Thursday, May 5, 2016

"ကောင်မလေး သင့်ကို သဘောကျနေလား သိနိုင်တဲ့နည်း"


"ကောင်မလေး သင့်ကို သဘောကျနေလား သိနိုင်တဲ့နည်း"

ကောင်မလေးတစ်ယောက်က သင့်ကို သဘောကျနေလားဆိုတာ သင် ဘယ်လိုသိမလဲ။ တစ်ခါတစ်လေ မိန်းကလေးတွေက သဘောကျရင် လုပ်တတ်တဲ့အမူအရာတွေ ရှိပါတယ်။ ဒါပေမယ့် ယောက်ျားလေးတွေက အထာ မဖတ်တတ်တဲ့အခါမှာတော့ ကိုယ့်ကိုကြိုက်နေမှန်းတောင် မသိကြပါဘူး။ အောက်ပါအချက်ကလေးတွေကို ကြည့်ပြီး ကောင်မလေးက သင့်ကို သဘောကျမကျ သိနိုင်ပါတယ်။

(၁) သူမ သင့်ကို ခဏခဏ ခိုးကြည့်နေတယ်။

သင် ကော်ဖီဆိုင်ထဲမှာ ထိုင်နေတယ်ဆိုပါစို့။ ကောင်မလေးတစ်ယောက်က သင့်ကို တစ်ခါလောက်ကြည့်တယ်ဆိုရင် ဒါပုံမှန်ပါပဲ။ ဒါပေမယ့် ခဏခဏကြည့်နေပြီး သင်က သူ့ကို ပြန်ကြည့်လိုက်တိုင်း မျက်နှာလွှဲသွားတယ် ဆိုရင်တော့ တစ်ခုခုတော့ တစ်ခုခုပါပဲ။ ဖြစ်နိုင်တာ ၂ ခု ရှိတယ်။ သူမ သင့်ကို သဘောကျနေလို့ သို့မဟုတ် သင့်မျက်နှာမှာ တစ်ခုခုကပ်နေလို့။ ဒါပေမယ့် သင် သူ့ကို ပြန်ကြည့်တိုင်း သူမ ရှက်သလို ဖြစ်နေရင်တော့ သေချာပါတယ် သူမ သင့်ကို သဘောကျနေပြီ။

(၂) ခဏခဏ သူမကိုသူမ ပြင်နေတယ်။

သင့်ရှေ့မှာ ခဏခဏ ဆံပင်သပ်တာဖြစ်ဖြစ်၊ ဒါမှမဟုတ် သင့်ဘေးကနေဖြတ်ပြီး သန့်စင်ခန်းကိုသွားကာ အလှသွားပြင်တာ ဖြစ်ဖြစ် တွေ့ရင်တော့ Positive sign ပါပဲ။ အကယ်၍များ သင့်ဘေးက ဖြတ်လျှောက်သွားတုန်း သင့်ကို ပြုံးပြသွားရင်တော့ ပိုသေချာပါတယ်။

(၃) သူမ သင်နဲ့စကားပြောရင် စိတ်လှုပ်ရှားနေတတ်တယ်။

ဒါက သင်နဲ့ခင်မင်ပြီး နောက်ပိုင်းပေါ့။ စိတ်လှုပ်ရှားရင် သူမရဲ့ မျက်လုံးတွေမှာ အရောင်လက်နေပါလိမ့်မယ်။ သူမ ပြုံးရင်
တကယ်ပီပီပြင်ပြင်ကြီး ရင်ထဲက ပြုံးပါလိမ့်မယ်။ သူမ သင်နဲ့စကားပြောရရင် ပျော်နေလိမ့်မယ်။ ဒီအချက်တွေနဲ့ ညီရင်တော့ သူမ သင့်ကို သဘောကျနေပါပြီ။

အထက်ပါအချက်တွေက သူမ သင့်ကို သဘောကျတာပဲဖြစ်ပြီး ချစ်တာမဟုတ်သေးကြောင်း နားလည်ဖို့ လိုပါတယ်။ သူမ သင့်ကို ချစ်လာဖို့ကတော့ သင် ဆက်ကြိုးစားရမှာ ဖြစ်ပါတယ်။

Credit: Shwemom

No comments:

Post a Comment