Monday, May 2, 2016

"၆၅ နှစ်ကျော်တဲ့အထိ အလုပ်လုပ်တဲ့လူတွေက အသက်ပိုရှည်"


"၆၅ နှစ်ကျော်တဲ့အထိ အလုပ်လုပ်တဲ့လူတွေက အသက်ပိုရှည်"

အသက် ၆၅ နှစ်ထိ အလုပ် လုပ်တဲ့လူတွေဟာ ပိုမိုအသက်ရှည်စွာ နေထိုင်ရတယ်လို့ လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။

အော်ရီဂွန်ပြည်နယ် တက္ကသိုလ်က အဆိုပါ သုတေသနကို ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၆၅ နှစ်ထိ အလုပ်လုပ်သူတွေဟာ အခြားလူတွေထက် ၁၁ ရာခိုင်နှုန်း ပိုမို အသက်ရှည်စွာ နေထိုင်ရတာ ဖြစ်ပါတယ်။ အဆိုပါသုတေသနအရ မကျန်းမာသူတွေမှာတောင် အလုပ် ဆက်လုပ်နေမယ်ဆိုရင် ပိုမိုအသက်ရှည်နိုင်ခြေ မြင့်မားတယ်လို့ ဆိုပါတယ်။

လူတိုင်းကို သက်ရောက်ခြင်းမျိုးမရှိပေမဲ့ အလုပ်လုပ်တာဟာ လူတွေအတွက် စီးပွားရေးနဲ့ လူမှုရေးမှာ အကျိုးကျေးဇူးတွေ အမြောက်အများ ရရှိစေပြီး ဒီလိုအကျိုးကျေးဇူးတွေက အသက်ရှည်ခြင်းပေါ် သက်ရောက်နေတယ်လို့ သုတေသနကို ဦးဆောင်လေ့လာခဲ့တဲ့ ဒေါက်တာဘွဲ့ယူကျောင်းသား ချန်ကိုင်ဝူက ပြောကြားထားပါတယ်။

သုတေသနဟာ ၁၉၉၂ ကနေ ၂၀၁၀ ခုနှစ်အတွင်းက အချက်အလက်တွေကို လေ့လာထားတာ ဖြစ်ပါတယ်။

Photos & Source: Daily Mail

Credit: duwun

No comments:

Post a Comment