Tuesday, May 3, 2016

"အထီးကျန်တဲ့အခါ လုပ်သင့်တာလေးတွေ"


"အထီးကျန်တဲ့အခါ လုပ်သင့်တာလေးတွေ"

အထီးကျန်တယ်လို့ ခံစားရတိုင်း ဘာတွေလုပ်သင့်သလဲဆိုတာကို lovepanky.com ကနေ ကောင်းတာလေးတွေ ထုတ်နုက်ပြီး တစ်ဆင့် မျှဝေလိုက်ပါတယ်။ အထီးကျန်နေတဲ့သူတွေ ရှိခဲ့ရင် နည်းလမ်းကောင်းလေးတွေ ဖြစ်မယ်ထင်ပါတယ်။

(၁) ပါတီပွဲတက်ပါ/ ရုပ်ရှင်ကြည့်ပါ

ပါတီပွဲနဲ့ နီးစပ်သူတွေ မဟုတ်ရင်တော့ ရုပ်ရှင်ကြည့်တာ အကောင်းဆုံးပါဘဲ။ ရယ်စရာရုပ်ရှင်လို ဟာမျိုးက ပိုပြီး အဆင်ပြေစေပါတယ်။

(၂) Gym ကစားပါ/ ယောဂသင်တန်းတက်ပါ

ဒါကတော့ အထီးကျန်ခြင်းရဲ့ အကျိုးကျေးဇူးပေါ့။ အရင်တုန်းက ခန္ဓာကိုယ် မထိန်းသိမ်းခဲ့တာတွေအတွက် အချိန်ရသွားတယ်လို့ မှတ်ပါ။ ကျန်းမာ ရွှင်လန်းမှုတွေအပြင် အထီးကျန်ခြင်းကိုပါ မေ့ပြီး ဘ၀မှာ နေပျော်လာပါလိမ့်မယ်။

(၃) လမ်းလျှောက်ပါ

လမ်းလျှောက်ခြင်းဟာ စိတ်ဖိအားကို လျှော့နည်းစေပါတယ်။ ကယ်လိုရီ လောင်ကျွမ်းမှုကိုလည်း ဖြစ်စေလို့ အကျိုးရှိပါတယ်။

(၄) အိမ်မွေးတိရစ္ဆာန်မွေးပါ

အိမ်မွေးတိရစ္ဆာန်ဆိုတာ အထီးကျန်သူများအဖို့ အဖော်မွန်ကောင်းပါ။ ကိုယ်ပြောတဲ့ စကားတွေအတွက် ဒိုင်ခံနားထောင်ဖော် တစ်ယောက်လို့တောင် မှတ်ယူလို့ရပါတယ်။

(၅) စေတနာ့ဝန်ထမ်းလုပ်ပါ

လူမှုရေးအသင်းအဖွဲ့ တစ်ခုခု၊ မီးသတ်၊ စေတနာဝန်ထမ်းကြက်ခြေနီအဖွဲ့ စသည်တို့မှာ လူမှုရေးလုပ်ငန်းတွေ လုပ်ကိုင်ခြင်းဟာ ဘ၀ဒဏ်ရာတွေကို သက်သာစေသလို၊ ကုသိုလ်လည်းရ အတွေ့အကြုံလည်းရမို့ ဘ၀ရဲ့ အရေးကြီးတဲ့ အခိုက်အတန့်တွေ ဖြစ်ပါလိမ့်မယ်။

(၆) စာဖတ်ပါ

အကောင်းဆုံးကတော့ စာဖတ်ခြင်းပေါ့။ ဘယ်လိုစာအုပ်တွေ ဖတ်သင့်သလဲဆိုတာထက် စာဖတ်သက် ရင့်လာရင် အကျိုးရှိတဲ့ စာပေတွေကို ရွေးချယ်ဖတ်တတ်လာမှာပါ။ ဘ၀အတွက် အလွန်တန်ဖိုးရှိတဲ့ ရင်းနီးမြှုပ်နှံမှုပေါ့။

(၇) ၀ါသနာပါရာ တစ်ခုခုလုပ်ပါ

ကိုယ်ဘာဝါသနာပါသလဲဆိုတာကို အရင်သိထားဖို့ လိုပါတယ်။ ကောင်းနိုးရာရာတွေ လျှောက်လုပ်နေတာထက် စာရင်တော့ ကိုယ်ဝါသနာပါရာ ကိုယ်လုပ်ရတာ ကိုယ့်အတွက် အပျော်ဆုံးအချိန် ဖြစ်မှာပါ။

နတ်စည်တော် (Shwemom)

Credit: Shwemom

No comments:

Post a Comment