Thursday, May 5, 2016

"သင့်ရဲ့ချစ်သူ သူ့အဆက်ဟောင်းကို မမေ့သေးဘူးဆိုတာ သိနိုင်တဲ့အချက်"


"သင့်ရဲ့ချစ်သူ သူ့အဆက်ဟောင်းကို မမေ့သေးဘူးဆိုတာ သိနိုင်တဲ့အချက်"

ကိုယ်လက်ရှိတွဲနေတဲ့ ရည်းစားက အရင်ရည်းစားကို မမေ့နိုင်သေးတာ တော်တ်ာကို ဆိုးရွားတဲ့ခံစားချက်ပါ။ သူ့ရဲ့ အဆက်ဟောင်းကိုပဲ စွဲစွဲမြဲမြဲ သတိရနေရင် သူ့ကို သင် ဆက်ပြီး လက်မတွဲသင့်တော့ပါဘူး။ တစ်ခါတစ်ရံတော့ လူတိုင်း သတိရတတ်ကြပါတယ်။ ဒါပေမယ့် လက်ရှိတွဲနေတဲ့သူ စိတ်အနှောက်အယှက် ဖြစ်လောက်အောင် သတိရတာမျိုးကတော့ မကောင်းပါဘူး။

(၁)အဆက်ဟောင်းက သင့်ရည်းစားပေါ် အစစအရာရာ မှီခိုနေသေးတယ်။

အဆက်ဟောင်းဆိုတာ ပျက်ပြီးသွားရင် ဘာမှ ပြန်လှည့်ကြည့်စရာ မလိုတော့ပါဘူး။ ခင်မင်ရုံ အနေအထားတော့ ထားလို့ရပါတယ်။ ဒါပေမယ့် ပျက်သွားတဲ့ အဆက်ဟောင်းက အစစအရာရာ သင့်ရည်စားပေါ်ပဲ မှီခိုနေရင်တော့ ပြန်ဆက်ချင်တာ ဖြစ်ဖို့များပါတယ်။

(၂) သင့်ရည်းစားက သင့်ကိုလိမ်တယ်။

သင့်ရည်းစားက အရင်အဆက်ဟောင်းနဲ့ နီးနီးကပ်ကပ် နေထိုင်နေသေးပေမယ့် သင့်ကိုတော့ မနီးစပ်ကြောင်း၊ စကားတောင် မပြောဖြစ်ကြောင်း လိမ်နေရင်တော့ သင် သတိထားသင့်ပါပြီ။

(၃) နှိုင်းယှဉ်တယ်။

တစ်ခါတစ်လေ စကားများရန်ဖြစ်ကြလို့ သင့်ရည်းစားက သင့်ကို သူ့အဆက်ဟောင်းနဲ့ နှိုင်းယှဉ်ပြီဆိုရင်တော့ သူ့ရဲ့စိတ်တွေ အဆက်ဟောင်းကို တမ်းတနေတုန်းပါပဲ။ တကယ့်စိတ်ရင်းက ဒေါသထွက်တဲ့အချိန်မှာ ပေါက်ကွဲ လွင့်စင်လာတတ်ပါတယ်။

(၄) သူ့အဆက်ဟောင်းဆီက ဖုန်းလာရင် သင့်ရှေ့မှာ မကိုင်ဘူး။

တကယ်ရိုးသားရင် သင့်ရှေ့မှာလည်း ကိုင်သင့်ပါတယ်။ သင့်ရှေ့မှာ မကိုင်ရင် ဘာ့ကြောင့် မကိုင်လဲမေးပါ။ သင်စိတ်ထိခိုက်မှာစိုးလို့ ဆိုတာ အကြောင်းပြရင် နောက်တစ်ခါ ကိုင်ခိုင်းပါ။ သင့်ရှေ့မှာ ကိုင်ခွင့်ပြုပါ။

(၅) ခဏခဏပြန်တွေ့နေပြီ။

သင့်ရဲ့သူငယ်ချင်းတွေက သင့်ရည်းစားကို သူ့အဆက်ဟောင်းနဲ့ တွေ့မိတယ်လို့ ခဏခဏ ကြားရတာမျိုး၊ သင်ကိုယ်တိုင်
တွေ့တာမျိုးဆိုရင်တော့ သူ ဘယ်လောက်ပဲ ရိုးသားတယ်ပြောပြော စိုးရိမ်သင့်နေပါပြီ။

ဘာလုပ်သင့်လဲ

သင့်ရည်းစားကို ဘယ်သူကအရေးကြီးလဲ ပေါ်တင်မေးသင့်ပါတယ်။ အရင်အဆက်ဟောင်းကြောင့် ခဏခဏ ရန်ဖြစ်ရတယ်ဆိုတည်းက သင်တို့ ၂ ယောက်ရဲ့ Relationship က ပြိုကွဲစပြုနေပါပြီ။ ဒါ့ကြောင့် အမြန်ဆုံး ပြဿနာမကြီးမီ တေ့တေ့ဆိုင်ဆိုင် ဖြေရှင်းသင့်ပါတယ်။

Credit: Shwemom

No comments:

Post a Comment