ငိုနေရတဲ့အခါ ဘေးမှာ ချော့ပေးမယ့်သူကို ရှာနေတာထက် ကိုယ့်မျက်ရည်ကို သုတ်ပြီး စိတ်ရှင်းစေမယ့် အလုပ်တစ်ခုကို လုပ်လိုက်တာက နောက်ထပ်မျက်ရည်တွေ ကျမလာစေဖို့ ပိုပြီးသေချာနေပါလိမ့်မယ်။ တစ်ယောက်တည်းဖြစ်နေလို့ ကြောက်ရွံ့နေမိတဲ့အခါ အနားမှာ လာနေပေးနိုင်မယ့်သူကို တမ်းတနေတာထက် သတ္တိစိတ်ကိုမွေးပြီး ကိုယ့်အားကိုယ်ကိုးလိုက်တာက ကြောက်ရွံ့စိတ်တွေ ပြေပျောက်ဖို့ ပိုပြီး သေချာနေပါလိမ့်မယ်။ စိတ်ညစ်နေတဲ့အခါ အားပေးမယ့်သူကို မျှော်နေတာထက် ကိုယ့်စိတ်ကို ပျော်ရွှင်စေမယ့် အလုပ်တစ်ခုခုကို လုပ်လိုက်တာက စိတ်ညစ်ပြေဖို့ ပိုပြီးသေချာနေပါလိမ့်မယ်။ ခက်ခဲနေတဲ့အခါ ကူညီပေးနိုင်မယ့်သူကို ရှာဖွေနေတာထက် ဖြေရှင်းနိုင်မယ့် နည်းလမ်းကို ရှာဖွေနေတာက အခက်အခဲကို ကျော်လွှားဖို့  ပိုပြီးသေချာနေပါလိမ့်မယ်။ တကယ်တော့ တစ်ပါးသူကို မှီခိုပြီး ရလာတဲ့ အောင်မြင်မှု့အကြီးကြီးက ကိုယ့်အားကိုယ်ကိုးပြီး ရလာတဲ့ အောင်မြင်မှု့ သေးသေးလေးလောက် ကျေနပ်မှု့မရှိနိုင်တာ အသေအချာပါပဲ။
Credit to ငြိမ်း
Posted via Blogaway
Wednesday, January 14, 2015
ငိုနေရတဲ့အခါ ဘေးမှာ ချော့ပေးမယ့်သူကို ရှာနေတာထက် ကိုယ့်မျက်ရည်ကို သုတ်ပြီး စိတ်ရှင်းစေမယ့် အလုပ်တစ်ခုကို လုပ်လိုက်တာက နောက်ထပ်မျက်ရည်တွေ ကျမလာစေဖို့ ပိုပြီးသေချာနေပါလိမ့်မယ်။
Labels:
ဘဝအောင်မြင်ဖွယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment