Tuesday, May 3, 2016

"သင့်ကောင်လေး နောက်တစ်ယောက်နဲ့ ရှုပ်နေပြီဆိုတာ သိနိုင်တဲ့အချက်များ"


"သင့်ကောင်လေး နောက်တစ်ယောက်နဲ့ ရှုပ်နေပြီဆိုတာ သိနိုင်တဲ့အချက်များ"

ဘယ်သူမှတော့ ဖောက်ပြန်တတ်တဲ့ချစ်သူမျိုးကို လိုချင်မှာမဟုတ်ပါဘူး။ တကယ်တော့ ဖောက်ပြန်ခြင်းဆိုတာ ဖြစ်တတ်ပါတယ်။ အကုန်လုံးမှမဖြစ်တတ်ပေမယ့် အချို့ Relationship တွေမှာ ဖြစ်တတ်ပါတယ်။ ဒီလို သူများနဲ့ရှုပ်နေတာကို သင် ဘယ်လိုသိနိုင်မလဲ။ အောက်ပါအချက်လေးတွေကိုကြည့်ပြီး သိနိုင်ပါတယ်။

(၁) သူက သင့်ဘေးနားမှာထိုင်နေပေမယ့် အဝေးကြီးကိုရောက်နေသလို ဖြစ်နေတယ်။

သူ့ရဲ့ အပြုအမူတွေဟာ မူမှန်မှာမဟုတ်ပါဘူး။ လူက သင့်ဘေးမှာရောက်နေပေမယ့် စိတ်ကတော့ အဝေးကြီးမှာ ရောက်နေပါလိမ့်မယ်။ တစ်ခါတစ်လေ အလုပ်က ဖိအားတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အလုပ်က ဖိအားတွေကြောင့်ဆိုရင် နေ့စဉ်ရက်ဆက် မဖြစ်ပါဘူး။ တစ်ရက် ၂ ရက်ထက် မပိုပါဘူး။

(၂) သင်နဲ့ရှိနေတဲ့အချိန် ဖုန်းမြည်ရင် ဘယ်သူလဲတောင်မကြည့်ပဲ ဖုန်းချပစ်လိုက်တယ်။

အရင်ကတည်းက သူ့မှာ အဲ့ဒိအကျင့်ရှိလား။ အဲ့ဒါဆိုရင်တော့ ဘာမှမဖြစ်ပါဘူး။ ဒါပေမယ့် အခုနောက်ပိုင်းမှ ရှိလာတယ်ဆိုရင်တော့ သင် စိုးရိမ်သင့်ပါတယ်။ သူတစ်ခုခုကို ဖုံးကွယ်နေတာ သေချာပါတယ်။

(၃) သူအမြဲနောက်ကျလာတယ်။

အရင်တုန်းက ၂ ယောက်သားတွေ့ဖို့ဆိုရင် စောစောလာတတ်ပေမယ့် အခုနောက်ပိုင်း အမြဲလိုလို နောက်ကျတတ်လာတယ် ဆိုရင်တော့ အခြားပိုအရေးကြီးတဲ့ဟာမျိုး တစ်ခုခု ရှိနေပါပြီ။

(၄) သူ့ဆင်ခြေတွေက ယုတ္တိမရှိဘူး။

သူနောက်ကျတိုင်း ပေးတဲ့ဆင်ခြေတွေက ယုတ္တိမရှိတာ များနေပါလိမ့်မယ်။ ရှေ့နောက်မညီတာမျိုးတွေလည်း ဖြစ်နေပါလိမ့်မယ်။

(၅) သင့်ကို အချိန်သိပ်မပေးတော့ဘူး။

သင်နဲ့ အရင်က တွေ့နေကျလောက် မတွေ့တော့ဘူး။ တွေ့ဖို့ချိန်းတိုင်း သူ အခြားအကြောင်းပြချက်တွေ ပေးနေလိမ့်မယ်။

(၆) ဖုန်းကို အရင်က လော့မချထားပေမယ့် အခု လော့ချထားလိမ့်မယ်။

အရင်ကတည်းက သူက ဖုန်းလော့ချတတ်သူ ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ဒါမှမဟုတ် ရုတ်တရက်ကြီး အခုမှ လော့ချတာမျိုးဆိုရင်တော့ စဉ်းစားစရာပါ။

(၇) သင်နဲ့ပက်သက်တဲ့ အသေးစိတ်တွေ မေ့လာတာမျိုး

သင်နဲ့ပက်သက်ပြီး အရင်တုန်းက အသေးစိတ် ဂရုစိုက်တတ်တဲ့သူက ပထမဦးဆုံး စတွေ့တုန်းက ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်နာမည် မမှတ်မိတော့တာမျိုး၊ သင့်မွေးနေ့ကို မေ့နေတာမျိုးတွေ ဖြစ်လာလိမ့်မယ်။

(၈) သင့်ဆီက ဖုန်းကို အရင်လိုဆက်တိုင်း မကိုင်တော့ဘူး။

အရင်တုန်းက ဖုန်းဆက်ရင် ချက်ချင်းကိုင်တတ်တဲ့သူက အခုတော့ ချက်ချင်းမကိုင်တော့တာမျိုး ဖြစ်လာတတ်ပါတယ်။

ဒီအချက်တွေနဲ့ တော်တော်များများ တိုက်ဆိုင်နေရင်တော့ သင့်ရည်းစားအကြောင်းကို သေသေချာချာ စုံစမ်းသင့်ပါပြီ။

Source: lovepanky

Credit: Shwemom

No comments:

Post a Comment