ဂါထာတော့ မဟုတ်ပါဘူး။ စိတ်ညစ်၊ သောက ရောက်တဲ့အခါတိုင်း၊ စိတ်ဓာတ်ကျတဲ့ အခါတိုင်း ဒါလေးကို ရွတ်ရင် စိတ်သောကများ ကင်းဝေးပါလိမ့်မယ်။
“ဆင်းရဲချမ်းသာ သဘာဝ၊ တွေ့ကြုံနေကြ လူတိုင်းပေ။
ကောင်းဆိုး နှစ်တန် အစုံတွဲလို့၊ တစ်လဲစီလှည့် အမြဲနေ။ လောက်ကဓံကြုံ မဖြုံတမ်းပေါ့၊ မတုန်းစမ်းနဲ့ စိတ်ခိုင်စေ။
သောကကိုထိန်း၊ ရမ္မက်သိမ်း၊ အေးငြိမ်းချမ်သာစေ။
အဲ့ဒါမှ ဗုဒ္ဓဝါဒ ကမ္ဘာ မင်္ဂလာတွေ”
၃၈ ဖြာ မင်္ဂလာမို့လို့ ကျောင်းမှာ သင်ခဲ့ဖူးရင် သိပါလိမ့်မယ်။ ပါဋ္ဌိ လို ဆိုရင် “ဖုဋ္ဌဿ လောကဓမ္မေဟိ၊ စိတ္တံ ယဿ န ကမ္မတိ၊ အသောကံ၊ ဝိရဇံ၊ ခေမံ” ဖြစ်ပါတယ်။
လောကဓံကို မတုန်လှုပ်ခြင်းသည် မင်္ဂလာ၊ ဝမ်းမနည်းခြင်းသည် မင်္ဂလာ၊ မမက်မောခြင်းသည် မင်္ဂလာ၊ ဘေးမရှိခြင်းသည် မင်္ဂလာ တို့ ဖြစ်ပါသည်။
စိတ်ညစ်ရင် ယတြာချေစရာ မလိုပါဘူး။ ဖြစ်ပြီးရင် ပျက်တဲ့ လောက သဘာဝတရားထဲမှာ အကောင်းရှိရင် အဆိုးရှိမယ်။ အလွယ်ရှိရင် အခက်ရှိမယ်။ ပျော်စရာ ရှိရင် ဝမ်းနည်းစရာ ရှိမယ်။ ချမ်းသာနိုင်သလို၊ ဆင်းလည်း ဆင်းရဲ နိုင်တယ် အစရှိသဖြင့် လောကဓံကို သိထားပြီး စိတ်ဓာတ်ကို ခိုင်ခိုင်မာမာ ထားနိုင်သူများဟာ လောကမှာ မြင့်မြတ်သူများ ဖြစ်ပါတယ်။
အောင်ခမ်း (ရိုးရာလေး)
Posted via Blogaway
Sunday, January 18, 2015
" စိတ်ညစ်၊ သောကရောက်တိုင်း ဆောင်ရမည့် ဂါထာ "
Labels:
မှတ်သားဖွယ်,
အဆုံးအမ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment