Tuesday, May 3, 2016

"ဘာလုပ်လို့ဘာကိုင်ရမှန်း မသိရင် လုပ်သင့်တဲ့အချက် (၆) ချက်"


"ဘာလုပ်လို့ဘာကိုင်ရမှန်း မသိရင် လုပ်သင့်တဲ့အချက် (၆) ချက်"

စိတ်တွေရှုပ်ထွေးတာ၊ ပျင်းရိငြီးငွေ့တာမျိုးတွေ ဖြစ်နေရင် လုပ်လိုက်သင့်တဲ့ အရာလေးတွေ ဖြစ်ပါတယ်။

၁- ရေချိုး

ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိရင် လူတော်တော်များများ လုပ်တတ်ကြတာက ရေချိုးတာ ဖြစ်ပါတယ်။ ရေချိုးတဲ့အခါမှာလည်း အချိန်ယူပြီး အေးအေးဆေးဆေး ချိုးသင့်ပါတယ်။ ရေချိုးခန်းထဲက ထွက်လာတဲ့အခါ လူသစ်စိတ်သစ် ဖြစ်သွားသလို ခံစားချက်မျိုး ရပါတယ်။

၂- ခေါင်းလျှော်

ဆိုင်မှာ သွားလျှော်တာကို ပြောတာပါ။ ဆိုင်မှာ ခေါင်းလျှော်ဖို့ ဆုံးဖြတ်လိုက်တာဟာ စိတ်တွေရှုပ်ထွေးနေတဲ့ လက်ရှိအခြေအနေကနေ ထွက်ပေါက် ရသွားပါတယ်။ နှိပ်နယ်ခေါင်းလျှော်တာကို ခံပြီးသွားရင်တော့ ဦးနှောက်တွေ ကြည်လင်သွားသလို ခံစားရပါတယ်။

၃- ရေသောက်

ရေသောက်တာက ဘာအန္တရယ်မှ မဖြစ်ပါဘူး။ အသားအရေ ကြည်ပါတယ်၊ ကျန်းမာရေး ကောင်းစေပါတယ်။ ဟိုနားဒီနား သွားတဲ့အခါတွေမှာလည်း ရေတစ်ဗူး ဆောင်ထားသင့်ပါတယ်။

၎- နှုတ်ဆက်

လူတွေကို ချိုချိုသာသာ နှုတ်ဆက်တာကလည်း ရေသောက်တာလိုပါပဲ။ စိတ်ရှုပ်ထွေးနေတဲ့ အချိန်မှာ လုပ်သင့်တဲ့ အန္တရာယ်ကင်းဆုံး အလုပ်ဖြစ်ပါတယ်။ နှုတ်ဆက်ရင်း၊ ပြောရင်းဆိုရင်းနဲ့ ဘာလုပ်ရမှန်းမသိဘဲ ငြီးငွေ့နေတဲ့စိတ်တွေ ပျောက်သွားပါမယ်။

၅- အိပ်ရာခင်း၊ ပန်းကန်ဆေး၊ မီးပူတိုက်

ဘာလုပ်လို့လုပ်ရမှန်း မသိတာဟာ လုပ်စရာမရှိလို့ ဖြစ်နေနိုင်ပါတယ်။ နာမည်ကြီး စာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ခုမှာ ဇာတ်ကောင်ဟာ စိတ်တွေရှုပ်လာရင် မီးပူထိုင်တိုက်ပါတယ်။ တစ်ခုခုကို စိတ်အာရုံနှစ်ပြီး လုပ်လိုက်တာမျိုး ဖြစ်ပါတယ်။

၆ - ဖုန်းခေါ်

တစ်ယောက်ယောက်ဆီ ဖုန်းဆက်ပါ။ ကိုယ်နိုင်တဲ့ သူငယ်ချင်းမျိုးဆို ကောင်းပါတယ်။ ကိုယ့်အကြောင်းသိတဲ့ သူငယ်ချင်းမျိုးပါ။ ပျင်းလို့ဆိုပြီး စကားတွေ ထိုင်ပြောနေလိုက်ပါ။

Photos & Source: Elite Daily

Credit: duwun

No comments:

Post a Comment