Saturday, May 14, 2016

"မိမိချစ်သူ ဖောက်ပြန်နေလား စစ်ဆေးနိုင်သောနည်းလမ်း (၁၀) မျိုး"


"မိမိချစ်သူ ဖောက်ပြန်နေလား စစ်ဆေးနိုင်သောနည်းလမ်း (၁၀) မျိုး"

သင့်စိတ်ထဲမှာ သင့်ရဲ့  အချစ်ရေးတွင် ပြသနာတစ်ခုခု ရှိနေတယ်ဟု ခံစားရခြင်းသည် သင့်ရဲ့ရည်းစား ဖောက်ပြန်နေသောကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သို့သော် မည်သည့်ချစ်သူရည်းစားမှ မိမိရဲ့ချစ်သူသည် ဖောက်ပြန်နေတာဟုတ်မဟုတ် ထိုင်မစဉ်းစားနေချင်ပါဘူး ဘယ်လို အခြေအနေမျိုးမှာဘဲဖြစ်ဖြစ် မိမိချစ်သူ ဖောက်ပြန်နေတာကို လက်မခံချင်တတ်ကြပါဘူး။

ထို့ကြောင့် မိမိရဲ့ချစ်သူကို မသိမသာဖြင့် အကဲခတ်ကြည့်ရှုရုံဖြင့် သူဖောက်ပြန်နေတာ ဟုတ်မဟုတ် စစ်ဆေးကြည့်လို့ရနိုင်သော နည်းလမ်းကောင်းတွေကို ဖော်ပြလိုက်ရပါတယ်။

၁။ မိမိကို ရှောင်နေခြင်း

သူ ပုံမှန်ဖုန်းဆက်ချိန်မှာ ဖုန်းဆက်မလာဘဲ မိမိဘက်ကစဆက်ရင် မကိုင်တာမျိုးနှင့် မိမိကို အလုပ်မှာ စိတ်ရှုပ်စရာရှိနေလို့ လတ်တလော ခဏ သက်သက်စီနေကြရအောင်ဟု ပြောဆိုလာပါလျှင် မိမိကို သူရှောင်နေတာဘဲ ဖြစ်ပါတယ်။ သူ့မှာ မိမိနှင့်
ပတ်သက်ပြီး စဉ်းစားစရာများ ရှိသောကြောင့်လည်း ဖြစ်နိုင်သလို သူရဲ့စိတ်ထဲမှာ ရှုပ်ထွေးနေသော ပြသနာများကို အချိန်ယူ ဖြေရှင်းချင်သောကြောင့်လည်း ဖြစ်နိုင်ပါတယ်။

သို့သော် များသောအားဖြင့် မိမိရဲ့နောက်ကွယ်မှာ အခြား မိန်းကလေးတစ်ယောက်ကို စိတ်ဝင်စားမိသောကြောင့် မိမိနှင့် ထိုကောင်မလေး ၂ ဦးထဲမှ ၁ ဦးကို ရွေးချယ်ရန် စဉ်းစားနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ထို့ကြောင့် ချစ်သူသည် မိမိကိုရှောင်နေပါက ပထမဦးဆုံး အချိန်ပေးလိုက်ပါ။ ပြီးမှ သေသေချာချာ စုံစမ်း ဆွေနွေးသင့်ပါတယ်။

၂။ သူ့ထံလာသောဖုန်းများ၊ စာများကို မိမိရှေ့တွင် လစ်လျူရှုထားခြင်း

ပုံမှန် မိမိရဲ့ချစ်သူအရှေ့မှာ ဖုန်းပြောလေ့ ရှိသော်လည်း ဖောက်ပြန်လာသောအခါမှာ ထိုကဲ့သို့ ပေါ်တင်ပြောရန် ခတ်ခဲကြပါတယ်။ ထို့ကြောင့် ချစ်သူကောင်လေးက မိမိရဲ့ရှေ့မှာ ဖုန်းကို မကိုင်တာမျိုး၊ ကိုင်လိုက်သော်လည်း ဖုန်းမှားနေပါတယ်ဟု ပြောဆိုတာမျိုး မကြာခဏ ပြုလုပ်တတ်ပါလျှင် သူ့ကို သေသေချာချာ သတိထားစောင့်ကြည့်ရန် လိုအပ်နေပါပြီ။

၃။ ချိန်းထားတဲ့အချိန်ထက် အမြဲတမ်းလိုလို နောက်ကျလာခြင်း

များသောအားဖြင့် ချိန်းထားတဲ့နေရာကို ကောင်လေးတွေသာ စောစောစီးစီး ရောက်နေတတ်လေ့ ရှိကြပါတယ်။ မိန်းကလေးတွေက အလှပြင်တာနှင့် အချိန်နောက်ကျမှ ရောက်တတ်ကြပါတယ်။ သို့သော် ချစ်သူက မိမိထက် နောက်ကျမှ ရောက်လာရင်တော့ သူ့မှာ ပြဿနာ တစုံတခုခု ရှိနေပြီဆိုတာ သေချာပါတယ်။ ထို့ကဲ့သို့ နေ့တိုင်း နောက်ကျနေရင်တော့ သူဖောက်ပြန်နေတာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း သေချာသလောက် ရှိနေပါပြီ။

၎။ ဆင်ခြေများစွာ ပေးတတ်ခြင်း

မိမိဘက်က မေးလိုက်တဲ့ ဘယ်မေးခွန်းတိုင်းမှာမဆို ဆင်ခြေတွေပေးတတ်နေပြီ ဆိုရင်တော့ ချစ်သူ ဖောက်ပြန်နေတာ သေချာသလောက် ရှိနေပါပြီ။ ထိုဆင်ခြေထဲမှာမှ အဓိပါယ်မရှိဘဲ ဖောနေတာမျိုးတွေ အများကြီး ပါနေရင်တော့ ဖောက်ပြန်နေတာ ပိုသေချာနေပါပြီ။

၅။ အမှားအယွင်းတွေဖြစ်တတ်ခြင်း

အမှားအယွင်းများ ပြုလုပ်တဲ့ထဲမှာ နာမည်မှားခေါ်ခြင်း၊ မိမိမေးလိုက်တဲ့မေးခွန်းတွေကို မှားယွင်းစွာ ဖြေဆိုခြင်း၊ လိမ်ပြီးဖြေဆိုခြင်း၊ မိမိတို့ အလေးအနက်ထားလေ့ရှိသော နေ့ရက်၊ အပြုအမှု စတာတွေကို မမှတ်မိခြင်း စတာတွေ ဖစ်ပေါ်နေရင်တော့ ချစ်သူကို နောက်ယောင်ခံလိုက်ဖို့သာ ပြင်ထားပေတော့ မိန်းကလေးတို့ရေ။

၆။ ဆင်ခြေအမျိုးမျိုးပေးပြီး မိမိကို အချိန်မပေးခြင်း

အများဆုံးပေးတတ်သော ဖောက်ပြန်သူတို့ ဆင်ခြေတွေကတော့ အလုပ်များနေလို့ပါကွာ၊ အမေနေမကောင်းလို့ လူနာစောင့်နေရတာပါကွာ၊ သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိလို့ မအားဘူး။ ထိုကဲ့သို့ ဆင်ခြေတွေအမျိုးမျိုးပေးပြီး ဖမ်းလို့
မရရင်တော့ ရုံးဆင်းချိန် ရုံးအောက်မှာသာ သွားစောင့်နေပေတော့ မိန်းကလေးတို့ရေ။ သေချာတာကတော့ ရုံးဆင်းချိန် သူ့မှာ အထူးတလှယ်ချိန်းထားတာ ရှိနေပါပြီ။

၇။ သူငယ်ချင်းတွေနှင့် ချိန်းထားတယ်ဟု အပြောများလာခြင်း

မိမိမကြားဖူး၊ မတွေ့ဖူးသော ငယ်သူငယ်ချင်းနဲ့ တွေ့တာများနေရင်တော့ ချစ်သူဖောက်ပြန်နေတာ ၈၀ ရာခိုင်နှုန်း သေချာနေပါပြီ။ မိမိကိုပေးစရာမရှိတဲ့ ဆင်ခြေတွေ ရှာကြံပေးထားတာဘဲ ဖြစ်ပါတယ်။ ထိုသူငယ်ချင်း တကယ်ရှိရဲ့လားတောင် စုံစမ်းကြည့်ရတော့မှာပါ။

၈။ ဖုန်းPassword, Lock screen ပြောင်းသွားခြင်း

အရင်တုန်းက မိမိကို သူ့ရဲ့ Password, Lock Sreen ပုံစံတွေအားလုံးကို မမေးပါဘဲနဲ့ ပြောပြတတ်သူက အခုအချိန်မှာ မေးရင်တောင် မပြောပြတော့ဘူး ဆိုရင်တော့ ၁၀၀ ရာခိုင်နှုန်း ဖောက်ပြန်နေပါပြီ။

၉။ ဝတ်ပုံစားပုံ ပြောင်းလဲလာခြင်း

လူအများစုက မိမိတို့စိတ်ဝင်စားတဲ့ သူတစ်ယောက်ကို ရှာတွေ့ပြီဆိုရင် သူတို့ရဲ့ ပုံစံတွေကို အလန်းဆုံးအဖြစ် ပြောင်းလဲတတ်ကြပါတယ်။ ဆံပင်ပုံစံ၊ အင်္ကျီအိပ်၊ ကား၊ အစားအသောက်၊ နေရာ စတာတွေထဲက တစ်ခုခုကို ရုတ်တရက်ကြီး ပြောင်းလဲလိုက်ခြင်းဟာ အကြောင်းမဲ့သက်သက်တော့ မဟုတ်ပါဘူး။

၁၀။ စိတ်တို၊ စိတ်ဆိုးလွယ်လာခြင်း

မိမိအပေါ် ဘာမဟုတ်တာလေးနဲ့ စိတ်တို၊ စိတ်ဆိုးလာပြီး အော်တတ်လာတယ်၊ ငေါ့တတ်လာတယ် စတာတွေဟာ မိမိက သူ့ရဲ့စိတ်ထဲမှာ ဘာမှမဟုတ်တော့တာတွေကို ပြသနေတာပါ။ သို့သော် တချို့ကျတော့လည်း ပြောင်းပြန် သူတို့စိတ်မဝင်စားတော့တဲ့ သူတွေအပေါ်မှာ လျစ်လျူရှုလာတတ်ကြပါတယ်။ မိမိကို နေရာတကာ ပြောဆိုဆုံးမနေရာကနေ ရုတ်တရက် ဘာမှ မပြောဆိုတော့တာမျိုးတွေလည်း စိတ်မရှိတော့တာကို ပြသနေတာဘဲ ဖြစ်ပါတယ်။

ဖောက်ပြန်ခြင်းကို ဘယ်သူမှ တရားဝင် မထုတ်ဖော်လိုပါဘူး။ ဝန်ခံဖို့ အခတ်အခဲဆုံးနဲ့ ဝန်ခံရမှာ အကြောက်ဆုံးက မိမိက
ဖောက်ပြန်သူ ဖြစ်နေတာပါဘဲ။ ထို့ကြောင့် မိမိရဲ့ချစ်သူ ဖောက်ပြန်နေတာ ဟုတ်မဟုတ် တိတ်တိတ်ဆိတ်ဆိတ် စုံစမ်း လေ့လာခြင်းသည် အကောင်းဆုံးနည်းလမ်းဘဲ ဖြစ်ပါတယ်။

မဒီလေး (Shwemom)

Credit: Shwemom

No comments:

Post a Comment