Wednesday, May 11, 2016

"သူငယ်ချင်းထက်ပိုသော သံယောဇဉ်ရှိနေတဲ့ ကောင်မလေးရဲ့ အမူအရာများ"


"သူငယ်ချင်းထက်ပိုသော သံယောဇဉ်ရှိနေတဲ့ ကောင်မလေးရဲ့ အမူအရာများ"

တစ်ခါတစ်လေ သူငယ်ချင်း ကောင်မလေးတွေထဲမှာလည်း သင့်ကို တိတ်တိတ်လေး သဘောကျနေတဲ့ ကောင်မလေးတွေ ရှိတတ်ပါတယ်။ ယောက်ျားလေးတွေက တစ်ခါတစ်လေ သေးသေးမွှားမွှားကအစ မြင်တတ်ပေမယ့် ကောင်မလေးတွေရဲ့ အထာကိုတော့ သိပ်နားမလည်တတ်ကြပါဘူး။ ဒီတော့ သင့်သူငယ်ချင်း ကောင်မလေးတွေထဲမှာ သင့်ကိုခိုက်နေတဲ့ ကောင်မလေး ရှိမရှိ အောက်ပါအချက်လေးတွေနဲ့ တိုက်ကာ စစ်ဆေးကြည့်ပါ။

(၁) အပြုံး

ရိုးရိုးပြုံးတာနဲ့ အထာပေးပြီးပြုံးတာ ကွာပါတယ်။ သေချာကြည့်တတ်ဖို့တော့ လိုပါလိမ့်မယ်။ အဓိပ္ပါယ် ကောက်လွဲရင်လည်း တိုင်ပတ်တတ်ပါတယ်။ သင့်ကိုခိုက်နေတဲ့ ကောင်မလေးတွေ ပြုံးရင် ဖြည်းဖြည်းချင်းပြုံးပြီး မျက်လုံးထဲမှာ မေတ္တာရည်တွေ ရွှန်းလဲ့နေပါလိမ့်မယ်။ တစ်ခါတစ်လေ ရှက်လည်း ရှက်နေပါလိမ့်မယ်။

(၂) ဆံပင်ခါခြင်း

ဆံပင်ကို ကလိခြင်းက ဟိုးအရင်ကတည်းက မိန်းကလေးတွေရဲ့ ပုံသေအထာပေးနည်းပါ။ တစ်ခါတစ်လေ ဆံပင်ခါမယ်၊ တစ်ခါတစ်လေ ဆံပင်ကိုလိမ်မယ်၊ တစ်ခါတစ်လေ ဆံပင်ကို ပွတ်သပ်နေမယ်၊ အဲ့ဒါတွေအားလုံးက သင့်ကို သတိထားမိစေချင်လို့ပါ။

(၃) နှုတ်ခမ်းကိုက်ခြင်း

ကောင်မလေးက သင့်ကိုကြည့်ပြီး နှုတ်ခမ်းကိုက်တယ် ဆိုရင်တော့ သင့်ကို စိတ်ဝင်စားနေတာ သေချာပါတယ်။ (စိတ်ဆိုးလို့ ကိုက်တဲ့ပုံစံတော့ မဟုတ်ဘူးနော်)

(၄) အခြားသူငယ်ချင်းများထက် ပိုဂရုစိုက်ခြင်း

သင့်ကိုသဘောကျနေတဲ့ ကောင်မလေးက အခြားသူငယ်ချင်းတွေနဲ့ တူမှာ မဟုတ်ပါဘူး။ သင့်အပေါ်မှာ အခြားသူတွေထက်ကို ပိုပြီး ဂရုစိုက်နေပါလိမ့်မယ်။ သင်က အခြားကိစ္စတွေကြောင့် သတိထားမိချင်မှ ထားမိလိမ့်မယ်။ တကယ် သတိထားကြည့်ရင်တော့ သိနိုင်ပါတယ်။

(၅) သင် ရည်းစားထားမှာကို သူကြောက်တယ်။

သင် ရည်းစားရသွားမှာကို သူ အရမ်းကြောက်ပါတယ်။ မိန်းကလေးမို့ သူက တိုက်ရိုက်တားဆီးလို့ မရပေမယ့် သင့်ကို
တစ်နည်းနည်းနဲ့ အခြားမိန်းကလေးတွေနဲ့ မနီးစပ်အောင် သူ ကြိုးစားပါလိမ့်မယ်။

(၆) သင့်ကို တစ်ခါတစ်လေ ခိုးခိုးပြီး ငေးကြည့်တတ်တယ်။

မိန်းကလေးတွေက ယောက်ျားလေးတွေလို ပေါ်တင်ကြည့်လို့မရတော့ ခိုးကြည့်ရပါတယ်။ တစ်ခါတစ်လေ သင် သတိထားမိရင် သင့်ကို ခိုးကြည့်နေတာ တွေ့ပါလိမ့်မယ်။ ဒါပေမယ့် သင်သိသွားတာနဲ့ အကြည့်ချင်းလွှဲဖို့ ကြိုးစားပါလိမ့်မယ်။

(၇) သင့်အတွက် အမြဲအသင့်ရှိနေတတ်တယ်။

သင်တစ်ခုခုလိုအပ်လာတိုင်း အခြားသူတွေနဲ့မတူပဲ သူက အမြဲ အသင့်ရှိနေပေးတတ်ပါတယ်။ သင့်ကို အကြံပေးဖို့၊ သင့်ကို အားပေးဖို့ သူ အမြဲ ရှိနေပါလိမ့်မယ်။

အထက်ပါအချက်တွေ တော်တော်များများ ပြည့်စုံမှ သင့်ကို သဘောကျနေတယ်လို့ ယူဆပါ။ တစ်ချက်၂ ချက်လောက် ဆိုရင်တော့ သင့်ကို အရမ်းခင်တာလည်း ဖြစ်နိုင်ပါတယ်။

Source: lovepanky

Credit: Shwemom

No comments:

Post a Comment