Tuesday, May 3, 2016

"သင့်ကလေး ကြို့ထိုးနေတယ်ဆိုရင် ဒါကို ဘယ်လိုရပ်သွားအောင် လုပ်ရမလဲ"


"သင့်ကလေး ကြို့ထိုးနေတယ်ဆိုရင် ဒါကို ဘယ်လိုရပ်သွားအောင် လုပ်ရမလဲ"

ကြို့ထိုးတာကို လူကြီးရော ကလေးပါ ခံစားရပါတယ်။ တစ်ချက် ဒါမှမဟုတ် နှစ်ချက် ကြို့ထိုးလို့ ရပ်တန့်သွားရင်တော့ ရယ်စရာတစ်ခုလို ဖြစ်ပေမဲ့ အကြာကြီးထိုးတဲ့အခါ ကလေးကို မောပန်းစေတဲ့အပြင် စိတ်ဆိုးစိတ်ကောက် ဖြစ်စေပါတယ်။

ကြို့ထိုးတာဟာ သာမန်အားဖြင့် ကြွက်သားအကြောဆွဲခြင်းကြောင့် ဖြစ်ပေါ်ပါတယ်။ ကြွက်သားများ အကြောဆွဲခြင်းဟာ လေပြွန်မှ လာတဲ့လေကို တားဆီးပေးတဲ့ ကြွက်သားအစိုင်မှာ ဖြစ်ပေါ်တတ်ပါတယ်။ ဒါကြောင့် အသက်ရှူလိုက်တိုင်း ကြွက်သား အကြောဆွဲမှုဖြစ်ပေါ်တဲ့ ရင်ဝမ်းခြားကြွက်သားကို ဖြတ်သွားတာကြောင့် ကြို့ထိုးမှု ဖြစ်စေပါတယ်။

လူကြီးများ ကြို့ထိုးနေပါက ခဏတာ အသက်အောင့်ထားခြင်းဖြင့် ဒါမှမဟုတ် ခြောက်လှန့်လိုက်ခြင်းဖြင့် ကြို့ထိုးခြင်း ပျောက်ကင်းသွားပါတယ်။ ကလေးတွေအတွက် ဆိုရင်တော့ တကယ်ကို ခက်ခဲပါတယ်။ ဒါပေမဲ့ မစိုးရိမ်ပါနဲ့။ အနာသိရင် ဆေးရှိတာပေါ့ဗျာ။ ကလေးတွေရဲ့ ကြို့ထိုးမှုကို ပျောက်ကင်းစေတဲ့ နည်းလမ်း အများအပြားရှိပါတယ်။ အောက်ပါတို့ကို သုံးကြည့်ပါ။

ရေ တိုက်ပါ

ကလေးအတွက်ကတော့ မိခင်နို့တိုက်ကျွေးပါ။ ကြို့ထိုးတာမပျောက်ပါက နို့တိုက်ကျွေးနေတဲ့ ကိုယ်အနေအထား ပြောင်းတိုက်ပါ။

လေတက်အောင် လုပ်ပါ

ကြို့ထိုးခြင်းဟာ လေတက်ရင်လည်း ပျောက်ကင်းစေပါတယ်။ လေတက်ရန် လုပ်ဆောင်ရမဲ့ နည်းလမ်းမှာ ပွေ့ဖက်ပြီး ကလေးကျောကို လက်နှင့် အသာပုတ်ပါ။ အဲလိုလုပ်ပေးလိုက်တာနဲ့ အစာအိမ် အချဉ်ဓါတ်ငွေ့ ပေါက်ကွဲပြီး ကြို့ထိုးတာ ပျောက်ကင်းစေပါတယ်။
ကျောကို အသာနှိပ်နယ်ပေးပါ

ကလေးကျောကို ဖြေးညှင်းစွာ နှိပ်နယ်ပေးပါက ကလေးကို စိတ်ငြိမ်စေပါတယ်။ ကြို့ထိုးတိုင်း ကြို့ထိုးတိုင်း ကလေးအသက်ရှူမကျပ်အောင် ကလေး၏ကျောကို ညင်သာစွာပွတ်ပေးပါ။

အစာကျွေးပါ

ကလေးကို အစာကျွေးတာလည်း ကြို့ထိုးတာ သက်သာ ပျောက်ကင်းစေပါတယ်။ တစ်ခါတစ်ရံ အစာအိမ်ပြဿနာကြောင်းလည်း ကြို့ထိုးမှု ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ မိနစ်အနည်းငယ် အစာကျွေးလို့လည်း ကြို့ထိုးမှု မပျောက်ပါက ရပ်တန့်ပေးပါ။

Hsan Winn

Credit: Trend Myanmar

No comments:

Post a Comment