Friday, May 13, 2016

"အီဂျစ် လူမျိုးတွေက ပိရမစ်တွေ တည်ဆောက်နေတုန်းမှာ ကြက်သွန်ဖြူကို ဝါးစားခဲ့ကြတာ ဘာ့ကြောင့်များလဲ"


"အီဂျစ် လူမျိုးတွေက ပိရမစ်တွေ တည်ဆောက်နေတုန်းမှာ ကြက်သွန်ဖြူကို ဝါးစားခဲ့ကြတာ ဘာ့ကြောင့်များလဲ"

ကြက်သွန်ဖြူက ကျန်းမာရေးကို အထောက်အကူအပြုဆုံး အစားအစာတွေထဲက တစ်ခုဖြစ်တဲ့အတွက် နေ့စဉ်စားသုံးပေးသင့်ပါတယ်။ အသည်းရောဂါကို သက်သာစေပြီး သွေးလွှတ်ကြောတွေကို သန့်စင်ပေးနိုင်ပါတယ်။ အအးမိခြင်းနဲ့ တုပ်ကွေးရောဂါတွေကို သက်သာ ပျောက်ကင်းစေပါတယ်။ အသက်ရှူလမ်းကြောင်း ရောဂါတွေကို အမြန်ဆုံး သက်သာစေတဲ့ အစားအစာ တစ်ခုလည်း ဖြစ်ပါတယ်။

အီဂျစ်လူမျိုးတွေက ကြက်သွန်ဖြူရဲ့ အစွမ်းထက်လှတဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ အာနိသင်နဲ့ ဆေးဖက်ဝင် ဂုဏ်သတ္တိတွေကြောင့် ပိရမစ်တွေတည်ဆောက်တဲ့အချိန်မှာ အစိမ်းအတိုင်း ဝါးစားခဲ့ကြပါတယ်။ ထိခိုက်ဒဏ်ရာတွေအတွက် အကောင်းဆုံး ပိုးသတ်ဆေး တစ်မျိုးဖြစ်သလို ကိုယ်ခံအားကောင်းစေပြီး သွေးသန့်စေတဲ့အတွက် အကာအကွယ်အနေနဲ့ ယုံယုံကြည်ကြည်နဲ့ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။

ကြက်သွန်ဖြူမှာ တွေ့ရတဲ့ အကောင်းဆုံးဓာတ်က အစိမ်းအတိုင်း စားတဲ့အချိန်မှာပဲ ရရှိနိုင်ပြီး ချက်လိုက်တဲ့အခါမှာ ပျက်စီးသွားပါတယ်။ ဒါကြောင့် ကြက်သွန်ဖြူကို ချက်စားတာထက် အစိမ်းစားတာက ဆေးဖက်ပိုဝင်ပါတယ်။

ကြက်သွန်ဖြူကို ခေါင်းအုံးအောက်ထားအိပ်ရင် ပိုပြီး အိပ်ပျော်နိုင်ပါတယ်။ တချို့လူတွေက ကြက်သွန်ဖြူကို အိတ်ထဲမှာ ဆောင်ထားရင် ကံကောင်းတယ်လို့ ယုံကြည်ကြပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ လူအများစုက ကြက်သွန်ဖြူနဲ့ ဒယ်အိုးတွေ၊ ထမင်းအိုးတွေကို ပွတ်တိုက်ပေးရင် အိုးထဲက မကောင်းတဲ့ဓာတ်တွေ ထွက်သွားပြီး ဟင်းသိုး၊ ထမင်းသိုးတာတွေ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ခင်သူဇာ

Credit: Trend Myanmar

No comments:

Post a Comment