Tuesday, May 3, 2016

"ဒီအချက် (၄) ချက်နဲ့ ဖေ့စ်ဘွတ်မှာ unfriend လုပ်သင့်"


"ဒီအချက် (၄) ချက်နဲ့ ဖေ့စ်ဘွတ်မှာ unfriend လုပ်သင့်"

၁- ဦးနှောက်ကို ဒုက္ခပေးတယ်

လူတစ်ယောက်မှာ သူငယ်ချင်း အယောက် ၁၅၀ ထိပဲ ထားနိုင်ပါတယ်။ ဒါဟာ သုတေသန လေ့လာချက်တွေအရ တွေ့ရှိတာဖြစ်ပြီး ဒန်ဘာနံပါတ်လို့ ခေါ်ပါတယ်။ အောက်စဖို့ဒ်တက္ကသိုလ်က မနုဿဗဒပညာရှင် ဒန်ဘာက တွေ့ရှိခဲ့တာကြောင့် ဖြစ်ပြီး ဒီအရေအတွက်ထက် ကျော်မယ်ဆိုရင် ဦးနှောက်ရဲ့ အလုပ်လုပ်မှုကို အနှောင်အယှက်ဖြစ်တယ်လို့ ဆိုပါတယ်။

၂- အဓိကတွေ ဆုံးရှုံးနေတယ်

သင်က ဖေ့စ်ဘွတ်မှာ သူငယ်ချင်းထောင်ချီရှိတဲ့ လူမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုထောင်ချီနေတဲ့ လူတွေကို အလေးထားရင်းနဲ့ တကယ့် အချစ်ဆုံးသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးတွေ ပျက်ပြားလာပါတယ်။ အခင်ဆုံးလူတွေ၊ အခင်ဆုံးသူငယ်ချင်းတွေ၊ အရေးပါတဲ့ ဆက်ဆံရေးတွေကို  ဂရုမစိုက်မိသလို ဖြစ်လာပါတယ်။ အဓိကအချက်ကတော့ ဖေ့စ်ဘွတ်ပေါ်က ဘဝနဲ့ အပြင်ဘဝကို ပေါ်ပေါ်လွင်လွင် ခွဲခြားထားဖို့ လိုပါတယ်။

၃- ပုဂ္ဂိုလ်ရေး

သင့်ရဲ့ဓာတ်ပုံတွေ၊ သင်ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတဲ့ အကြောင်းအရာတွေဟာ ဖေ့စ်ဘွတ်ပေါ်မှာ အမြောက်အများ ရှိနေပါတယ်။ ဒါတွေကို အသုံးချတာ၊ ပုဂ္ဂိုလ်ရေး ထိခိုက်တာတွေရှိရင် unfriend လုပ်သင့်ပါတယ်။

၎- စိတ်အနှောင့်အယှက်

စိတ်အနှောင့်အယှက် ဖြစ်နေတယ်ဆိုရင် Unfriend လုပ်လိုက်ဖို့ လက်မနှေးသင့်ပါဘူး။ ၂၀၁၄ ခုနှစ်ကလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရ လူတွေဟာ အောက်ပါအချက်တွေကြောင့် unfriend လုပ်နေကြပါတယ်။

အလွန်အကျွံ ကြွားသော ပို့စ်များတင်ခြင်း- ၆၈ %

ဝေဖန်ရေးပို့စ်များ အလွန်အကျွံတင်ခြင်း- ၅၆ ရာခိုင်နှုန်း

အာရုံစိုက်ခံချင်သော ပို့စ်များတင်ခြင်း- ၄၁ %

ဆယ်ဖီ အလွန်အကျွံ ရိုက်တင်ခြင်း- ၃၈ ရာခိုင်နှုန်း

Photos & Source: makeuseof

Credit: duwun

No comments:

Post a Comment