Thursday, December 31, 2015

"ကံကြမ္မာက မခွဲရင် သူနြဲ့မဲပြီဆိုတာ ဒီအချက် (၇) ချက်နဲ့ အတည်ပြုနိုင်"



Lutaw Lupyaw

"ကံကြမ္မာက မခွဲရင် သူနြဲ့မဲပြီဆိုတာ ဒီအချက် (၇) ချက်နဲ့ အတည်ပြုနိုင်"

ကိုယ်တွဲနေတဲ့ ချစ်သူနဲ့ ရေရှည် လက်တွဲသွားနိုင်မှာလား၊ မြဲမှာလားဆိုတာ သူနဲ့ကိုယ်ကြားမှာ ပြုမူနေတဲ့အရာတွေကို ကြည့်ပြီး သုံးသပ် ဆုံးဖြတ်နိုင်ပါတယ်။

၁။ တစ်ဦးနဲ့တစ်ဦး ဒီချစ်ခြင်းမေတ္တာအတွက် ကျေးဇူးတင်စကား ဆိုဖြစ်တယ်။

ကိုယ့်ဘေးမှာ အမြဲရှိပေးတဲ့အတွက်၊ ကိုယ့်ကို နားလည်ပေးတဲ့အတွက် ကျေးဇူးတင်တယ် ဆိုတဲ့အကြောင်း သူ့ကို ပြောဖြစ်တယ်။ ချစ်တယ်ဆိုတဲ့ စကားကိုလည်း နေ့တိုင်း တစ်ခါနှစ်ခါမက ပြောဖြစ်တယ်ဆိုရင် ဒီအတွဲဟာ မြဲဖို့ သေချာပါပြီ။

၂။ ချစ်သူကောင်လေးဟာ ကျန်းမာတယ်။

အတွဲတစ်တွဲမှာ ချစ်သူကောင်လေးက ကျန်းမာရေးကောင်းတယ်။ ကျန်းမာရေးလိုက်စားတဲ့သူ တစ်ယောက်ဆိုရင် သင်တို့အချစ်ရေးဟာ သာယာစိုပြေမှာပါ။ ကိုယ့်ရည်းစားက ကျန်းမာရေးချူချာလွန်းလို့ စိတ်ဆင်းရဲရတာမျိုး မဖြစ်တော့ဘူးပေါ့။

၃။ စကားပြောပုံဆိုပေါက်ကအစ တူနေတယ်။

သူနဲ့ကိုယ်နဲ့ တူတဲ့အချက်တွေ အများကြီး ရှိနေတယ်။ သူနဲ့ တွေးခေါ်နေတဲ့အရာတွေပါ တဖြည်းဖြည်း တူလာသလို ပြောလိုက်တဲ့စကားတွေလည်း အတူတူ ဖြစ်နေတတ်တယ်။ စကားပြောပုံ ဆိုပေါက်ကလည်း တူနေပြီဆိုရင်တော့ ဒါဟာ အဆုံးထိလက်တွဲရမယ့် သူတွေပဲပေါ့။

၎။ အမြဲတမ်း နမ်းဖြစ်တယ်။

တစ်လကို တစ်ခါလောက် နမ်းတာမျိုး မဟုတ်ပဲ သူနဲ့တွေ့တိုင်း နှစ်ဦးသား ကြည်ကြည်နူးနူး အနမ်းခြွေဖြစ်တယ်ဆိုရင်လည်း ဒါဟာ သံယောဇဉ်ကြိုးကို တိုးစေတာပဲလေ။

၅။ သူငယ်ချင်းစုံတွဲနဲ့အတူ အပြင်ထွက်လည်ဖြစ်တယ်။

ကိုယ်တွေချည်းပဲ မဟုတ်ပဲ သူငယ်ချင်းစုံတွဲနဲ့ပါ ရုပ်ရှင်ကြည့်ကြတာမျိုး၊ ဒင်နာစားကြတာမျိုးတွေ လုပ်ဖြစ်တယ်ဆိုရင်တော့ ဒါဟာလည်း သင်တို့နှစ်ဦးကို ဘယ်တော့မှ ပြတ်တောက်မသွားစေဖို့ ဖြစ်နိုင်ချေများတဲ့ အချက်တစ်ခုပါပဲ။

၆။ ရုပ်ရှင်အတူတူကြည့်ရင်း အမြင်တွေကို ဖလှယ်ဖြစ်ကြတယ်။

ကိုယ့်ချစ်သူနဲ့အတူ ပေါက်ပေါက်အတူတူစားရင်း အချစ်ဇာတ်လမ်းလေးတွေ၊ အိမ်ထောင်ရေးဇာတ်ကားတွေ ကြည့်ဖြစ်တယ်။ ဇာတ်ကားအကြောင်းလည်း တစ်ဦးနဲ့တစ်ဦး ပြောဖြစ်တယ်။ ဒါဟာ နှစ်ဦးသား နားလည်မှု ပိုတိုးစေဖို့ ဖေးကူတဲ့အရာပဲပေါ့။

၇။ စိတ်ကအလိုလို ခံစားမိနေတယ်။

ဒီတစ်ခါတော့ ငါသူနဲ့မြဲပြီဆိုတာ စိတ်ခံစားမှုအရ သိနေတယ်။ အရင်အခါတွေတုန်းကလို မဟုတ်ဘူး။ သူနဲ့ ဘယ်တော့မှ ခွဲမှာမဟုတ်ဘူးဆိုပြီး စိတ်က အလိုလို သိနေတာမျိုးဟာလည်း ယုံချင်စရာကောင်းတဲ့ အချက်ပါပဲ။

ဟန်နီ

Credit: Trend Myanmar



Lutaw Lupyaw

January လ ဖွား မွေးနေ့ရှင်များအားလုံး Happy Birthday ပါ။



Lutaw Lupyaw

January လ ဖွား မွေးနေ့ရှင်များအားလုံး
Happy Birthday ပါ။




Lutaw Lupyaw

"စက္ကန့်၊ နာရီတိုင်း ပျော်ရွှင်ချမ်းမြေ့ အေးချမ်းနိုင်ပါစေ"



Lutaw Lupyaw

"စက္ကန့်၊ နာရီတိုင်း ပျော်ရွှင်ချမ်းမြေ့ အေးချမ်းနိုင်ပါစေ"

နှစ်ဟောင်းလွန်ကျူး နှစ်သစ်ကူးသည့် ၂ဝ၁၆ ခုနှစ်၏ နှစ်သစ်အခါသမယတွင် သက်ရှိသတ္တဝါများနှင့် ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့ ရန်ငြိုးမှန်သမျှကို မေတ္တာ- ခန္တီတို့ဖြင့် ဖြေဖျောက်အောင်မြင်နိုင်ပြီး နှစ်ဟောင်းမှ အညစ်အကြေးများကို စွန့်ဖယ်နိုင်ကြပါစေ၊ ကမ္ဘာလောကကြီးအတွင်း ဆူပူသောင်းကျန်းခြင်းကို မေတ္တာဖြင့် ချုပ်ငြိမ်းနိုင်ကြပါစေ၊ ဒေါသကိုမေတ္တာဖြင့် လွှမ်းမိုးနိုင်ကြပါစေ၊ ကြမ်းတမ်းခြင်းကို ယဉ်ကျေးသိမ်မွေ့ခြင်းနဲ့ ပြောင်းလဲနိုင်ကြပါစေ၊ ဆူပူခြင်း၊ ကြမ်းတမ်းခြင်း၊ ရက်စက်ခြင်း၊ ဖျက်ဆီးခြင်းတို့ကို မေတ္တာ-ခန္တီ-အဟိံသ- သစ္စာတရားတို့နဲ့ ငြိမ်းချမ်းပြီး ယနေ့ကျရောက်သည့် နှစ်သစ်အခါသမယမှ စက္ကန့်တိုင်း၊ နာရီတိုင်း ပျော်ရွှင်ချမ်းမြေ့ အေးချမ်းနိုင်ကြပါစေလို့ ကမ္ဘာသူ၊ ကမ္ဘာသားအပေါင်းတို့အား မေတ္တာ ဆုမွန်ကောင်းတောင်း ထောမနာပြုလိုက်ပါသည်။

သီတဂူဆရာတော်
ဒေါက်တာအရှင်ဉာဏိဿရ
အဂ္ဂမဟာပဏ္ဍိတ၊ Ph.D, D. Litt



Lutaw Lupyaw

"ဆက်လွမ်းနေမယ့် 2016"



Lutaw Lupyaw

"ဆက်လွမ်းနေမယ့် 2016"

ချစ်သူ… ငါ့ဘေးနားမှာ မင်းတစ်ယောက် ရှိနေစဉ်က ငါ့လောက်သာယာတဲ့သူ လောကမှာ ရှိပါအုံးမလားလို့ တွေးမိတယ်။

ချစ်သူရယ်… ခုဆိုလဲ ငါ့ဘေးနားက ထွက်ခွါတဲ့ နေ့ကစလို့ အသက်ရှင်လျှက်နဲ့ သေဆုံးနေတဲ့ ဘ၀ပါ။ ပြန်မလာနိုင်တော့တဲ့ ငါ့ချစ်သူကို တမ်းတရင်း ခုလဲ 2016 ရောက်ခဲ့ပြန်ပြီ။

သူသူငါငါတွေ အပျော်တွေများလို့ နှစ်ကူးမှာ မြူးနေလေရဲ့။ သြော်… ဘာကြောင့်များ ဘ၀က အထီးကျန်ဆန်ရသလဲကွယ်။ အတိတ်က အရိပ်တွေများ ထင်ကျန်နေလို့ အချစ်နဲ့ လွဲတာများလား။ အလွမ်းတွေ ပွေ့ပိုက်၊ မျက်ရည်စတွေနဲ့ ဖရိုဖရဲနဲ့ ဆက်ပဲလွမ်းလိုက်အုံးမယ် ချစ်သူရယ်…။



Lutaw Lupyaw

"New Year ညမှာ များသွားတဲ့သူတွေ နောက်နေ့ အရက်နာကျတာ သက်သာစေဖို့ နည်းလမ်းများ"



Lutaw Lupyaw

"New Year ညမှာ များသွားတဲ့သူတွေ နောက်နေ့ အရက်နာကျတာ သက်သာစေဖို့ နည်းလမ်းများ"

New Year မှာ အစွမ်းကုန်သောင်းကျန်းဖို့ အစီအစဉ်ဆွဲထားတဲ့ သူတွေအတွက် နောက်နေ့မနက်မှာ အရက်နာကျခြင်းက သက်သာစေဖို့ အရက်နာကျတဲ့အရှိန် ပြေပျောက်စေမယ့် နည်းလေးတွေ ပြောပြပေးလိုက်တယ်နော်။

(၁) ဗီတာမင် - ဘီ

သောက်ပြီး နောက်တစ်နေ့မှာ ဆိုးဆိုးရွားရွား ပိုခံစားရစေနိုင်တဲ့ ခန္ဓာကိုယ်ဖွဲ့စည်း လည်ပတ်မှုမှတဆင့် ဗီတာမင် ဘီ တွေကို အရက်က သိသိသာသာ လျော့နည်းစေပါတယ်။ ဒါ့ကြောင့် အရက်စမသောက်မီ ဗီတာမင် ဘီ ၅၀ မီလီဂရမ် (၁) လုံးနဲ့ သောက်နေချိန်အတွင်း နောက်ထပ် (၁) လုံး သောက်ထားခြင်းက နောက်နေ့မနက် အရက်နာကျတာ လျော့နည်းစေနိုင်ပါတယ်။

(၂) ကိုယ်သောက်မယ့်အရက်ကို သတိထားရွေးတတ်ပါစေ။

အနက်ရောင်ပိုရင့်တဲ့ အရက်တွေမှာ အရက်နာကျမှုတွေ ဖြစ်စေတဲ့ အဆိပ်ပမာဏ ပိုမိုပါရှိတယ်။ အရက်နာကျခြင်း မရှိအောင် ပထဆုံးအနေနဲ့ Rum သို့မဟုတ် Whiskey တို့အစားVodka ဒါမှမဟုတ် Gin အရက်တို့ကို ဦးစားပေး ရွေးသောက်သင့်တယ်။

(၃) အစာအိမ်သက်တောင့်သက်သာရှိဖို့ ဂျင်းဖျော်ရည် ဖော်စပ်ပေးပါ။

ဂျင်းဟာ အရက်နာကျပြီဆိုရင် မကြာခဏဆိုသလို အစာအိမ်မအီမသာဖြစ်မှု ဖြေရှင်းဖို့ အကောင်းဆုံးဖြေဆေးတစ်မျိုးပါ။ ပျားရည်ပမာဏ များများခပ်ထားတဲ့ ဂျင်းအရည် ချိုချိုလေးမှာ ခန္ဓာကိုယ်အတွင်း အစာအာဟာအဖြစ်သို့ ပြောင်းလဲစေပြီး အရက်အာနိသင်ကို ဖယ်ရှားပေးတဲ့ သစ်သီးသကြားဓာတ်တွေ ပါဝင်ပါတယ်။ ဂျင်းရည် ခပ်ပျစ်ပျစ်သို့မဟုတ် ပါးပါးလေးလှီးထားတဲ့ ဂျင်းကို ဝါးစားပေးပါ။ ဒါ့အပြင်၊ ဂျင်းဆား/ပျားရည်စိမ်က အစာအိမ် မအီမသာဖြစ်မှုကို ရပ်တန့်စေပါလိမ့်မယ်။

(၄) အုန်းရည်သောက်ပါ

ရေများများသောက်ပေးခြင်း၊ ရေဓာတ်ပြန်လည်ဖြည့်ပေးခြင်းက အရက်မူးတဲ့ ညတစ်ညပြီးဆုံးလို့ ခေါင်းနှောက်မူးဝေခြင်း မရှိအောင် ကုသတဲ့ အမြန်ဆုံးနည်းတစ်ခု ဖြစ်ပါတယ်။ အချိုရည်တွေထက် သန့်ရှင်းလတ်ဆတ်တဲ့ ရေတစ်ခွက်မှာ အီလက်ထရိုရိုက် ပိုများပါတယ်။ ငှက်ပျောသီးတစ်လုံးထက် ပိုတက်စီယမ် ပိုများပါတယ်။ အစာအိမ် မအီမသာဖြစ်မှုကိုတောင် ငြိမ်းသွားစေနိုင်တယ်။ အုန်းရည်မရှိ ဖြစ်နေပါက အီလက်ထရိုရိုက် Gatorade (အချိုရည်) သောက်ပေးပါ။ ရေသန့်ကိုတော့ အမြဲတမ်း သောက်ပေးသင့်ပါတယ်။

ပေါ်ထွန်း

Credit: Trend Myanmar



Lutaw Lupyaw

"လူတွေက သင်ခုချိန်ထိ တစ်ကိုယ်တည်းပဲလားလို့ မေးတဲ့မေးခွန်းအပေါ် ဘာ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်သင့်ဘူးဆိုတာ"

"လူတွေက သင်ခုချိန်ထိ တစ်ကိုယ်တည်းပဲလားလို့ မေးတဲ့မေးခွန်းအပေါ် ဘာ့ကြောင့် စိတ်အနှောင့်အယှက် မဖြစ်သင့်ဘူးဆိုတာ"

တကယ်တော့ ကိုယ်တစ်ကိုယ်တည်းဖြစ်ခြင်း၊ မဖြစ်ခြင်းက ဘယ်သူ့ကိုမှ မထိခိုက်သလို ဘယ်သူ့ကိစ္စမှလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ပတ်ဝန်းကျင်က လူတွေရဲ့ မှားယွင်းတဲ့၊ ၀မ်းနည်းစရာကောင်းတဲ့ အတွေးကတော့ တစ်ကိုယ်တည်းနေတယ်၊ ရည်းစားမရှိဘူး ဆိုတာနဲ့ သူ့မှာ ဘာများ ချို့ယွင်းချက်ရှိနေလို့လဲ၊ ဒါမှမဟုတ် ဒါပုံမှန်မဟုတ်ဘူးဆိုတဲ့ ရူးကြောင်ကြောင်အတွေးကို စတွေးတော့တာပဲ။

တကယ်တော့ လူ့ပတ်ဝန်းကျင်မှာ အရည်းအချင်းရှိပြီး တော်တဲ့၊ ထက်မြက်တဲ့ အမျှော်အမြင်ရှိသူတွေ၊ ချစ်စရာကောင်း၊ ခင်မင်စရာကောင်းသူတွေဟာ တစ်ကိုယ်တည်းသမားတွေ ဖြစ်နေကြတာ အများကြီးပါပဲ။ ဒါဆို သူတို့က ဘာ့ကြောင့်များ တစ်ကိုယ်တည်း ဖြစ်နေကြရတာလဲ။ အားလုံးထင်နေကြသလို ချို့ယွင်းချက်ရှိ နေလို့လား။ နိုး............ မဟုတ်ပါဘူး။

ပထမဆုံး ကိုယ့်ကိုကိုယ် ရိုးသားကြည့်မယ်ဆိုရင် ကိုယ့်ကိုကိုယ် အားမနာတမ်း သုံးသပ်ချက်တွေ ရှိလာပါလိမ့်မယ်။ ဥပမာ သင်ဟာ တစ်ကိုယ်တည်းသမား ဒါပေမယ့် သင်လုပ်နေရတဲ့ အလုပ်ကို သင် အချိန်တွေ ပိုပေးဖြစ်နေတယ်။ ဒါမှမဟုတ် မိသားစုအရေးက အရေးပိုကြီးနေတာတွေ ရှိတယ်။ အချစ်ဆိုတဲ့ အရာကို ဘ၀ထဲ သင်သွင်းမလာနိုင်သေးဘူး။ သင့်စိတ်ထဲမှာ ငါ လုပ်စရာရှိတာတွေ အရင်လုပ်ပြီးမှ ချစ်သူရည်းစားထာမယ် ဆိုတာမျိုး တွေးမိနိုင်ပါတယ်။

ဒါမှမဟုတ် သင်နဲ့ တွေ့ဆုံနေတဲ့သူတွေဟာ၊ တွဲပြီးခဲ့တဲ့သူတွေနဲ့ သင် အဆင်မပြေနိုင်ဘူး။ အခြေခံစိတ်နေစိတ်ထား၊ သဘောထားတွေ မတူညီသလို ပန်းတိုင်းချင်းကလည်း ကွဲပြားခြားနားလွန်းနေတယ်။ ဒီတော့ အဆင်မပြေတဲ့ အချစ်ရေးကို သင် စွန့်လွှတ်ပြီး တစ်ကိုယ်တည်းသမား ဘ၀နဲ့ သင် နေကြည့်တယ်။ သင် လေ့လာစရာရှိတာတွေ လေ့လာတယ်။ အဆင်ပြေပြေနေတယ်။ အချစ်ကို အတင်းကြီး ဇွတ်လိုက်ရှာ ရည်းစားထားတာမျိုး သင် မလုပ်မိဘူး။

နောက်တစ်ချက်က သင်ဟာ တစ်ကိုယ်တည်းဘ၀ကို မွှေ့လျော်နေမိတယ်။ ဘာ့ကြောင့်များလဲ။ သင့်တစ်ကိုယ်စာ သင်သာယာတယ်။ အပူအပင်မရှိဘူး။ ကိုယ်လုပ်ချင်တဲ့အရာတွေကို သူတစ်ပါးက ထိန်းချုပ်နေတာမျိုးတွေ သင် သဘောမကျဘူး။ ပြသနာတွေတက် ရန်တွေဖြစ်ရတဲ့ ဘ၀မျိုးတွေကိုလည်း သင် မလိုချင်ဘူး။ သင်ဟာ ကိုယ့်ဘ၀လေးနဲ့ကိုယ် အေးချမ်းစွာ နေထိုင်ချင်တဲ့စိတ် အပြည့်ရှိတယ်။

ဒီအချက်တွေကြောင့် သင်ဟာ တစ်ကိုယ်တည်းသမား ဖြစ်နေတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ အသည်းကွဲလို့၊ အချစ်ကံမကောင်းလို့လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။

နောက်ထပ် ဘာ့ကြောင့်လူတွေ တစ်ကိုယ်တည်း ဖြစ်နေကြရသလဲဆိုတဲ့ အကြောင်းအရင်းတွေ အများကြီးထဲကမှ တစ်ခုကတော့ တိုင်ပင်ဆိုတာပဲ။ အချိန်ကိုက်ဖြစ်ခြင်း မဖြစ်ခြင်းပေါ့။ ဒီတော့ လူတွေ ကိုယ့်ကို ဘာပြောမလဲ၊ ဘယ်လို ဝေဖန်မလဲ ဂရုစိုက်နေခြင်းဟာ အပိုလုပ်တစ်ခုလို့ တွေးတောတာ ပိုကောင်းပါတယ်။

တစ်ခုရှိတာက… သင်ဟာ စမတ်ကျပြီး အလုပ်အကိုင်မှာ အောင်မြင်ပျော်ရွှင်တဲ့သူ၊ လူတိုင်းနဲ့ အဆင်ပြေတဲ့သူ တစ်ယောက် ဖြစ်နေလျက်နဲ့ ခုချိန်ထိ တစ်ယောက်တည်းပဲလားလို့ မေးမြန်းတာဟာ သူတို့ သင့်ကို အားကျနေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

မေသော်

Credit: Trend Myanmar



Lutaw Lupyaw

Wednesday, December 30, 2015

"သင့်ကို သင့်ချစ်သူက ခြေသုတ်ခုံအဆင့်လောက်သာ သဘောထားနေသလားဆိုတာ ဒီအချက်တွေကြည့်ပြီး သိနိုင်"



Lutaw Lupyaw

"သင့်ကို သင့်ချစ်သူက ခြေသုတ်ခုံအဆင့်လောက်သာ သဘောထားနေသလားဆိုတာ ဒီအချက်တွေကြည့်ပြီး သိနိုင်"

အချစ်ဆိုတာ ကိုယ်ပေးသလောက် ပြန်မရနိုင်တာမျိုးလား။ ဒီလိုတွေးပြီး သင့်အချစ်ရေးကို စိတ်ဓာတ်ကျနေရတဲ့ အခြေအနေ ရောက်နေပြီလား။ ဒါမှမဟုတ် တစ်လလောက် ငိုပဲငိုနေရပြီး တစ်ရက်လောက် ပြန်ဝမ်းသာရတာကို ဘ၀လို့ ထင်နေတာများလား။ ကိုယ်ပေးလိုက်တဲ့ အချစ်အတွက် ဘာကိုမှမမျှော်လင့်ပဲ အဖြူသက်သက်လို့ ပြောရင် ဒါဟာ စာအုပ်တွေ၊ ၀တ္ထုတွေထဲကပဲ ဖြစ်ပါလိမ့်မယ်။ တကယ်တော့ ကိုယ်ပေးသလောက် ကိုယ့်ဆီကို အလုံးစုံ ပြန်မရရင်တောင် တစ်ဖက်လူဘက်က လျစ်လျူရှုပြီး ကိုယ့်ကို ခြေသုတ်ခုံသဖွယ် ဆက်ဆံတာမျိုးတော့ ဘယ်သူက ခံချင်ပါ့မလဲ။ ခံလည်း မခံသင့်ပါဘူး။ သင့်ချစ်သူဟာ သင့်ကို ဒီလိုအခြေအနေမျိုး၊ အပြုအမူမျိုးတွေနဲ့ ဆက်ဆံလာပြီဆိုရင် ဒီဆက်ဆံရေးကို ဒီမှာတင် ရပ်လိုက်ဖို့ အကြံပေးပါရစေ။ ဒီတော့ ခုပြောပြပေးမယ့် အချက်တွေက သင့်ချစ်သူ သင့်အပေါ် ဘယ်လောက်အရေးမထားသလဲ၊ လေးစားမှုမရှိသလဲ ဆိုတာ ပေါ်လွင်စေပါလိမ့်မယ်။

၁။ သင့်ကိုအရံအဖြစ် ထားထားတယ်။ သူ့ဘ၀ရဲ့အဓိကနေရာမှာ သင်မရှိဘူး။

လူတစ်ယောက်ရဲ့ လိုသုံးဖြစ်ရတာ တကယ်ရင်နာစရာ ကောင်းပါတယ်။ သင့်ချစ်သူက သင့်ကို တစ်ပတ်တစ်ခါလောက် မတ်ဆေ့ခ်ျလေးတွေ ပို့မယ်။ သင်သူ့ကို စောင့်နေသေးရဲ့လား၊ စိတ်ရှိသေးရဲ့လားဆိုတာ သိချင်လို့ ခုလို လုပ်နေခြင်းမျိုးပါပဲ။ သင်ဟာ သူ့အတွက် အရံနေရာကနေ ရှိနေတာပါ။ အဓိကနေရာမှာ မရှိပါဘူး။ တစ်နည်းပြောရင် တစ်ခုခုဖြစ်ရင် သင်တော့ သူ့ဘေးမှာ ရှိသေးတယ်ဆိုတဲ့ သဘောမျိုးလည်း ပါပါတယ်။ သင့်မှာတော့ သူတစ်ပတ်ကို တစ်ခါ မတ်ဆေ့ခ်ျပို့ပြီး တွေ့ကြရအောင်လို့ ခေါ်မယ့်အချိန်လေးကို မျှော်တလင့်လင့် ဖြစ်နေပါလိမ့်မယ်။ သူ့မှာ ဒီ့ထက်ပိုပြီး သင်နဲ့ ရင်းနှီးနွေးထွေးအောင် လုပ်ဆောင်ပေးတဲ့အရာ တစ်ခုမှလည်း မရှိပါဘူး။

၂။ သင့်ကိုချိန်းရင် နောက်ဆုံးမိနစ်တွေကျမှ ကပ်ချိန်းတတ်တယ်။

သင့်ဆီကို ဘာမှလည်း ကြိုပြောမထား၊ ဖုန်းလည်းမခေါ်ထားပဲ အနီးကပ်မှ နောက်တစ်နာရီလောက်ကျရင် ဘယ်မှာတွေ့မယ် ဆိုတာမျိုး အမြဲ လုပ်တတ်တယ်။ သူ့မှာ ဘယ်လောက်အလုပ်များများ ကိုယ့်ချစ်သူဆီတော့ တစ်ပတ်ကို သုံးခါ၊ လေးခါလောက် လာသင့်ပါတယ်။ ဒါမှမဟုတ် အလုပ်သိပ်ရှုပ်လွန်းလို့ တစ်ပတ်တစ်ခါ တွေ့သည့်တိုင် သင့်ကို တစ်ရက်လောက် ကြိုတင်အသိပေးထားသင့်ပါတယ်။ အဲ့ဒီလို မဟုတ်ပဲ နောက်ဆုံးအချိန်ကျမှ သင့်ကို တွေ့မယ်ပြောခြင်းဟာ သင့်အပေါ် အလေးမထားတာနဲ့ တူနေပါတယ်။

၃။ သင်က သူ့အ၀တ်တွေကို အမြဲ လျှော်ဖွတ်ပေးရတယ်။

အမျိုးသမီးတို့ရေ သင်တို့နှစ်ဦးဟာ အတူတူနေတာမျိုးလည်း မဟုတ်ပဲ သင့်ကို သူ့အ၀တ်တွေ အမြဲ လျှော်ခိုင်းနေတယ် ဆိုရင်တော့ ဒါစဉ်းစားစရာပေါ့။ သူက ကိုယ့်အ၀တ်တောင် ကိုယ်မလျှော်နိုင်လောက်အောင် အလုပ်များနေပြီဆိုရင် သူ့အမေဆီ ဖုန်းဆက်ပြောခိုင်းရင်ခိုင်း၊ မဟုတ်ရင်လည်း အခကြေးငွေယူပြီး အ၀တ်လျှော်ပေးတဲ့ နေရာတစ်ခုခုကို ပို့ခိုင်းလိုက်ပါ။

၎။ သင်က သူ့အတွက် တစ်ပတ်ကို လေးရက်လောက် ထမင်းချက်ပေးရတယ်။

ဘာမှမဖြစ်ခင် မရခင်ကတည်းက သူ့အ၀တ်တွေလျှော်၊ သူစားဖို့ ထမင်းဟင်းတွေ ချက်ပေး၊ ပန်းကန်တွေ ဆေးပေးနေရရင်တော့ ရှေ့လျှောက် သင် ဘာတွေဆက်လုပ်ပေးရမလဲ ဆိုတာ ကိုယ့်ဘာသာကိုယ် တွေးကြည့်ပေါ့။ သင့်ကို တစ်သက်လုံး သူ ဒီလိုပဲ ဆက်ဆံသွားမှာပဲ။

၅။ အရက်တွေ သောက်စားပြီး ညသန်းခေါင်ကျော်မှာ သင့်ဆီရောက်လာတယ်။

သင့်ဆီရောက်လာတတ်တဲ့ အချိန်တွေဟာ ညသန်းခေါင်းမှ ဖြစ်တတ်တယ်။ မဟုတ်ရင်လည်း သင့်ကို ညသန်းခေါင်မှ သူမူးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ထုတ်တယ်ဆိုရင် ဒီယောက်ျားရဲ့ အကျင့်စာရိတ္တပိုင်းကို သင် ထည့်တွေးသင့်ပါပြီ။

၆။ ပထမဆုံးဒိတ်မှာတင် သူ့ဆီကို သင်က သွားတွေ့ရတယ်။

ကိုယ်ကမိန်းကလေးမို့ သူက ကိုယ့်ဆီ လာတွေ့သင့်တယ် မဟုတ်လား။ ကဲ ညီတူညီမျှပဲ စဉ်းစားမယ်ဆိုရင်တောင် သူနဲ့ကိုယ်နဲ့ ကြားတစ်နေရာမှာ ချိန်းသင့်တယ်လေ။ ဒီလို မဟုတ်ပါပဲ၊ သင်က သူ့ဆီ သွားရပြီဆိုရင်တော့ ဒါ စတင်ကြောတာပါပဲ။ အစကတည်းက ခုလို ဆက်ဆံရင် နောင် ပိုအဆင်ပြေဖို့ အလားအလာ နည်းပါးပါတယ်။

၇။ သင်နဲ့အတူနေပြီး သင့်ကို အိမ်ချက်ချင်းပြန်ခိုင်းတတ်တယ်။

ဒီအချက်ကတော့ သင့်ကို ခြေသုတ်ခုံသဖွယ်ဆက်ဆံသလား၊ မဆက်ဆံဘူးလားဆိုတာ သိသာသွားစေတဲ့ အဆိုးဆုံးအချက်ပါ။ တကယ်တော့ နှစ်ဦးသဘောတူ နေကြတယ်ဆိုရင်တော့ ခုလို နေပြီးကာစအချိန် ကိုယ့်ချစ်သူရင်ခွင်မှာ ဘယ်သူမဆို မှေးစက်ချင်ကြသေးတာပဲလေ။ သူ့ဆန္ဒပြည့်တာနဲ့ သွားတော့လို့ ပြောခြင်းဟာ ဘယ်လောက်ခံပြင်းဖို့ ကောင်းသလဲ သင်ကိုယ်တိုင် စဉ်းစားကြည့်ပါ။

ဟန်နီ

Credit: Trend Myanmar



Lutaw Lupyaw

"ညီမလေး… မင်းအတွက်"



Lutaw Lupyaw

"ညီမလေး… မင်းအတွက်"

အသဲကွဲရင်း မင်း လမ်းလျှောက်တဲ့အခါ ခလုတ်တိုက်ရင်း တလိုက်တဲ့ “အမေ့” ကို မင်း သတိပြုမိရဲ့လား…? မေမေပေးတဲ့ခြေအစုံကို မင်း ဂရုစိုက်သင့်တယ်။

အသဲကွဲရင်း မင်း ၀ိုင်နှစ်ခွက် မော့တဲ့အခါ မင်းလက်တွေ တုန်နေတာကို သတိပြုမိရဲ့လား…? မေမေပေးတဲ့ လက်တစ်စုံကို မင်း တန်ဖိုးထားသင့်တယ်။

အသဲကွဲရင်း မင်း အားပါးတရ ငိုကြွေးတဲ့အခါ မင်းနှလုံးသားတို့ နာကျင်တာကို သတိပြုမိရဲ့လား…? မေမေပေးတဲ့ နှလုံးသားတစ်စုံကို မင်း မနှိပ်စက်မိစေနဲ့လေ။

အသဲကွဲရင်း အသဲကွဲကြောင်း အော်ရင်း အသဲကွဲခဲ့တယ်လို့ တွေးမိတဲ့အဖြစ် စဉ်းစားရင်း အပိုတွေနဲ့ ရူးသွပ်နေတာကို မင်း သတိပြုပြီး ရပ်ပါတော့။ မေမေပေးတဲ့အသည်းက တစ်စုံထက်ပိုပြီး မင်းမှာ အပို ပါမလာခဲ့ဘူး မဟုတ်လား…?

ဘာဖြစ်ဖြစ် မင်းရဲ့အနာဂါတ်ကို အသဲကွဲခြင်းနှင့် မစလိုက်နဲ့။ မနက်ဖြန်တိုင်းမှာ မင်းအပြုံးတွေကို မင်းမေမေနဲ့အတူ မျှော်လင့်လင့်နေတဲ့သူတွေ ရှိတယ်။

Credit: ကြည်ဖြူခင်ခင်



Lutaw Lupyaw

"သင်ဟာ သင့်အမေအတွက် သားလိမ္မာ တစ်ယောက် ဖြစ်ပါရဲ့လား"



Lutaw Lupyaw

"သင်ဟာ သင့်အမေအတွက် သားလိမ္မာ တစ်ယောက် ဖြစ်ပါရဲ့လား"

ကလေးအရွယ်တုန်းကတော့ သားကို ချီပိုးဆော့ပေးနိုင်ခဲ့တယ်။ သားအတွက် လိုလေသေးမရှိအောင် ဂရုစိုက်ပေးခဲ့တယ်။ အဲ့ဒီအချိန်တုန်းကတော့ ဘယ်သူ့ကို အချစ်ဆုံးလဲလို့ မေးလိုက်ရင် အမေ့ကို လက်ညှိုးထိုးပြတတ်တဲ့ သားယောက်ျားလေးတွေဟာ အရွယ်ရောက်လာတာနဲ့အမျှ အမေတွေနဲ့ ဝေးကွာလာသလို အလုပ်ခွင်ထဲရောက်၊ အိမ်ထောင်ကျတဲ့အခါ အမေနဲ့ရော မိဘအတွက်ပါ အချိန်မပေးနိုင်ကြတော့ဘူး။ အလုပ်တွေရှုပ်၊ စိတ်တွေ ရှုပ်လာတဲ့အချိန် အမေ့ကိုပါ အော်ငေါက်တတ်လာသလို ဆူပူတာမျိုးတွေပါ လုပ်လာတတ်ကြပါတယ်။ ဒီလိုအချိန်မျိုးတွေမှာ ဘယ်သူမှမသိအောင် သားသမီးတွေအတွက် တိတ်တိတ်ကလေး မျက်ရည်ကျခဲ့ရတဲ့ အမေတွေ၊ ကိုယ့်သားသမီးက ပြန်ပြောဆိုတာခံရလို့၊ အော်ငေါက်တာခံရလို့ စိတ်မကောင်းဖြစ်ကြရတဲ့ အမေတွေ အများကြီးပါ။ သူတို့မှာ လိုအပ်နေတာ ငွေကြေးဆိုတာထက် သားသမီးတွေရဲ့ မေတ္တာတွေပါ။ အသက်ကြီးလို့ အားငယ်လာတတ်ကြတဲ့ မိခင်အတွက် သားလိမ္မာတစ်ယောက် ဖြစ်အောင် ဘယ်လိုအချက်ကလေးတွေ ဖြည့်ဆည်းပေးသင့်သလဲဆိုတာ ပြောပြပေးချင်ပါတယ်။

အမေ့ကိုချစ်တယ်ဆိုတာ သူသိပါစေ။

အချိန်အားတိုင်း အမေ့ကို သိပ်ချစ်တာပဲလို့ အားလုံးကြားအောင် အော်ပြနေတာထက်စာရင် အမေ့ဘေးမှာ သူလိုအပ်တဲ့ သေးသေးမွှားမွှား ကိစ္စလေးတွေ ကူလုပ်ပေးခြင်းကလည်း သူ့ကို ချစ်တယ်ဆိုတာ ပြသရာရောက်ပါတယ်။ သူ ဟင်းချက်တဲ့အခါ ဘေးနားက တစ်ခါတစ်လေ အချိန်ရရင်ရသလို ကူညီပေးတတ်တာမျိုးဟာ ကိုယ် သူ့ကို ချစ်တယ်ဆိုတာ ပြသတာတစ်မျိုးပါပဲ။ အမေနဲ့အတူ ဈေးဝယ်ထွက်တာမျိုး လုပ်ပေးပါ။ ကော်ဖီအတူတူ သောက်၊ စကားပြောတာမျိုးတွေ လုပ်ပေးပါ။ သူနားမလည်တာတွေကို အချိန်ယူရှင်းပြပါ။ အော်ငေါက်တာမျိုး မလုပ်မိပါစေနဲ့။

အမေ့စကားကို တတ်နိုင်သလောက် နားထောင်ပါ။

ကိုယ်က အသက်အရွယ်ရနေပြီ။ လူကြီးဖြစ်နေပြီဆိုပေမယ့် အမေ့အတွက်တော့ ကိုယ်ဟာ ကလေးတစ်ယောက်ပါပဲ။ သူဆုံးမတာတွေ မှတ်သားပါ။ နာခံပါ။ မဖြစ်နိုင်ဘူးဆိုရင်တောင် ဒါတော့ ဘာ့ကြောင့် မဖြစ်နိုင်ဘူးဆိုတဲ့အကြောင်း သူ့ကို ပြန်ရှင်းပြပါ။ အမေက အိမ်ကို ည ၁၀ နာရီနောက်ဆုံး ပြန်ရောက်စေချင်တယ်ဆိုရင် ရောက်နိုင်အောင် ကြိုးစားပါ။ မဖြစ်နိုင်ဘူးထင်ရင် ပြန်ညှိပါ။ အမေဆိုတာ ကိုယ့်ကို ကလေးဘ၀ကတည်းက လမ်းလျှောက်တတ်အောင်၊ စကားပြောတတ်အောင်၊ လူကောင်းတစ်ယောက်ဖြစ်လာအောင် သွန်သင် ဆုံးမပေးတဲ့သူဆိုတာ ခေါင်းထဲထည့်ပြီး တလေးတစား ဆက်ဆံပါ။

စကားပြော ဆင်ခြင်ပါ။

အမေကလည်း ဘာမှမသိပဲနဲ့။ ခုခေတ်အခြေအနေကို အမေဘာမှ မသိပဲ ၀င်မပြောနဲ့။ အမေက အာရုံနောက်စရာကြီးဗျာ စသဖြင့် သူတို့တွေ ၀မ်းနည်းစေမယ့် စကားမျိုး မပြောပါနဲ့။ ကိုယ်က ခုချိန်မှာ တော်တတ်နေတယ်ဆိုတာကလည်း အမေ့ရဲ့ ပံ့ပိုးမှုတွေ အများကြီး ပါတယ်ဆိုတာ မေ့မပစ်လိုက်ပါနဲ့။

အမေနားမလည်တာတွေကို စိတ်ရှည်လက်ရှည် သင်ပေးပါ။

အီလက်ထရောနစ် ပစ္စည်းတွေနဲ့ ပတ်သက်ပြီးတော့ပဲဖြစ်ဖြစ်၊ နည်းပညာပိုင်းဆိုင်ရာ ကိစ္စတွေမျိုးမှာ အိမ်မှာပဲနေရတဲ့ အမေတွေဟာ ဗဟုသုတနည်းမှာ အမှန်ပါပဲ။ နောက်ဆုံးပေါ် ဖုန်းကို ဘယ်လိုသုံးရသလဲဆိုတာမျိုး၊ အင်တာနက်သုံးတဲ့အခါ ဘာတွေလိုတယ် ဆိုတာမျိုး သူစိတ်ဝင်စားတယ်ဆိုရင် စိတ်ရှည်လက်ရှည် သင်ပေးပါ။

ပွင့်ပွင့်လင်းလင်း ပြောပါ။

အမေက အသက်ကြီးနေပြီမို့ ညာပြောတာမျိုး၊ အရေးမထားတာမျိုးတွေ မလုပ်ပါနဲ့။ အမေရေ ကျွန်တော်ကတော့ ဘယ်လိုဖြစ်နေပြီ စသဖြင့် သူ့ကို အရေးထား တိုင်ပင်ပါ။ ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

အမေ့အတွက်ဆိုပြီး မှတ်မှတ်ရရ တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားပါ။

တစ်ပတ်မှာတစ်ခါ၊ ဒါမှမဟုတ် တစ်လမှာတစ်ခါ အမေ့အတွက် အမှတ်တရဖြစ်စေမယ့် အရာလေးတွေ ဖန်တီးပေးပါ။ အမေကြိုက်တဲ့ ပစ္စည်းလေးတွေ လက်ဆောင်ပေးတာပဲဖြစ်ဖြစ်၊ အမေသွားချင်တဲ့နေရာကို လိုက်ပို့ပေးတာမျိုးပဲဖြစ်ဖြစ်၊ အမေ့အတွက် အချိန်ပေးပြီး တစ်ခုခုလုပ်ပေးနိုင်အောင် ကြိုးစားကြည့်ပါ။

ဂရုစိုက်စောင့်ရှောက်ပါ။

အမေဆိုတာ သားသမီးတွေအတွက် ၂၄ နာရီလုံး၊ တစ်နှစ်ပတ်လုံး ဘယ်အချိန်မဆို အဆင်သင့် ရှိနေသူတွေပါ။ သူတို့အလှည့်ကျရင်ရော။ သူတို့နေထိုင်မကောင်း ဖြစ်တဲ့အခါ မအားလို့ ဂရုမစိုက်ပဲ ပစ်ထားတာမျိုး၊ အနားမှာ မရှိတာမျိုးတွေ မလုပ်ပါနဲ့။ အမေဆိုတာ သားသမီးတွေအတွက် ဘယ်လိုမှ အစားမထိုးနိုင်ဘူးဆိုတာ သိထားပါ။ တန်ဖိုးထားချစ်ပါ။

အမေကို ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ မလုပ်ပါနဲ့။

သူနားမလည်ပဲ ပြောလိုက်တဲ့ အရာတစ်ခုကို သင်က ဟာသလုပ်ပြီး ပြောဆိုတာမျိုးတွေ ရှောင်ပါ။ အိမ်မှာ ကိုယ့်အိမ်သားတွေရှေ့မှာ သူ့ကို ဟာသလုပ်တာမျိုးက ပျော်စရာကောင်းပေမယ့် တခြားအမျိုးတွေရှေ့မှာ၊ သူငယ်ချင်းတွေရှေ့မှာ ပြောဆိုတာမျိုးဆိုရင်တော့ သူ စိတ်မကောင်းဖြစ်သွားမှာ အမှန်ပါပဲ။

မေသော်

Credit: Trend Myanmar




Lutaw Lupyaw