" ဗောက်၊ ဦးရေပြားယားယံခြင်းနှင့် ခြောက်သွေ့ခြင်းအတွက် (ဒိန်ချဉ်နည်း) "
ဗောက်ထတယ်ဆိုတာ သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ ဆိုပေမဲ့ လည်းကောင်းကြောင့် ဦးရေပြား ခြောက်သွေ့ခြင်း ယားယံခြင်းကိုပါ ခံစားရကာ စိတ်အနှောက် အယှက်ဖြစ်စေပြီး ဘေးလူအမြင်မှာလဲ မတင့်တယ်လှပါဘူး။
အထူးသဖြင့် ဆောင်းရာသီတွင် အစိုဓာတ်နည်းပါးခြင်း၊ ရေပူဖြင့် ခေါင်းလောင်းချိုးခြင်းတို့ကြောင့် ဦးရေပြား ပိုမိုခြောက်သွေ့ ကွာထွက်တတ်ပြီး ဗောက်ထခြင်း ပိုမိုဆိုးရွားစေပါတယ်။
ဗောက်ထခြင်း သက်သာအောင် ပြုလုပ်နည်းများစွာ ရှိသည့်အနက်က နယ်ရော မြို့ပါမကျန် အလွယ်တကူနဲ့ ရိုးရှင်းစွာ အသုံးပြုနိုင်တဲ့ ဒိန်ချဉ်ဖြင့် အသုံးပြုပုံကို တင်ပြလိုက်ပါတယ်။ ဒိန်ချဉ်ဟာ ဗောက်ကင်းစင်အောင် အသုံးပြုရာမှာ အသုံးပြုရလွယ်ကူ၍ အံ့သြဖွယ်ရာ ရလဒ်ကို ပေးနိုင်ပါတယ်။
အသုံးပြုနည်းကတော့
မိမိ၏ ဆံပင်အနေအထားပေါ် မူတည်၍ ဒိန်ချဉ်ကို ခွက်တစ်ခုထဲတွင် ထဲ့ပါ။ ပြီးနောက် သံပုရာသီး၊ သံပရိုသီး သို့မဟုတ် ရှောက်သီးရည် လက်ဘက်ရည်ဇွန်း ၂ ဇွန်း ကို ဒိန်ချဉ်နှင့် ရောသမပါ။
ထိုသို့ရောသမထားသော ဒိန်ချဉ်ကို ဆံပင်၏ အောက်ခြေ ဦးရေပြားပေါ် သို့ရောက်အောင် သေချာစွာလိမ်းပေးပါ။ လက်ဖြင့်သော်လည်းကောင်း ဂွမ်းစဖြင့်သော် လည်းကောင်းလိမ်းနိုင်သည်။
၁၅မိနစ် ၂၀မိနစ်ခန့် ထားပြီးနောက် ခေါင်းလျှော်လိုက်ပါ။
ဒိန်ချဉ်တွင်ပါဝင်သည့် ဗိုက်တာမင် B5,ပရိုတိန်းတို့၏ အစွမ်းကြောင့် ဆံပင်များ စိုစွတ်လှပစေကာ သံပုရာသီး၊ ရှောက်သီးတို့ အစွမ်းကြောင့် ဦးရေပြားပေါ်တွင် ကွာထွက်နေသော ဆဲလ်သေများ တနည်းအားဖြင့် ဗောက်များကို ရှင်းထုတ်ပေးမှာ ဖြစ်ပါတယ်။
ဝင်းလှိုင်ဦး
ဖတ်မိသမျှ ကျန်းမာရေး ဗဟုသု
Sunday, January 25, 2015
" ဗောက်၊ ဦးရေပြားယားယံခြင်းနှင့် ခြောက်သွေ့ခြင်းအတွက် (ဒိန်ချဉ်နည်း) "
Labels:
အလှအပ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment