" ပြိုလဲသွားတဲ့ ဆက်ဆံရေး ကိုပြန်ဆက်ဖို့လား ….လွယ်ပါတယ်.... "
သင်ကသိပ်ချစ်ခဲ့ပြီး အကြောင်းအမျိုးမျိုးကြောင့် ကွဲကွာသွားရတဲ့ လမ်းခွဲပြီးသား ချစ်သူနဲ့ပြန်လက်တွဲတော့မယ်ဆို စဉ်းစားရမယ့် ပထမဆုံး အချက်ကတော့ သင်တို့ကို အဆင်မပြေဖြစ်စေခဲ့တဲ့ အကြောင်းအရာကို အတိတ်မှာ ထားခဲ့နိုင်ပြီလားဆိုတာပါပဲ။
တကယ်ပဲ ပြန်လည်ပေါင်းဆည်းဖို့ ဆန္ဒရှိသွားပြီ ဆိုရင်တော့ အောက်မှာ ဖော်ပြထားတဲ့ အချက်လေးတွေ လိုက်နာကြည့်ဖို့ အကြံပေးပါရစေ။
၁။ ဖြစ်ပျက်သွားတဲ့ အခြေအနေတွေ အားလုံးကို နားလည်ပေးလိုက်ပါ။
ချစ်ခြင်းတွေ ပြောင်းလဲရပ်တန့်သွားစေမယ့် အကြောင်းအရင်းတွေ၊ Relationship ကို သွေးအေးပြတ်တောက်သွားစေတဲ့ အခြေအနေတွေက အများကြီးပါ။ ဥပမာ-တစ်ယောက်ကိုတစ်ယောက် အဆက်အသွယ်တွေ ကျဲသွားတာ။ လုံလောက်တဲ့ ဂရုစိုက်မှုမျိုး မပေးနိုင်ကြတော့တာ စသဖြင့်ပေါ့။ အဲဒီ အခြေအနေတွေကို အမြန်ဆုံး ကျေနပ်ဖွယ်ဖြစ်လာအောင် တည့်မတ်နိုင်ဖို့ ကြိုးစားပါ။ အတိတ်က ဖြစ်ရပ်တွေနဲ့ ငြိမ်းချမ်းရေး ယူလိုက်ပါ။
၂။ ပျက်စီးသွားတဲ့ ယုံကြည်မှုတွေ ပြန်တည်ဆောက်ဖို့ ကြိုးစားပါ။
ဒုတိယ အရေးအကြီးဆုံးကတော့ ယုံကြည်မှုတွေ ပြန်တည်ဆောက်နိုင်ဖို့ပါပဲ။ တစ်ယောက်ယောက်ကြောင့် ယုံကြည်မှုတွေ ပြိုလဲသွားပြီဆို ပြန်တည်ဆောက်ဖို့ ဆိုတာ သိပ်ခက်ခဲတဲ့ အခြေအနေဖြစ်သွားပါပြီ။ အဲဒါကို အချိန်တွေ ၊ပေးဆပ်မှုတွေ၊ သည်းခံနားလည်မှုတွေနဲ့ အကောင်းဆုံးဖြစ်အောင် ပြန်တည်ဆောက်လိုက်ပါ။
၃။ အရာရာကို သည်းခံခွင့်လွှတ်ခြင်းနဲ့ ကုစားလိုက်ပါ။
နောက်ဆုံး တစ်ချက်အနေနဲ့ သတိပြုရမှာတော့ အရာအားလုံ အကောင်းဆုံး ဖြစ်သွားအောင် ပြန်လည် ကုစားဖို့ပါပဲ။ အကယ်၍ သင့်သစ္စာဖောက်မှုကြောင့် ဆံရေးမပြေလည်ခဲ့တာမျိုးဆို ထိခိုက်နစ်နာသူကို တောင်းပန်ပြီး အခြေနေတွေကို တည့်မတ်ပေးလိုက်ပါ။ အကယ်၍ သင်က သစ္စာဖောက်ခြင်း ခံခဲ့ရတာဆိုရင်လဲ အမှားလုပ်ခဲ့တဲ့ သူတွေကို ခွင့်လွှတ်ပေးပါ။ အရာရာကို အကောင်းမြင်စိတ်လေးနဲ့ ကိုင်တွယ်ဖြေရှင်းလိုက်ပါ။
ဒုတိယအကြိမ် သာယာပျော်ရွှင်တဲ့ ဆက်ဆံရေးလေး ပြန်လည်တည်ဆောက်ဖို့ ဆိုတာ နှစ်ဦးနှစ်ဖက် အပေးအယူမျှနေဖို့ သိပ်ကိုအရေးကြီးပါတယ်။ ခက်ခဲကောင်း ခက်ခဲပါလိမ့်မယ်။ဒါပေမဲ့ အထက်ပါ အကြောင်းရာလေးတွေကို ဂရုတစိုက် ဆောင်ရွက်သွားမယ်ဆို အားလုံး အဆင်ပြေသွားမှာပါ။
Credit: Gandawin
Monday, January 19, 2015
" ပြိုလဲသွားတဲ့ ဆက်ဆံရေး ကိုပြန်ဆက်ဖို့လား ….လွယ်ပါတယ်.... "
Labels:
ချစ်မှုရေးရာ,
ဗဟုသုတ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment