Saturday, February 28, 2015

" ခွဲတမ်း "

" ခွဲတမ်း "

တခါက... ...
တောက အမျိုးသမီးကြီးတစ်ယောက် မြို့ရောက်လာတော့ တက်စီငှားတယ်... ...
"ကားဆရာ... ဗိုလ်ချုပ်ဈေး သွားမလား"
"သွားမယ်လေ၊ ၄၀၀၀ ကျမယ်"
"အေး.. အေး..." ... ဆိုပြီး သွားကြတယ်။

ဗိုလ်ချုပ်ဈေးရောက်တော့ ကားပေါ်ကဆင်ပြီး ကားခ ၂၀၀၀ ထုတ်ပေးရော ဒီတော့ ကားဆရာက ပြောတာပေါ့... ...
"ဟာ... အစ်မကြီး၊ ၄၀၀၀ လို့ ပြောတယ်လေ"
"အေးလေ... ဒီကားကို မင်းလည်း စီးတာပဲ၊ မင်း တစ်ဝက်ပေးပေါ့"
"ငင်..."
.
.
သန်၎ကို-ရမ်းဘာသာပြန်သည်


" ကမ္ဘာ့ပထမဆုံး လူသားဦးခေါင်း အစားထိုးခွဲစိတ်ကုသမှု နှစ်နှစ်အတွင်း ဖြစ်လာနိုင်ခြေရှိဟုဆို "

" ကမ္ဘာ့ပထမဆုံး လူသားဦးခေါင်း အစားထိုးခွဲစိတ်ကုသမှု
နှစ်နှစ်အတွင်း ဖြစ်လာနိုင်ခြေရှိဟုဆို "

ရိုးမား- သိပ္ပံပညာရှင်တွေက ဦးခေါင်း အစားထိုးကုသမှုဟာ အမှန်တကယ်ဖြစ် လာနိုင်ခြေရှိတယ်လို့ ယုံကြည်နေပြီး ယင်း ခွဲစိတ်ကုသမှုအစီအစဉ်ကို လာမည့် နှစ်နှစ်အတွင်း အကောင်အထည်ဖော်နိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ သိရတယ်။

ဦးခေါင်းအစားထိုးကုသမှု စီမံကိန်းကို ဦးဆောင်မယ့်သူက အီတလီဆရာဝန် ဆာဂျီယိုကာနယ်ဗာရိုး ဖြစ်ပြီး ဦးခေါင်းအစားထိုး ကုသမှုဟာ ကြွက်သားပိုင်း ဆိုင်ရာ ရောဂါတွေနဲ့ ကင်ဆာရောဂါဝေဒနာသည်တွေကို ကုသရာမှာ အထောက်အကူဖြစ်စေမယ် လို့ ဒေါက်တာဆာဂျီယိုက ယုံကြည်နေပါတယ်။ ဒေါက်တာဆာဂျီယိုရဲ့ အဆိုအရ ဦးခေါင်းအစားထိုး ကုသမှုကို ယခုလအတွင်း အောင်မြင်စွာ ပြုလုပ်နိုင်ဖွယ် ရှိတယ်လို့ သိရပြီး ကုသမှုခံယူတဲ့သူဟာ ခွဲစိတ်မှုပြီးရင် သီတင်းပတ်လေးပတ်လောက် မေ့မြောနေမယ်လို့ ဆိုပါတယ်။

ဦးခေါင်းအစားထိုးကုသမှု ခံယူသူဟာ သတိပြန်လည်ရရှိလာရင် မူလ အသံ၊ မူလလှုပ်ရှားမှု၊ မူလခံစားချက်တွေနဲ့ လှုပ်ရှားနိုင်မှာဖြစ်ပြီး လမ်းလျှောက်ဖို့အတွက်တော့ တစ်နှစ်ဝန်းကျင် ပြန်လည်သင် ကြားရဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဆာဂျီယိုရဲ့အစီအစဉ်ကို ဖြစ်နိုင် ခြေမရှိဘူးလို့ ဝေဖန်မှုတွေလည်း ရှိနေပါ တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့အနှစ် ၄ဝ ခန့်က ပထမဆုံးအကြိမ် မျောက်တွေမှာ ဦးခေါင်း အစားထိုးကုသမှု အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သလို မကြာသေးခင် ကာလကလည်း တရုတ်နိုင်ငံမှာ ကြွက်တစ်ကောင်နဲ့ ဦးခေါင်း အစားထိုး ကုသမှုကို စမ်းသပ်ခဲ့တာ အောင်မြင်မှုရှိခဲ့တဲ့ သာဓကတွေ ရှိလို့နေပါတယ်။

Ref: Mirror


" သေချာသလောက်ဘဲ "

" သေချာသလောက်ဘဲ "

ကိုယ့်မှာရှိတဲ့ အကောင်းဆုံး စိတ်ထားတွေ၊ အကောင်းဆုံး အသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကို ကိုယ်သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမည့်အလုပ် ဖြစ်တယ်၊၊

ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ လူသားရဲ့ အင်မတန် ထူးခြားတဲ့ အရည်အသွေးတမျိုး ဖြစ်တယ်၊၊ တိရစ္ဆာန်တွေမှာ အဲဒီစွမ်းရည်မျိုး မရှိဘူး၊၊ တကယ် အမှန်ပြောရမယ်ဆိုရင် ကိုယ့်စိတ်ကို ကိုယ်သိတာ လူသားရဲ့ အမြင့်မြတ်ဆုံးစွမ်းရည် ဖြစ်တယ်လို့ ပြောလို့ရတယ်၊၊

ကိုယ့်စိတ်ကို ကိုယ်သိတယ်ဆိုတာ ကိုယ့်ရဲ့ အကောင်းဆုံး အရည်အချင်းတွေ ထွက်လာဖို့ အဓိကအကြောင်း ဖြစ်တယ်၊၊ ဒီတခုကိုမှ မလုပ်လို့ရှိရင် ဒီထက်ကောင်းတဲ့ တခြားအရည်အချင်းတွေ ထွက်မလာနိုင်ဘူး၊၊ ကိုယ့်မှာရှိတဲ့ အကောင်းဆုံးစိတ်ထားတွေ၊ အကောင်းဆုံးအသိဥာဏ်တွေ ထွက်လာဖို့ဆိုရင် ကိုယ့်စိတ်ကို ကိုယ်သိပြီးနေတဲ့ အလေ့အကျင့်ဟာ အခြေခံ အဓိက လုပ်ရမယ့်အလုပ် ဖြစ်တယ်၊၊

ဒါကြောင့် အချိန်ရသလောက် သတိရတိုင်း ကိုယ့်စိတ်ကို ကိုယ် ကြည့်ပြီးတော့ ဘာတွေ တွေးနေလဲ၊ ဘာတွေ ခံစားနေသလဲ၊ အခုလုပ်နေတာ ပြောနေတာတွေဟာ ဘာကို တန်ဖိုးထားပြီး လုပ်နေတာလဲ၊ ပြောနေတာလဲ ဆိုတာကို မကြာမကြာ ဆန်းစစ်ရမယ်၊၊

ဘက်လိုက်တာ မပါပဲနဲ့ ကိုယ့်ကိုယ်ကို ကိုယ် ရိုးရိုးသားသား ကြည့်ပြီးတော့ အမှန်အတိုင်း သိနိုင်တယ်ဆိုတဲ့ ဒီအလုပ် ဒီအရည်အချင်းက တကယ်စစ်မှန်တဲ့စေတနာနဲ့ လူတွေအပေါ်မှာ ဆက်ဆံဖို့မှာ လိုအပ်တဲ့အရည်အချင်း ဖြစ်တယ်၊၊

ကိုယ့်စိတ်ကိုကိုယ် ရိုးရိုးသားသားမှ မကြည့်နိုင်ရင်၊ ကိုယ့်ကိုယ်ကို ကိုယ် ညာပြီဆိုရင် သူများကိုလည်း ညာမယ်ဆိုတာ သေချာသလောက် ဖြစ်နေပြီ၊၊

ဆရာတော်ဦးဇောတိက
Credit to Trend Myanmar


" အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် "

" အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် "


ဗုဒ္ဓဘာသာဝင်တွေရဲ့ အခြေခံအကျဆုံး ယုံကြည်ချက်ကတော့ ကံနဲ့ကံရဲ့အကျိုးတရားပါပဲ။

“ကောင်းတာလုပ်ခဲ့ရင်ကောင်းကျိုးရမယ်၊ မကောင်းတာလုပ်ခဲ့ရင် မကောင်းကျိုးရမယ်၊ အချိုစေ့စိုက်ခဲ့ရင် အချိုပင်ပေါက်ပြီး အချိုသီးစားရမယ်၊ အခါးစေ့စိုက်ခဲ့ရင် အခါးပင်ပေါက်ပြီး အခါးသီးစားရမယ်၊ ကိုယ်စိုက်ပျိုးတဲ့ မျိုးစေ့နဲ့ ထိုက်တန်တဲ့ အပင်ပေါက်ပြီး အဲဒီအပင်နဲ့ ထိုက်တန်အသီးကိုပဲ ကိုယ်စားရမယ်၊ အလုပ်ဆိုတာကံ ၊ ကံဆိုတာအလုပ်၊ ကိုယ့်ကံက ကိုယ့်ဘဝကိုစီမံတယ်၊ ကိုယ့်ဘဝရဲ့ ဖန်ဆင်းရှင်ဟာ ကိုယ်လုပ်ခဲ့တဲ့ကံတရား”

အဲဒီလိုနားလည်လက်ခံယုံကြည်ထားကြပါတယ်။

အချစ်ရေး၊ အိမ်ထောင်းရေးမှာ အကျိုးပေးကံမကောင်းတာဟာ အချစ်ရေး၊ အိမ်ထောင်းရေးနဲ့ ပတ်သတ်တဲ့ မကောင်းကံတွေ အတိတ်ကပြုလုပ်ဖူးလို့ပါ။ သူတပါးရဲ့ ချစ်ခြင်းကို ခွဲခဲ့တဲ့သူ၊ သူတပါးရဲ့အိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး၊ အိမ်ထောင်းရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ပါဘူး။ သမီးရည်းစားချစ်၊ လမင်ယားချစ်တွေကို ဖြိုခွဲမှအချစ်ကံမကောင်းတာ မဟုတ်ပါဘူး။

မေတ္တာချစ်၊ သံယောဇဉ်ချစ်နဲ့ ချစ်ကြသူ မည်သူ့ကိုမဆို တကွဲတပြားစီ ဝေးလွင့်သွားအောင် လုပ်ရင် ဖြစ်လေရာ ဘဝတိုင်း ကိုယ်ချစ်တဲ့သူတွေနဲ့ “ဆုံနိုင်ခွင့်” မှေးမှိန်ပျောက်ကွယ်ပြီး “လွမ်းဆွတ်ခွင့်၊ တမ်းတခွင့်” တွေသာ ရှင်သန်ကြီးထွား လာနိုင်ပါတယ်။

အောက်ထစ်ဆုံး ငှက်ကေလး၊ ငါးကလေးတွေ၊ ကြောင်ကေးတွေ၊ ခွေးကေလးတွေကို သူတို့မိသားစု၊ သူတို့အသိုက်အမြုံကနေ ခွဲခွာနုတ်ယူပြီး မွေးမြူသိမ်းပိုက် ထားခဲ့ရင်တောင် အဲဒီအကုသိုလ်ကံက သူအကျိုးပေးတဲ့ဘဝမှာ ကာယကံရှင်ကို အချစ်ကံခေသူ၊ အလွမ်းကံဝေသူဖြစ်အောင် စွမ်းဆောင် ဖန်တီးနိုင်ပါတယ်။

အချစ်ရေးအိမ်ထောင်ရေးကို အရုပ်ဆိုးအကျည်းတန်စေတဲ့ ကြောက်စရာအေကာင်းဆုံးကံကတော့ "ကာမေသုမိစ္ဆာရကံ” ပါပဲ။ “ကာမဂုဏ်ကိစ္စမှာ မှားမှားယွင်းယွင်း ပြုကျင့်တဲ့ကံ” လို့ အဓိပ္ပာယ်ရပါတယ်။ ကိုယ့်ရဲ့ကာမပိုင်မဟုတ်သူတွေနဲ့ ကာမကိစ္စ ဖောက်ပြန်ရင် “ကာမေသုမိစ္ဆာရကံ” ထိုက်ပါတယ်။

သူတပါးသားမယားနဲ့ ဖောက်ပြန်ရင်တော့ “ပရဒါရကံ” ထိုက်တယ်လို့လည်း ခေါ်ပါတယ်။ အတိတ်ဘဝတွေက ကာမကိစ္စဖောက်ပြန်ခဲ့တဲ့သူဟာ ကာမကိစ္စ တစ်စိတ်တစ်ပိုင်း ပါဝင်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ ကံဆိုးတတ်ပါတယ်။ ကိုယ့်ရဲ့အိမ်ထောင်ဖက် ကိုယ့်အပေါ် သစ္စာကင်းမဲ့တာဟာ ကိုယ့်ရဲ့အတိတ်က “သစ္စာမဲ့ကံ” က ကိုယ့်ကိုအကျိုးပေးတာပါပဲ။ ကံတရားရဲ့ သဘာဝကို အကြောင်းအကျိုးဆက်စပ်ပြီး စဉ်းစားဆင်ခြင်နိုင်မယ်ဆိုရင်တော့ ကိုယ့်ခင်ပွန်းရဲ့ သစ္စာမဲ့မှုအပေါ် အတိုင်းအတာတစ်ခုအထိ ခွင့်လွတ်ဖြေသိမ့်နိုင်မယ်ထင်ပါရဲ့။

ဒါပေမယ့် ခွင့်လွတ်ဖြေသိမ့်နေရုံနဲ့ မပြီးသေးဘူး။ ကိုယ်ကြုံတွေ့နေရတဲ့ အဆိုးလောကဓံထဲကနေ အနှစ်သာရတစ်ခုခုတော့ ထုတ်ယူနိုင်အောင် ကြိုးစားရပါဦးမယ်။ အရှုံးထဲက အမြတ်ထွက်အောင် လုပ်ရပါဦးမယ်။ မြတ်စွာဘုရားရှင် လက်ထက်တုန်းက သာဝတ္ထိမြို့မှာ သိပ်ချော သိပ်လှတဲ့ အမျိုးသမီးတစ်ဦး ရှိခဲ့ဖူးပါတယ်။ အတိတ်ကံအကြောင်းတရားကြောင့် သူမရဲ့ခင်ပွန်းသည်က သူမကို လုံးဝမချစ်ပါဘူး။ တခြားအမျိုးသမီးတစ်ယောက်နဲ့ မျက်နှာပြောင်တိုက်ပြီး လူမှုရေး ဖောက်ပြန်နေပါတယ်။

ကိုယ့်ကိုမချစ်လို့၊ ကိုယ့်အပေါ်သစ္စာမဲ့လို့ဆိုပြီး သူမက စိတ်လည်းမညစ်ပါဘူး။ စိတ်လည်းမဆိုးပါဘူး။ “လင်ကမချစ်တော့လင်နဲ့ အချိန်ဖြုန်းစရာ မလိုတော့ဘူးပေါ့” လို့ နှလုံးသွင်းပြီး အချိန်ရှိသမျှ ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်ကောင်းမှုတွေကိုပဲ စိတ်အားထည့် ပြုလုပ်နေလိုက်ပါတယ်။

အထူးသဖြင့် အရှင်သာရိပုတ္တရာနဲ့ အရှင်မဟာမောဂ္ဂလ္လာန် အဂ္ဂသာဝကမထေရ်ကြီးနှစ်ပါးကို အိမ်မှာ နေ့စဉ်ဆွမ်းပင့် လှူပြီး တရားနာယူပါတယ်။ တရားနာလိုက်၊ တရားအားထုတ်လိုက်နဲ့ ကြိုးစားလိုက်တာ သိပ်မကြာခင်မှာပဲ သောတပန်အရိယာမလေး ဖြစ်သွားခဲ့ပါတယ်။

“လင်ကမပေါင်းချင်မှတော့ အိမ်မှာနေလည်းအပိုပဲ” ဆိုပြီး ရဟန်းပြုလိုက်တာ သိပ်မကြာခင်မှာပဲ ရဟန္တာအရှင်မလေး ဖြစ်သွားပြန်ပါတယ်။ တကယ်လို့သာ သူမရဲ့ခင်ပွန်းကသူမကို သိပ်ချစ်၊ သိပ်ကြင်နာနေမယ်ဆိုရင် အခုလို တရားအရသာ ခံစားခွင့်ရမှာ မဟုတ်ပါဘူး။ ယောကျာ်းအရသာနဲ့ နိဗ္ဗာန်အရသာ ဘယ်လိုမှ နိုင်းယှဉ်လို့မရအောင် ကွာခြားလွန်းလှပါတယ်။

နိဗ္ဗာန်အရသာကို အဆင့်အမြင့်ဆုံး ခံစားခွင့်ရနေမှတော့ ယောကျာ်းအရသာဆုံးရှုံးခဲ့တာကို နှမြောတမ်းတနေစရာ လိုပါဦးမလား။ တကယ်ဆို ကိုယ့်အပေါ်မကြင်နာတဲ့ ခင်ပွန်းသည်ကို ကျေးဇူးတင်စရာတောင် ကောင်းပါသေးတယ်။

ဝတ္ထုတွေ၊ရုပ်ရှင်တွေထဲကလို “နောက်ဆုံးထွက်သက်အထိ ရူးသွပ်စွာ ချစ်နေမှာပါမောင်” လို့လည်း စိတ်ကူးမယဉ်ပါနဲ့။ သီချင်းတွေထဲကလို “ရက်စက်တက်တဲ့မင်းရဲ့အနားမှာ ရက်စက်မှုတွေခံယူချင်တယ်” လို့လည်း တမ်းတမနေပါနဲ့။ လက်တွေ့ဘဝမှာ စိတ်ချမ်းသာဖို့နဲ့ ဖြစ်နိုင်ရင် ဘဝလွတ်မြောက်မှုရဖို့အတွက်သာ အတက်နိုင်ဆုံးကြိုးစားပါ။

ရှေးသူတော်ကောင်းတွေရဲ့ ထုံးနှလုံးမူပြီး၊ တရာနဲ့မွေ့ပျော်ပါ။ တရားများများနာ၊ တရားစာအုပ်များများဖတ်၊ ကုသိုလ်ကောင်းမှု များများပြု၊ တရားများများအားထုတ်ပါ။ သောကမှန်သမျှ ချစ်ခြင်းကြောင့် ဖြစ်ရတာပါ၊

ချစ်စရာတစ်ခုရှိရင် သောကတစ်ခုရှိမယ်၊

ချစ်စရာဆယ်ခုရှိရင် သောကဆယ်ခုရှိမယ်၊

ချစ်စရာအများကြီး ရှိရင်တော့ သောကအများကြီးရှိမယ်ပေါ့။

သောကငြိမ်းချင်ရင် ချစ်စရာတွေကို လျှော့ပစ်နိုင်ရမယ်လေ။

ချစ်ရမယ့်သူ၊ ချစ်ရမယ့်အရာနည်းပါးသွားလေ၊ သောကမီးလည်း ချုပ်ငြိမ်းသွားလေပါပဲ။

ချစ်ရသူရဲ့ စိမ်းကားရက်စက်မှု၊ မြတ်နိုးရသူရဲ့ သစ္စာကင်းမဲ့မှုဟာ စိတ်ထားတတ်သူအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ ဘဝလွတ်မြောက်မှု ဆုလာဘ်ကြီးပါပဲ။

အသုံးချတတ်သူ တစ်ယောက်အတွက် အချစ်ကံခေတာဟာ အနှစ်ကျန်စေဖို့ပါပဲ။ ။

စိတ်ဆင်းရဲခြင်းဆိုတာက စိတ်ဓာတ်ပျော့ညံ့တဲ့သူတွေ ကန်ထရိုက်ဆွဲထားတဲ့ ခပ်ညံ့ညံ့ပစ္စည်းတစ်ခုပါ။

စိတ်ချမ်းသာခြင်းကတော့ စိတ်ဓာတ်ခိုင်မာသူတွေရဲ့ မူပိုရင်တနာထုပ်ကြီး တစ်ခုဖြစ်ပါတယ်။

အချစ်ရေး၊ အိမ်ထောင်ရေးမှာ အကျိုးပေးမကောင်းတာဟာ အချစ်ရေး၊ အိမ်ထောင်ရေးနဲ့ ပတ်သတ်တဲ့ မကောင်းကံတွေ အတိတ်ကပြုလုပ်ခဲ့ဖူးလို့ပါ။

သူတပါးရဲ့ချစ်ခြင်းကိုခွဲခဲ့တဲ့သူ သူတပါးအိမ်ထောင်ကို ပြိုကွဲစေခဲ့တဲ့သူဟာ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဘယ်လိုနည်းနဲ့မှ အကျိုးပေးမကောင်းနိုင်ပါဘူး။

နှလုံးလမ်းကြောင်းမှာကျွန်းခံနေတယ်လို့ ဟစ်အော်ကြွေးကြော်နေတာဟာ အတိတ်ဘဝေတွက အချစ်ရေး အိမ်ထောင်ရေးတွေမှာ သစ္စာပျက်ခဲ့ပါတယ် ကိုယ်ကျင့်ဖောက်ပြန်ခဲ့ပါတယ်လို့ ထုတ်ဖော်ဝန်ခံနေတာပါပဲ။

အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)


" သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး "

" သခွားမွှေးသီး၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး "

သခွားမွှေးသီးဟာ သစ်သီးတွေ အားလုံးအနက် ဗီတာမင်အေ အများဆုံးပါဝင်တဲ့ သစ်သီးဖြစ်ပါတယ်။ သခွားမွှေးသီး တစ်ခွက် (၁၇၇ဂရမ်) မှာ ဗီတာမင်အေ (အဓိကအားဖြင့် ဘီတာကယ်ရိုတင်း ပုံစံနဲ့) ၅၉၈၇ အိုင်ယူ ပါဝင်ပါတယ်။

(၁) အသားအရေကို ကျန်းမာလှပစေပါတယ်

ဗီတာမင်အေ ပါဝင်မှု များလွန်းတာကြောင့် လွန်ကဲစွာ မစားသင့်ပေမယ့် သခွားမွှေးသီး အသင့်အတင့် စားပေးတာကြောင့် ရရှိတဲ့ အာဟာရဓာတ်တွေက အန္တရာယ်ကင်းပါတယ်။ ပြီးရင် ဝက်ခြံနဲ့ အရေးကြောင်းတွေကို သက်သာစေပါတယ်။ သခွားမွှေးသီးကို တစ်ခွက်စာ ပမာဏ စားရုံနဲ့ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ပမာဏရဲ့ ၁၀၀ ရာခိုင်နှုန်းကျော် ရရှိနိုင်ပါတယ်။ (ဗီတာမင်အေ ၁၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။)

(၂) အမြင်အာရုံကို ကောင်းစေပါတယ်

ဗီတာမင်အေက အမြင်အာရုံကို ထိန်းပေးပြီး အမြင်အာရုံကို ကောင်းမွန်စေပါတယ်။

(၃) ကူးစက်ပိုးတွေကို တွန်းလှန်နိုင်ပါတယ်

သခွားမွှေးသီးကို ဖျော်ရည်ဖျော်တိုက်ပေးရင် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ဗိုင်းရပ်စ်တွေကို တွန်းလှန်ပေးတာကြောင့် နာမကျန်းမှုကို မဖြစ်စေနိုင်ပါဘူး။ သခွားမွှေးသီးမှာ ဗီတာမင်စီ ၁၀၈ ရာခိုင်နှုန်း ပါဝင်ပါတယ်။

(၄) သွားတွေနဲ့ သွားဖုံးတွေကို ကျန်းမာစေပါတယ်

သွားနဲ့တာနဲ့ သွားဖုံးမှ သွေးထွက်တာက ခန္ဓာကိုယ်ထဲမှာ ဗီတာမင်စီ ချို့တဲ့နေကြောင်း ပြသနေပါတယ်။ သခွားမွှေးသီးလို ဗီတာမင်စီ ပေါများတဲ့ သစ်သီးကို စားပေးတာကြောင့် အပြုံးလှလှ ပြုံးနိုင်စေပါတယ်။

(၅) သွေးအားနည်းခြင်း မဖြစ်အောင် ကာကွယ်ပေးပါတယ်

ခန္ဓာကိုယ်ထဲမှာ ဖောလိတ်ဓာတ်နဲ့ ဗီတာမင် B12 တို့ ချို့တဲ့မှုကြောင့် သွေးအားနည်းရောဂါ ရတတ်ပါတယ်။ ဖောလိတ်ဓာတ် ချို့တဲ့မှုကြောင့် သွေးနီဥတွေက ပုံမှန် အရွယ်အစားထက် ပိုမိုကြီးမားလာပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်ကေ၊ ဗီတာမင် B6 ၊ နိုင်ယာစင်၊ အမျှင်ဓာတ်၊ မဂ္ဂနီဆီယမ်နဲ့ သိုင်ယာမင်းဓာတ်တို့ များစွာ ပါဝင်နေပါတယ်။

(၆) အနာကို ခပ်မြန်မြန် ကျက်စေပါတယ်

ဗီတာမင်စီဟာ အန္တရာယ်အကင်းဆုံးနဲ့ အထိရောက်ဆုံး အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ သခွားမွှေးသီးမှာ ဗီတာမင်စီ များစွာ ပါဝင်တာကြောင့် သခွားမွှေးသီးကို စားပေးရင် ကော်လာဂျင် ဖြစ်ပေါ်မှု များစေပြီး အရေပြားနဲ့ အမာရွတ်တစ်သျှူးတွေကို အားကောင်းစေပါတယ်။

(၇) သွေးဖိအားကို လျော့ကျစေပါတယ်

သခွားမွှေးသီးမှာ ပါတဲ့ ပိုတက်စီယမ်က ငှက်ပျောသီးမှာပါတဲ့ ပိုတက်စီယမ်နီးပါး ရှိပါတယ်။ ပိုတက်စီယမ် ၁၄ ရာခိုင်နှုန်း ပါဝင်တဲ့ သခွားမွှေးသီးကို စားပေးရင် ခန္ဓာကိုယ်တွင်းက ဆိုဒီယမ်ဓာတ်ကို လျော့ကျစေပြီး သွေးတိုးရောဂါကို လျှော့ချနိုင်ပါတယ်။

(၈) ခြေထောက်ကြွက်တက်တာကို ကာကွယ်ပေးပါတယ်

သခွားမွှေးသီးမှာပါတဲ့ ပိုတက်စီယမ်ဟာ ကြွက်သားနဲ့ နာ့ဗ်ကြောတွေကို အားကောင်းစေပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့ရင် ကြွက်သား အားနည်းမှုနဲ့ ကြွက်တက်မှုတို့ကို ဖြစ်စေနိုင်ပါတယ်။

(၉) မျိုးအောင်မှုကို အားကောင်းစေပါတယ်

ကလေးရဖို့ ကြိုးစားနေသလား။ သခွားမွှေးသီးဟာ ဖောလိတ်ဓာတ် အများဆုံး ပါဝင်တဲ့ သစ်သီးတစ်မျိုး ဖြစ်တယ်ဆိုတာ မမေ့ပါနဲ့။ ဖောလစ်အက်စစ်လို့ခေါ်တဲ့ ဖောလိတ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်ချိန်အတွက် အရေးပါပါတယ်။ အထူးသဖြင့် မွေးလာတဲ့ ကလေးတွေမှာ နာ့ဗ်ကြောစနစ် ပြဿနာတွေ လျော့ကျစေပါတယ်။

(၁၀) ဆီးလမ်းကြောင်း ပိုးဝင်မှု မဖြစ်အောင် ကာကွယ်ပေးပါတယ်

သခွားမွှေးသီးမှာ ရေဓာတ် ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စနစ်ထဲမှ ဘက်တီးရီးယားတွေကို ဖယ်ထုတ်နိုင်ပါတယ်။ ဗီတာမင်စီ ပါဝင်မှု မြင့်မားတာကြောင့် ဆီးထဲက အက်စစ်အဆင့်ကို တိုးစေပြီး ဆီးလမ်းကြောင်းရှိ ပိုးမွှားတွေကို လျော့ကျစေပါတယ်။

K.K(ကနောင်)


" အဲ့ဒါလာပြောတာ "

" အဲ့ဒါလာပြောတာ "

နေ့တိုင်း မဖြစ်မနေလုပ်ရသော အလုပ်များ ထဲတွင် စကားပြောခြင်း အလုပ်တစ်ခုသည်လည်း အပါအဝင် ဖြစ်သည်။ လူမှုနယ်ပယ်ထဲတွင် ကျင်လည်နေသူ မှန်သမျှ မဖြစ်မနေ စကားတွေကို ပုံသဏ္ဌာန်မျိုးစုံဖြင့် ပြောဖြစ်နေကြသည်။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်၍ ပြောသည်။ တိုးတိုးပြောသည်။ ကျယ်ကျယ်ပြောသည်။ အော်ပြီးပြောသည်။ သည်တိုင်းပြောတာ အားမရသဖြင့် တယ်လီဖုန်းဖြင့် ပြောသည်။ ကြေးနန်းဖြင့်ပြောသည်။ SMS စာတိုရိုက်၍ပြောသည်။

တစ်နေ့တစ်နေ့ ကျွန်တော်တို့ ပြောပြောနေ သောစကားလုံးများကို မှတ်တမ်းလုပ်ထားလျှင် အရေအတွက်ပေါင်း နည်းမည်မထင်။ ထိုမနည်းမနော ပြောဖြစ်ခဲ့သော စကားများထဲတွင် အကျိုးရှိသော စကားက ဘယ်နှခွန်း၊ အကျိုးမဲ့သောစကားဟာ ဘယ်နှခွန်း ဟူ၍ မစောကြောမိကြ။ သည်လိုပဲ အမှုမှတ်မဲ့နေရင်းဖြင့်သာ စကားတွေကို မမောနိုင်မပမ်းနိုင် ပြောပြီးရင်း ပြောနေကြသည်သာ။

မကြာသေးမီ နှစ်များကစ၍ ကျွန်တော်တို့အတွက် စကားပြောစရာ နေရာသစ်တစ်ခု ထပ်ပေါ်လာ ပြန်သည်။ ဖေ့စ်ဘွတ်ခ်ဟုခေါ်သော လူမှုကွန်ရက် စာမျက်နှာ ဖြစ်သည်။ ထိုအပေါ်တွင် ကျွန်တော်တို့ တက် တက်ပြီး စကားတွေ ပြောကြပြန်ပါသည်။ ကိုယ့်ကိုယ်ပိုင် စာမျက်နှာဖန်တီး၍ ပြောသည်။ ကိုယ့်သူငယ်ချင်း အချင်းချင်း Chat Box ဟုခေါ်သော နေရာလေးမှာ သွားပြောသည်။ သူများတင်ထားသော ပို့စ်အောက်က Comment ဟူသော နေရာလေးမှာ ဝင်ပြောသည်။

ထိုသို့ ပြောကြရင်း ဆိုကြရင်းဖြင့် လူမှုကွန်ရက် စာမျက်နှာသည် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်လာခဲ့သည်။ ထိုစာမျက်နှာကို တချို့က ရိုးရိုးသားသား အသုံးပြုသော်လည်း တချို့ကမူ ရည်ရွယ်ချက် တစ်စုံတစ်ရာဖြင့် အသုံးပြုသည်များလည်း ရှိလာသည်ကို တွေ့ရသည်။ ယခုနောက်ပိုင်း ပိုဆိုးလာသည်ကို သတိထားဖြစ်သည်။ ပုဂ္ဂိုလ်ရေး အမုန်းစကားများကို ခပ်စိပ်စိပ် တွေ့လာရသည်။ တစ်ခါတစ်ရံ အဖွဲ့အစည်းများ၏ စကားစစ်ထိုးပွဲများကိုလည်း ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖတ်နေရသည်။

လေ့လာစေ့ငုသူများ၏ အဆိုအရမူ တချို့တချို့သော ပဋိပက္ခ အကြမ်းဖက်မှုများသည် ဖေ့စ်ဘွတ်ခ် စာမျက်နှာပေါ်တွင် ပြောဆိုခဲ့သော စကားများမှ မြစ်ဖျားခံသည်ဟုဆို၏။ သည်အတိုင်းဆိုလျှင် သည်စာမျက်နှာကို မိမိတို့ သတိထားရတော့မည်။ သည်စာမျက်နှာပေါ်သို့ ရောက်လာသည့် သတင်းတိုင်း၊ စကားတိုင်းကို ကျွန်တော်တို့ ဝေဖန်စိစစ်ရတော့မည်။

ဒါဆိုလျှင် ကျွန်တော်အပါအဝင် သူသူငါငါ လူတကာတို့ ဘယ်လိုစကားတွေကို ပြောဆိုနေကြပါသနည်း။ မြတ်စွာဘုရားရှင်၏ ကောင်းသောစကားကိုသာ ပြောဆိုတော်မူတတ်သော 'သုဂတော' ဂုဏ်တော်ကို မြစ် ဖျားခံ၍ ''စကားခြောက်ခွန်း၊ လူ၌ထွန်း၊ လေးခွန်းကိုပယ် နှစ်ခွန်းတွယ်'' ဆိုသော အဆိုအမိန့်တစ်ခုရှိပါသည်။

ထိုစကားခြောက်ခွန်းမှာ

(၁)ဟုတ်မှန်၍အကျိုးရှိပြီး သူလည်း နာလိုသောစကား၊
(၂) ဟုတ်မှန်၍ အကျိုးရှိပြီး သူများ မနာလိုသောစကား၊
(၃) ဟုတ်မှန်၍ အကျိုးမရှိ သူများလည်း မကြားနာလိုသောစကား၊
(၄) မဟုတ်မမှန် အကျိုးရှိ၍ သူများ ကြားနာလိုသောစကား၊
(၅) မဟုတ်မမှန်အကျိုးမရှိ သူများ ကြားနာလိုသောစကား၊
(၆) မဟုတ်မမှန် အကျိုးလည်းမရှိ သူများလည်း မကြားနာလိုသောစကား ဟူ၍ဖြစ်သည်။

ထိုခြောက်ခွန်းထဲမှ (၁) နှင့် (၂) ကိုသာ သုံးစွဲပြောဆိုပြီး နောက်လေးခွန်းကိုမူ မပြောဆိုအပ်ဟု လာရှိပါသည်။

အွန်လိုင်းလူမှုစာမျက်နှာပေါ်တွင် ခေတ်စားလျက်ရှိသော စကားတစ်ခွန်းရှိပါသည်။

'အာ့လာ ပြောတာ' ဟူသောစကားလေးဖြစ်သည်။

ထိုသို့ပြောတိုင်း ပြောတိုင်း ကိုယ်ပြောခဲ့သော စကားသည် မေတ္တာနှင့်ယှဉ်၍ ကုသိုလ်တရားပွားစီးသောစကား ဟုတ်ပါလေစဟု ဆင်ခြင်ကြမည်ဆိုလျှင်....။

အယ်ဒီတာ

TheFlowerNews


" သူ့ဆီက ဒေါသ မောဟ ကိုယ့်ဆီ အရောက်မခံပါနှင့် "


Friday, February 27, 2015

"ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ) မှ ရရှိသော အကျိုးကျေးဇူးများ"

"ပန်းဂေါ်ဖီစိမ်း (ဘရိုကိုလီ) မှ ရရှိသော အကျိုးကျေးဇူးများ"

ပန်းဂေါ်ဖီစိမ်းကို စားသုံးကြသော သူများအတွက် မျှဝေပေး လိုက်ရပါတယ်။ ပန်းဂေါ်ဖီစိမ်းမှ ရရှိသည့် အကျိုးကျေးဇူး များကတော့

(၁) ကင်ဆာရောဂါကို ကာကွယ်နိုင်စွမ်း ရှိပါတယ်။
(၂) စိတ်ဓာတ်ကျ ရောဂါအတွက်လည်း ကောင်းမွန်ပါတယ်။
(၃) အရိုးကိုလည်း သန်မာစေနိုင်ပါတယ်။
(၅) သွေးတိုးရောဂါ အတွက်လည်း ကောင်းမွန်ပါတယ်။
(၆) အသားအရေ ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၇) နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။
(၈) အဆီကိုလည်း လျော့ချပေးနိုင်ပါတယ်။

K.K(ကနောင်)


" ချစ်သမီးများသို့ "

" ချစ်သမီးများသို့ "

ချစ်သမီး…..
ချစ်မငြီးတဲ့ ဘ၀ခရီးထဲမှာ
အမိဘာသာ မထောက်ထားဘဲ
မှောက်မှားတတ်တဲ့ ကာမသွေးကြောင့်
ယောင်လည်ယောင်ချာ သွေခွာလို့များ
သင်ရောက်သွားရင်ဖြင့် ဘာသာသွေးလည်း
ပျက်သုဉ်းခဲ့ရော့မယ်…..။ ။

ချစ်သမီး……
အရှက်မဲ့စွာ ဥာဏ်ဗလာနှင့်
ဓနငွေကြေး ကာမသွေးနှင့်
ဖြားယောင်းကာနော် ဆွဲသွင်းခေါ်လျှင်
ဆွေဥာမျက်နှာ ထောက်ထားညှာလျက်
ဆင်ခြင်သတိ ဥာဏ်နှင့်ညှိပြီး
သစ္စာထားပါ သင်နားမယောင်နဲ့…..။ ။

ချစ်သမီး…….
ဗုဒ္ဒဘာသာ အာဇာနည်သွေး
သည်အရေးကို အရေးမူလျက်
စိတ်ထားဖြူသွေး မြန်မာသွေးမို့
အမျိုးဘာသာ မကွယ်သာအောင်
တို့၏မျိုးနွယ် တို့ကိုးကွယ်သည့်
ဘာသာဝါဒ သင်အားကျလော့
အမျိုးပျောက်မှာ စိုးကြောက်စရာမို့
နယ်ခြားဘာသာ အားမကျပါနဲ့…...။ ။

ချစ်သမီး……..
မိန်းမဖျက်တော့ ပြည်ပျက်ပါသည်
ဆိုရိုးစကား ရှိသည်များကို
သတိကိုယှဉ် ဥာဏ်အမြင်နှင့်
တို့၏မြန်မာ ရွှေပြည်ရွာကို
ကမ္ဘာမြေမှ မကွယ်ရအောင်
ဘာသာခြားနှင့် သွေးသားမစပ်
သစ္စာမဖောက် သင်စောင့်ရှောက်လော့…..။ ။

ချစ်သမီး…….
မြန်မာမများ လူမျိုးလည်းမခြား
ဘာသာခြားနှင့် ငြားကြသောခါ
ကိုယ့်ဆွေညှာကို မျက်နှာမထောက်
အကျင့်ဖောက်ပြီး ချင့်ထောက်မညှာ
မဲ့သစ္စာကြောင့် ဆင်းသက်အပါယ်
ဒုက္ခကြုံလိမ့်မယ်…..။ ။

ချစ်သမီး……
ယခုအခါ တို့မြန်မာများ
သွေးသားခြားနှင့် ယွင်းယွင်းမှားမှား
ထိမ်းမြှားလက်ထပ် သွေးစပ်ဖလှယ်
သာကီနွယ်ဖွား ဆွေသားမျိုးမှာ
ဘာသာလမ်းကြောင်း တိမ်းစောင်းမှောက်ကာ
ရောက်ကြတာမို့ နောင်သောအခါ
ဤကမ္ဘာမှာ မြန်မာဆိုတာ
ဖွေရှာမလွယ် ပျောက်ကွယ်သွားမည်
တွေးမိသည်ကြောင့် ရင်မောတယ်…..။ ။

ချစ်သမီး……
ခလုတ်ထိမှ မိမတ,ရအောင်
ဘာသာလည်းခြား လူမျိုးခြားနှင့်
ထိမ်းမြှားအိမ်ထောင် ဝေးဝေးရှောင်လော့
အမှောင်လောက သင်အားမကျနှင့်…..။ ။

ချစ်သမီး…….
ဘာသာမတူ ကြင်သူဖြစ်က
ဟိုရှေးအခါ ၀ိသာခါသို့
မျှော်ကာတမ်းတ မှန်းဆထင်ယောင်
အမှောင်ဝါဒ မိဂါရကို
ဝါဒဖြူစင် သူတော်စင်တွေ့
သွေးဆောင်၍သာ ကိုယ့်ဘာသာသို့
ပို့ဆောင်သည်များ သင်အားကျပါ
သင်နားချပါ လိမ္မာပါးနပ်တတ်ပါစေ…..။ ။

ချစ်သမီး……
ချစ်ခြင်းမေတ္တာ အကြင်နာမဲ့
အရွဲ့စကား နားခါးခါးမဲ့
ထင်ပါနဲ့လေ ထင်နဲ့လေ
တို့ဆွေကြင်နာ တို့မြန်မာတွေ
တို့ရွှေမြေ၀ယ် ပျောက်ကွယ်သွားမှာ
စိုးမိတာကြောင့် ပြောရပါသည်
ခွန်းခြွေစကား သမီးကြားက
ကိုယ့်မိဘာသာ ကိုယ့်ဆွေဥာကို
သစ္စာထားကာ စောင့်ရှောက်ပါ…..။ ။

သုနြေ္ဒ(ကမ္ဘောဇ)