Saturday, May 14, 2016

"ကောင်မလေးတွေ သ၀န်တိုရင် လုပ်လေ့ရှိတဲ့အရာများ"


"ကောင်မလေးတွေ သ၀န်တိုရင် လုပ်လေ့ရှိတဲ့အရာများ"

ကောင်မလေးတွေဟာ ပင်ကိုယ်စိတ်ကိုက သူတို့ ချစ်ခင်နှစ်သက်ပြီဆိုရင် တစ်ယောက်ယောက်နဲ့ မျှဝေပတ်သက်ရပြီဆိုတဲ့ အခြေအနေကို လုံးဝ လက်ခံနိုင်ခြင်း မရှိပါဘူး။ ဒီတော့ ဒီလိုအခြေအနေကို ကာကွယ်ဖို့ သူတို့တစ်တွေဟာ သူတို့ချစ်သူ ကောင်လေးတွေကို ဒီအတိုင်း ယုံယုံကြည်ကြည် လွှတ်ထားလေ့မရှိဘဲ အောက်ပါပုံစံတွေနဲ့ check in လုပ်တတ်ပါ
တယ်။ ဟုတ်မဟုတ် ထင်မြင်ချက်ကလေးတွေ ပြောသွားကြပါဦး။

(၁) လူမှုကွန်ယက် မီဒီယာတွေကနေ စစ်ဆေးတယ်

ချစ်သူကောင်လေးကို မယုံဘူးဆိုရင် Other Acc တစ်ခု ဖွင့်ပြီး အီစီကလီ လုပ်ကြည့်တဲ့နည်းပါ။ ဒီနည်းကတော့ ထိရောက်မှုရှိပြီး ခြေရှုပ်ချင်တဲ့ ကောင်လေးတွေ ဂွိသွားနိုင်တဲ့ နည်းပါ။ ဒါကို သူတို့ သုံးလေ့ရှိပါတယ်။

(၂) သူ့ဖုန်းကို ခိုးဖွင့်တယ်

ချစ်သူရဲ့ဖုန်းကို ရရင် ရသလို ခိုးဖွင့်ကြည့်တယ်။ Message နဲ့ Gallery ကို အမြန်စနစ်နဲ့ ဦးစားပေးလေ့ ရှိတယ်။ Message ဘယ်သူတွေဆီ ပို့ထားသလဲ…?  Gallery ထဲမှာ အခြား သူစိမ်းကောင်မလေးပုံ ဘယ်နှစ်ပုံ Save ထားသလဲ…? ဒါတွေ စစ်တတ်ပါတယ်။

(၃) ဖုန်းနဲ့မကြာခဏ check in လုပ်တယ်

ဒီနည်းကတော့ ကောင်လေးဆီကို ဘယ်ရောက်နေလဲ၊ ဘာလုပ်နေလဲ၊ ဘယ်သူတွေနဲ့လဲ ဆိုပြီး စစ်တာပါ။ တစ်ခါတလေ နောက်ယောက်ခံလိုက်ပြီး ခပ်တည်တည် ဘယ်ရောက်နေပြီလဲ ဘာညာ လုပ်လေ့ရှိတယ်။ ဒါက တစ်ခြားမသင်္ကာစရာ ကောင်မလေးနဲ့ အတူရှိမနေဘူး ဆိုရင်တောင် စကားအမှန်ပြောမပြောကို သိနိုင်တဲ့ နည်းပေါ့။

(၄) အမျိုးသမီးမိတ်ဆွေတွေကို ထိန်းချုပ်ဖို့ ကြိုးစားတယ်

လူမှုကွန်ယက်မှာပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်က အမျိုးသမီး မိတ်ဆွေတွေကိုပဲဖြစ်ဖြစ် သူဟာ ဒီကောင်လေးအချစ်ကို ပိုင်ဆိုင်ထားသူဖြစ်ကြောင်း၊ သူနဲ့ ပတ်သက်ခြင်းမပြုဖို့အကြောင်းကို အလိမ္မာနည်းရော ခပ်တင်းတင်းနည်းနဲ့ပါ ထိန်းချုပ်ဖို့ ကြိုးစားပါတယ်။ တစ်ခါတလေ ကောင်မလေးတစ်ယောက်နဲ့ မသင်္ကာဖြစ်ရင် Tag ပြီး အရှက်ခွဲဖို့ ၀န်လေးတဲ့သူတွေ မဟုတ်ပါဘူး။

(၅) ငွေအ၀င်အထွက်ကို စိတ်ဝင်စားတယ်

များသောအားဖြင့်တော့ ငွေအထွက်ကို စိတ်ဝင်စားတာပါ။ ဥပမာ တစ်လ တစ်သောင်းလောက် ပိုသုံးမိရင်ကို ဘယ်ကောင်မနဲ့ ဘယ်နေရာတွေသွားတာလဲ ဆိုပြီး စိတ်ထဲက အတွေပေါင်းများစွာ တွေးပြီးနေပြီ။

(၆) အိမ်ပြန်နောက်ကျရင် ဒေါသအလိုလိုထွက်တယ်

ကောင်လေးရဲ့ အိမ်ပြန်ချိန်ကိုလည်း စိတ်ဝင်စားလေ့ရှိပါတယ်။ ပြန်ရောက်သင့်ချိန် မရောက်ဘူးဆိုရင်လည်း ဒေါသတွေနဲ့
ဘယ်အလေလိုက်နေတာလဲ၊ ဘယ်သူနဲ့ ချိန်းတွေ့နေလို့ ဒီလောက်ကြာရတာလဲ ဘာညာ လာပြီ။

(၇) အသွင်ယူစစ်ဆေးမှု

အသွင်ယူ စစ်ဆေးမှုဆိုတာ ကိုယ်တိုင်လုပ်လေ့ မရှိပါဘူး။ ဖုန်းနံပတ်အစိမ်းတစ်ခုခုနဲ့ သူငယ်ချင်း ကောင်မလေး တစ်ယောက်ကို စကားစမ်းပြောခိုင်းတာတို့၊ Acc အသစ်နဲ့ စမ်းခိုင်းတာတို့ပေါ့။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment