်လက်နဲ့ ရပ်ကွက်ထဲက အိမ်ပြူတင်းပေါက်မှန်တွေ၊ နောက်ပြီး ရပ်ထားတဲ့ကားတွေကို ထုခွဲတာပဲ။ အဲလေးဂွမရှိရင်တော့ မလုပ်ပြန်ဘူး။ သူ့ဆီက လေးဂွကို ဘယ်လောက်သိမ်းထားထား လေးဂွအရင်ထပ်လုပ်ပြီး လျှောက်ပြစ်ခွဲတာပဲ။ သူ့ကို နည်းမျိုးစုံကုပေမယ့် မပျောက်တော့ လက်လျှော့ထားပြီး ဆေးရုံမှာပဲ ထိမ်းသိမ်းထားရတယ်။

တစ်ရက်တော့ နိုင်ငံခြားက ပညာတော်သင်ပြီး ပြန်လာတဲ့ ဆရာဝန်လေးတစ်ယောက် သူတို့ဆေးရုံကို ပြောင်းလာတယ်။ ဆရာဝန်လေးက တော်ပါတယ်။ ဒါပေမယ့် ဆိုးတာက သူ့ကိုယ်သူ အရမ်းအထင်ကြီးနေပြီး သူ့ထက် အတွေ့အကြုံရင့်တဲ့ ဆရာဝန်ကြီးတွေကိုတောင် မခန့်လေးစား နှိမ်သလိုလို ပြောတော့ သူ့ကို လူတွေက သိပ်တော့ ကြည့်မရဘူးပေါ့။ ဒီတော့ စောစောကပြောတဲ့ လက်မြှောက်ထားရတဲ့ ဝေဒနာရှင်ကို ခင်ဗျားကုရင်တော့ ပျောက်မှာပဲ ဆိုပြီး ချွန်တွန်း လုပ်ပေးလိုက်တယ်။

ဆရာဝန်လေးကလည်း သွေးနထင် ရောက်နေချိန်ဆိုတော့ သူ့ပညာနဲ့ ကုမရတဲ့လူနာဆိုတာ မရှိစေရဘူး ဘာညာပေါ့။ လူသိရှင်ကြား ကြွေးကြော်ပြီး တာဝန်ယူ ကုမယ်ပြောတယ်။ ဒီလိုနဲ့ ကုပေးရော။ မကြာခင်ပဲ ရောဂါ အရှင်းပျောက်ပြီဆိုပြီး ဝန့်ကြွားစွာနဲ့ ကြေညာတယ်။ ဆေးရုံမဆင်းခင် တကယ်ပျောက်တာ ဟုတ်ကြောင်း ဆရာဝန်တွေက အသိအမှတ်ပြုပေးဘို့ ဝေဒနာရှင်ကို ဝိုင်းပြီး တတ်စ် လုပ်ရတယ်။ မေးခွန်းတွေ မေးရတယ်။ ဆရာဝန်ထီးတွေရော ဆရာဝန်မလေးတွေရော စားပွဲကြီးမှာ ဝိုင်းထိုင်ပြီး လူနာကို စားပွဲထိပ်မှာ ထားပြီး မေးခွန်းကို အလှည့်ကျ မေးကြတယ်။

ဆရာဝန်။ ။ ဒီကပြန်ရင် ဘယ်ကိုသွားမှာလဲ

လူနာ။ ။ အိမ်ကို ပြန်ပါမယ်

ဆရာဝန်။ ။ပြီးတော့ ဘာဆက်လုပ်မှာလဲ

လူနာ။ ။ကျွန်တော့်ချစ်သူနဲ့ ချိန်းတွေ့ပါမယ်

ကုသပေးတဲ့ နိုင်ငံခြားပြန် ဆရာဝန်လေးကတော့ မေးခွန်းတစ်ခုဖြေတိုင်း လက်မထောင်ပြီး ဂုဏ်ယူလို့မဆုံးဘူး။

ဆရာဝန်။ ။ချစ်သူနဲ့ ချိန်းတွေ့ပြီး ဘာဆက်လုပ်မှာလဲ

လူနာ။ ။ ချစ်သူရဲ့ ပါးလေးကို ကြင်ကြင်နာနာနဲ့ နမ်းပါမယ်

ဆရာဝန်တစ်ချို့ မျက်စပြစ်ပြီး အချက်ပြတယ်။ ရောဂါပြောင်းတာလား။ သေချာ ဂရုတစိုက်မှတ်တမ်းတင်ဘို့ လုပ်နေကြတယ်။ နောက်အလှည့်ကျ ဆရာဝန်က ဆက်မေးတယ်။

ဆရာဝန်။ ။ ပါးလေးကို နမ်းပြီး ဘာဆက်လုပ်မှာလဲ

လူနာ။ ။သူ့ရဲ့ နှုတ်ခမ်းလးကို စွဲစွဲလမ်းလမ်း နမ်းပါမယ်။ (ဟိုက်… ရှားပါးးးးး)

ဆရာဝန်။ ။ အဲဒါပြီးတော့ ဘာဆက်လုပ်မှာလဲ

လူနာ။ ။သူ့ရဲ့ အပေါ်အင်္ကျီကို ညင်ညင်သာသာ ချွတ်မယ်

ဆရာဝန်။ ။ နောက်ပြီးတော့ ဘာဆက်လုပ်မှာလဲ

လူနာ။ ။ သူ့ရဲ့ … ……… …

ဆရာဝန်။ ။ နောက်ပြီးတော့ ဘာဆက်လုပ်မှာလဲ

လူနာ။ ။ သူ့ရဲ့ … … … … …

ဆရာဝန်။ ။ နောက်ပြီးတော့ ဘာဆက်လုပ်မှာလဲ

လူနာ။ ။ သူ့ရဲ့ … … … … …

ဆရာဝန်။ ။ နောက်ပြီးတော့ ဘာဆက်လုပ်မှာလဲ

လူနာ။ ။ သူ့ရဲ့ … … … … …

ဆရာဝန်။ ။ နောက်ပြီးတော့ ဘာဆက်လုပ်မှာလဲ

လူနာ။ ။ သူ့ရဲ့ … … … … …

ဒီလိုနဲ့ မေးဘို့ ဆရာဝန်လည်း နှစ်ယောက်ပဲ ကျန်တော့တယ်။ သူ့ရည်းစားလဲ ချွတ်လာလိုက်တာ အတွင်းခံ ဘောင်းဘီတစ်ထည်ပဲ ကျန်တော့တယ်။ နောက်ဆုံးမေးရမယ့် နှစ်ယောက်ကလည်း ဆရာဝန် အပျိုလေးတွေ။ သူတို့က ဆက်မေးဘို့ မဝန့်ရဲတာနဲ့ ဆေးရုံအုပ်ကြီးကို ရပ်ရတော့မလားလို့ မေးတယ်။ ဆေးရုံအုပ်ကြီးက မရပ်နဲ့ ဆက်မေးပါလို့ ပြောတော့ ဆက်မေးရတော့တာပေါ့။

ဆရာဝန်။ ။ နောက်ပြီးတော့ ဘာ … …ဘာ ဆက်လုပ်မှာလဲဟင်……

လူနာ ဖြေလိုက်တဲ့စကားကြောင့် နိုင်ငံခြားပြန် ဆရာလဲ သူ့နှာဖူးကိုသူရိုက်ပြီး ခုံနဲ့အတူ နောက်ပြန် လဲကျသွားတယ်။
လူနာဖြေတာက……

လူနာ။ ။ ဘာလုပ်ရမှာလဲ အဲဒီ အောက်ခံဘောင်းဘီ ချွတ်ယူပြီး ဘောင်းဘီမှာတပ်ထားတဲ့ သားရေပင်ကို ဖြုတ်၊ လေးဂွလုပ်၊ မှန်တွေကို လျှောက်ခွဲပြစ်မယ်… ခွမ်းကနဲ… ခွမ်းကနဲ ဟီးဟီး… ပစ်ချင်လိုက်တာ…… တဲ့

Credit: ကိုစိုးနိုင်



"တကယ်ချစ်တဲ့မိန်းကလေး"



Lutaw Lupyaw

"တကယ်ချစ်တဲ့မိန်းကလေး"

မိန်းကလေးတွေတကယ်ချစ်ရင် သူကိုယ်တိုင် ဘယ်လောက်ပွင့်လင်းတဲ့သူ ဖြစ်ပါစေ၊ ကိုယ့်ကြောင့် သူတို့ ဝမ်းနည်းရင်တောင် ကိုယ်စိတ်ဆင်းရဲမှာစိုးလို့ ပြောမထွက်ဘဲ ကြိတ်ငိုလေ့ရှိပါတယ်။ အဲဒါကို မြင်အောင်ကြည့်ပြီး သူမရဲ့ခံစားမှုကို နားလည်ပါ။ သူမရဲ့ လေးနက်တဲ့အချစ်ကို မြင်အောင်ကြည့်ပါ။ သူမရဲ့ ခွင့်လွှတ် သည်းခံနိုင်စွမ်းကို လေးစားပါ။ နောက်ဆုံးမှာ သူမလို မေတ္တာမျိုးနဲ့ ပြန်ချစ်ပါ။ သူမဟာ သူမကိုယ်သူမထက် ကိုယ့်ကို ပိုချစ်သူပါ။

Credit: ရတု (Burmesehearts.com)



Friday, January 29, 2016

"လေယာဉ်မယ်လို ပြုံးတတ်အောင် ဘယ်လိုကျင့်မလဲ"



Lutaw Lupyaw

"လေယာဉ်မယ်လို ပြုံးတတ်အောင် ဘယ်လိုကျင့်မလဲ"

တည်ငြိမ်တဲ့ ကိုယ်နေဟန်ထားနဲ့ အမြဲတမ်း လှပတဲ့ အပြုံးတစ်စုံရဖို့ တရုတ်နိုင်ငံက လေယာဉ်မယ်တွေရဲ့ လေ့ကျင့်ပုံတွေကို Daily Mail က ဖော်ပြခဲ့ပါတယ်။

တူတစ်ချောင်းစီ ပါးစပ်မှာကိုက်ထားပြီး ပြည့်စုံတဲ့ အပြုံးတစ်ခုဖြစ်လာဖို့ လေ့ကျင့်ကြရတာဖြစ်ပြီး တည်ငြိမ်တဲ့ ကိုယ်နေဟန်ထား ရဖို့အတွက် ခေါင်းမှာ စာအုပ်တစ်အုပ်စီ တင်ထားပါတယ်။ ဒူးခေါင်းနှစ်ဖက်ကြားထဲ A4 စာရွက် တစ်ရွက်စီ ညှပ်ထားရပြီး ပြုတ်ကျလို့ မရပါဘူး။ တရုတ်နိုင်ငံ Chengdu မြို့ လေကြောင်း အလုပ်အကိုင်ဆိုင်ရာ လေ့ကျင့်ရေးကော်လိပ်ရဲ့ ကျောင်းသူတွေဖြစ်ပြီး မကြာခင် လာတော့မယ့် စာမေးပွဲအတွက် လေ့ကျင့်နေကြတာ ဖြစ်တယ်လို့ သိရပါတယ်။

Photos & Source: Daily Mail

Credit: duwun










Thursday, January 28, 2016

"ရည်စားဟောင်းကို မေ့နိုင်သွားပြီလို့ ပြောလို့ရတဲ့ အချက် (၉) ချက်"



Lutaw Lupyaw

"ရည်စားဟောင်းကို မေ့နိုင်သွားပြီလို့ ပြောလို့ရတဲ့ အချက် (၉) ချက်"

၁- အခြားအတွဲတွေကို ကြည့်တဲ့အခါ ဘာခံစားချက်မှ ပေါ်မလာတော့ဘူး။

၂- သောကြာနေ့ ညနေတွေတိုင်း၊ စနေတနင်္ဂနွေ ရုံးပိတ်ရက်တွေတိုင်း တစ်ယောက်တည်းဖြစ်နေလို့ ဘယ်လိုမှ မခံစားရတော့ဘူး။

၃- နှစ်ယောက်တွဲပုံတွေ ပြန်ကြည့်တော့လည်း ရင်းနှီးခဲ့တဲ့ လူတစ်ယောက်လို့ပဲ ခံစားရတော့တယ်။

၎- ဖေ့ဘွတ်မှာလည်း သူ့ Timline ဆီ မရောက်တော့ဘူး။ သူ့ပုံတွေ၊ သူ့အကြောင်းတွေကို ဖေ့ဘွတ်ပေါ်မှာ ခြေရာခံမလိုက်တော့ဘူး။

၅ - မိန်းကလေးတစ်ယောက်နဲ့ တွဲနေတယ်ဆိုတဲ့ သူ့သတင်းတွေ ကြားရတဲ့အခါ စိတ်ထဲမှာ တကယ်ပျော်တယ်။

၆- ပြန်တွဲဖြစ်မလားဆိုတဲ့ စိတ်မျိုး လုံးဝ ပေါ်မလာတော့ဘူး။

၇- စိတ်ထဲမှာ မပို့မှန်းသိပေမဲ့ သူ့မက်ဆေ့ဂ်ျကို မျှော်နေတာမျိုး လုံးဝမလုပ်တော့ဘူး။

၈- ဘာကြောင့်ဖြစ်ရတာလဲ မေးမနေတော့ဘဲ ဝမ်းနည်းနေမှုကို လက်ခံလိုက်တယ်။

၉- အသစ်တစ်ယောက်အကြောင်းကို စိတ်အေးလက်အေး စဉ်းစားနိုင်ပြီ။

Photos & Source: allwomenstalk

Credit: duwun



"ယခုနှစ်မှာ စုံတွဲတိုင်း ထားသင့်တဲ့ ကတိ (၈) ခု"



Lutaw Lupyaw

"ယခုနှစ်မှာ စုံတွဲတိုင်း ထားသင့်တဲ့ ကတိ (၈) ခု"

၁- တစ်ယောက်ကိုတစ်ယောက် မကျေနပ်တာရှိတဲ့အခါ အော်တာဟစ်တာမျိုး မလုပ်ခင် အရင်ဆွေးနွေးမယ်ဆိုတဲ့ ကတိ

၂- တစ်ပတ်တစ်ခါတော့ အနည်းဆုံး တွေ့ကြမယ်ဆိုတဲ့ ကတိ

၃- စာအုပ်တစ်အုပ် ဒါမှမဟုတ် ဗီဒီယိုခွေတစ်ခွေကို နှစ်ယောက်ကြည့်ကြမယ်ဆိုတဲ့ ကတိ

၎- ယခင်က ပြဿနာဟောင်းတွေကို ပြန်မဖော်ပါဘူးဆိုတဲ့ ကတိ

၅- ဝါသနာသစ်တစ်ခုကို အတူလုပ်ကြမယ်ဆိုတဲ့ ကတိ

၆- မက်ဆေ့ အပြန်အလှန်ပို့ပါမယ်ဆိုတဲ့ ကတိ

၇- နှစ်ယောက်စလုံးမှာရှိတဲ့ မကောင်းတဲ့ အကျင့်တွေကို ဖျောက်ကြမယ်ဆိုတဲ့ ကတိ

၈- အနာဂတ်အတွက် ပိုက်ဆံစုကြမယ်ဆိုတဲ့ ကတိ

Photos & Source: allwomenstalk

Credit: duwun


"သူ ဖောက်ပြန်နေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာ (၅) ရပ်"

Lutaw Lupyaw

"သူ ဖောက်ပြန်နေပြီဆိုတာ သိနိုင်တဲ့ လက္ခဏာ (၅) ရပ်"

အောက်ပါ အချက်တွေထဲက အတော်များများနဲ့ ကိုက်ညီနေရင်တော့ သူ ကိုယ့်ကို လှည့်ဖျားနေတာ ဖြစ်နေနိုင်ပါတယ်။

ကိုယ့်ကို သူ လှည့်ဖျားနေတယ်ဆိုတာ သေချာတယ်လို့ သက်သေပြနိုင်တဲ့ နည်းလမ်းတွေတော့ မရှိပေမယ့် အခု ဖော်ပြမယ့် အချက်တွေထဲက နှစ်ခုမက တိုက်ဆိုင်နေပြီ ဆိုရင်တော့ သတိထားသင့်ပါပြီ။

၁။ ရုတ်တရက်ကြီး လျှို့ဝှက်ချက်တွေ ရှိလာတယ်။

သူက ရုတ်တရက် အရာရာ လျှို့လျှို့ဝှက်ဝှက် နေတတ်လာတယ်။ သူ့ဖုန်းကိုလည်း အရင်လို အလွယ်တကူ မထားတော့ဘူး။

၂။ သူ့ကိုယ်သူ ပိုပြီး သလာတယ်။

အချစ်သစ်ကြောင့် သူဟာ လှချင်ပချင်စိတ်တွေ ဖြစ်လာလိမ့်မယ်။။ လက်သည်းခြေသည်းတွေ သေချာညှပ်တာတို့၊ ပါးစပ်ကို သေချာဆေးတာတို့ စတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေးတွေလည်း ဂရုစိုက်လာတတ်ပြီ။

၃။ အလုပ်ချိန်တွေ များလာတယ်။

ရုံးမှာ ညဥ့်နက်တဲ့အထိ အလုပ်လုပ်မယ်။ ဒါမှမဟုတ် အစည်းအဝေးတွေ အရမ်းတက်ရတယ်တို့ ဘာတို့ ဖြစ်လာမယ်။ သူ့မှာ ကိုယ့်ကိုပေးစရာ အချိန်မရှိတော့ဘူး။

၎။ ကိုယ်မသိတာတွေ သူသိနေပြီ။

ကိုယ်မကြည့်ဖူးသေးတဲ့ ရုပ်ရှင်တို့၊ ကိုယ်မရောက်ဖူးသေးတဲ့ နေရာတို့ကို သူ ရောက်ဖူးနေပြီးပြီ။

၅။ စိတ်တိုလွယ်လာတယ်။

အရင်လို မဟုတ်ဘဲ တစ်ခုလောက် ကိုယ်အမှားလုပ်လိုက်တာနဲ့ သူ စိတ်တို ဒေါသထွက်လာတတ်တယ်။

Source : GLOMOUR

Credit: duwun



"ဂျပန် နည်းပညာကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်သော လေပေါ်ကြွပျံနေမယ့် အလှထား သစ်ပင်"



Lutaw Lupyaw

"ဂျပန် နည်းပညာကုမ္ပဏီ တစ်ခုမှ ထုတ်လုပ်သော လေပေါ်ကြွပျံနေမယ့် အလှထား သစ်ပင်"

ဒီအလှသစ်ပင်လေးတွေဟာ အလွန်အမင်း စိတ်ဝင်စားဖွယ် ကောင်းလို့နေပါတယ်။ လေထဲ ကြွပျံနိုင်တဲ့ ဒီအလှသစ်ပင်လေးတွေဟာ ကြည့်လိုက်ရင် သူတို့ဘာသာ မျောပျံနေသလို ထိမှတ်စေဖို့ ဂျပန် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Air Bonsai မှ တီထွင် ဖန်တီးပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

အမှန်တော့ အောက်ခြေအထိုင်နဲ့ သစ်ပင် နှစ်ခုလုံးမှာ တပ်ဆင်ထားတဲ့ သံလိုက်နှစ်ခုကြောင့် ဒီအပင်ဟာ လေပေါ် ချောချောမောမော အခုလို ကြွပျံပြီး လည်နေနိုင်ခြင်း ဖြစ်ပါတယ်။ အောက်အထိုင်နဲ့ ၂ စင်တီမီတာအကွာမှာ ရစ်ဝဲနေတဲ့ ဒီအပင်ဟာ ရေလောင်းပေးဖို့ လိုအပ်တယ်ဆိုပေမယ့် ဂရုစိုက်စောင့်ရှောက်မှု အနည်းကျဉ်းသာ လိုအပ်ပါတယ်။

ကုမ္ပဏီအနေနဲ့ ဒီအပင်တွေကို ဈေးပေါပေါနဲ့ ရောင်းချမှာတော့ မဟုတ်ပါ။ တစ်စုံကို ဒေါ်လာ ၂၀၀ (ယူရို ၁၄၀) နဲ့ အာမခံ ပါရှိမှာဖြစ်တယ်လို့ သိရပါတယ်။ ဖြန့်ဖြူးရောင်းချမယ့် ရက်စွဲကို ၂၀၁၆ သြဂုတ်လ အကြမ်းဖျင်း သတ်မှတ်ထားပြီး တခြားနိုင်ငံများအတွက် သင်္ဘောဖြင့် ပို့ဆောင်မှုပေးခြင်းသာ ရနိုင်မယ်ဖြစ်ကြောင်း သိရပါတယ်။

ပေါ်ထွန်း

Credit: Trend Myanmar



"ဘယ်ဘက် စောင်းအိပ်ပေးသင့်တဲ့ အကြောင်းအရင်း တချို့"



Lutaw Lupyaw

"ဘယ်ဘက် စောင်းအိပ်ပေးသင့်တဲ့ အကြောင်းအရင်း တချို့"

လူအများစုက သူတို့အိပ်တဲ့ ကိုယ်နေဟန်ထားက အစာခြေချက်မှုစနစ်ကို သိသိသာသာ အကျိုးသက်ရောက်မှု ဖြစ်စေတဲ့ အချက်ကို သတိမမူမိကြပါ။ ဒီလို အခိုင်အမာ ပြောဆိုခြင်းအတွက် ပထမဆုံး သက်သေ အထောက်အထားကတော့ အစာခြေချက်မှု ပိုမိုကောင်းမွန်စေရန် ဘုန်းကြီးများ ထမင်းစားပြီး တစ်မှေးလောက် အိပ်စက်အနားယူတဲ့အချိန် ဟိုး ရှေးယခင်ကတည်းကနေ ဖြစ်ပါတယ်။

ဒီအချက်ကို Ayurvedic Medicine လို့ခေါ်တဲ့ ဟိန္ဒူ တိုင်းရင်းဆေးပညာတစ်မျိုးမှ အတည်ပြု ထောက်ခံထားပြီး ဘယ်ဘက် စောင်းအိပ်ပေးတာ အကောင်းဆုံးဖြစ်ကြောင်း အကြံပြုထားပါတယ်။ ဘာကြောင့် ဘယ်ဘက် စောင်းအိပ်ပေးသင့်လဲဆိုတဲ့ အကြောင်းရင်း တချို့တွေမှာတော့

သွေးဖြူဆဲလ်များပါရှိတဲ့ ကိုယ်တွင်းထွက် အရည်ကြည်စီးထွက်မှု လွယ်ကူ ချောမွေ့စေပါတယ်။

နှလုံးမှ ခန္ဓာကိုယ်ဆီ သွေးပို့လွတ်မှု ပိုမိုကောင်းမွန်စေတယ်။

ခန္ဓာကိုယ်မှ အန္တရာယ်ဖြစ်စေတဲ့ အရာများ ရှင်းထုတ်ပေးတယ်။

သရက်ရွက်ရဲ့ အလုပ်လုပ်မှု ပိုမိုကောင်းမွန်စေတယ်။

အစာခြေချက်မှု ကောင်းတယ်။

နှလုံးဆီ သွေးစီးဆင်းမှုနဲ့ သည်းခြေရည် စီးဆင်းမှု ပိုမို ကောင်းမွန်စေတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

ပေါ်ထွန်း

Credit: Trend Myanmar


"သင့်ကို သူဘယ်တော့မှ ခွဲသွားမှာ မဟုတ်ဘူးဆိုတာ ဒီအရာတွေက ကတိပေးသလို ဖြစ်ပေမယ့် တကယ်တော့ ဒီအချက်တွေဟာ ဘာမှ အသုံးမ၀င်ဘူးဆိုတာ"



Lutaw Lupyaw

"သင့်ကို သူဘယ်တော့မှ ခွဲသွားမှာ မဟုတ်ဘူးဆိုတာ ဒီအရာတွေက ကတိပေးသလို ဖြစ်ပေမယ့် တကယ်တော့ ဒီအချက်တွေဟာ ဘာမှ အသုံးမ၀င်ဘူးဆိုတာ"

အချစ်ရေးတစ်ခုမှာ သင့်အပေါ် သူက ဘာတွေလုပ်ပေးခဲ့ဖူးရင် သူကတော့ သင့်ကို မခွဲတော့ဘူးဆိုပြီး ကြိုတင် ခန့်မှန်းထားကြပါတယ်။ တစ်ခါတစ်လေ ကတိက၀တ်လို ဖြစ်လေ့ဖြစ်ထရှိတဲ့ အပြုအမူတွေကြောင့် သင်တို့နှစ်ဦး ပြတ်မှာ မဟုတ်တော့ဘူးလို့ ထင်ပေမယ့် အဲ့ဒီအရာတွေက တကယ်တော့ ဘာမှမဟုတ်တဲ့ အရာတွေပဲဆိုတာ ပြောပြပေးချင်ပါတယ်။

၁။ သူက သင့်ကို အမြဲ အရင် sms ပို့တတ်တယ် ဆိုရင်လည်း ဒါကို ဖီးလ်ဖြစ်နေုလို့ မရပါဘူး။ ဒါကို ကြည့်ပြီး သူ ကိုယ့်အပေါ် တကယ်ချစ်မချစ် ဆုံးဖြတ်လို့ မရပါဘူး။

၂။ သင့်မိသားစုနဲ့ သူ ခင်မင်ရင်းနှီးအောင် ဆက်ဆံတတ်တာမျိုးကလည်း သင့်ဆီကို အ၀င်အထွက် ပိုအဆင်ပြေသွားအောင် ဖြစ်ချင်ဖြစ်မှာပါ။

၃။ သူနေတဲ့ တိုက်ခန်းမှာ သင့်အ၀တ်တွေ ရှိနေသေးတာမျိုးကိုလည်း သိပ် ဖီးလ်ဖြစ်မနေပါနဲ့။ သင်ကလည်း သင့်အင်္ကျီတွေ ပြန်ယူဖို့ မေ့နေတယ်။ သူကလည်း လျှော်ဖွတ်ပေးဖို့ ပျင်းနေတာကြောင့် ဖြစ်နိုင်ပါတယ်။

၎။ သူ့ငယ်သူငယ်ချင်းတွေနဲ့ တွေ့ပြီးသွားပြီမို့ ငါကတော့ သူ့အတွက် အတည်ပါလို့ ထင်နေမယ့်အစား တစ်ခါတစ်လေ အဲ့ဒီလို ဘယ်နှစ်ယောက်လောက်ကိုများ သူ့သူငယ်ချင်ေးတွနဲ့ ပေးဆုံခဲ့ဖူးသလဲဆိုတာ တွေးရမှာပါ။

၅။ ဖေ့စ်ဘွတ်ခ်မှာ သူနဲ့ကိုယ် relationship တင်ထားပြီးပြီမို့ စိတ်အေးသွားပြီဆိုရင်လည်း ဒါဟာ စိတ်ချလို့ မရသေးတဲ့ အခြေအနေပါပဲ။

၆။ မိတ်ကပ်မလိမ်းထားတဲ့ သင့်မျက်နှာကို သူ အရှိအရှိအတိုင်း မြင်ဖူးပြီးပြီမို့ သရုပ်မှန်သိပြီး ပိုချစ်လာလိမ့်မယ် ဆိုတာကလည်း အပိုပါပဲ။

၇။ သင့်အတွက် ဟင်းချက်ပေးတာမို့ ကိုယ့်ကို သူ သိပ်ချစ်နေပြီလို့ တွေးမယ့်အစား သူ အိမ်မှာလည်း ချက်နေကျပဲလား၊ သူ့ဝါသနာကိုက ချက်ပြုတ်တာများလားလို့ တွေးပါ

ဟန်နီ

Credit: Trend Myanmar