Friday, January 30, 2015

" တစ်ကိုယ်ကောင်းဆန်သင့်တဲ့ အချိန် (၆) ချိန် "

" တစ်ကိုယ်ကောင်းဆန်သင့်တဲ့ အချိန် (၆) ချိန် "

မိဘတွေ သင်ကြားထားတဲ့ အရာတွေထဲမှာ တစ်ကိုယ်ကောင်းဆန်ဆန် မနေထိုင်ဖို့၊
မပြုမူဖို့ဆိုပြီး ပါကောင်းပါဝင်နိုင်ပါတယ်။ ဒါပေမယ့် အရွယ်ရောက်လာတဲ့ လူတစ်ယောက်မှာ တစ်ကိုယ်ကောင်းဆန်သင့်တဲ့ အချိန်တွေသပ်သပ်ကို ရှိနေပါတယ်။ ဒီလို လုပ်လိုက်လို့ သူများကိုလည်း မထိခိုက်သလို၊ ကိုယ့်အတွက်လည်း ဘာမှ အကျိုးတောင် ပိုရှိဦးမယ်ဆိုရင်တော့ တစ်ကိုယ်ကောင်းဆန်သင့်ရင် ဆန်ရမှာပါပဲ။ ဘယ်လိုအချိန်တွေမှာ တစ်ကိုယ်ကောင်းဆန်တာဟာ သူတစ်ပါးအတွက် အကျိုးယုတ်တာမျိုး မရှိဘူးလဲဆိုတာ ပြောပြပေးရရင်တော့

၁။သင်နဲ့ ဘယ်လိုမှ အဆင်မပြေတော့တဲ့၊ စိတ်ပျက်ဖွယ် အတိဖြစ်နေတဲ့ အချစ်ရေးကို အဆုံးသတ်တဲ့အခါ

သင့်ဘ၀ဟာ သင့်ရဲ့လက်တွဲဖော်ကြောင့် ရှေ့တိုးဖို့မလွယ်တော့ဘူး။ ခံစားချက်တွေလည်း တစ်ဖြည်းဖြည်းချိနဲ့ကုန်ရပြီ။ နှစ်ဦးသားပြသနာသောင်းခြောက်ထောင်နဲ့ ဘယ်လိုညှိုနှိုင်းညှိနှိုင်း ပြန်အဆင်ပြေဖို့ မလွယ်ကူတော့ဘူးဆိုရင် ဒီလိုအခြေအနေမျိုးမှာ လမ်းခွဲဖို့ ကိုယ့်ဘက်က စပြောလိုက်တာဟာ သင်တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ အထူးသဖြင့် သင့်ကို အကြိမ်ပေါင်းများစွာ လိမ်ညာနေတဲ့ လက်တွဲဖော်ကို သင် လက်လွှတ်ဖို့ ဆုံးဖြတ်တာမျိုးဟာလည်း သင် တစ်ကိုယ်ကောင်းဆန်ဆန် ဆုံးဖြတ်ချက်ချလိုက်တာမျိုး မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်အပြုအမူ ဆုံးဖြတ်ချက်အတွက် အပြစ်ရှိတယ်လို့ ခံစားဖို့ မလိုဘူးဆိုတာ ပြောပါရစေ။

၂။ အိမ်မှာ အေးအေးချမ်းချမ်းနေချင်တဲ့အခါ

တစ်ခါတစ်လေ စိတ်ပင်ပန်း၊ လူပင်ပန်းဖြစ်နေတဲ့အချိန် သူငယ်ချင်းတွေက သူတို့နဲ့အတူ လိုက်ခဲ့ဖို့ ခေါ်ပေမယ့် သင်ကတော့ သင့်အိမ်ကနေ တစ်ဖ၀ါးမှ မခွာချင်ဘူးဖြစ်နေတယ်ဆိုရင် သင့်သူငယ်ချင်းတွေကို ဒီတစ်ခေါက် မလိုက်နိုင်ကြောင်း ကောင်းကောင်းမွန်မွန် ပြောပြလိုက်ပါ။ လူတစ်ယောက်ဟာ သူ့အိမ်မှာ၊ သူ့အခန်းလေးထဲမှာ ငြိမ်ငြိမ်လေး နေချင်တဲ့အချိန်ဆိုတာ ရှိကုရှိပါတယ်။ ဒါ့ကြောင့် ဒီ့အတွက်လည်း သင် အပြစ်ရှိသလို ခံစားစရာမလိုပါဘူး။ ဒါ တစ်ကိုယ်ကောင်းဆန်သင့်တဲ့အရာပါ။

၃။သင်အလုပ်ပြောင်းဖို့ စိတ်အားထက်သန်နေတဲ့အခါ

လက်ရှိလုပ်နေတဲ့ အလုပ်က အထက်အရာရှိရော၊ သူဌေး နဲ့ လုပ်ဖော်ကိုင်ဖက် အားလုံးက ကိုယ့်အပေါ် ကောင်းနေတဲ့အခါ နောက်ထပ်အလုပ်တစ်ခုပြောင်းဖို့ သင့်အနေနဲ့ ဆုံးဖြတ်ရာမှာ တစ်ကိုယ်ကောင်းဆန်သလို ခံစားနေရတတ်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်နေဖို့ မလိုအပ်ပါဘူး။ နောက်ထပ်အလုပ်က သင့်ရဲ့အိပ်မက်တွေ အကောင်အထည် ပိုဖော်နိုင်မယ်ဆိုရင်၊ သင်လိုချင်တဲ့ လစာပမာဏကိုလည်း ပေးနိုင်မယ်ဆိုရင်၊ ဘ၀အခွင့်အလမ်းတွေအတွက် ပိုကောင်းမွန် နေတယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သင်ပြောင်းသင့်ပါတယ်။

၎။လူတိုင်း စိတ်ကျေနပ်ပျော်ရွှင်အောင် သင်အမြဲလုပ်ပေးနေရတာ စိတ်ပျက်လာတဲ့အခါ

သူငယ်ချင်း၊ အပေါင်းအသင်းတွေ အားလုံးက ကိုယ့်ဆို အလိုရှိကြတယ်။ ကိုယ်မပါရင် ပွဲမစည်ဘူး ဆိုသလို သူတို့ပြသနာတွေတက်တဲ့အခါ၊ စိတ်ညစ်တဲ့အခါမျိုးတွေမှာ ကိုယ့်ကို အမြဲခေါ်ထားတတ်ကြတယ်။ သူတို့ပျော်နေချိန်ရော၊ စိတ်ပျက်နေချိန်တွေမှာပါ ကိုယ့်ကိုအမြဲအနားမှာ ရှိစေချင်ကြတယ်။ ဒါပေမယ့် ကိုယ့်မှာလည်း ကိုယ့်စိတ်နဲ့ကိုယ့်ကိုပါ။ ကိုယ်တိုင် စိတ်ကသိကအောက်ဖြစ်နေချိန်၊ စိတ်ဓာတ်ကျနေချိန်တွေမှာ သူတစ်ပါးကို ပျော်ရွှင်အောင် လိုက်လုပ်ပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒီလိုအချိန်တွေမှာ ငြင်းကိုငြင်းရမှာပါပဲ။ ဒီလို ငြင်းရလို့လဲ သင့်ဘက်က ငါတစ်ကိုယ်ကောင်းဆန်ပါလားလို့ တွေးစရာ မလိုပါဘူး။

၅။တစ်စုံတစ်ယောက်က သင့်ပစ္စည်းတွေကို သင့်မပြောပဲ ယူသုံးတာကို သင်ပြောဖို့ လိုအပ်လာတဲ့အခါ

ပြသနာက ကိုယ့်ရဲအခန်းဖော်၊ ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်က ကိုယ့်ပစ္စည်းတွေကို မပြောမဆိုပဲ ယူသုံးတာမျိုးတွေလုပ်တဲ့အခါ  သင့်စိတ်ထဲ ဒေါသဖြစ်မိမှာပါ။ ကိုယ့်ကိုတောင် ခွင့်မတောင်းပဲ ယူသုံးတဲ့အပြင် တစ်ခြားနေရာမှာတော့ သူကိုယ်ပိုင်ပစ္စည်း သဘောမျိုး ပြောဆိုတာကို သိရတဲ့အခါ သင်သူ့ကို ပြောဖို့ လိုကိုလိုအပ်လာပါပြီ။ နောက်တစ်ခါ သင့်ပစ္စည်းတွေကို မထိဖို့ ပြောထားပါ။ ဒါဟာ သင်တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ပါဘူး။ ပြောသင့်တာကို ပြောပြထားတာမို့ အပြစ်မရှိပါဘူး။

၆။အခြားတစ်ယောက်ရဲ့ အကူအညီကို တောင်းခံဖို့ လိုလာတဲ့အခါ

တစ်ခါတစ်လေ ကိုယ့်သူငယ်ချင်းတွေ၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေထံက မဖြစ်မနေ အကူအညီတောင်းခံဖို့ လိုလာတဲ့အခါမှာတော့ သူတို့ဘက်ကို အရမ်းကြီးတွေးမနေပဲ အကူအညီ တောင်းလိုက်ပါ။ ဒါဟာ သင်တစ်ကိုယ်ကောင်းဆန် လိုက်တာ မဟုတ်ပါဘူး။ တကယ်ကို အကူအညီလိုလို့ တောင်းခံတာမျိုးပါ။

Credit : Trend Myanmar


Sunday, January 25, 2015

" ဗောက်၊ ဦးရေပြားယားယံခြင်းနှင့် ခြောက်သွေ့ခြင်းအတွက် (ဒိန်ချဉ်နည်း) "

" ဗောက်၊ ဦးရေပြားယားယံခြင်းနှင့် ခြောက်သွေ့ခြင်းအတွက် (ဒိန်ချဉ်နည်း) "

ဗောက်ထတယ်ဆိုတာ သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုပေမဲ့ လည်းကောင်းကြောင့် ဦးရေပြား ခြောက်သွေ့ခြင်း ယားယံခြင်းကိုပါ ခံစားရကာ စိတ်အနှောက် အယှက်ဖြစ်စေပြီး ဘေးလူအမြင်မှာလဲ မတင့်တယ်လှပါဘူး။

အထူးသဖြင့် ဆောင်းရာသီတွင် အစိုဓာတ်နည်းပါးခြင်း၊ ရေပူဖြင့် ခေါင်းလောင်းချိုးခြင်းတို့ကြောင့် ဦးရေပြား ပိုမိုခြောက်သွေ့ ကွာထွက်တတ်ပြီး ဗောက်ထခြင်း ပိုမိုဆိုးရွားစေပါတယ်။

ဗောက်ထခြင်း သက်သာအောင် ပြုလုပ်နည်းများစွာ ရှိသည့်အနက်က နယ်ရော မြို့ပါမကျန် အလွယ်တကူနဲ့ ရိုးရှင်းစွာ အသုံးပြုနိုင်တဲ့ ဒိန်ချဉ်ဖြင့် အသုံးပြုပုံကို တင်ပြလိုက်ပါတယ်။ ဒိန်ချဉ်ဟာ ဗောက်ကင်းစင်အောင် အသုံးပြုရာမှာ အသုံးပြုရလွယ်ကူ၍ အံ့သြဖွယ်ရာ ရလဒ်ကို ပေးနိုင်ပါတယ်။

အသုံးပြုနည်းကတော့

မိမိ၏ ဆံပင်အနေအထားပေါ် မူတည်၍ ဒိန်ချဉ်ကို ခွက်တစ်ခုထဲတွင် ထဲ့ပါ။ ပြီးနောက် သံပုရာသီး၊ သံပရိုသီး သို့မဟုတ် ရှောက်သီးရည် လက်ဘက်ရည်ဇွန်း ၂ ဇွန်း ကို ဒိန်ချဉ်နှင့် ရောသမပါ။

ထိုသို့ရောသမထားသော ဒိန်ချဉ်ကို ဆံပင်၏ အောက်ခြေ ဦးရေပြားပေါ် သို့ရောက်အောင် သေချာစွာလိမ်းပေးပါ။ လက်ဖြင့်သော်လည်းကောင်း ဂွမ်းစဖြင့်သော် လည်းကောင်းလိမ်းနိုင်သည်။

၁၅မိနစ် ၂၀မိနစ်ခန့် ထားပြီးနောက် ခေါင်းလျှော်လိုက်ပါ။

ဒိန်ချဉ်တွင်ပါဝင်သည့် ဗိုက်တာမင် B5,ပရိုတိန်းတို့၏ အစွမ်းကြောင့် ဆံပင်များ စိုစွတ်လှပစေကာ သံပုရာသီး၊ ရှောက်သီးတို့ အစွမ်းကြောင့် ဦးရေပြားပေါ်တွင် ကွာထွက်နေသော ဆဲလ်သေများ တနည်းအားဖြင့် ဗောက်များကို ရှင်းထုတ်ပေးမှာ ဖြစ်ပါတယ်။

ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသု


တစ်သက်လုံးစိတ်ချမ်းသာချင်ရင် ဒီအချက် ၃ ချက် ကိုသာ လိုက်နာပါ



တစ်သက်လုံးစိတ်ချမ်းသာချင်ရင် ဒီအချက် ၃ ချက် ကိုသာ လိုက်နာပါ

၁။ဘယ်သူ့ကိုမှ မယုံမိစေနဲ့
( အယုံလွန်တဲ့အခါ နောင်တချိန် နောင်တနဲ့မျက်ရည်နဲ့ပဲ ဘ၀ကိုဖြတ်သန်းရလိမ့်မယ် )

၂။ဘယ်သူ့ကိုမှ ပိုလွန်တဲ့ စေတနာမထားမိစေနဲ့
( စေတနာလွန်တဲ့အခါ ကျွန်ဖြစ်တတ်တယ် စေတနာကို အသိအမှတ်ပြုရင် ၀မ်းမြောက်ဖွယ်ဖြစ်ပေမယ့် စေတနာကနေ အထင်လွဲလို့ ဝေဒနာဖြစ်တဲ့အခါ ကိုယ်ရော တစ်ပါးသူရော စိတ်ဆင်းရဲရတတ်တယ် သင့်တင့်မျှတတဲ့ စေတနာက သာ အကောင်းဆုံးပါပဲ )

၃။ဘယ်သူ့ကိုမှ ကိုယ့်လို စိတ်ရှိတယ်လို့မထင်လိုက်နဲ့
( တချို့ကိစ္စတွေမှာ ကိုယ့်စိတ်နဲ့နှိုင်းပြီး သူတစ်ပါးလဲ ကိုယ့်လိုပဲတွေးမယ် ခံစားမယ် လုပ်ဆောင်မယ်လို့ မထင်လိုက်ပါနဲ့ ကိုယ်က ကိုယ် သူက သူပါပဲ )

သက်တန့်ချို _


Saturday, January 24, 2015

" လူပျို "

" လူပျို "

ဘာတဲ့ လူကိုခေါ်လိုက်တာ
နာဝင်ကိုခါးသွားတာပဲ
ဒီလိုနဲ့ပဲ ကိုလူပျို ချစ်တတ်လာခဲ့ပါတယ်
ဒီလိုနဲ့ပဲ ကိုလူပျို မုန်းတတ်လာခဲ့ပါတယ်
မသိရင်မှတ်ထား
လူပျိုကြီး ဆိုတာ
နှလုံးသားရေးရာ သမိုင်းတစ်လျှောက်
ကွဲလိုက် စေ့လိုက်ဖြစ်နေတဲ့ အသည်းကို
ခပ်တည်တည်နဲ့ ပတ္တာရိုက်ထားတဲ့ လူမျိုး
လွယ်လွယ်နဲ့ ဖွင့်ပိတ် လုပ်လို့ရတယ်
တစ်ကိုယ်တည်း ဒီလိုနဲ့ပဲ
နေဝင်နေထွတ်တွေများနေတယ်
ဒီလို ဒီလိုနဲ့ပဲ
လူတွေကကင်ပွန်းတပ်ခဲ့ကြတယ်
လူပျိုကြီးရင်ထဲမှာလည်း ချစ်တတ်တဲ့နှလုံးသားနဲ့ပါ
အပျိုအကြီးကြီးတွေကိုရော
အပျိုအသေးသေးတွေကိုရော
လူပျိုရင်ထဲတန်းတူရည်တူ
“ချစ်သောမျက်စိ” ဖြင့်သာကြည့်မိတာပါ
ဘာလို့များ ငါ့ကိုအားလုံးက
မုန်းသောမျက်စိနဲ့ ပြန်အကြည့်ခံရတာလည်း ???

အသဲလေးတွေနဲ့ဆောက်ထားတဲ့အိမ်


Friday, January 23, 2015

" အမျိုးသမီးများ အတင်းပြောခြင်းဖြင့် ပျော်ရွှင်မှုရရှိနိုင် "

" အမျိုးသမီးများ အတင်းပြောခြင်းဖြင့် ပျော်ရွှင်မှုရရှိနိုင် "

သိပ္ပံပညာရှင်များ၏ လေ့လာသုံးသပ်ချက်အရ အမျိုးသမီးများသည် တစ်ဦးနှင့်တဦး အတင်းပြောခြင်းဖြင့် ပိုမိုကျန်းမာပျော်ရွှင်မှု ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ ရှိခဲ့သည်။

သုတေသီများက အမျိုးသမီးများသည် အတင်းပြောခြင်းကြောင့် ပရိုဂျက်စတုန်း ဟိုမုန်းများ ဖြစ်ပေါ်စေပြီး ယင်းဟိုမုန်းသည် စိတ်သောက နှင့် ဖိစီးမှုများကိုလျှော့ချစေနိုင်သည့် ဟိုမုန်းတမျိုးဖြစ်သည့် အတွက် အတင်းပြောသူများမှာ စိတ်ဖြေလျှော့မှုဖြစ်စေကြောင်းဆိုခဲ့သည်။

အတင်းပြောခြင်းသည် အမျိုးသမီးများအတွက် လူမှုဆက်ဆံရေးနယ်ပယ်တွင် အရေးကြီးသည့် ဖြစ်စဉ်တခုဖြစ်ပြီး အမျိုးသမီးများကို ပျော်ရွှင်စေသည့် ကိစ္စဖြစ်ကြောင်း သိရသည် ။

Credit : Mg Mandalay


Monday, January 19, 2015

" ပြိုလဲသွားတဲ့ ဆက်ဆံရေး ကိုပြန်ဆက်ဖို့လား ….လွယ်ပါတယ်.... "

" ပြိုလဲသွားတဲ့ ဆက်ဆံရေး ကိုပြန်ဆက်ဖို့လား ….လွယ်ပါတယ်.... "

သင်ကသိပ်ချစ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားရတဲ့ လမ်းခွဲပြီးသား ချစ်သူနဲ့ပြန်လက်တွဲတော့မယ်ဆို စဉ်းစားရမယ့် ပထမဆုံး အချက်ကတော့ သင်တို့ကို အဆင်မပြေဖြစ်စေခဲ့တဲ့ အကြောင်းအရာကို အတိတ်မှာ ထားခဲ့နိုင်ပြီလားဆိုတာပါပဲ။

တကယ်ပဲ ပြန်လည်ပေါင်းဆည်းဖို့ ဆန္ဒရှိသွားပြီ ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေ လိုက်နာကြည့်ဖို့  အကြံပေးပါရစေ။

၁။ ဖြစ်ပျက်သွားတဲ့ အခြေအနေတွေ အားလုံးကို နားလည်ပေးလိုက်ပါ။

ချစ်ခြင်းတွေ ပြောင်းလဲရပ်တန့်သွားစေမယ့် အကြောင်းအရင်းတွေ၊ Relationship ကို သွေးအေးပြတ်တောက်သွားစေတဲ့ အခြေအနေတွေက အများကြီးပါ။ ဥပမာ-တစ်ယောက်ကိုတစ်ယောက် အဆက်အသွယ်တွေ ကျဲသွားတာ။ လုံလောက်တဲ့ ဂရုစိုက်မှုမျိုး မပေးနိုင်ကြတော့တာ စသဖြင့်ပေါ့။ အဲဒီ အခြေအနေတွေကို အမြန်ဆုံး ကျေနပ်ဖွယ်ဖြစ်လာအောင် တည့်မတ်နိုင်ဖို့ ကြိုးစားပါ။ အတိတ်က ဖြစ်ရပ်တွေနဲ့ ငြိမ်းချမ်းရေး ယူလိုက်ပါ။

၂။ ပျက်စီးသွားတဲ့ ယုံကြည်မှုတွေ ပြန်တည်ဆောက်ဖို့ ကြိုးစားပါ။

ဒုတိယ အရေးအကြီးဆုံးကတော့ ယုံကြည်မှုတွေ ပြန်တည်ဆောက်နိုင်ဖို့ပါပဲ။ တစ်ယောက်ယောက်ကြောင့် ယုံကြည်မှုတွေ ပြိုလဲသွားပြီဆို ပြန်တည်ဆောက်ဖို့ ဆိုတာ သိပ်ခက်ခဲတဲ့ အခြေအနေဖြစ်သွားပါပြီ။ အဲဒါကို အချိန်တွေ ၊ပေးဆပ်မှုတွေ၊ သည်းခံနားလည်မှုတွေနဲ့ အကောင်းဆုံးဖြစ်အောင် ပြန်တည်ဆောက်လိုက်ပါ။

၃။ အရာရာကို သည်းခံခွင့်လွှတ်ခြင်းနဲ့ ကုစားလိုက်ပါ။

နောက်ဆုံး တစ်ချက်အနေနဲ့ သတိပြုရမှာတော့ အရာအားလုံ အကောင်းဆုံး ဖြစ်သွားအောင် ပြန်လည် ကုစားဖို့ပါပဲ။ အကယ်၍ သင့်သစ္စာဖောက်မှုကြောင့် ဆံရေးမပြေလည်ခဲ့တာမျိုးဆို ထိခိုက်နစ်နာသူကို တောင်းပန်ပြီး အခြေနေတွေကို တည့်မတ်ပေးလိုက်ပါ။ အကယ်၍ သင်က သစ္စာဖောက်ခြင်း ခံခဲ့ရတာဆိုရင်လဲ အမှားလုပ်ခဲ့တဲ့ သူတွေကို ခွင့်လွှတ်ပေးပါ။ အရာရာကို အကောင်းမြင်စိတ်လေးနဲ့ ကိုင်တွယ်ဖြေရှင်းလိုက်ပါ။

ဒုတိယအကြိမ် သာယာပျော်ရွှင်တဲ့ ဆက်ဆံရေးလေး ပြန်လည်တည်ဆောက်ဖို့ ဆိုတာ နှစ်ဦးနှစ်ဖက် အပေးအယူမျှနေဖို့ သိပ်ကိုအရေးကြီးပါတယ်။ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့ အထက်ပါ အကြောင်းရာလေးတွေကို ဂရုတစိုက် ဆောင်ရွက်သွားမယ်ဆို အားလုံး အဆင်ပြေသွားမှာပါ။

Credit:  Gandawin


Sunday, January 18, 2015

" အဆိပ်ပြင်းတဲ့ ဂမုန်းပင် "



ဒီအပင်ကို အိမ်တွေ၊ ရုံးတွေ ဟော်တယ်တွေ.... နေရာတော်တော် များများမှာ တွေ့ဖူးကြမှာပါ။ နာမည်ကို အမျိုးမျိုးခေါ်ကြပေမယ့် ဧည့်လာဂမုန်းလို့ပဲ အခေါ်များတယ် ထင်ပါတယ်။ တကယ်တော့ ဒီအပင်ဟာ အရမ်းကိုအန္တရာယ်ရှိတဲ့ အပင်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ ခလေးတွေအတွက် စိုးရိမ်စရာပါ။ ၄င်းအပင်ရဲ့ အစေးဟာ အလွန်အဆိပ်ပြင်းပြီး ခလေးများကို မိနစ်ပိုင်းအတွင်းမှာ သေဆုံးစေနိုင်သလို အရွယ်ရောက် လူကြီးဆိုရင်လည်း ၁၅ မိနစ်အတွင်းမှာ သေစေနိုင်လောက်အောင် အဆိပ်ပြင်းပါတယ်။ မျက်စိထဲဝင်လို့ကတော့လည်း ထာဝရ မျက်စိကွယ်သွားစေပါတယ်။ မသိသေးတဲ့ မိတ်ဆွေတွေကို တော့ အသိပေးစေလိုပါတယ်။ (ပြန်လည်မျှဝေပါသည်။)

အမျိုးသမီးနှင့်ကျန်းမာရေး



Posted via Blogaway


" စိတ်ညစ်၊ သောကရောက်တိုင်း ဆောင်ရမည့် ဂါထာ "



ဂါထာတော့ မဟုတ်ပါဘူး။ စိတ်ညစ်၊ သောက ရောက်တဲ့အခါတိုင်း၊ စိတ်ဓာတ်ကျတဲ့ အခါတိုင်း ဒါလေးကို ရွတ်ရင် စိတ်သောကများ ကင်းဝေးပါလိမ့်မယ်။

“ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုး နှစ်တန် အစုံတွဲလို့၊ တစ်လဲစီလှည့် အမြဲနေ။ လောက်ကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်းစမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်သာစေ။
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ မင်္ဂလာတွေ”

၃၈ ဖြာ မင်္ဂလာမို့လို့ ကျောင်းမှာ သင်ခဲ့ဖူးရင် သိပါလိမ့်မယ်။ ပါဋ္ဌိ လို ဆိုရင် “ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ၊ အသောကံ၊ ဝိရဇံ၊ ခေမံ” ဖြစ်ပါတယ်။

လောကဓံကို မတုန်လှုပ်ခြင်းသည် မင်္ဂလာ၊ ဝမ်းမနည်းခြင်းသည် မင်္ဂလာ၊ မမက်မောခြင်းသည် မင်္ဂလာ၊ ဘေးမရှိခြင်းသည် မင်္ဂလာ တို့ ဖြစ်ပါသည်။

စိတ်ညစ်ရင် ယတြာချေစရာ မလိုပါဘူး။ ဖြစ်ပြီးရင် ပျက်တဲ့ လောက သဘာဝတရားထဲမှာ အကောင်းရှိရင် အဆိုးရှိမယ်။ အလွယ်ရှိရင် အခက်ရှိမယ်။ ပျော်စရာ ရှိရင် ဝမ်းနည်းစရာ ရှိမယ်။ ချမ်းသာနိုင်သလို၊ ဆင်းလည်း ဆင်းရဲ နိုင်တယ် အစရှိသဖြင့် လောကဓံကို သိထားပြီး စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ထားနိုင်သူများဟာ လောကမှာ မြင့်မြတ်သူများ ဖြစ်ပါတယ်။

အောင်ခမ်း (ရိုးရာလေး)



Posted via Blogaway


Wednesday, January 14, 2015

ငိုနေရတဲ့အခါ ဘေးမှာ ချော့ပေးမယ့်သူကို ရှာနေတာထက် ကိုယ့်မျက်ရည်ကို သုတ်ပြီး စိတ်ရှင်းစေမယ့် အလုပ်တစ်ခုကို လုပ်လိုက်တာက နောက်ထပ်မျက်ရည်တွေ ကျမလာစေဖို့ ပိုပြီးသေချာနေပါလိမ့်မယ်။



ငိုနေရတဲ့အခါ ဘေးမှာ ချော့ပေးမယ့်သူကို ရှာနေတာထက် ကိုယ့်မျက်ရည်ကို သုတ်ပြီး စိတ်ရှင်းစေမယ့် အလုပ်တစ်ခုကို လုပ်လိုက်တာက နောက်ထပ်မျက်ရည်တွေ ကျမလာစေဖို့ ပိုပြီးသေချာနေပါလိမ့်မယ်။ တစ်ယောက်တည်းဖြစ်နေလို့ ကြောက်ရွံ့နေမိတဲ့အခါ အနားမှာ လာနေပေးနိုင်မယ့်သူကို တမ်းတနေတာထက် သတ္တိစိတ်ကိုမွေးပြီး ကိုယ့်အားကိုယ်ကိုးလိုက်တာက ကြောက်ရွံ့စိတ်တွေ ပြေပျောက်ဖို့ ပိုပြီး သေချာနေပါလိမ့်မယ်။ စိတ်ညစ်နေတဲ့အခါ အားပေးမယ့်သူကို မျှော်နေတာထက် ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့် အလုပ်တစ်ခုခုကို လုပ်လိုက်တာက စိတ်ညစ်ပြေဖို့ ပိုပြီးသေချာနေပါလိမ့်မယ်။ ခက်ခဲနေတဲ့အခါ ကူညီပေးနိုင်မယ့်သူကို ရှာဖွေနေတာထက် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနေတာက အခက်အခဲကို ကျော်လွှားဖို့  ပိုပြီးသေချာနေပါလိမ့်မယ်။ တကယ်တော့ တစ်ပါးသူကို မှီခိုပြီး ရလာတဲ့ အောင်မြင်မှု့အကြီးကြီးက ကိုယ့်အားကိုယ်ကိုးပြီး ရလာတဲ့ အောင်မြင်မှု့ သေးသေးလေးလောက် ကျေနပ်မှု့မရှိနိုင်တာ အသေအချာပါပဲ။

Credit to ငြိမ်း



Posted via Blogaway


Friday, January 9, 2015

ကျွန်တော်တို့တွေအားလုံးဘ၀မှာ အနည်းဆုံး တစ်ကြိမ်တစ်ခါတော့



ကျွန်တော်တို့တွေအားလုံးဘ၀မှာ အနည်းဆုံး တစ်ကြိမ်တစ်ခါတော့ ကဲ့ရဲ့ဖူးကြမယ်ထင်ပါတယ်။ ကဲ့ရဲ့တယ်ဆိုတာ အဓိကအားဖြင့် (၂) မျိုးရှိပါတယ်။
ပထမတစ်မျိုးက နောက်ကွယ်မှာကဲ့ရဲ့တာ၊ ဒုတိယတစ်မျိုးက လူကြားသူကြားမှာ
ပေါ်တင်ကဲ့ရဲ့တာပါ။ သူတစ်ပါးရဲ့အားနည်းချက်ကို လူကြားထဲမှာထောက်ပြပြီး အနိုင်ယူတာမျိုးပါ။ ဘ၀မှာအကဲ့ရဲ့ခံဖူးတဲ့သူတွေလည်း အများကြီးရှိမှာပါ။ အကဲ့ရဲ့ခံရတဲ့အခါ ဘယ်လိုခံစားရပါသလဲ? တကယ်တော့ သူများရဲ့အားနည်းချက်ကို ကဲ့ရဲ့ပြီးစကားအနိုင်ယူတတ်တဲ့သူမျိုးတွေက အထင်ကြီးစရာ တစ်စက်မှမရှိပါဘူး။ သူတို့က ဒီအတိုင်းအရည်အချင်းနဲ့မပြိုင်နိုင်လို့ သူတစ်ပါးရဲ့ရုပ်ပိုင်း ဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေကို ရှာဖွေပြီးတိုက်ခိုက်တာပါ။

ကဲ့ရဲ့တဲ့သူမှာလည်း (၂) မျိုးရှိပါတယ်။ ပထမတစ်မျိုးက သူတို့ကိုယ်တိုင် ချောမောပြီး ဘ၀မှာ ပြည့်စုံခဲ့တဲ့သူတွေပါ။ သူတို့က "အားနည်းချက်" ဆိုတာဘယ်လို စာလုံးပေါင်းလဲ မသိခဲ့ပါဘူး။ ဒုတိယတစ်မျိုးကတော့ ပိုဆိုးပါတယ်။ သူကိုယ်တိုင်လည်း အကဲ့ရဲ့ခံရဖူးတယ်။ သူများကိုလည်း မှိုချိုမျှစ်ချိုးကဲ့ရဲ့တယ်။ ပထမတစ်မျိုးက ကဲ့ရဲ့မခံရဖူးလို့ ကဲ့ရဲ့တာ နားလည်ပေးလို့ရပါတယ်။ သူတို့ဘ၀မှာ ဘယ်တုန်းကမှ အကဲ့ရဲ့မခံခဲ့ဖူးတော့ ကဲ့ရဲ့ခံရတဲ့အရသာကို နားမလည်တာ လက်ခံပေးလို့ ရပါတယ်။ ဒါပေမယ့် ဒုတိယအမျိုးအစားကတော့ တော်တော်ဆိုးပါတယ်။ သူတို့လည်း အကဲ့ရဲ့ခံဖူးတယ်။ သူများကိုလည်း လိုက်ကဲ့ရဲ့တတ်ပါတယ်။

ကျွန်တော့်ဘ၀မှာအများကြီး အကဲ့ရဲ့ခံခဲ့ရဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် ပြန်မကဲ့ရဲ့ပါဘူး။ သူငယ်ချင်းအရင်းကြီးတွေလောက်ပဲ ပြောင်တာနောက်တာ ရှိပါတယ်။ ဒါတောင် ကျွန်တော်အခု အရမ်းသတိထားပါတယ်။ သူတို့ပြောပေမယ့် ကျွန်တော်ပြန်မပြောမိအောင် အမြဲကြိုးစားပါတယ်။ တကယ်တော့ အဲ့လိုကဲ့ရဲ့တဲ့ သူတွေမြင်ရတာ ကိုယ့်ရဲ့အရင်ဘ၀ကပုံစံကို ပြန်မြင်နေရသလိုပါပဲ။ ကိုယ်ကိုတိုင်လည်း သူများကို အဲ့ဒိလိုကဲ့ရဲ့ခဲ့လို ပြန်ကဲ့ရဲ့ခံရတာပါ။ ဒါကိုမှ
ကိုယ်ကပြန်ကဲ့ရဲ့အုံးမယ်ဆိုရင်တော့ နောက်ဘ၀တွေအထိ ပြီးတော့မှာမဟုတ်ပါဘူး။ ကျွန်တော်အရင်ကထက် အများကြီးရင့်ကျက်လာခဲ့ပါပြီ။ ကဲ့ရဲ့တဲ့သူတွေကိုလည်း စိတ်ထဲတောင် မထားတော့ပါဘူး။ ဒီတော့သူငယ်ချင်းတို့လည်း ဘ၀မှာအကဲ့ရဲ့ခံခဲ့ဖူးမှာပါ။

ကဲ့ရဲ့ခံသူများအတွက်....................

-အကဲ့ရဲ့ခံရတဲ့အခါတိုင်းသတိရပါ။ သူတို့ကဲ့ရဲ့သလို သင်လည်းကဲ့ရဲ့ဖူးလို့ ဒီလိုပြန်ခံစားနေရတာပါ။

-ဘယ်တော့မှပြန်မကဲ့ရဲ့ပါနဲ့။

-စိတ်ထဲမထည့်ပါနဲ့။ ကဲ့ရဲ့တယ်ဆိုတာ သူ့စိတ်ထဲမှာ သင်ရှိနေလို့ပါ။ သင့်ကိုယ်အရေးတယူနဲ့ ကဲ့ရဲ့တယ်ဆိုတာ သင့်ကို စိတ်ဓာတ်ကျစေချင်လို့ပါ။ သူ့ထက်သာမှာကြောက်လို့ပါ။ ဒီတော့ သူက သူ့ကိုယ်သူမယုံကြည်တဲ့သူပေါ့။ ကဲ့ရဲ့တာကို ပြန်ပြောမယ့်အစား သင့်ဘ၀မှာသူ့ထက်သာကြောင်းကို လက်တွေ့လုပ်ပြပါ။ ဒါပေမယ့်ဘယ်တော့မှ ရန်ငြိုးမထားပါနဲ့။ ကျေးဇူးတင်ပါ။ သူကသင့်ကို Motivation ပေးခဲ့တာပါ။

ကဲ့ရဲ့သူများအတွက်......................

-တစ်ခါမှဘ၀မှာအကဲ့ရဲ့မခံရဖူးလို့ သင်ကဲ့ရဲ့နေတယ်ဆိုရင်တော့ ဘာမှမပြော လိုပါဘူး။ ကျွန်တော်ရော အဲ့လိုပတ်ဝန်းကျင်မှာမွေးဖွားခဲ့ရင် ဘယ်လိုဖြစ်မလဲ ဆိုတာ မပြောနိုင်ပါဘူး။

-ဗုဒ္ဓဘာသာတစ်ယောက်ဆိုရင် ကဲ့ရဲ့ခြင်းက ဘယ်လောက် ငရဲကြီးလဲဆိုတာ သင်သတိရပါ။ သင်ကဲ့ရဲ့နေတဲ့သူတစ်ယောက်လို သင်ဖြစ်မှာကိုသတိရပါ။ အခြားဘာသာတွေမှာလည်း ရှိကောင်းရှိမှာပါ။

-မကဲ့ရဲ့ရမနေနိုင်ရင် ရှေ့တင်တော့ မကဲ့ရဲ့ဖြစ်အောင် ကြိုးစားပါ။

"သင်ပြုသောကံ သင့်ထံပြန်လာမည်" Buddha

"Action တိုင်းမှာ Reaction ရှိတယ်" Sir Isaac Newton

လူအချင်းချင်းကဲ့ရဲ့ခြင်း ကင်းရှင်းကြပါစေ။

မိုးရှင်း (I.M.T)



Posted via Blogaway


" မြန်မာ့ ဆက်သွယ်ရေး ဒုံရင်းအတိုင်း အမြတ်ထုတ်နေဆဲ "



ရန်ကုန် (မဇ္ဈိမ)။ ။ တစ်မိနစ် ကျပ် ၅၀ ဖြင့် ကောက်ခံနေသည့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၏ မိုဘိုင်းဖုန်းခေါ်ဆိုခများကို  ၃၅ ကျပ်သို့ လျော့ချသည်ဟု ဆိုသော်လည်း ယင်းသို့ သုံးစွဲနိုင်ရန်အတွက် ၄င်းတို့အသစ်မိတ်ဆက်သည့် ဆွေသဟာ အစီအစဉ်သစ်ကို သုံးစွဲရမည် ဖြစ်ပြီး ယင်းသို့ သုံးစွဲခြင်း မပြုပါက မူရင်းအတိုင်း ကျပ် ၅၀ ဖြင့်သာ ကောက်ခံမည် ဖြစ်သည်။

အဆိုပါ အစီအစဉ်သစ်ကို မှတ်ပုံတင် ပြုလုပ်ပြီးပါက မည်သည့်ဖုန်းကိုမဆို တစ်မိနစ်လျှင် ၃၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သော်လည်း မှတ်ပုံတင်ပြီးနောက်တွင် အသုံးပြုသူ၏ အင်တာနက် အသုံးပြုခအတွက် ကောက်ခံမှုမှာ အသုံးပြုသည့် ဒေတာ အလိုက် ကောက်ခံသည့် စနစ်ကို ပြောင်းလဲသွားမည် ဖြစ်သည်။ ယင်းသို့ ကောက်ခံ ရာတွင် 1MB အတွက် ၁၅ ကျပ် ကျသင့်မည် ဖြစ်သည်။  အခြားအော်ပရေတာ များဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့အတွက် အင်တာနက် အတွက် ကောက်ခံခမှာ 1MB လျှင် ခြောက်ကျပ် ဖြစ်သောကြောင့် ထက်ဝက်ကျော်ခန့် များနေပြီဖြစ်သည် ။ ယင်းအစီအစဉ်အသုံးပြုပါက စာတိုပို့ခစနစ်မှာ တစ်စောင်လျှင် ၁၅ ကျပ်ဖြစ်သည်။

ဝန်ဆောင်မှုနှင့် ပတ်သက်ပြီး MPT -KDDI-Sumitomo ပူးပေါင်းလုပ်ငန်းအဖွဲ့၏ အမှုဆောင်အရာရှိချုပ် မစ္စတာနာဂရှီးမားက “ ဆွေသဟာ ၀န်ဆောင်မှုကို မှတ်ပုံမတင်ဘဲ အသုံးပြုမယ် ဆိုရင် ၀န်ဆောင်ခကို ပုံမှန်အတိုင်း (ကျပ် ၅၀ ) ဆက်လက် ကောက်ခံသွားမှာ ဖြစ်ပါတယ်“ ဟု မိတ်ဆက်သည့် အစီအစဉ်တွင် ဆိုသည်။

ယင်းအစီအစဉ်အသစ်ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဇန်န၀ါရီ ၉ ရက် က ပတ်ခ်ရိုင်ရွယ် ဟိုတယ်တွင် ပြုလုပ်သည့် မိတ်ဆက်ပွဲတွင် မိတ်ဆက် ပြောကြားလိုက်ခြင်းဖြစ်သည်။ ယင်းအစီအစဉ်ကို မိတ်ဆက်ပြီးနောက် လူမှု ကွန်ရက် စာမျက်နှာများ တွင် ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ စီးပွားရေးဌာနမှ အရာရှိတစ်ဦးဖြစ်သည့် ဦးစောထူးသာက “MPT အနေနဲ့ ဆွေသဟာ သုံးရင် ၃၅ ကျပ် ကောက်ပါတယ်။ အခုမှ မြန်မာနိုင်ငံမှာ တယ်လီကွန် Industry ဖြစ်ထွန်းအောင်မြင်အောင် ကြိုးစားခါစ ရှိပါသေးတယ်။ ဒီဟာကို အရှိန်အဟုတ် မြှင့်တင်ပြီးတော့မှ တည်ငြိမ် အေးချမ်းပြီးတိုးတက် လာဖို့အတွက် ဒါကို စီမံ ဆောင်ရွက်ထားတာ ဖြစ်ပါတယ်“ ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ဆွေသဟာ အစီအစဉ်ကို မှတ်ပုံတင်သုံးစွဲပါက မိုဘိုင်း အင်တာနက် သုံးစွဲရာတွင် HSPA+3G ဆက်သွယ်ရေး ကွန်ရက်နည်းပညာဖြင့် ချိတ်ဆက်ကာ ပိုမိုမြန်ဆန်သော အင်တာနက်ကို သုံးစွဲခွင့်ရမည် ဆိုသော်လည်း  အသုံးပြုသည့် နေရာ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုသည့် မိုဘိုင်းဖုန်းနှင့် အသုံးပြုနေသော နေရာရှိ ဆက်သွယ်ရေး စနစ်က ပေးထားသည့် အခြေအနေတို့အပေါ် မူတည်မည်ဟုလည်း ၄င်းတို့က ထုတ်ပြန်ထားသည်။

ယင်းအစီအစဉ်မှာ ဇန်န၀ါရီ  ၁၂ ရက်တွင် စတင်မည်ဖြစ်သည်။ ယင်းအပြင် အဆိုပါ ၀န်ဆောင်မှု သစ်ကို GSM နှင့် WCDMA ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ပြီး အခြားဖုန်းများတွင် ပါဝင်ခြင်းမရှိပေ။ သို့ဖြစ်၍ ၇၃ ဖြင့်စသည့်ဖုန်းများ၊ ၄၉၊ ၄၇၊ ၃၁၊ ၃၆ စသည့် ဖုန်းများသည်လည်း အကျုံးဝင်မည် မဟုတ်ပေ။

လက်ရှိတွင် မြန်မာ့ဆက်သွယ်ရေးက အင်တာနက် အသုံးပြုခအတွက် ကောက်ခံသည့် နှုန်းထားမှာ မိနစ် အလိုက် ကောက်ခံသည့် နှုန်းထားဖြစ်ပြီး WCDMA ဖုန်းဖြစ်ပါက တစ်မိနစ် လေးကျပ်နှင့် GSM ဖုန်းဖြစ်ပါက တစ်မိနစ် နှစ်ကျပ် ဖြစ်သည်။

ယင်းအစီအစဉ်သစ်ကို မှတ်ပုံတင်မယူမိပါက ဖုန်းခေါ်ဆိုခမှာ မူရင်းအတိုင်း တစ်မိနစ်လျှင် ကျပ် ၅၀  ကောက်ခံမည် ဖြစ်သည်။ ယင်းအပြင် အဆိုပါ ဆွေသဟာ အစီအစဉ်ကို အသုံးပြု၍ မိမိကြိုက်နှစ်သက်ရာ နံပါတ်သုံးခုကို မှတ်ပုံတင်ပါက ရက်ပေါင်း ၃၀ အတွင်း တစ်မိနစ်လျှင် ၂၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည် ဖြစ်သည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး ဖွံ့ဖြိုးမှု အတွက် အိုင်စီတီ အဖွဲ့ (MIDO) ၏ အမှုဆောင် အရာရှိချုပ် ကိုနေဘုန်းလတ်က “ဝန်ဆောင်မှုမှာ ဈေးကွာတယ် ဆိုရင် အသုံးပြုသူက ဈေးကြီးတာကို မရွေးချယ်မိဖို့ လိုတယ်။ တစ်မိနစ် ၂၅ ကျပ် ရဖို့ ဖုန်းသုံးလုံးကို သတ်မှတ်ပေးထားရမယ် ဆိုတာ ကိုယ်ဒီဖုန်းတွေကို ခေါ်ပါမယ်လို့ စာရင်း ပေးထားရတဲ့သဘော ဖြစ်နေတယ်။ ကိုယ်ရဲ့ လွတ်လပ်ခွင့်ကို ထိခိုက်ပါတယ်“ ဟု မဇ္ဈိမကို ပြောသည်။

ပွင့်လင်း မြန်မာ့ရှေ့ဆောင်မှ နည်းပညာ အရာရှိချုပ် ဦးစိုးသီဟနောင်က “ ဈေးကွက်အတွင်းမှာ အကြီးဆုံးသူက ရုတ်တရက် လျော့လိုက်ရင် ပြဿနာ ရှိတယ်။ ၀န်ဆောင်မှု ပေးနေတဲ့ အော်ပရေတာ အချင်းချင်းမှာ ကြီးမားတဲ့သဘောတူညီချက် တစ်ခု ရှိနေမယ်လို့ မြင်တယ်“ ဟု ဆိုသည်။

ယင်း ဆွေသဟာ အစီအစဉ်သစ် အသုံးပြုပြီးနောက် အင်တာနက် အခမဲ့ ပေးထားခြင်း၊ ဖုန်းခေါ်ဆိုခ ၂၅ ကျပ် ဖြင့် ခေါ်ဆိုနိုင်သည့် အစီအစဉ်များကို ရမည်ဟုလည်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက သတင်းထုတ်ပြန် ထားသည်။

ဆွေသဟာ အစီအစဉ်ကို သုံးစွဲပါက အင်တာနက် အသုံးပြုနိုင်ရန် အတွက်ယခင်က ကျပ် တစ်သောင်းပေး ရသော်လည်း ယခု မပေးရတော့ဘဲ အခမဲ့ ရရှိမည် ဖြစ်သည်။ ယင်းအပြင် ယခင်က ကတ်ပျက် လျှောက်ထား ရာတွင် ကျပ် ၂၀၀၀၀ ပေးရသော်လည်း ယခုတွင် ကျပ် ၁၅၀၀ သာ ပေးရတော့မည် ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ဖုန်းငွေဖြည့်ကတ်များကိုလည်း ကျပ် ၁၀၀၀ နှင့် ၃၀၀၀ တန် ငွေဖြည့်ကတ်များကိုလည်း ထုတ်လုပ် လိုက်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် ပြီးခဲ့သည့် ၁၀ စုနှစ် တစ်စုကျော်က မိုဘိုင်းဖုန်းများကို ကျပ် သိန်းဆယ်ဂဏန်းကျော်ဖြင့် ရောင်းချခဲ့ ပြီးနောက် မိုဘိုင်းဖုန်း ဆက်သွယ်မှုများကို တစ်ဦးတည်း ချုပ်ကိုင် ထားခဲ့သည်။ ယင်းနောက် ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ပြည်ပ အော်ပရေ တာဖြစ်သည့် တယ်လီနောနှင့် အူရီးဒူးတို့ကို လုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ပေးခဲ့ပြီး ၄င်းတို့၏ ၀န်ဆောင်မှုများကို ၂၀၁၄ တွင် စတင်ခဲ့ကြသည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက မိတ်ဆက်လိုက်သည့် ဆွေသဟာ အစီအစဉ်အသစ်

  မူလနှုန်းထား ဆွေသဟာ
သုံးစွဲနိုင်ခွင့်ရှိသူ MPT သုံးစွဲသူ အားလုံး GSM/ WCDMA သုံးစွဲသူများ
မှတ်ပုံတင်နည်း Default tariff
Prepaid သုံးစွဲသူအတွက် “SWE” ဟု ရိုက်ပါ။
(သို့မဟုတ်) Postpaid သုံးစွဲသူအတွက်
"POSTSWE" ဟု ရိုက်ပါ။ ထို့နောက် ၁၃၃၂
သို့ SMS ပို့ပါ။ (မူလ ဈေးနှုန်းမှ ဆွေသဟာသို့
ပြောင်းသုံးခြင်း)

ဖုန်းခေါ်ဆိုခနှုန်း တစ်မိနစ် ၅၀ ကျပ် အသုံး မများချိန်
(၂၃း၀၀-၀၇း၀၀) တွင် တစ်မိနစ်
၂၅ ကျပ် အရောင်းမြှင့် အစီအစဉ် နှစ်သက်ရာ
MPT နံပါတ်(၃) ခုအတွက် တစ်မိနစ်
လျှင် ၂၅ ကျပ် နှုန်းဖြင့် ရက်ပေါင်း
(၃၀)
SMS ပို့ခနှုန်း တစ်စောင် ၂၅ ကျပ် တစ်စောင်လျှင် ၂၅ ကျပ်
အင်တာနက်သုံးခနှုန်း
အင်တာနက်ဖွင့်ခ  ၁၀၀၀၀ ကျပ်
အင်တာနက်မြန်နှုန်း  256kbps for 3G and 128Kbps for 2G SIM cards.
အင်တာနက် လျှောက်ထားခြင်း အခမဲ့
မြန်နှုန်းမြင့်အင်တာနက် (42Mbps ထိ)
အရောင်းမြှင့်အစီအစဉ် မှတ်ပုံတင်ပြီးသည့် နေ့မှစ၍ ရက် (၃၀) အတွင်း 50MB အပိုဆောင်း ပေးခြင်း

Mizzima

မြန်မာ့ဆက်သွယ်ရေး အော်ပရေဒါတစ်ခုဖြစ်သော MPTမှ ဖုန်းခေါ်ဆိုခ ဈေးနှုန်း လျော့ခြင်းအတွက် သတင်းစာရှင်းလင်းပွဲကို ရန်ကုန်မြို့ Park Royal Hotel တွင် ဇန်နဝါရီလ ၉ရက်နေ့က ကျင်းပနေစဉ်။ (ဓာတ်ပုံ - ဟိန်းထက်၊ မဇ္ဈိမ)



Posted via Blogaway